← Chapters

အခန်း ၁၂၃၇

Vol. 83 Ch. 1237

အခန်း ၁၂၃၇

Vol. 83 Ch. 1237

အခန်း ( ၁၂၃၇ ) ဝင်ခွင့်ရရှိပြီ။

မိန်းကလေးတစ်ယောက်က သင့်အား သူ့ကံကြမ္မာကို ဆုပ်ကိုင်သူဟု ပြောလာခြင်းမှာ... သူမက သင့်ထံတွင် လုံးဝ ကျရောက်သွားပြီး မလွတ်မြောက်နိုင်တော့ဘူးဟု ဆိုလိုသည်။

ဒါကို ကျွင်းရှောင်ယောက်က ကောင်းကောင်းသိ၏။

ထို့ကြောင့် သူ၏ အစီအစဉ်အားလုံးကို လင်ယွမ်အား ထုတ်ဖော်ဝံ့လေသည်။

လင်ယွမ်၏ ခံစားချက်များက ကျွင်းရှောင်ယောက်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

တစ်ပါးသူ၏ စိတ်ခံစားမှုကို အသုံးပြုခြင်းက အနည်းငယ် မကောင်းသော်လည်း...

ကျွင်းရှောင်ယောက်သည် မေ့ပျောက်ခြင်းတိုင်းပြည်သို့ ဝင်ရောက်ရန် အခြားနည်းလမ်းကို ရှာမတွေ့ခဲ့ပေ။

"ငါ့ကိုမုန်းလို့ မင်းစိတ်သက်သာရာရစေမယ်ဆိုရင် ငါ့ကိုမုန်းလိုက်ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

လင်ယွမ်က သူမ၏ နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်၏။

ဒါက နတ်သမီးယွမ်ကြောင့်လား၊ သို့မဟုတ် သူကိုယ်တိုင်ကြောင့်ပဲလား မသိရသော်လည်း သူမ ဆန္ဒရှိလျှင်ပင် သူ့ရှေ့မှ အမျိုးသားကို မုန်းလို့မရပေ။

လင်ယွမ်က ကျွင်းရှောင်ယောက်ကို လွှတ်လိုက်ပြီးနောက် အနည်းငယ် နောက်ကို အနည်းငယ်ဆုတ်ကာ ပြောလိုက်သည်။

"ငါ နင့်ကို မေ့ပျောက်ခြင်းမြေဆီကို ခေါ်သွားဖို့ သဘောတူနိုင်ပါတယ်"

"ဒါပေမဲ့ နင် အင်မော်တယ်ခုံရုံးကို ထိခိုက်စေမဲ့ ဘယ်အရာကိုမှ မလုပ်ဘူးလို့ ကတိပေးရမယ်"

"စိတ်ချပါ၊ မင်းရဲ့ အခွင့်အလမ်းတွေကို မရရှိအောင် ဝာားဆီးမှာမဟုတ်သလို ဝါဟွမ်အင်မော်တယ်မျိုးရိုးကို ထိခိုက်အောင်လို့ ငါ ဘာတစ်ခုမှ မလုပ်ပါဘူး။ မင်းအတွက် အခက်အခဲတွေ ရှိလာရင်တောင် ငါ ကူညီပေးမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့စကားက ရှင်းပေသည်။ အခြားသူများအတွက် မပါဝင်ဘဲ ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် လင်ယွမ်ကိုသာ အဓိကထားသည်။

"ဟုတ်တာပေါ့၊ အခြားသူတွေက ငါ့ကို ပစ်မှတ်ထားလာရင်တော့ ဒါဆိုရင်..."

"အထူး ‌အခြေအနေတွေအတွက် ခြွင်းချက်ထားလို့ရပါတယ်"

လင်ယွမ် ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင်၊ ကျွင်းရှောင်ယောက်ကို မေ့ပျောက်ခြင်းမြေသို့ ခေါ်ဆောင်ခြင်းက အင်မော်တယ်ခုံရုံးအတွက် အကျိုးမရှိကြောင်း သူသိသည်။

သို့ရာတွင်၊ ဒီလူကို သူ မငြင်းဆန်နိုင်ပေ။

ကျွင်းရှောင်ယောက်ကို ငြင်းပယ်ခြင်းက သူ့အား စိတ်မသက်မသာ ခံစားရစေသည်။

သို့သော်လည်း အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ် အထောက်အထားအရ ကျွင်းရှောင်ယောက်ကို ကူညီခြင်းဖြင့် သစ္စာဖောက်မိသလို ခံစားခဲ့ရလေသည်။

တာဝန်နှင့် စိတ်ခံစားမှုကြားတွင် ဖိအားများစွာကို သူ ခံစားခဲ့ရသည်။

လင်ယွမ်က မည်မျှပင် သန်မာသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ အမျိုးသမီးတစ်ဦး ဖြစ်နေဆဲပင်။

လင်ယွမ်၏ မျက်လုံးများမှ ပင်ပန်းနွမ်းနယ်မှုကို သတိပြုမိသောအခါ ကျွင်းရှောင်ယောက်က သူ့လက်ကို တစ်ချက်လှုပ်ပြီး တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက မင်းအတွက် လက်ဆောင်"

လင်ယွမ်၏ လှပသော မျက်လုံးများဖြင့် အကြည့်က သူ့လက်အပေါ်သို့ ကျရောက်လာသည်။

၎င်းက အလွန်လှပပြီး အထူး ချုပ်လုပ်ထားသော ပိုးသားဝတ်စုံ ဖြစ်၏။

"ဒါက ချောင်စမ်ပါ၊ သိပ်ပြီး တန်ဖိုးကြီးတဲ့အရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ထိပ်တန်းအဆင့် အဓိပတိရတနာတစ်ခုပဲလေ"

ကျောက်စိမ်းကဲ့သို့ လက်ကလေးနှင့် လှမ်းယူရင်း ‌လင်ယွမ်၏ မျက်နှာက အနည်းငယ် နီမြန်းသွားလေသည်။

ဤချောင်စမ်က အနည်းငယ် တင်းကျပ်သောကြောင့် သူမ၏ လှပသော ခန္ဓာကိုယ်လေးကို ပို၍ ထင်ရှားစေသည်။

ထို့ပြင် အပေါက်တချို့ ရှိနေသောကြောင့် ဆွဲဆောင်မှုရှိသော ပုံစံတစ်မျိုး ဖြစ်စေပေသည်။

"ဘာဖြစ်လို့ ဒီလိုမျိုးတွေပဲ အမြဲပေးနေတာလဲ..."

လင်ယွမ်က ပြန်လည်တည်ငြိမ်လာပြီးနောက် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသည်။ သူမက မျက်လုံးဝိုင်းဝိုင်းလေးနှင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။

နောက်ဆုံးအကြိမ်က ပိုးခြေအိတ်ကို ပေးခဲ့သည်။ ဤတစ်ကြိမ်မှာလည်း ချောင်စမ်ကို ထပ်မံပေး၏။

အားလုံးက အဘယ်ကြောင့် ဤမျှရှက်စရာကောင်းသောအရာများ ဖြစ်နေရသနည်း။

"နောက်ဆုံးတော့ မင်းပြုံးလိုက်ပြီ"

ကျွင်းရှောင်ယောက်က လင်ယွမ်ကိုကြည့်ကာ ပြုံးလိုက်သည်။

လင်ယွမ်လည်း အံ့အားသင့်သွားပြီးနောက် သူမ၏ နှလုံးသားထဲတွင် နွေးထွေးသွားလေသည်။

ကျွင်းရှောင်ယောက်သည်လည်း သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

နောက်ဆုံးတော့ ပြီးသွားပြီ။

"မင်း မဝတ်ကြည့်ချင်ဘူးလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

ချောင်စမ်နှင့် ပိုးခြေအိတ်များကို တွဲလိုက်ပါက အံ့ဖွယ်မြင်ကွင်းတစ်ခု ရှိလိမ့်မည်။

"နောက်ပိုင်းကျရင် အခွင့်အရေးရမှာပါ၊ နင်... နင်တစ်ယောက်တည်းရှေ့မှာပဲ ဖြစ်လိမ့်မယ်"

လင်ယွမ်က ပြောလိုက်၏။ သူမ၏ နောက်ပိုင်း စကားသံက တိုးတိုးလေးဖြစ်လေသည်။

လူအများရှေ့တွင် ဤချောင်စမ်ကိုဝတ်ရန် သူမ မဝံ့ရဲပေ။

သူသည် အပြင်ပန်းတွင် အေးစက်ပုံရသော်လည်း တကယ်တမ်းမှာတော့ ရှေးရိုးဆန်သူဖြစ်သည်။

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ မေ့ပျောက်ခြင်းမြေ ဖွင့်လှစ်တဲ့အခါ ငါ ပြန်လာခဲ့မယ်"

လင်ယွမ်၏ နန်းတော်တွင် သူ တစ်ချိန်လုံး ရှိနေပါက သံသယများ တိုးလာမည်မှာ မလွဲမသွေပင်။

မေ့ပျောက်ခြင်းမြေသို့ အမှန်တကယ် မဝင်မီ သူ၏ အထောက်အထားအမှန်ကို လင်ယွမ် တစ်ဦးတည်းသာ သိနိုင်သည်။

ထို့နောက်တွင်၊ နှစ်ယောက်သား နန်းတော်အတွင်းမှ ထွက်လာခဲ့ကြသည်။

ယခုအခါ ကျွင်းရှောင်ယောက်က အနက်ရောင် ဝတ်ရုံကြီးကို ပြန်ဝတ်ထားပြီးပြီ။

"ကျေးဇူးတင်ပါတယ် ဧကရာဇ်ငယ် လင်ယွမ်"

ကျွင်းရှောင်ယောက်က ပြန်လှည့်ပြောပြီး လင်ယွမ်ကို ခေါင်းညိတ်ပြကာ ထွက်သွားသည်။

လင်ယွမ်ကမူ ကျွင်းရှောင်ယောက် ထွက်ခွာသွားသည်ကို ကြည့်နေလေ၏။

သူမ၏ မျက်နှာပေါ်မှာလည်း မခွဲခွာလိုသကဲ့သို့ တွန့်ဆုတ်မှု အရိပ်အယောင်များ ပေါ်နေသည်။

ဤမြင်ကွင်းက နန်းတော်ရှေ့တွင် စောင့်ဆိုင်းနေသော လူငယ်များကို အံ့ဩသွားစေသည်။

"ဟေ၊ ငါ အမြင်မမှားဘူး မဟုတ်လား။ ဝတ်ရုံနက်ဝတ်လူက တကယ်ကြီး အသက်ရှင်လျက် ပြန်ထွက်လာခဲ့တယ်"

"ပြီးတော့ သူက ဘာမှဖြစ်ပုံမရဘူး"

"အရေးကြီးဆုံးအချက်က ဧကရာဇ်ငယ်လင်ယွမ်က သူ့ကို တကယ် လိုက်ပို့ခဲ့တာပဲ"

"အဲဒါက ဧကရာဇ်ငယ်ကော ဟုတ်သေးရဲ့လား"

"အဲဒီ ဝတ်ရုံနက်ဝတ်လူက ဘယ်သူလဲ"

အားလုံးက အံ့အားသင့်ကုန်ကြသည်။

အထူးသဖြင့် မြေပြင်ပေါ်တွင် ခုနစ်ရက်ပတ်လုံး ဒူးထောက်ပြီး လက်ဆောင်များစွာ ပေးခဲ့ကြသော သူအပေါင်းတို့မှာ စိတ်ဓာတ်များပင် ယိမ်းယိုင်ကုန်တော့သည်။

သူတို့သည် အလွန်ရိုးသားပြီး စိတ်အားထက်သန်ခဲ့သော်လည်း လင်ယွမ်က သူတို့ကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

သို့ရာတွင် ခေါင်းမြီးခြုံထားသော ဝတ်ရုံနက်ဝတ် အမျိုးသားက လင်ယွမ်၏ မျက်နှာသာပေးမှုကို ရယူနိုင်ခဲ့သည်။

"ဟေ့ ညီအစ်ကို၊ မင်းက တကယ်တော်တာပဲ"

ဖက်တီးတစ်ဦးက ကျွင်းရှောင်ယောက်ကို နှုတ်ဆက်လိုက်သည်။

လုမိသားစုမှ သခင်လေး လုဖူးကွေ့ ဖြစ်၏။

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြကာ ဆက်လျှောက်သွားသည်။

ယခုအချိန်တွင် အခြားသူများနှင့် မရင်းနှီးဘဲ လျှို့ဝှက်စွာ နေထိုင်ခြင်းက သူ့အတွက် အကောင်းဆုံးပင်။

အကယ်၍ သူ၏ အထောက်အထားကို ထုတ်ဖော်ခဲ့မည်ဆိုလျှင်၊ သူ၏အကြံအစည်အားလုံး အချည်းနှီးဖြစ်လိမ့်မည်။

သူက မေ့ပျောက်ခြင်းမြေသို့ မဖြစ်မနေ ဝင်ရောက်ရန် လိုသည်။ အဆုံးမဲ့ဧကရာဇ် ချန်ထားခဲ့သော သဲလွန်စများကို ရှာရဦးမည်။ ပျက်စီးခြင်းဧကရာဇ်အကြောင်း သဲလွန်စများကို ရှာဖွေရန်လည်း လိုအပ်သည်။

လုဖူးကွေ့က မျက်လုံးကို အနည်းငယ်မှေးစင်းကာ ကျွင်းရှောင်ယောက်၏ နောက်ကျောကို လှမ်းကြည့်လိုက်လေသည်။

'စိတ်ဝင်စားဖို့ကောင်းတယ်၊ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဆီကနေ လုယူဖို့ ကြိုးစားနေတာလား'

လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့တွင် ပုံမှန်မဟုတ်သော ဆက်ဆံရေးတစ်ခုရှိကြောင်း အားလုံးသိကြသည်။

အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်ကို အခွင့်ကောင်းယူရန် ဝံ့ရဲသူက ဘယ်လောက်များများရှိသနည်း။

'ဒါက သူလည်း လုံးဝ မဖြစ်နိုင်ဘူး။ နောက်ဆုံးမှာတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကျွင်းမိသားစုမှာ ကုသနေတုန်းပဲ'

လုဖူးကွေ့က ခေါင်းခါယမ်းကာ ရယ်စရာကောင်းသော ထိုအကြံအစည်ကို ပယ်ဖျက်လိုက်သည်။

နောက်ရက်များမှာလည်း မေ့ပျောက်ခြင်းမြေတွင် ပါဝင်လိုသော ပါရမီရှင်များစွာ ရောက်လာခဲ့သေးသည်။

သို့ရာတွင် လူအနည်းငယ်သာ အရည်အချင်းပြည့်မီနိုင်သည်။

ကျွင်းရှောင်ယောက်ကတော့ မေ့ပျောက်ခြင်းမြေ ဖွင့်လှစ်မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ပေသည်။

တစ်ဖက်တွင်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၌...

ကျွင်းမိသားစု၏ ဘိုးဘွားခန်းမထဲတွင် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝသော ကောင်းကင်လိုဏ်ဂူတစ်ခု ရှိသည်။

ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုကိုလည်း ယောင်ဝါးဝါး မြင်တွေ့ရ၏။

သူ့ဘေးမှာတော့ အဆုံးမဲ့ ကစဉ့်ကလျားစွမ်းအင်များဖြင့် ဝန်းရံထားသည့် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေသည်။

ဤသည်မှာ ပဉ္စမ ဘိုးဘေး ကျွင်း‌ထိုက်ဟောက်မှ ယူဆောင်လာခဲ့သော ရှေးခေတ် ကစဉ့်ကလျားသစ်ပင်ကြီးပင်။

၎င်းက ကစဉ့်ကလျားခန္ဓာကို လေ့ကျင့်ရာတွင် အလွန်အထောက်အကူ ဖြစ်သည်။

တင်ပျဥ်ခွေထိုင်နေသော ဝတ်စုံဖြူဝတ် ပုံရိပ်ကလည်း သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်ချေသည်။

ဒါက သူ၏ ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

"ဒီရှေးဟောင်း ကစဉ့်ကလျားသစ်ပင်နဲ့ဆိုရင် ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာဖို့ လအနည်းငယ်ပဲ ကြာလိမ့်မယ်"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ဧကရာဇ်တစ်ပိုင်း အကျော်အမော်က ဧကရာဇ်လက်နက်နှင့်အတူ မိမိကိုယ်ကို ဖောက်ခွဲခြင်းမှာ အလွန်ကြောက်စရာကောင်းသည်။

သို့သော်လည်း သူ့ဘေးတွင် ရှောင်ချမ်ရွယ် ရှိ၏။

ပေါက်ကွဲအားက ပြင်းထန်သော်လည်း အနည်းငယ်သာ သူ့ကို ထိခိုက်ခဲ့သည်။

တာအိုအခြေခံ ပျက်စီးခြင်းက‌‌ တကယ်မဟုတ်ဘဲ သူ တမင်တကာ ထုတ်ဖော်ခဲ့သော ကောလဟာလသက်သက်သာ ဖြစ်ချေသည်။

သို့သော်လည်း အင်မော်တယ်ခုံရုံးက အသက်သစ်သီးနှင့် ကစဉ့်ကလျားကျောက်များကို လျော်ကြေးအဖြစ် ပေးခဲ့ရသည်။

ကျွင်းရှောင်ယောက်က သူ့ဘေးတွင် အိပ်ပျော်နေသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်လေသည်။

ထိုလုပ်ကြံသတ်ဖြတ်မှုပြီးကတည်းက ရှောင်ချမ်ရွယ်မှာ အားအင်များ ကုန်သွားခဲ့သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်သည် သူမက အနည်းငယ် ပင်ပန်းနေခြင်းသာဖြစ်ကြောင်း သိသည်။

သူမ အိပ်ရာက ပြန်နိုးလာချိန်တွင် ဆိုးဆိုးရွားရွား ဘာမျှမဖြစ်သင့်ပေ။

"မင်းရဲ့အထောက်အထားကဘာလဲ..."

ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်၏ ချစ်စရာကောင်းသော မျက်နှာလေးကို တစ်ချက်တို့ထိကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"အင်း...အဖေ...ဘယ်သူမှ အဖေ့ကို အနိုင်ကျင့်လို့မရဘူး"

ရှောင်ချမ်ရွယ်က အိပ်မက်မက်နေသလို မျက်လုံးမှိတ်ထားရင်းမှ ညည်းညူလိုက်သည်။

ကျွင်းရှောင်ယောက်လည်း သဘောကျစွာ ပြုံးလိုက်လေသည်။

ထိုအခိုက်အတန့်တွင် သွေးအငွေ့အသက်များဖြင့် ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာသည်။

ကျွင်းရှောင်ယောက်က ထိုလူရောက်လာသည်ကိုမြင်သောအခါ မျက်ခုံးပင့်လိုက်၏။

အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့အတွက် လက်ဆောင်ကြီးတစ်ခုကို ပေးခဲ့သည်။

All Chapters