← Chapters

အခန်း ၁၂၃၉

Vol. 83 Ch. 1239

အခန်း ၁၂၃၉

Vol. 83 Ch. 1239

အခန်း ( ၁၂၃၉ ) ရှေးဟောင်း ချင်မိသားစု၏ မျိုးစေ့အဆင့် ပါရမီရှင်။

ခေါင်းလောင်းသံက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသာမကဘဲ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ခေါင်းလောင်းသံကြားလိုက်ရသော အစွမ်းထက် ကျင့်ကြံသူတိုင်းက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ ဦးတည်လိုက်၏။

သူတို့က မေ့ပျောက်ခြင်းမြေသို့ မဝင်နိုင်လျှင်ပင် အဝေးမှ ကြည့်နိုင်သေးသည်။

နောက်ဆုံးတွင်၊ ဤအရာက အင်မော်တယ်နယ်မြေကြီး၏ အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခု ဖြစ်သည်။ ၎င်းက ရှေးခေတ်ကတည်းက လွန်စွာ လျှို့ဝှက်ဆန်းကြယ်နေခဲ့သောအရာပင်။

၎င်းသည် အလွန်အန္တရာယ်များသည်ဟု ကောလဟာလများထွက်ပေါ်နေသော်လည်း အခွင့်အလမ်းများပြည့်နေသော ရတနာနယ်မြေတစ်ခုလည်း ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ ၎င်းက နှစ်အနည်းငယ်တိုင်းတွင် ပေါ်လာတတ်ခြင်း ဖြစ်သည်။

ထိုသို့မဟုတ်လျှင်၊ ရှေးခေတ် အင်မော်တယ်ခုံရုံးက အပျက်အယွင်းနှင့် အကြွင်းအကျန်တချို့ကို ထိုအထဲတွင် ချန်ထားခဲ့မည် မဟုတ်ပေ။

သို့ရာတွင်၊ ဤအတွေ့အကြုံက အင်မော်တယ်မျိုးရိုးကြီး ကိုးခုကြားမှ ပြိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။

ပြင်ပကမ္ဘာမှ စုဆောင်းထားသော နောက်လိုက်များရှိနေသော်လည်း ၎င်းတို့က အရန်မျှသာ။

အခွင့်အလမ်းအတွက် အမှန်တကယ် ပြိုင်ဆိုင်နေကြသူများက အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ ပါရမီရှင်များ ဖြစ်သည်။

ဤစမ်းသပ်မှုက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အခွင့်အလမ်းကို မည်သည့်မျိုးရိုးက ရယူနိုင်မလဲဆိုတာကို အဓိက ယှဉ်ပြိုင်ပေလိမ့်မည်။

ဤအခွင့်အလမ်းကို ရရှိနိုင်ပါက အင်မော်တယ်ခုံရုံးကို အုပ်စိုးပိုင်ခွင့်အတွက် ပြိုင်ဆိုင်နိုင်ဖွယ် ရှိသည်။

၎င်းတို့ထဲတွင် ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးကတော့ သဘာဝအတိုင်း အခွင့်အလမ်းအရှိကြဆုံးပင်။

၎င်းတို့အနက် တစ်ခုမှာ ခေတ်ပြိုင် ဧကရာဇ်ငယ် တစ်ဦး ရှိပြီး နောက်တစ်ခုမှာတော့ ရှေးခေတ် ဧကရာဇ်ငယ် တစ်ဦး ရှိသည်။

သို့သော်လည်း အခြားသော အင်မော်တယ်မျိုးရိုးများက လုံးဝ အခွင့်အရေးမရှိဟု မဆိုလိုပါ။

အခြား အင်မော်တယ်မျိုးရိုးများစွာတွင် အစွမ်းထက် မျိုးစေ့ပါရမီရှင်များလည်း မွေးဖွားလာတတ်သည်။

အကယ်၍ ၎င်းတို့က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အရင်းအမြစ်များ ပိုမိုရရှိသည်ရှိသော်၊ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်းမှာ အားနည်းလိမ့်မည် မဟုတ်ပေ။

ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးပင်လျှင် ပေါ့ပေါ့တန်တန် သဘောထားဝံ့မည် မဟုတ်ပါ။

ယခုအချိန်၊ ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ နယ်မြေတွင်...

အဘွားလန်အပါအဝင် ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ သြဇာကြီးသော လူတစ်စု၏ အမူအရာများက အနည်းငယ် လေးနက်နေပုံရသည်။

နောက်ဆုံးတွင်၊ ယခုတစ်ကြိမ် စမ်းသပ်မှုက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အခွင့်အလမ်းများနှင့် ဆက်စပ်နေသည် မဟုတ်လော။

နောင်တွင် ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ တည်ရှိမှုကို ဆုံးဖြတ်နိုင်လောက်သော အခြေအနေဖြစ်သောကြောင့် သဘာဝအတိုင်း သတိထားကာ ကိုင်တွယ်ကြရမည် ဖြစ်သည်။

ယခုအခါ လင်ယွမ်က လူအုပ်၏ ရှေ့ဆုံးတွင် ရပ်နေသည်။ လှပပြီး မွန်မြတ်သန့်စင်သော အငွေ့အသက်တို့ဖြင့် သူ့ပုံရိပ်က လူတိုင်း၏အာရုံကို ဆွဲဆောင်ထား၏။

သူမ၏ အနားမှာလည်း လူရိပ်တချို့ ရပ်နေကြသည်။ သူတို့အားလုံးက ယခုတစ်ကြိမ်တွင် မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်ကြမည့်သူများပင်။

ဤသူများတိုင်းကို လင်ယွမ်က ရွေးချယ်ခဲ့ခြင်းတော့ မဟုတ်ပါ။

ဝါဟွမ်အင်မော်တယ်မျိုးရိုးက သူ့အတွက် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

တချို့ကတော့ ၎င်းတို့၏ အဆက်အသွယ်များကို အသုံးပြုခဲ့ကြသည်၊ သို့မဟုတ် ၎င်းတို့နောက်ကွယ်မှ အင်အားစုများက ဝါဟွမ်အင်မော်တယ်မျိုးရိုးကို အရင်းအမြစ်များစွာ ပေးဆောင်ခဲ့ကြပြီး ခွဲတမ်းတစ်ခု ရယူခဲ့ကြသူများပင်။

သူတို့ထဲတွင် ရွှေရောင်အဝတ်ပတ်ထားသည့် အဆီတုံးကြီးကဲ့သို့၊ စည်ပိုင်းကြီးကဲ့သို့ ဖက်တီးကြီးတစ်ဦးလည်း ရှိသည်။

ထိုဖက်တီးကား လုမိသားစု၏သခင်လေး လုဖူးကွေ့ ဖြစ်၏။

သူက ဧကရာဇ်တစ်ပိုင်းလက်နက် သွားကြားထိုးတံဖြင့် သွားကြားထိုးရင်း မျက်ပေါက်ကျဉ်းကျဉ်းလေးမှ လင်ယွမ်ကို ခိုးခိုးကြည့်နေသည်။

ဟုတ်ပေသည်၊ သူက ကြည့်ရုံသာ ကြည့်သည်။

လင်ယွမ်က အဝေးမှ မြတ်နိုးနိုင်သော်လည်း ထိတွေ့နိုင်ခြင်း မရှိသော ကောင်းကင်ဘုံ နှင်းကြာပန်းကဲ့သို့ပင်။

သို့မဟုတ်၊ တစ်နည်းဆိုရသော်... သူမကို ခူးဆွတ်ရန် လုံလောက်သော အရည်အချင်းကို လိုအပ်သည်။

အနည်းဆုံးတော့ သူ့တွင် ထိုအရည်အချင်းမျိုး မရှိပေ။

ထိုအချိန်တွင် အစိမ်းရောင်နှင့်ရွှေရောင်စပ် အဝတ်အစားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လင်ယွမ်ကိုကြည့်ကာ အကောင်းဆုံး ပြုံးပြလိုက်သည်။

"ဧကရာဇ်ငယ် လင်ယွမ်၊ မင်း စိတ်မသက်မသာဖြစ်နေတာလား၊ စိုးရိမ်ပူပန်နေတာလား"

"မဟုတ်ဘူး"

လင်ယွမ်က အေးစက်စက် ပြောသည်။

ထိုလူငယ်က လင်ယွမ်၏ အေးစက်သော သဘောထားကို စိတ်ထဲမထားဘဲ ပြုံးလျက် ဆက်ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ မေ့ပျောက်ခြင်းတိုင်းပြည်မှာ ငါက ဧကရာဇ်ငယ်လင်ယွမ်ကို အသက်နဲ့ရင်းပြီး သေချာပေါက် ကာကွယ်ပေးမှာပါ"

"မလိုပါဘူး၊ နင့်ရဲ့ခွန်အားက ငါ့ကို ဖိနှိပ်နိုင်မလား ဆိုတာကတောင် မေးခွန်းထုတ်စရာဖြစ်နေသေးတယ်"

လင်ယွမ်က တည်ငြိမ်စွာ ပြောသည်။

လူငယ်လည်း အနည်းငယ် အံ့ဩသွားပြီးနောက် ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။

"ချင်သခင်လေး၊ မင်းရဲ့ ဖိနပ်စုပ်တဲ့ သ‌ဘောထားက တကယ်ကို ရယ်စရာကောင်းတာပဲ။ ဧကရာဇ်ငယ် လင်ယွမ်က မင်းနဲ့ စကားပြောဖို့တောင် စိတ်မ၀င်စားဘူး သိရဲ့လား"

လုဖူးကွေ့က လှောင်ပြောင်လိုက်သည်။

ချောမောသော လူငယ်က လုဖူးကွေ့ကို လှည့်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။

"မင်း မနာလိုနေတာလား။ အေးပေါ့လေ၊ မင်းရဲ့ အဆီပြင်ခန္ဓာကိုယ်ကြီးက ဆွဲဆောင်မှု လုံးဝကို မရှိတာပဲ"

"ဘာလဲ၊ မင်းက ဝတဲ့လူတွေကို အထင်သေးတာလား"

လုဖူးကွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"မင်းကို လုမိသားစုရဲ့ သခင်လေးဖြစ်လို့ တခြားသူတွေက ကြောက်ပေမဲ့ ငါကတော့ ဂရုမစိုက်ဘူးနော်"

ချောမောသော လူငယ်က တည်ငြိမ်စွာ ပြောသည်။

သို့သော်လည်း သူ့တွင် ထိုသို့သော အရည်အချင်းမျိုး ရှိပေသည်။

အကြောင်းမူ၊ သူက အိပ်စက်ခြင်းမှ နိုးထလာသော ရှေးခေတ် ချင်မိသားစု၏ ပါရမီရှင်ဖြစ်နေသောကြောင့်ပင်။ သူ၏ အဆင့်အတန်းမှာလည်း ထူးကဲသည်။

ထို့ပြင်၊ ရှေးဟောင်းမင်းမျိုးနွယ် ချင်မိသားစု၏ ဂုဏ်သိက္ခာက ရှေးဟောင်းမင်းမျိုးနွယ် လုမိသားစုထက် အားမနည်းပေ။

သူ၏ ဘိုးဘေး ဧကရာဇ်ကြီးက ခေတ်အဆက်ဆက် ဧကရာဇ်များစာရင်းတွင် ပါဝင်ခဲ့ပြီး ခေတ်ကာလတစ်ခုကို လွှမ်းမိုးနိုင်ခဲ့သူ ဖြစ်သည်။

ရှေးယခင်က အဆုံးစွန်ရှေးဟောင်းလမ်းတွင် ကျွင်းရှောင်ယောက်ကိုယ်တိုင် ချင်မိသားစု၏ ပါရမီရှင်များနှင့် ပဋိပက္ခများ ရှိခဲ့ဖူးသည်။

နောက်ပိုင်း၊ ဧကရာဇ်သင်္ချိုင်းကြယ်တွင် ကျွင်းရှောင်ယောက်က ရှေးခေတ် ချင်မိသားစု၏ ထိပ်တန်းပါရမီရှင် ချင်ဝူတောက်ကို တိုက်ရိုက်ဖျက်ဆီးခဲ့ပေသည်။

ချောမောခန့်ညားသော ဤလူငယ်ကတော့ ချင်မိသားစု၏ လျှို့ဝှက်ပါရမီရှင် ချင်ရွယ်ချင်း ဖြစ်သည်။

သူ၏ ခွန်အားက ချင်ဝူတောက်နှင့် မတူပေ။

သူ့အသွင်ပြင်နှင့် မိသားစု နောက်ခံများကလည်း ထူးကဲသည်။

ယင်းကြောင့် ချင်ရွယ်ချင်းက လင်ယွမ်အား ချဉ်းကပ်ရန် အစပျိုးဝံ့ခြင်း ဖြစ်သည်။

သူသာ လင်ယွမ်၏ မျက်နှာသာကို အမှန်တကယ်ရနိုင်လျှင် ပို၍ အားကောင်းလာနိုင်လိမ့်မည်။

စိတ်မကောင်းစရာက၊ လင်ယွမ်သည် ချင်ယွမ်ချင်းကို လုံးဝ ဂရုမစိုက်ခဲ့ပေ။

ထိုအချိန်တွင် အနက်ရောင် ဝတ်ရုံဝတ်ထားသည့် လူရိပ်တစ်ခုက အဝေးမှ တိတ်တဆိတ် လျှောက်လာသည်။

ထိုလူရိပ်ကို မြင်ရသောအခါ လင်ယွမ်၏ အမူအရာက ပြောင်းလဲသွား၏။

သူမ၏ ခံစားချက်များကို‌ ကောင်းစွာ ထိန်းချုပ်ထားသော်လည်း နူးညံ့သိမ်မွေ့သော မျက်နှာပေါ်မှာတော့ အနည်းငယ် ပေါ်လာခဲ့သေးသည်။

ယင်းက အရိပ်အယောင်မျှသာဖြစ်သော်လည်း ဂရုတစိုက် အကဲခတ်နေသော ချင်ယွမ်ချင်းက ချက်ချင်း သတိပြုမိခဲ့သည်။

သူက မျက်မှောင်ကြုတ်ကာ ဝတ်ရုံနက်၀တ် အမျိုးသားကို လှမ်းကြည့်လိုက်သည်။

ဝတ်ရုံနက်ဝတ်လူက ရောက်လာသော်လည်း ဆိတ်ဆိတ်နေကာ လင်ယွမ်ကို နှုတ်ဆက်စကားတောင် မပြောခဲ့ပေ။

သို့ရာတွင်၊ လင်ယွမ်ကတော့ စိတ်သက်သာရာရသွားသလို စိတ်ထဲမှ သက်ပြင်းလျလိုက်သည်။

ချင်ယွမ်ချင်းက သူမကို ကာကွယ်မည်ဟု ပြောခဲ့သော်လည်း လင်ယွမ်ကတော့ ရယ်စရာဟုသာ သဘောထားခဲ့ပေသည်။

ချင်ယွမ်ချင်းက ရှေးခေတ် ချင်မိသားစု၏ မျိုးစေ့ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း သူ၏ခွန်အားက သူနှင့်အတူတူပင်။

ထိုသူမျိုးက သူမကို မည်သို့ကာကွယ်နိုင်မည်နည်း။

ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ သူမကို အမှန်တကယ် ကာကွယ်ရန် အရည်အချင်း ရှိသည်။

ကျွင်းရှောင်ယောက် ရောက်ရှိလာတာကို မြင်လိုက်ရကတည်းက လင်ယွမ်၏ နှလုံးသားဟာ ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

မေ့ပျောက်ခြင်းမြေ၌ ဆိုးရွားသော အန္တရာယ်တစ်စုံတစ်ရာရှိလျှင်ပင် ကျွင်းရှောင်ယောက်က သူမအား လျစ်လျူရှုမည်မဟုတ်ကြောင်း ယုံကြည်နေဆဲပင်။

"ဟေး ညီအစ်ကို၊ ငါတို့ ပြန်တွေ့ကြပြန်ပြီနော်။ မင်းလည်း ခွဲတမ်းတစ်ခု ရရှိထားတာပဲ"

လုဖူးကွေ့က ဝတ်ရုံနက်ဝတ် အမျိုးသားကို နှုတ်ဆက်လိုက်သည်။

ဝတ်ရုံနက်ဝတ် အမျိုးသားကတော့ သဘာဝအတိုင်း ကျွင်းရှောင်ယောက်ပင်။

သူက လုဖူးကွေ့က အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ဟင်း၊ ဒီခွဲတမ်းတစ်ခုကို ရရှိဖို့အတွက် ငါ့မိသားစုကတော့ ဝါဟွမ်အင်မော်တယ်မျိုးရိုးကို ဧကရာဇ်လက်နက်တစ်ခု ပေးအပ်ခဲ့ရတယ်။ ဒါက ထိုက်တန်မယ်လို့တော့ မျှော်လင့်ပါတယ်"

လုဖူးကွေ့က ပြောလိုက်သည်။

မေ့ပျောက်ခြင်းမြေ၌ နတ်သတ္တုများ၊ ရှေးဟောင်းပစ္စည်းများ စသည်တို့ များစွာရှိနိုင်ပေသည်။

၎င်းက လက်နက်ပြုလုပ်ခြင်းကို အထူးပြုသော လုမိသားစုအတွက် အလွန်ဆွဲဆောင်မှုရှိသည်။

ကျွင်းရှောင်ယောက်ကတော့ ပြုံးရုံသာပြုံးပြီး ဘာမျှမပြောပေ။

သို့သော်လည်း ရှေးဟောင်း လုမိသားစုက ပန်းပဲမိသားစုဖြစ်သောကြောင့် အမှန်တကယ်ပင် မိတ်ဆွေဖွဲ့ထိုက်သည်။

ကျွင်းဧကရာဇ်ခုံရုံးတွင် ပန်းပဲဆရာများ လိုအပ်နေသေးသည်။

ထိုစဉ် ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒီညီအစ်ကိုက ဘယ်သူ၊ ဘယ်လို အင်အားစုမျိုးက ရောက်လာသူများပါလဲ။ ခေါင်းနဲ့အမြီးကို ဝှက်ထားတာဆိုတော့ ရုပ်ဆိုးပြီး လူတွေကိုတွေ့ဖို့ မလွယ်လို့များလား"

အေးစက်မှု အရိပ်အယောင်တို့ဖြင့် ဤစကားသံက ချင်ယွမ်ချင်းထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရှေးယခင်ကလည်း ဧကရာဇ်သင်္ချိုင်းကြယ်တွင် သူသည် ချင်မိသားစုမှ ချင်ဝူတောက်ကို လိုက်ပို့ပေးခဲ့ဖူးသည်။

ယခု တခြားတစ်ယောက်ကို လိုက်ပို့ပေးရဦးမည်လော။

All Chapters