အခန်း ၁၂၄၈
Vol. 84 Ch. 1248
အခန်း ( ၁၂၄၈ ) ထာဝရကွဲလွဲမှုများ၏ဘုရင်။
စစ်သူကြီးယဲ့ဟွာနှင့် အမျိုးသမီးတိုင်းပြည်မှ စစ်သည်များအားလုံး အံ့ဩသွား၏။
အမျိုးသမီးတိုင်းပြည်၏ ဘုရင်မက ယောက်ျားတစ်ယောက်ကို ဖိတ်ခေါ်ရန် အစပြုခဲ့မည်ဟု မမျှော်လင့်ခဲ့ပေ။
ဒါက ရေချိုးရုံသက်သက်ဖြစ်ပြီး အခြား ဘာမျှမဖြစ်နိုင်သော်လည်း...
ဗတ္တိဇံရေကန်အတွင်းသို့ ဆင်းသက်လိုက်သည်နှင့် ရေစိုပြီး ခန္ဓာကိုယ်အလှတို့ ပေါ်လာမည်မှာ မလွဲမသွေ ဖြစ်သည်။
ထိုအချက်ကြောင့် အတွင်းစက်ဝိုင်းက ဘုရင်မအတွက် သီးသန့်နယ်မြေတစ်ခု ဖြစ်ခဲ့ရခြင်းပင်။
"ဒါဆိုရင် ကျုပ် မယဉ်ကျေးတော့ဘူး"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
စင်စစ်တွင်၊ ဘုရင်မက ဘာမျှမပြောလျှင်ပင် ကျွင်းရှောင်ယောက်က အခွင့်အလမ်းကို ဆုပ်ကိုင်ရန် ကြိုးစားမည် ဖြစ်သည်။
ဘုရင်မက သဘောမတူလျှင်ပင်၊ ကျွင်းရှောင်ယောက်က အင်အားသုံးရန် အသင့်ဖြစ်နေပြီ။
သို့သော်လည်း ဘုရင်မက ထက်မြက်ပြီး ကျွင်းရှောင်ယောက်ကို ဖိတ်ခေါ်ရန် အစပြုခဲ့သည်။
ထိုစဉ်... ကျွင်းရှောင်ယောက်သည် ဇနီးသည်တစ်ယောက်၏ မကျေမနပ်ဖြစ်နေသော အကြည့်မျိုးဖြင့် ကြည့်နေသလို ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်က ထပ်မံ ပြောလိုက်၏။
"ဘုရင်မကို တစ်ခုလောက် တောင်းဆိုလို့ရမလား"
"ပြောပါ"
ဘုရင်မက ကျွင်းရှောင်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
"သူ့ကိုလည်း ခေါ်သွားချင်တယ်"
ကျွင်းရှောင်ယောက်က လင်ယွမ်ကို ညွှန်ပြလိုက်၏။
လင်ယွမ်၏ အမူအရာက များစွာမပြောင်းလဲသေးသော်လည်း သူမ၏ နှုတ်ခမ်းများမှာ ကျေနပ်မှုကြောင့် အနည်းငယ် ကွေးညွတ်သွားလေသည်။
'အလိုလေး၊ တစ်ယောက်နဲ့ မလုံလောက်ဘဲ နဂါးတစ်ကောင်နဲ့ ဖီးနစ်နှစ်ကောင် ယှဉ်ပြိုင်သလို ကဲချင်သေးတာလား'
လုဖူးကွေ့၏ မျက်လုံးများက ပြူးကျယ်သွားသည်။
သူ့တွင် ဇနီးမယားနှင့် မောင်းမမိဿံ သုံးရာရှိသော်လည်း မည်သူမျှ လင်ယွမ်နှင့် ဘုရင်မတို့လောက် မလှပပေ။
ချင်ယွမ်ချင်းဆိုလျှင် သူ့မျက်နှာက ခရမ်းရောင်ပြောင်းနေပြီ ဖြစ်သည်။
မူလက သူသည် လင်ယွမ်၏ရှေ့တွင် အရှိန်အဝါပြရန် ကြံစည်ထားသော်လည်း ယခုတော့ ဟာသတစ်ခုသာ ဖြစ်ခဲ့ပြီ။
မကြာမီပင် ကျွင်းရှောင်ယောက်၊ ဘုရင်မနှင့် လင်ယွမ်တို့က ဗတ္တိဇံရေကန်၏ အနက်ရှိုင်းဆုံးအရပ်ကို ရောက်လာခဲ့ကြသည်။
ဤနေရာ ပတ်ဝန်းကျင်သည် အလွန်ဆိတ်ငြိမ်သည်၊ သူတို့သုံးယောက်သာ ရှိ၏။
ကျွင်းရှောင်ယောက်လည်း ဤနေရာက အလွန်ထူးခြားသော ကျင့်ကြံမှုနယ်မြေတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရသည်။
ရိုးရိုးရှင်းရှင်း အသက်ရှုရုံဖြင့်ပင် သူ၏ စိတ်ဝိညာဉ်က ကြည်လင်လာသလို ခံစားရပေသည်။
'လူတစ်ယောက်ဖြစ်နေသရွေ့ ငါတို့မှာ အပြစ်အနာအဆာတွေ ရှိနေမှာဖြစ်ပြီး လုံးဝပြီးပြည့်စုံမှုကို မရရှိနိုင်ဘူး။ ဒါက ကောင်းကင်နဲ့မြေပြင်ရဲ့ ချုပ်နှောင်မှုပဲ'
'ဒါပေမဲ့ အခုဆိုရင် ငါ့ရဲ့ ရှေးဦးဝိညာဉ်က ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ။ တကယ်လို့ ဗတ္တိဇံရေနဲ့ လေ့ကင့်လိုက်ရရင် ငါ့ရဲ့ စွမ်းရည်နဲ့ နားလည်နိုင်စွမ်းက ပိုမြင့်မားတဲ့အဆင့်ကို ရောက်ရှိသွားသင့်တယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
ဤဗတ္တိဇံရေကန်၏ အကျိုးသက်ရောက်မှုက သူ၏ ကျင့်ကြံမှုအဆင့်ကို ချက်ချင်း မတိုးတက်စေနိုင်ပေ။
သို့ရာတွင် သူ၏ စွမ်းရည်နှင့် နားလည်နိုင်စွမ်းက ပိုမြင့်မားသောအဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ကျွင်းရှောင်ယောက်က ယခုအခါ ထာဝရကွဲလွဲမှုအဆင့်ရှိ ဘီလူးတစ်ကောင် ဖြစ်နေပါပြီ။
သူ့အတွက် နောက်တစ်ဆင့်တက်ရန်မှာ စိတ်ကူးယဉ်နိုင်ရန် မလွယ်ပေ။
သို့ရာတွင်၊ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ပါက ဒဏ္ဍာရီလာ ထာဝရကွဲလွဲမှုများ၏ဘုရင်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထိုသို့သော တည်ရှိမှုမျိုးက ကောင်းကင်လမ်းစဥ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သည်။
မည်သည့် ပါရမီရှင်၊ ကံကောင်းခြင်း၏သားတော်ဖြစ်စေ... ပါရမီနှင့် အရှိန်အဟုန်အရ ၎င်းတို့အားလုံးသည် ထာဝရကလွဲမှုများ၏ဘုရင်ရှေ့တွင် အမှိုက်များကဲ့သို့ ဖြစ်လိမ့်မည်။
စန်းမျိုးနွယ်၏ ကောင်းကင်သားတော်ရှစ်ဦးတွင်၊ တစ်ဦးစီက ကောင်းကင်၏ မျက်နှာသာပေးခြင်းခံရပြီး ကောင်းကင်တာအိုသရဖူနှင့် ပေါင်းစည်းပြီးကြပြီ ဖြစ်သည်။
သို့သော်လည်း ထာဝရကွဲလွဲမှုများ၏ဘုရင်ရှေ့မှာတော့ မလုံလောက်သေးပေ။
ကျွင်းရှောင်ယောက်က လက်ရှိအရည်အချင်းများက ဤလမ်းကြောင်းအတိုင်း ဦးတည်နေပြီ ဖြစ်သည်။
'ထာဝရကွဲလွဲမှုတစ်ခုဖြစ်တာတောင် ကောင်းကင်လမ်းစဉ်က ငါ့ကို ပစ်မှတ်ထားနေပြီ'
'တကယ်လို့ ငါသာ ထာဝရကွဲလွဲမှုဘုရင်ဖြစ်လာရင် စန်းမျိုးနွယ်တောင်မှ ငြိမ်မနေနိုင်တော့ဘဲ ရုန်းထလာမှာကို ကြောက်ရတယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
ထို့နောက်တွင် သုံးယောက်သား ဘာမျှမပြောတော့ဘဲ စတင်လေ့ကျင့်လိုက်ကြသည်။
လင်ယွမ်နှင့် ဘုရင်မတို့က ရေကန်အတွင်းသို့ ဆင်းသက်သွား၏။
အဝတ်အစားများကို ရေစိုသောအခါ အံ့ဖွယ်ကောင်းသော အလှအပ ကောက်ကြောင်းတို့က ပေါ်လာတော့သည်။
ဤမြင်ကွင်းကို မြင်ရသူတိုင်း နှာခေါင်းသွေးယိုစီးကာ ကျင့်စဉ်ဖောက်ပြန်သွားနိုင်သည်။
ကျွင်းရှောင်ယောက်ကတော့ အလွန်အေးဆေးတည်ငြိမ်ပြီး ကျင့်ကြံမှုအပေါ် အာရုံစိုက်ခဲ့ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ...
ကျွင်းရှောင်ယောက်သည် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပို၍ ကြည်လင်သန့်စင်လာသလို ခံစားလိုက်ရသည်။
သူက မိုးနှင့်မြေတို့နှင့် ပေါင်းစည်းလာသကဲ့သို့ပင်။
ကောင်းကင်လမ်းစဥ်၏ လူ့ပြန်လည်ဝင်စားသူပင်လျှင် ဤမျှ မသန့်စင်နိုင်ပါ။
အရေးကြီးဆုံးအချက်က ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ဟာ ပို၍ သန့်စင်လာခဲ့ခြင်း ဖြစ်သည်။
သူ့စိတ်ဝိညာဉ်မှ ပိတ်ဆို့မှုကိုလည်း ရှင်းရှင်းလင်းလင်း ခံစားရ၏။
ယင်းက အနန္တအဆင့်မှ ထာဝရသဲအဆင့်သို့ တက်လှမ်းခြင်းအတွက် အတားဆီးတစ်ခုပင်။
ရွှီထျန်းလောကတွင် ရှိစဥ်အခါက ကျွင်းရှောင်ယောက်သည် ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူခဲ့သော်လည်း...
သူ၏ ကျင့်ကြံမှုအခြေခံက ကောင်းကင်အဓိပတိနယ်ပယ်သို့ မချိုးဖြတ်သေးသောကြောင့် ရှေးဦးဝိညာဉ်မှာ နောက်ဆုံးအဆင့်တွင် ရပ်တန့်နေသေးသည်။
ယခုမူ၊ ကျွင်းရှောင်ယောက်က ကောင်းကင်အဓိပတိငယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထာဝရသဲအဆင့်သို့ ဖြတ်ကျော်ရန် တွန်းအားတစ်ခုသာ လိုတော့သည်။
ထာဝရသဲအဆင့်သို့ ဖြတ်သွားပါက သူ၏ စိတ်ဝိညာဉ်သည် ဂင်္ဂါမြစ်ထဲမှ သဲများကဲ့သို့ အပိုင်းအစများစွာ ပြောင်းလဲသွားနိုင်မည် ဖြစ်သည်။
ထိုအဆင့်တွင် သူ့ဝိညာဉ်ကို ဖျက်ဆီးရန် အလွန်ခက်ခဲလိမ့်မည်။
'ဒါပေမဲ့ ငါ့အတွက် နောက်ဆုံး လှုံ့ဆော်မှုတစ်ခု လိုအပ်တယ်...'
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ထို့ပြင် လျှို့ဝှက်နယ်မြေသုံးခုအနက် ရှန်ဟွင်းထန်လည်း ရှိသေးသည်။
ဒါက သူ၏ ရှေးဦးဝိညာဉ်ကို ထာဝရသဲအဆင့်သို့ ဖြတ်ကျော်နိုင်ရန် ကူညီပေးနိုင်သင့်သည်။
သို့သော်လည်း ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က သူ၏ ပင်ကိုယ်စွမ်းရည်ကို ပြောင်းလဲရန် အာရုံစိုက်နေဆဲပင်။
ဝါးမျိုခြင်း စွမ်းရည်များဖြင့် ကျွင်းရှောင်ယောက်က ဗတ္တိဇံရေကန်၏စွမ်းအင်ကို သဘာဝအတိုင်း အလွယ်တကူ သန့်စင်နိုင်ပေသည်။
သို့သော်လည်း သူ၏ ကြီးမားသော ဝါးမျိုခြင်းစွမ်းအင်လှိုင်းတို့က လင်ယွမ်နှင့် ဘုရင်မတို့ကို အံ့အားသင့်ကာ မျက်စောင်းထိုးစေခဲ့သည်။
'ကျွင်းရှောင်ယောက်က ကျင့်ကြံမှုအပိုင်းမှာတောင် ဒီလောက် ပြင်းထန်လွန်းပါလား'
လင်ယွမ်မှာ မနေနိုင်ဘဲ တွေးလိုက်မိသည်။
တစ်ချိန်တည်းမှာပင် အခြားအတွေးတစ်ခုက ထပ်မံ ပေါ်ပေါက်လာ၏။
ကျင့်ကြံမှုမှာပင် ဤမျှ ကြမ်းတမ်းပါက၊ အခြား တစ်ခုခုမှာလည်း ကျွင်းရှောင်ယောက်အတွက် စိတ်ကျေနပ်ရန် ခဲယဉ်းလှမည် မဟုတ်လော။
ထိုအကြောင်းကို တွေးမိသောအခါ လင်ယွမ်၏ လှပသော မျက်နှာလေးက ရဲခနဲ ဖြစ်သွားသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော အတွေးမျိုးကို စိတ်ထဲမှာ သိမ်းထားလိုက်တာ ပိုကောင်းလိမ့်မည်။
အချိန်မည်မျှကြာသွားပြီမသိ...
ကျွင်းရှောင်ယောက်သည် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နိုင်သော သလင်းကျောက်အဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
ဆဲလ်တိုင်းသည် အပြစ်အနာအဆာ ကင်းစင်ပြီး မဟာလမ်းစဉ်နှင့် လိုက်လျောညီထွေဖြစ်နေပုံရ၏။
ဤကဲ့သို့ ပြီးပြည့်စုံမှုမျိုးက အင်မော်တယ်နယ်မြေကြီး၏ နိယာမများမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
ထိုအစား သူ၏ အတွင်းစကြာဝဠာမှလာသည်။ ယင်းက သူ၏ ကိုယ်ပိုင်တာအိုပင်။
ကျွင်းရှောင်ယောက်က ဤထူးခြားသော ခံစားချက်ကို ခံစားလိုက်ရချိန်တွင်...
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်လျှောက်တွင် မိုးကြိုးထစ်ချုန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဆိုင်းမဆင့် ဗုံမဆင့်၊ ဘယ်လိုဖြစ်တာလဲ"
"ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက ကပ်ဘေးကိုဖြတ်ကျော်ဖို့ ကြိုးစားနေတာများလား"
"မဟုတ်သေးဘူး၊ ကောင်းကင်က ဒေါသထွက်နေသလို ခံစားရတယ်"
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများမှာ ထိုအသံကိုကြားရပြီးနောက် တအံ့တဩ ဖြစ်ကုန်သည်။
သို့သော်လည်း သူတို့က စိတ်ရှုပ်ထွေးနေရုံသာဖြစ်ပြီး ဘာဖြစ်နေမှန်း မသိပေ။
သက်ကြီးရွယ်အိုများနှင့် အလွန်ရှေးကျသော ပုဂ္ဂိုလ်ကြီးတချို့ကတော့ ဤအခြေအနေကို မြင်လိုက်ရပြီးနောက် သူတို့၏မျက်လုံးများထဲတွင် အံ့အားသင့်မှုတို့ ပေါ်လာခဲ့သည်။
"ဒီလို တည်ရှိမှုမျိုးက တကယ်မွေးဖွားလာတာများလား"
"အရင်တုန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ခေတ်အဆက်ဆက်က ထာဝရကွဲလွဲမှုတစ်ခုလို့ လူသိများတယ်။ သူက ကောင်းကင်နဲ့တောင် ကစားခဲ့သေးတယ်။ အခု ကျွင်းရှောင်ယောက်ထက် ပိုကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခု ပေါ်လာခဲ့တာလား"
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီရွှေခေတ်မှာ မကောင်းဆိုးရွားထဲက မကောင်းဆိုးရွားတွေတောင် ပေါ်လာပြီ။ ထာဝရကွဲလွဲမှုဘုရင်ဆိုတာက ကောင်းကင်ရဲ့ တည်ငြိမ်မှုကိုတောင် ခြိမ်းခြောက်နိုင်တဲ့ တည်ရှိမှုတစ်ခုပဲ"
ရှေးပုဂ္ဂိုလ်ကြီးများက တုန်လှုပ်စွာ ပြောဆိုလိုက်ကြသည်။
အလွန် လျှို့ဝှက်ဆန်းကြယ်သော ရှေးကမ္ဘာတစ်ခုတွင်...
မိုးပြာရောင်ဝတ်စုံဝတ် အဖိုးအိုတစ်ဦးက ရှေးဟောင်းကျောက်နံရံတစ်ခုရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။
ရှေးဟောင်းကျောက်နံရံပေါ်မှာတော့ မရေမတွက်နိုင်သော အလင်းစက်များနှင့် လိုင်းများ ရှိနေလေ၏။
အလင်းအစက်အပြောက်များနှင့် လိုင်းများက သက်ရှိသတ္တဝါအားလုံး၏ ကံကြမ္မာဖြစ်သကဲ့သို့ တဖျပ်ဖျပ်တောက်ပပြီး စီးဆင်းနေသည်။
ထိုစဉ်၊ ရှေးဟောင်းနံရံပေါ်၌ အနက်ရောင် အစက်လေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထိုအနက်ရောင်အစက်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွန်သေးငယ်ပြီး ထင်ရှားမှုမရှိပေ။
သို့သော်လည်း ဤအနက်ရောင်အစက်လေးက အခြား အလင်းအစက်အပြောက် သို့မဟုတ် လိုင်းများနှင့် ချိတ်ဆက်မှုမရှိဘဲ သီးခြားတည်ရှိနေပုံရသည်။
ဤအမဲစက်လေးက မည်ကဲ့သို့သော တည်ရှိမှုမျိုးဆိုတာကို မှန်းဆလို့ပင် မရနိုင်ပေ။
သို့သော်လည်း မိုးပြာရောင်ဝတ်စုံဝတ် အဖိုးအိုက ဤအနက်ရောင်အစက်ကို မြင်လိုက်ရသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ရှေးနံရံကို မျက်နှာမူနေရသူတစ်ဦးအနေဖြင့် ၎င်းက မည်သို့သောအဓိပ္ပာယ်ဖြစ်မှန်း သူ ကောင်းစွာ သိ၏။
ကောင်းကင်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်သော ထာဝရကွဲလွဲမှုများ၏ဘုရင်တစ်ပါး ပေါက်ဖွားလာခဲ့ပြီ။