အခန်း ၁၂၄၂
Vol. 83 Ch. 1242
အခန်း ( ၁၂၄၂ ) မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်ခြင်း။
ဟုတ်သည်၊ ဤသည်မှာ အခြား အင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များအတွက် ယှဉ်ပြိုင်ရန် မျှော်လင့်ချက်မရှိဘူးဟု မဆိုလိုပါ။
သို့ရာတွင်၊ ဤအင်မော်တယ်မျိုးရိုးကြီးကိုးခုမှ လူများနှင့် နှိုင်းယှဉ်လျှင်တော့ နိမ့်ကျနေဆဲ ဖြစ်သည်။
ကစားပွဲကို ပြောင်းပြန်လှန်လိုလျှင် မယုံနိုင်စရာ ကံကောင်းမှုနှင့် အခွင့်အလမ်းများကို လိုအပ်လိမ့်မည်။
တိဟောက်ထျန်းက မာနကြီးပြီး သူ့လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ရပ်နေသည်။
သူ့အတွက်ကတော့ ဤအတွေ့အကြုံမှာ ကလေးကစားစရာအိမ်တစ်လုံးထက် မပိုပေ။
သူ့ကို မည်သူမျှ တားဆီး၍မရနိုင်ပါ။
မေ့ပျောက်ခြင်းမြေရှိ အခွင့်အလမ်းအားလုံးကို သူသိသည်။
သူလုပ်ရမည့်အရာကို အတိအကျ သိ၏။
တစ်ခုတည်းသော မရေရာမှုမှာ ကျွင်းရှောင်ယောက် ဖြစ်သည်။ သို့သော်လည်း ကျွင်းရှောင်ယောက်က ကျွင်းမိသားစုတွင် ပြန်လည်ကုသနေဆဲဖြစ်သောကြောင့် သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် တိဟောက်ထျန်းက တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ရှိခဲ့သည်။
သူ့အမြင်အရတော့ ဤအခွင့်အလမ်းများကို ဆုပ်ကိုင်ထားပြီးပြီ။
အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရန်မှာလည်း မေးစရာမလိုသော အခြေအနေ ဖြစ်သည်။
နောင်တွင်၊ သူက အင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုအကြောင်းများကို တွေးမိသောအခါ တိဟောက်ထျန်းက လင်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။
ကူတိကျစ်နှင့် လင်ယွမ်တို့က သူ့အစီအစဉ်တွင် မရှိမဖြစ်လိုအပ်သော အပေါင်များ ဖြစ်၏။
ထိုအကြောင်းပြချက်ကြောင့်ပင် ကူတိကျစ်ကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ဟုတ်ပေသည်၊ လင်ယွမ်က ပိုအရေးကြီးသည်။
အကြောင်းမူ၊ သူက ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးနှင့် သက်ဆိုင်သည့် အထူးအထောက်အထားတစ်ခု ရှိနေသောကြောင့်ပင်။
ဤအထောက်အထားကို ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ အဓိကကျသော ထိပ်သီးပုဂ္ဂိုလ်များသာ သိကြသည်။
အခြားသော အင်မော်တယ်မျိုးရိုးရှစ်ခုဆိုလျှင် လုံးဝ မသိနိုင်ခဲ့ကြပေ။
ဝိဟောက်ထျန်းကတော့ ပြန်လည်မွေးဖွားခြင်း၏ အမှတ်တရများနှင့် အကျိုးကျေးဇူးများကို အားကိုးကာ ၎င်းကို စောစောစီးစီး နားလည်ခဲ့သလို အစီအစဉ်များပင် ချမှတ်နိုင်ခဲ့သည်။
ထိုအရေးကြီးသော ပုဂ္ဂိုလ်ကြီးက အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရန် တိဟောက်ထျန်းအတွက် အခြေခံကျသော အထောက်အပံ့လည်း ဖြစ်ပေသည်။
တိဟောက်ထျန်း၏ အကြည့်ကို သတိပြုမိဟန်ဖြင့် လင်ယွမ်၏ လှပသောမျက်နှာလေးက အေးစက်သွားသည်။
တိဟောက်ထျန်း၏ တည်ရှိမှုကြောင့် ခေတ်ပြိုင်ဧကရာဇ်ငယ်ဖြစ်သော သူမ၏ အနေအထားမှာ အနည်းငယ် လိုအပ်ခဲ့ရသည် မဟုတ်လော။
ထို့ကြောင့်ပင်၊ သူက တိဟောက်ထျန်းအပေါ်တွင် သဘာဝအတိုင်း အထင်မြင်ကောင်းရှိမည် မဟုတ်ပေ။
တိဟောက်ထျန်းက လင်ယွမ်အား ပေါ့ပေါ့ပါးပါး ကြည့်ရုံသာကြည့်လိုက်သည်။
ရုတ်တရက်၊ သူသည် လင်ယွမ်နံဘေးရှိ ဝတ်ရုံနက်ဝတ် လူတစ်ဦးကို သတိပြုမိသွား၏။
သူ့စိတ်ထံမှ နားမလည်နိုင်သော ခံစားချက်ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက ဘယ်သူလဲ..."
တိဟောက်ထျန်းက ဝတ်ရုံနက်ဝတ်လူကို ကြည့်လိုက်သည်။
အနက်ရောင် ခေါင်းစွပ်အောက်မှာတော့ ကျွင်းရှောင်ယောက်က နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်လေသည်။
တိဟောက်ထျန်း၏ အာရုံခံစားနိုင်စွမ်းက အတော်ကောင်းမွန်သည်ဟု ဆိုရမည်။
"နင်နဲ့ မဆိုင်ဘူး"
လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။
"အိုး..."
တိဟောက်ထျန်းကလည်း ပေါ့ပေါ့ပါးပါး ပြုံးပြီး ဂရုမစိုက်တော့ပေ။
ဒါက ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်လိမ့်မည်။
သူ့ကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသောသူက သူ့မိသားစု၏ ဘိုးဘွားမြေမှာ လဲလျောင်းနေဆဲ ဖြစ်သည်။
"အလို..."
လင်ယွမ်ဘက်မှ ခရီးသွားဖော်များကတော့ ကျွင်းရှောင်ယောက်ကို တအံ့တဩ ကြည့်လိုက်ကြလေသည်။
ခေါင်းနှင့်အမြီးကို ဖုံးကွယ်ထားသော ဤဝတ်ရုံနက်ဝတ်လူက တိဟောက်ထျန်း၏ အာရုံကိုဆွဲဆောင်ရန် မည်သို့အရည်အချင်းပြည့်မီနိုင်မည်နည်း။
ချင်ယွမ်ချင်း၏ မျက်လုံးများက သံသယများဖြင့် တောက်ပလာသည်။
ဤလူက လင်ယွမ်ကို အထူးဆက်ဆံစေနိုင်သလို တိဟောက်ထျန်း၏ အာရုံကိုလည်း ဆွဲဆောင်နိုင်သည်။ ၎င်းက လူတို့အား ဝတ်ရုံနက်ဝတ်လူ၏ ဝိသေသလက္ခဏာကို နက်နက်နဲနဲ တွေးတောစေခဲ့ပေသည်။
'သူ့အနေအထားကို ဘယ်သူက ဂရုစိုက်မှာလဲ။ အလွန်ဆုံး ငါနဲ့ အဆင့်တူမှာပဲ ရှိလိမ့်မယ်'
ချင်းယွမ်ချင်းက တိတ်တဆိတ် တွေးလိုက်သည်။
ထိုအချိန်တွင်၊ အင်မော်တယ်ခုံရုံးအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းမှာ ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ အကျော်အမော်တစ်ဦး၏ အသံပင်။
"လူတိုင်းပဲ၊ မေ့ပျောက်ခြင်းမြေ ဖွင့်တော့မယ်"
"အင်မော်တယ်နယ်မြေကြီးရဲ့ အံ့ဖွယ်ခုနစ်ပါးထဲက တစ်ခုအနေနဲ့ မေ့ပျောက်ခြင်းမြေဟာ လျှို့ဝှက်ဆန်းကျယ်ပြီး ထူးဆန်းတယ်။ အဲဒီနေရာမှာ ဘယ်အရာက အစစ်အမှန်... ဘယ်ဟာက အတုအယောင်ဆိုတာကို ဘယ်သူမှ အတပ်မပြောနိုင်ဘူး"
"အခွင့်အလမ်းတွေ အများကြီးရှိပေမဲ့ စွန့်စားရမှုတွေလည်း အများကြီးရှိနိုင်တယ်၊ အချိန်မရွေး ကျဆုံးသွားနိုင်ခြေတောင် ရှိသေးတယ်"
"ဒါကြောင့် မင်းတို့ သေချာစဉ်းစားရမယ်။ မေ့ပျောက်ခြင်းမြေကို ဝင်ရောက်ချင်ရင် ကျဆုံးသွားနိုင်တဲ့အန္တရာယ်တွေကိုလည်း ခံနိုင်ရည်ရှိရမယ်"
"အထဲကို ဝင်ရောက်ပြီးတာနဲ့ ငါတို့လည်း ကူညီနိုင်တော့မှာမဟုတ်ဘူးလေ"
"ဒါကြောင့် အခုချိန်မှာ နောက်ဆုတ်ချင်ရင် အချိန်မီသေးတယ်"
အင်မော်တယ်ခုံရုံးမှ အကျော်အမော်၏ စကားများက လူငယ်လေးများ၏ မျက်နှာအမူအရာကို ပို၍ လေးနက်လာစေသည်။
သို့သော်၊ မည်သူမျှ နောက်မဆုတ်ကြပေ။
အန္တရာယ်ကို မရင်ဆိုင်ဝံ့ဘဲ အခွင့်အလမ်းများကို မည်သို့ယူဆောင်နိုင်မည်နည်း။
အရေးကြီးဆုံးအချက်မှာ မေ့ပျောက်ခြင်းမြေတွင် ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အမွေအနှစ်များ ရှိနေခြင်း ဖြစ်သည်။
အကယ်၍၊ ရှေးခေတ် အင်မော်တယ်ခုံရုံးမှ အကျော်အမော်တစ်ဦး၏ အမွေအနှစ်ကို ရရှိခဲ့ပါက၊ ထိုသူ၏ အနာဂတ်မှာ လုံးဝ ကွဲပြားသွားလိမ့်မည်။
ဤရွှေခေတ်တွင် မရှိမဖြစ် အလိုအပ်ဆုံးအရာက အခွင့်အလမ်းနှင့် ကံကောင်းခြင်း ဖြစ်သည်။
လူတိုင်း၏ မျက်နှာပေါ်မှ ပြတ်သားသော အမူအရာများကို မြင်ရသောအခါ အင်မော်တယ်ခုံရုံး၏ အကျော်အမော်လည်း ဘာမျှထပ်မပြောတော့ပေ။
"ဝုန်း..."
လေဟာနယ်က ရေလှိုင်းများကဲ့သို့ တုန်လှုပ်သွားသည်။
ယင်ဟော်နတ်ဆိုးကြယ်က စကြာဝဠာ၏ နက်နဲရာအရပ်တွင် လင်းလက်တောက်ပနေ၏။
တောင်များ၊ လွင်ပြင်များ၊ ရှေးဟောင်းသစ်တောများ၊ ပြိုကျနေသော အပျက်အယွင်းများနှင့် သဲကန္တာရများ အပါအဝင် မြင်ကွင်းက ပိုပိုပြီး ထင်ရှားလာတော့သည်။
"ထွက်ခွာကြတော့"
အင်မော်တယ်ခုံရုံး၏ အကျော်အမော်က အမိန့်ပေးလိုက်သည်။
မဟာ အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များနှင့် ၎င်းတို့ စုဆောင်းခဲ့သော ခရီးသွားဖော်များလည်း ကောင်းကင်သို့ ပျံတက်သွားတော့သည်။
"သွားကြစို့"
လင်ယွမ်ကလည်း ပြောလိုက်သည်။
ချင်ယွမ်ချင်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အမြွက်တို့ ပေါ်လာသည်။
သူက လင်ယွမ်၏ရှေ့တွင် ကောင်းမွန်စွာ လုပ်ဆောင်ပြီး သူမ၏နှလုံးသားကို အနိုင်ယူရလိမ့်မည်။
သို့သော်လည်း လင်ယွမ်က သူမ၏ မျက်လုံးထောင့်မှ ကျွင်းရှောင်ယောက်ကိုသာ တိတ်တဆိတ် ကြည့်နေသည်။
ကျွင်းရှောင်ယောက်နှင့်အတူ သူမ၏ နှလုံးသားတွင် သက်တောင့်သက်သာရှိသလို ခံစားရလေသည်။
ကျွင်းရှောင်ယောက်အတွက်တော့ ဤခရီးစဉ်၏ ရည်ရွယ်ချက်က ရိုးရှင်းသည်။
ပျက်စီးခြင်းဧကရာဇ်၏ သဲလွန်စကိုရှာရန်နှင့် လက်မှတ်ထိုးဝင်ရန်ပင်။
ဟုတ်သည်၊ သူက တိဟောက်ထျန်းရွှေ့လာမည့် ကစားကွက်များကိုလည်း သိလိုသေးသည်။
ပါရမီရှင်များက လေဟာနယ်ကို ဖြတ်သန်းသွားချိန်တွင် ကောင်းကင်က တုန်ခါသွားသည်။
သူတို့က မေ့ပျောက်ခြင်းမြေသို့ တရားဝင် ဝင်ရောက်သွားကြပြီ။
အင်မော်တယ်မျိုးရိုးကြီး ကိုးခု၏ အကျော်အမော်များက တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။
ဒါက မျိုးဆက်သစ်လူငယ်များအတွက် စမ်းသပ်မှုတစ်ခု ဖြစ်၏။
အကြောင်းမူ၊ ဤရွှေခေတ်တွင် မျိုးဆက်သစ်လူငယ်များက အနာဂတ်ကို ကိုယ်စားပြုနိုင်သောကြောင့်ပင်။
"ဒီအတွေ့အကြုံပြီးရင် အင်မော်တယ်ခုံရုံးရဲ့ အနာဂတ်ဖွဲ့စည်းပုံက တကယ် ပြောင်းလဲလာနိုင်တယ်လို့ ငါ ခံစားရတယ်"
"ပြီးပြည့်စုံတဲ့ အင်မော်တယ်ခုံးတစ်ခုအဖြစ် ပေါင်းစည်းနိုင်မလား၊ ဆက်ပြီး ပြိုကွဲနေဦးမှာလား။ ဒါက ဒီအချိန်ပေါ်မှာ မူတည်တယ်"
အင်မော်တယ်ခုံရုံး၏ အကျော်အမော်များက တိတ်တဆိတ် ရေရွတ်လိုက်ကြလေသည်။
...........
ဤသည်မှာ အဆုံးမဲ့ကျယ်ပြောသော လွင်ပြင်တစ်ခု ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အဆုံးကို မမြင်နိုင်ပေ။
ထိုအချိန်တွင် လေတိုးသံများ ထွက်ပေါ်လာသည်။
မြောက်များစွာသော ပုံရိပ်များက ဤနေရာသို့ ဆင်းသက်လာကြ၏။
အားလုံးက ပတ်ဝန်းကျင်ကို စူးစမ်းကာ ကြည့်ရှုလိုက်ကြသည်။
"ဒါက မေ့ပျောက်ခြင်းမြေလား၊ ပြင်ပကမ္ဘာနဲ့ သိပ်ကွာခြားပုံလည်း မပေါ်ပါဘူး"
"မဟုတ်ဘူး၊ ဒီနေရာမှာရှိတဲ့ ဝိညာဉ်စွမ်းအင်က အင်မော်တယ်နယ်မြေကြီးထက် ပိုပြီး ကြွယ်ဝတယ်"
"ဒါက သူတော်စင်ဆေးပင်လား၊ သူတော်စင်ဆေးက ပြင်ပကမ္ဘာမှာဆိုရင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ"
"ဟိုးအဝေးက သားရဲကြီးကို ကြည့်လိုက်ပါဦး၊ အဲဒါက မျိုးတုံးတော့မဲ့ ရှေးဦး သားရဲမျိုးစိတ်တစ်ကောင် မဟုတ်လား"
လူများစွာမှာ တုန်လှုပ်လာခဲ့ကြသည်။
ပထမတော့ မေ့ပျောက်ခြင်းမြေကို ပြင်ပကမ္ဘာနှင့် သိပ်မကွာခြားဘူးဟု သူတို့ထင်ခဲ့သေးသည်။
သို့သော်လည်း ရှေးဟောင်းဆေးပင်နှင့် ရှေးဟောင်း သားရဲမျိုးစိတ်တို့ကိုပင် တွေ့လိုက်ရပြီးနောက်တွင် အယူအဆများ ပြောင်းလဲသွားကြသည်။
ဤနေရာက အမှန်တကယ် မေ့ပျောက်ခြင်းမြေပင်။
လင်ယွမ်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။
ရိုးရိုးသားသားပြောရလျှင် ဤနေရာက ပြင်ပကမ္ဘာနှင့် သိပ်ကွာခြားပုံမပေါ်ပေ။
တစ်ခုတည်းသော ခြားနားချက်မှာ ရှေးခေတ် ဂြိုလ်သားမျိုးစိတ်များနှင့် ရှေးကျသော ဆေးပင်များကို တွေ့ရှိလာရခြင်း ဖြစ်သည်။
ဒါက ရှေးခေတ်ကို ပြန်ရောက်သွားခဲ့သလိုပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
သူသည် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအားကို ခံစားရ၏။
ယင်းကြောင့် ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် ရယ်စရာကောင်းသော မှန်းဆချက်တစ်ခုပင် ပေါ်လာတော့သည်။
မေ့ပျောက်ခြင်းမြေက အသက်ရှိနေတာလား။