← Chapters

အခန်း ၁၂၄၃

Vol. 83 Ch. 1243

အခန်း ၁၂၄၃

Vol. 83 Ch. 1243

အခန်း ( ၁၂၄၃ ) မေ့ပျောက်ခြင်းမြေရှိ အန္တရာယ်များ။

ကျွင်းရှောင်ယောက်ပင်လျှင် ဤယူဆချက်က အနည်းငယ် ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က အခြားသော ရှေးဦးဝိညာဉ်များထက် ဝိညာဉ်စွမ်းအားကို ပို၍ ခံစားနိုင်စွမ်းရှိသည်။

ကျွင်းရှောင်ယောက်က မေ့ပျောက်ခြင်းမြေတစ်ခုလုံးတွင် သူတို့ကို စောင့်ကြည့်နေသည့် အသိစိတ်တစ်ခု ရှိနေသကဲ့သို့ ခံစားရပေသည်။

'တကယ်ကို ဒါက အင်မော်တယ်နယ်မြေကြီးရဲ့ အံ့ဖွယ်ခုနစ်ပါးထဲက တစ်ခုဖြစ်ထိုက်တယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

၎င်းတို့အားလုံးက မယုံနိုင်စရာဖြစ်ပြီး အလွန်ထူးဆန်းကာ မှန်းဆ၍မရပေ။

အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များနှင့် ၎င်းတို့၏ ခရီးသွားဖော်များလည်း မေ့ပျောက်ခြင်းမြေသို့ ဆက်လက် ဝင်ရောက်ခဲ့ကြသည်။

ကနဦး စူးစမ်းလေ့လာပြီးနောက် ၎င်းတို့အဖွဲ့များကြားတွင် အကွာအဝေးတစ်ခု ထားရှိခဲ့၏။

သို့သော်လည်း တိုက်ခိုက်မှုနှင့် ပြဿနာများတော့ မဖြစ်ကြသေးပေ။

နောက်ဆုံးတွင်၊ သူတို့က ယခုမှ ဝင်ရောက်လာခြင်းဖြစ်ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း မသိကြရသေးပါ။

ထို့ပြင် အခွင့်အလမ်းက မပေါ်သေးသဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် အချိန်မရောက်သေးပါချေ။

ထိုအခြေအနေမျိုးတွင် တိဟောက်ထျန်းက ဦးစွာလှုပ်ရှားပြီး သူ့အဖွဲ့ကို ဦးဆောင်ကာ ဦးတည်ချက်တစ်ခုသို့ ထွက်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားလေသည်။

တိဟောက်ထျန်းက မေ့ပျောက်ခြင်းမြေကို ကောင်းစွာသိထားသကဲ့သို့ ယုံကြည်မှုအပြည့် ရှိနေသည်။

ယင်းက ကျွင်းရှောင်ယောက်သည် တိဟောက်ထျန်းကို ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း ပို၍ သေချာစေခဲ့သည်။

တစ်နည်းဆိုရသော် သူက အရာအားလုံးကို ခန့်မှန်းနိုင်စွမ်းရှိမည်။

သို့သော်လည်း တိဟောက်ထျန်းက သူ၏ လှုပ်ရှားမှုများကို မခန့်မှန်းနိုင်သည်မှာ သေချာသည်။

ထိုသို့မဟုတ်လျှင်၊ တိဟောက်ထျန်းက သူ ခိုးဝင်လာခြင်းကို မသိရှိဘဲနေမည် မဟုတ်ပေ။

'ဒီလိုဆိုရင် ပိုကောင်းတာပေါ့၊ ပုန်းလျှိုးကွယ်လျှိုးလုပ်ပါတယ်ဆိုမှ တစ်စုံတစ်ယောက်က ခံစားနိုင်နေမယ်ဆိုရင် အဆင်မပြေဘူး'

ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ တွေးနေမိသည်။

"ကဲ၊ ငါတို့လည်း သွားကြရအောင်။ မေ့ပျောက်ခြင်းမြေ တစ်ခုလုံးက ကျယ်ပြောတာကြောင့် အချိန်တိုအတွင်း စူးစမ်းရှာဖွေလို့ မရနိုင်ဘူး"

လင်ယွမ်က ပြောလိုက်သည်။

မဟာ အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များလည်း တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခုထားကာ ဖြည်းဖြည်းချင်း ရှေ့ဆက်ခဲ့ပေသည်။

သူတို့ရောက်လာသောနေရာက အလွန်ကျယ်ပြောသည်။

အချိန်မည်မျှကြာခဲ့ပြီမသိ။ သူတို့၏ရှေ့တွင် အနက်ရောင် အစက်အချို့ ပေါ်လာသည်။

မဟာ အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များလည်း အမူအရာပြောင်းသွားပြီးနောက် သတိထားလာကြတော့သည်။

သူတို့က အနည်းငယ် နီးကပ်လာသောအခါမှ ‌အခြေအနေကို သိလိုက်ရသည်။

အနက်ရောင် အစက်အပြောက်များက လူရိပ်များ ဖြစ်၏။

ထိုလူများအားလုံးက ခေတ်အမျိုးမျိုးမှ အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

တချို့က မကြာသေးမီခေတ်ကဖြစ်ပြီး တချို့ကလည်း ရှေးခေတ်မှ အဝတ်အစားများ ဝတ်ဆင်ထားပေသည်။

အသက်အရွယ် ကြီးရင့်သူများပင် ရှိသည်။

"ဒါ အရင်က‌ မေ့ပျောက်ခြင်းမြေကို ဝင်ရောက်ခဲ့တဲ့သူတွေလား"

အင်မော်တယ်ခုံရုံးမှ ပါရမီရှင်တစ်ဦးက တအံ့တဩ ပြောလိုက်သည်။

"မဟုတ်သေးဘူး၊ သူတို့က တစ်ခုခု လွဲမှားနေသလို ခံစားရတယ်"

ကျူးရုန်အင်မော်တယ်မျိုးရိုး၏ ထိပ်တန်း ပါရမီရှင် ရန်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

‌

ထိုသူများတွင် ကိုယ်ပိုင်အတွေးအမြင် မရှိဘဲ လမ်းလျှောက်နေသော အလောင်းကောင်များကဲ့သို့ပင်။

သူတို့က ဝိညာဉ်လွင့်ပြယ်သွားသကဲ့သို့ ဖြစ်သည်။

ဤအရာက အလွန်ထူးဆန်းသောကြောင့် အင်မော်တယ်မျိုးရိုးများ၏ ပါရမီရှင်များစွာကို ကျောရိုးထဲအထိ စိမ့်တက်သွားစေခဲ့ပေသည်။

သူတို့က မေ့ပျောက်ခြင်းမြေကို ယခုမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့တိုင် ထိုကဲ့သို့ ထူးဆန်းသော အရာမျိုးဖြင့် ရင်ဆိုင်နေရပြီ။

ရုတ်တရက်...

ထိုဖုတ်ကောင်များက အပြင်လူများ ရောက်ရှိလာခြင်းကို သတိပြုမိသွားပုံရသည်။

အားလုံး၏ မျက်လုံးများ ရုတ်တရက် လှည့်ကြည့်လိုက်၏။

သူတို့၏ မျက်လုံးများက ခံစားချက်တစ်စုံတစ်ရာမရှိဘဲ တိတ်ဆိတ်ခြင်းသာ ရှိနေသည်။

"ဝှစ်... ဝှစ်... ဝှစ်"

ထို့နောက်မှာတော့ ဖုတ်ကောင်များက အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များဆီသို့ ရုတ်တရက် ပြေးလာ‌တော့သည်။

သူတို့ထဲတွင် ဆန်းကျယ်ကောင်းကင်အဓိပတိကဲ့သို့ အကျော်အမော်များပင် ပါဝင်သည်။

ဒါက သာမန်ပါရမီရှင်များ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

"မြန်မြန်ပြန်ဆုတ်ကြ"

လူငယ်တစ်ယောက်က အလန့်တကြား အော်ဟစ်လိုက်သည်။

အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ပါရမီရှင်များနှင့် သူတို့၏ ခရီးသွားဖော်များလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးတော့သည်။

ထိုနေရာက ခဏချင်းမှာပင် ဖရိုဖရဲ ဖြစ်သွားသည်။

အချို့သော ပါရမီရှင်များက ဖုတ်ကောင်များ၏ တိုက်ရိုက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထို့နောက်တွင် ဖုတ်ကောင်များက ပါးစပ်ကိုဟ၍ စုပ်ယူလိုက်၏။ ၎င်းတို့က ဖမ်းဆီးခံရသူ၏ ဝိညာဉ်ကို အမှန်တကယ် စုပ်ယူသွားတော့သည်။

"ဝိညာဉ်၊ ငါ့ရဲ့ဝိညာဉ် ဘယ်မှာလဲ"

ထိုပါရမီရှင်၏ဝိညာဉ်ကို စုပ်ယူပြီးနောက် ဖုတ်ကောင်က ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်သည်။ ထို့နောက်မှာတော့ သားကောင်ကို ဆက်လက်ရှာဖွေပြန်တော့သည်။

"ပြေး... ပြေးကြ"

"အင်း...ငါ့ဆီကိုမလာနဲ့"

"ထွက်သွားစမ်း"

အော်သံဟစ်သံများဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

ဖုတ်ကောင်များတွင် ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် အကျော်အမော်များ ရှိ၏။

အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ထိပ်သီး ပါရမီရှင်များမှလွဲ၍ အခြားသူများမှာ အခြေခံအားဖြင့် ဖုတ်ကောင်များကို မတားဆီးနိုင်တော့ပေ။

ဤတွင်၊ တိဟောက်ထျန်း၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။

ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ဖုတ်ကောင်တစ်ကောင်က သူ့ဆီသို့ ပြေးလာနေ၏။

သို့တိုင်၊ တိဟောက်ထျန်း၏ အမူအရာက မပြောင်းလဲသေးပေ။

သူ့ဘေးမှ အလင်းရောင်စစ်သည်တော် ယုဟွာနှင့် အမှောင်ညဘုရင် ယုမော့တို့က ပူးပေါင်းတိုက်ခိုက်ပြီး ဆန်းကျယ်ကောင်းကင်အဓိပတိကို တားဆီးခဲ့ကြသည်။

"အရင်ပြန်ဆုတ်ကြစို့"

တိဟောက်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက သူ့အဖွဲ့ကိုဦးဆောင်ပြီး လမ်းကြောင်းတစ်ခုကို ပြေးထွက်သွား၏။

အခြားသော အင်မော်တယ်မျိုးရိုးမှ လူများမှာလည်း အလားတူပင် ရှောင်ထွက်ပြေးတော့သည်။

"ဆုတ်ကြ"

ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ ရှင်းယွီရှန်းက ဆန်းကျယ်ကောင်းကင်အဓိပတိအဆင့် ဖုတ်ကောင်ကို နောက်သို့တွန်းထုတ်ကာ အော်ဟစ်လိုက်သည်။

သူကလည်း သူ့အဖွဲ့နှင့်အတူ ဆုတ်သွား၏။

သို့သော်လည်း လူတိုင်းကတော့ ထိုမျှ အခြေအနေမကောင်းကြပေ။

ဥပမာအားဖြင့် ရှန်းနွန်အင်မော်တယ်မျိုးရိုးမှ ယောင်ကျွင်း၏အဖွဲ့က အသေအပျောက် ပြင်းထန်စွာ ခံစားခဲ့ရသည်။

ခေါင်းဆောင်ယောင်ကျွင်း အပါအဝင် လူအနည်းငယ်သာ လွတ်မြောက်နိုင်ခဲ့ပေသည်။

လင်ယွမ်ကလည်း သူ့လူများနှင့်အတူ ဆုတ်ခွာခဲ့သည်။

"စိတ်မပူနဲ့၊ ငါ မင်းကို သေချာပေါက် ကာကွယ်ပေးမယ်"

ချင်ယွမ်ချင်းက သူ့လက်ကိုမြှောက်ပြီး ဖုတ်ကောင်များကို တွန်းထုတ်လိုက်သည်။

လင်ယွမ်က လုံးဝ ဂရုမစိုက်ပေ။

တစ်ဖက်မှာလည်း ကျွင်းရှောင်ယောက်က အလွန်တည်ငြိမ်နေကာ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိပါ။

အခြားသူများက စေတနာထားပြီး လုပ်ကိုင်လိုသော်လည်း သူကတော့ ပေါ့ပေါ့ပါးပါးရှိနေဆဲ ဖြစ်သည်။

"ဟမ့်၊ သူက တကယ်ကို ငပျင်းပဲ"

ကျွင်းရှောင်ယောက်က မလှုပ်ရှားတာကို မြင်သောအခါ ချင်ယွမ်ချင်းက အေးစက်စက် ပြောလိုက်သည်။

နောက်ဆုံးတွင်၊ လင်ယွမ်နှင့် သူ့အဖွဲ့က ဖြတ်ကျော်ကာ လွင်ပြင်မှ ထွက်ခွာသွားခဲ့ကြလေသည်။

"ဟူး၊ ငါ့ကို သေအောင်ခြောက်နိုင်လွန်းတယ်"

လုဖူးကွေ့က သူ့မျက်နှာမှ ချွေးများကို သုတ်လိုက်သည်။

ပန်းပဲသမားမိသားစုမှ ဆင်းသက်လာသူတစ်ဦးအနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သေချာပေါက် မမြင့်မားပေ။

သို့သော်... သူ့ဘေးကင်းလုံခြုံမှုကို သေချာစေနိုင်သော အကာအကွယ် ရတနာများ အများကြီးရှိခဲ့သည်။

"နောက်ဆုံးတော့ ငါတို့ ထွက်လာပြီ။ ဒါပေမဲ့ မေ့ပျောက်ခြင်းမြေကို ဝင်ရောက်သွားသူတွေက ဘာဖြစ်လို့ အဲဒီလို ဖြစ်သွားရတာလဲ"

လင်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

လူအားလုံးက အနည်းငယ် စိတ်ရှုပ်ထွေးသွားကြလေသည်။

သို့သော်လည်း မေ့ပျောက်ခြင်းမြေမှာ အံ့ဖွယ်ခုနစ်ပါးထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့ နားမလည်နိုင်သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

"ကဲ၊ အခုကစပြီး နောက်ခရီးတွေက ပိုအန္တရာယ်များလိမ့်မယ်။ ဒါကြောင့် လူတိုင်း ပိုသတိထားကြပါ"

လင်ယွမ်က ပြောလိုက်သည်။ သူ့ကို ဤအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် အားလုံးက သတ်မှတ်ထား၏။

သူမက မျက်‌လုံးထောင့်မှ ကျွင်းရှောင်ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

တကယ်တမ်းတွင် အရည်အချင်းနှင့် ခွန်အားအရ ကျွင်းရှောင်ယောက်ဟာ အဖွဲ့ခေါင်းဆောင် ဖြစ်နိုင်သည်။

သို့သော်လည်း သူက အလွန်နှိမ့်ချကာ စိတ်မဝင်စားပေ။

သူက မေ့ပျောက်ခြင်းမြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့ရာတွင် ကျွင်းရှောင်ယောက်က သူ၏ အထောက်အထားကို မဖော်ထုတ်လိုသေးပါ။

စောစောထုတ်ဖော်လျှင် တခြားသူများကို သတိပေးနိုင်သည်။

ထို့နောက် လင်ယွမ်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း တဖြည်းဖြည်း ခရီးဆက်ခဲ့ပေသည်။

ရုတ်တရက်၊ သူတို့ရှေ့မှ ကောင်းကင်တွင် ရွှေရောင်အလင်းများ‌ တောက်ပလာသည်။

၎င်းက ကံကောင်းခြင်းကို နိမိတ်ဆောင်သည့် ရွှေရောင်တောက်ပနေသော နတ်ငှက်တစ်ကောင်ပင်။

"အဲဒါက... အပြင်မှာ မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီဖြစ်တဲ့ ချုံးမင်နတ်ငှက်လား"

လုဖူးကွေ့၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။

ချုံးမင်နတ်ငှက်၏ အမွှေးအတောင်များက ချပ်ဝတ်တန်ဆာ ထုလုပ်ရန်အတွက် ရတနာကောင်းတစ်ခု ဖြစ်ပေသည်။

သို့သော်လည်း ဤငှက်မျိုးက ပြင်ပကမ္ဘာတွင် မျိုးသုဉ်းလုနီးပါး ဖြစ်သည်။ ၎င်းတို့၏ နတ်ငှက်မွေးများကို ရှာတွေ့ရန် မဖြစ်နိုင်တော့ပေ။

"အပိုတွေမလုပ်နဲ့၊ ချုံးမင်နတ်ငှက်က သာမန်လူတွေ ကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး။ အနည်းဆုံးတော့ မင်း မကိုင်တွယ်နိုင်ဘူး"

ချင်ယွမ်ချင်းက အေးစက်စက် ပြောလိုက်သည်။

"မင်း..."

လုဖူးကွေ့က ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

နောက်ပိုင်းခရီးတွင် ကျောက်စိမ်း မျက်လုံးနီကျား၊ အတောင်ကိုးခု နဂါးနှင့် ဝိညာဉ်ငိုကြွေး သားရဲကဲ့သို့ ရှေးခေတ် သားရဲမျိုးစိတ်များကိုလည်း တွေ့ခဲ့ကြရပေသည်။

သူတို့အဖွဲ့ကတော့ အားလုံးကို ရှောင်ကွင်းသွားခဲ့သည်။

ဟုတ်ပေသည်၊ လမ်းတစ်လျှောက်တွင် ရှေးကျပြီး ရှားပါးသော ဆေးဝါးများစွာကိုလည်း ရိတ်သိမ်းနိုင်ခဲ့သည်။

ကျွင်းရှောင်ယောက်ကတော့ ဤအခွင့်အရေးများကို စိတ်မဝင်စားသောကြောင့် မလှုပ်ရှားခဲ့ပေ။

မည်မျှကြာအောင် လျှောက်လှမ်းခဲ့ပြီးပြီမသိ၊ အဝေးတွင် အလင်းရောင်မှိန်ဖျော့ဖျော့ကို လှမ်းမြင်လိုက်ရသည်။

"အဲဒါကဘာလဲ"

လူတိုင်း၏ မျက်လုံးများက သံသယတို့ ပေါ်လာတော့သည်။

All Chapters