အခန်း ၁၂၅၀
Vol. 84 Ch. 1250
အခန်း ( ၁၂၅၀ ) ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်။
သဘာဝအတိုင်း၊ ကျွင်းရှောင်ယောက်က ဤနေရာတွင် ရပ်တန့်နေမည် မဟုတ်ပေ။
ရှေးဦးဝိညာဉ်အဆင့်ကို ဖြတ်ကျော်ရန် ရှန်ဟွင်းထန်ကို အသုံးပြုလိုသည်။
ဖီးရှန်းရေတံခွန်ကိုလည်း စိတ်ဝင်စား၏။
မေ့ပျောက်ခြင်းမြေ၏ အပြင်ဘက်စွန်းတွင် ဒါက အကြီးမားဆုံး အခွင့်အလမ်းသုံးခု ဖြစ်သည်။
သို့သော်လည်း အမျိုးသမီးတိုင်းပြည်၏ စစ်သည်များမှာတော့ ထိုစကားကို ကြားရပြီးနောက် အလွန်အံ့ဩသွားကြသည်။
နောက်ဆုံးတွင်၊ မည်သည့်တိုင်းပြည်ကမျှ လျှို့ဝှက်နယ်မြေနှစ်ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ဖူးပေ။
"ဒါက အကြံကောင်းတစ်ခုလို့ထင်တယ်"
ဘုရင်မက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
စစ်သူကြီးယဲ့ဟွာနှင့် အခြား အမျိုးသမီးစစ်သည်များက ဖျောင်းဖျချင်သော်လည်း ဘုရင်မ၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် အသုံးမဝင်ကြောင်း သိလိုက်ကြလေသည်။
ထို့နောက်တွင်၊ အားလုံးက စုရုံးပြီး အခြား လျှို့ဝှက်နယ်မြေဆီသို့ ဦးတည်သွားကြသည်။
ရှန်ဟွင်းထန်တွင် သူတို့က ဝိညာဉ်မျိုးနွယ်၊ မနုဿစာရီမျိုးနွယ်တို့နှင့် တွေ့ခဲ့ကြ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်တို့၏ အင်အားဖြင့် ရလဒ်က သံသယဖြစ်စရာမလိုခဲ့ပေ။
နောက်ဆုံးတွင် တိုင်းပြည်ကြီးနှစ်ခုက ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
ကျွင်းရှောင်ယောက်နှင့် တခြားသူများလည်း ရှန်ဟွင်းထံသို့ ဝင်ရောက်သွားကြလေသည်။
ဗတ္တိဇံရေကန်ကဲ့သို့ပင်...
ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းနိယာမကို အသက်သွင်းပြီး ရှန်ဟွင်းထန်၏ စွမ်းအင်များကို အကောင်းဆုံးစုပ်ယူကာ ရှေးဦးဝိညာဉ်အဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သည်။
အဆုံးတွင်၊ ကျွင်းရှောင်ယောက်က သူ့အသိစိတ်ထဲတွင် မှန်တစ်ချပ် ကွဲအက်သွားသကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။
တစ်ခဏချင်းပင်၊ ကမ္ဘာပေါ်ရှိ အရာအားလုံးက ရှင်းလင်းလာသည်ဟု သူ ခံစားလိုက်ရ၏။
သူက အရာအားလုံးက ဖောက်ထွင်းမြင်နိုင်သကဲ့သို့ပင်။
မိုင်ထောင်ချီဝေးကွာသည့် ကောင်းကင်ယံတွင် လွင့်မျောနေသော ဖုန်မှုန့်များပင်လျှင် သူ၏ အာရုံခံစားမှုမှ မလွတ်မြောက်နိုင်ပေ။
သူ၏ စိတ်ဝိညာဉ်စွမ်းအားက စကြဝဠာ၏ အဆုံးစွန်သို့ ရောက်ရှိသွားကာ အားကြီးသော မြစ်ကြီးတစ်စင်းကို ဖန်ဆင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
နောက်ဆုံးတွင်၊ သူ၏ ရှေးဦးဝိညာဉ်က အနန္တအဆင့်ကို လွန်မြောက်၍ ထာဝရသဲအဆင့်သို့ ရောက်ရှိခဲ့ချေပြီ။
အဓိပတိနယ်ပယ်ခုနစ်ခုတွင် ပျက်စီးခြင်းတာအိုသခင်သည်ပင် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်ကို ဖျက်ဆီးနိုင်ရန် မလွယ်တော့ဟု ဆိုနိုင်သည်။
အကြောင်းမူ၊ ကျွင်းရှောင်ယောက်က စိတ်ဝိညာဉ်ကို တခဏချင်း ခွဲထုတ်နိုင်ပြီး မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။
ပျက်စီးခြင်းတာအိုသခင်က စွမ်းအားကြီးသော်လည်း စိတ်ဝိညာဉ်အလင်းစက်အားလုံးကို ဖျက်ဆီးပစ်နိုင်ရန် ခက်လိမ့်မည်။
ဤသည်မှာ၊ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်၏ ပြိုင်စံရှားသော အားသာချက် ဖြစ်သည်။
မဟုတ်လျှင်၊ အဘယ်ကြောင့် ထာဝရသဲအဆင့်ဟု ခေါ်ရဦးမည်နည်း။
ထို့ပြင်၊ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်တွင် ကြောက်စရာကောင်းသော နားလည်နိုင်စွမ်းနှင့် ခံစားနိုင်စွမ်းလည်း ရှိသည်။
အနန္တအဆင့် ရှေးဦးဝိညာဉ်ကို စူပါကွန်ပြူတာတစ်လုံးဟုဆိုလျှင်...
ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်က မရေမတွက်နိုင်သော စူပါကွန်ပျူတာများ ဖြစ်သည်။
ကျွင်းရှောင်ယောက်က အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
ထာဝရသဲအဆင့်သို့ ဖြတ်ကျော်ပြီးနောက်၊ သူသည် အနာဂတ်တွင် ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်များကို ဖန်တီးလိုပါက သို့မဟုတ် မဟာတာအို၏မူလကို ဆက်လက်နားလည်လိုပါက ပိုမိုမြန်ဆန်လိမ့်မည်။
'ယေဘုယျအားဖြင့်ပြောရရင် ဧကရာဇ်တစ်ပိုင်း ဒါမှမဟုတ် သူ့အထက်အဆင့်က အကျော်အမော်တွေနဲ့ ရှေးဦးဝိညာဉ်ကို အထူးပြု လေ့ကျင့်သူတွေပဲ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို ရရှိနိုင်ကြတာ'
'ငါကတော့ ကောင်းကင်အဓိပတိငယ်အဆင့်မှာပဲ အောင်မြင်ခဲ့ပြီ'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
ကမ္ဘာငယ်အဆင့် အတွင်းစကြာဝဠာနှင့် ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်။
ဒါက အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျင့်ကြံသူများ ပိုင်ဆိုင်ထားသင့်သောအရာများ မဟုတ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ နှစ်မျိုးစလုံး ပိုင်ဆိုင်ထားခဲ့သည်။
နယ်ပယ်အဆင့်ကို ဘေးဖယ်ထားလျှင်...
တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပိုင်းအချို့သည်ပင် ကျွင်းရှောင်ယောက်ကို မယှဉ်နိုင်တော့ပါ။
အကြောင်းမူ၊ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များပင် ကမ္ဘာငယ်အဆင့် အတွင်းစကြဝဠာတစ်ခုရှိရန် အခက်အခဲရှိနိုင်သောကြောင့် ဖြစ်သည်။
ရှေးဦးဝိညာဉ်တွင် အဆင့်တက်သွားပြီးနောက် ကျွင်းရှောင်ယောက်၏ စိတ်ဝိညာဉ်က ယခင်ကထက် အဆပေါင်းရာနှင့်ချီ၍ အားကောင်းလာသည်။
သူ့မျက်လုံးထဲတွင် ကမ္ဘာကြီးက ပွင့်လင်းမြင်သာလာပုံရ၏။
မည်သည့်အရာကမျှ သူ၏ အာရုံခံစားမှုမှ မလွတ်ပေ။
သူ ယခင်က ခံစားနေရသည့် တစ်ခုခုလွဲမှားနေပုံရသော ခံစားချက်သည်လည်း...
ဘုရင်မကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည်။
သို့သော်လည်း သူက ချက်ချင်း ထုတ်မပြောသေးပေ။
ယင်းအစား၊ သူသည် ဖီးရှန်းရေတံခွန်ကို ပို၍ စိတ်ဝင်စားလာခဲ့သည်။
'မေ့ပျောက်ခြင်းမြေက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ'
"သခင်လေး၊ မင်းက ဖီးရှန်းရေတံခွန်ကိုလည်း တွေးနေသေးတာလား။ လျှို့ဝှက်နယ်မြေသုံးခုထဲမှာ ဖီးရှန်းရေတံခွန် တိုက်ပွဲက အပြင်းထန်ဆုံးပဲလေ"
"ယုတိုင်းပြည်၊ ဝိညာဉ်တိုင်းပြည်နဲ့ အခြား အင်အားကြီးတိုင်းပြည်တွေက ဖီးရှန်းရေတံခွန်အတွက် ယှဉ်ပြိုင်ကြလိမ့်မယ်"
ဘုရင်မက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး၊ မင်း ငါ့ကို ယုံကြည်နေသရွေ့ ငါတို့ တိုက်ခိုက်သွားနိုင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
ဘုရင်မက လှပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေပြီးမှ ပြောလိုက်သည်။
"မင်းရဲ့ အရှိန်အဝါက အရင်ကထက် အများကြီး ပိုသန်မာတယ်လို့ ခံစားရတယ်။ ငါ မင်းကိုယုံပါတယ်"
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
လင်ယွမ်ကတော့ ဤမြင်ကွင်းကို မြင်သောအခါ ပို၍ပင် မကျေမနပ် ဖြစ်လာမိသည်။
သူ့စိတ်ထဲတွင် အနည်းငယ် နောင်တရမိ၏။ ဤသို့ဖြစ်မည်မှန်း ကြိုသိခဲ့လျှင် ကျွင်းရှောင်ယောက်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့မည် မဟုတ်ပေ။
ဘုရင်မက ဖီးရှန်းရေတံခွန်အတွက် တိုက်ပွဲဝင်တော့မည်ဟု ကြားရသောအခါ...
စစ်သူကြီးယဲ့ဟွာနှင့် အခြားသူများလည်း ဘာပြောရမည်မှန်း မသိတော့ပါ။
အားလုံးက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြသည်။
ဤအပြင်လူ၏ခွန်အားက အလွန်ကြောက်စရာကောင်း၏။
ထို့ပြင် ဘုရင်မ၏အမိန့်ကို မနာခံဘဲနေရန် မဖြစ်နိုင်ပေ။
မကြာမီ၊ သူတို့အားလုံး ဖီးရှန်းရေတံခွန်သို့ ချီတက်ခဲ့ကြသည်။
ဖီးရှန်းရေတံခွန်က မေ့ပျောက်ခြင်းမြေ၏ အလယ်ဗဟိုတွင် ရှိ၏။
လျှို့ဝှက်နယ်မြေသုံးခုတွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နေရာတစ်ခုလည်း ဖြစ်သည်။
ကောလဟာလများအရ၊ ဖီးရှန်းရေတံခွန်တွင် အင်မော်တယ် အကြွင်းအကျန်သွေးများ ပါဝင်နေ၏။
ယင်ဟော်နတ်ဆိုးကြယ် ပေါ်လာမှသာလျှင် ဖီးရှန်းရေတံခွန်အပါအဝင် လျှို့ဝှက်နယ်မြေများကို ထုတ်ဖော်လိမ့်မည်။
ဤနေရာမှာ လျှို့ဝှက်နယ်မြေသုံးခုထဲမှ ဖီးရှန်းရေတံခွန် ဖြစ်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက ကောင်းကင်မှ နဂါးငွေ့တန်းတစ်ခုကဲ့သို့ ရေတံခွန်တစ်ခုကို မြင်ရမည် ဖြစ်၏။
အင်မော်တယ်စွမ်းအင်များက အုံ့ဆိုင်းနေပြီး နိယာမအလင်းများကလည်း တောက်ပနေသေးသည်။
ဖီးနစ်၊ ချီလင် စသည်တို့၏ ပုံရိပ်များကိုပင် ယောင်ဝါးဝါး တွေ့မြင်နိုင်သည်။
ဤနေရာတွင် လေ့ကျင့်နိုင်ပါက အဆုံးမဲ့ အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည်။
ထိုအချိန်တွင် မြေပြင်က တုန်ခါနေပြီး မနီးမဝေးမှ ဖုန်လုံးများ တက်လာသည်။
အမျိုးသမီးတိုင်းပြည်မှ စစ်သည်များ ချီတက်လာခြင်း ဖြစ်၏။
"အဲဒါက ဖီးရှန်းရေတံခွန်လား"
ကျွင်းရှောင်ယောက်က အဝေးကို လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။
ဗတ္တိဇံရေကန်တွင် သူ၏ အရည်အချင်းများကို ထာဝရကွဲလွဲမှုဘုရင်အဖြစ် ပြောင်းလဲခဲ့သည်။
ရှန်ဟွင်းထန်တွင် သူ၏ ရှေးဦးဝိညာဉ်အဆင့်ကို ထာဝရသဲအဆင့်သို့ ရောက်ရှိစေခဲ့၏။
ဤလျှို့ဝှက်ဆန်းကျယ်ဆုံး ဖီးရှန်းရေတံခွန်တွင် မည်သည့်အရာကို အသွင်ပြောင်းနိုင်မည်နည်း။
ကျွင်းရှောင်ယောက်လည်း စောင့်မျှော်နေမိသည်။
ထိုအချိန်တွင်...
အခြားလမ်းကြောင်းများမှ အင်အားစုကြီးများ ရောက်ရှိလာကြသည်။
အမျိုးသမီးတိုင်းပြည်က ဒါကို မျှော်လင့်ထားပြီးသား ဖြစ်၏။
ဖီးရှန်းရေတံခွန်အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် အခြား တိုင်းပြည်များ၏အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။
ပထမဆုံးရောက်လာသူမှာ ဝိညာဉ်တိုင်းပြည် ဖြစ်သည်။
၎င်းတို့တွင် စစ်သည်အင်အား ထောင်ချီပြီး ပါဝင်မှုရှိ၏။
လင်ယွမ်နှင့် အခြားသူများကို အံ့အားသင့်စေသည်မှာ...
ဝိညာဉ်တိုင်းပြည်တွင် သူတို့နှင့် ရင်းနှီးသော ရုပ်သွင်များကို တွေ့လိုက်ရခြင်း ဖြစ်သည်။
ယင်းက စန်းကျဲအင်အော်တယ်မျိုးရိုး ဖြစ်၏။
ခေါင်းဆောင်လာသူက သဘာဝအတိုင်း စန်းကျဲအင်မော်တယ်မျိုးရိုး၏ မျိုးစေ့အဆင့်ပုဂ္ဂိုလ် စန်းဂျူ ဖြစ်သည်။
ထို့ပြင် မော့မိသားစုမှ မော့ယန်းယုနှင့် အမှန်တရား၏သားတော်လည်း ရှိသေးသည်။
'အမှန်တရားရဲ့သားတော်...'
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ရန်သူများအတွက် လမ်းက ကျဉ်းမြောင်းလွန်းပေသည်။
"ဟိုကောင်မစုတ်လေးလည်း ရှိနေပါလား"
လုဖူးကွေ့၏ မျက်နှာအမူအရာမှာလည်း တစ်မျိုးဖြစ်သွားသည်။
ဟုတ်ပေသည်၊ မော့ယန်းယုနှင့် အခြားသူများကလည်း သူတို့ကို သတိပြုမိသည်။
မော့ယန်းယုက လုဖူးကွေ့ကိုကြည့်ကာ လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။
လင်ယွမ်ရှိနေခြင်းကြောင့်၊ စန်းဂျူနှင့် အခြားသူများက ဤအခွင့်အလမ်းကို လက်လွတ်ခံမည် မဟုတ်ပေ။
နောက်ပိုင်းတွင်၊ တိုင်းပြည်ကြီး ကိုးခုထဲမှ တစ်ခုဖြစ်သည့် ပင်လယ်လောက ရောက်ရှိလာသည်။
၎င်းတို့နှင့် ပူးပေါင်းလိုက်ပါသူများက ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ မင်ယာနှင့် အခြား ပါရမီရှင်များ ဖြစ်၏။
ထို့နောက် ရှင်းထျန်းအင်မော်တယ်မျိုးရိုးနှင့်အတူ ဝိညာဉ်မျိုးနွယ်စုလည်း ရောက်ရှိလာပေသည်။
၎င်းတို့တွင် ရှင်းယွီရှန်း၊ လုံရွှမ်ယီနှင့် အခြားသူများ ပါဝင်သည်။
နောက်ဆုံးတွင် ယွီတိုင်းပြည်မှလူများ ပေါ်လာကြသည်။
၎င်းတို့နှင့်အတူ ဖူရှီအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များ လိုက်လာကြ၏။
သို့သော်လည်း တိဟောက်ထျန်းနှင့် ကူတိကျစ်တို့ကို မတွေ့ရပေ။
ခေါင်းဆောင်များမှာ ကျစ်ယန်ထျန်းကျွင်း၊ ဆံနီမိစ္ဆာနှင့် အခြား ပါရမီရှင်များ ဖြစ်သည်။
တစ်ချိန်တည်းတွင်၊ တိုင်းပြည်ငါးခုနှင့် အင်အားစုများက ဖီးရှန်းရေတံခွန် အပြင်ဘက်တွင် စုရုံးခဲ့ပေသည်။
ဤမြင်ကွင်းကြောင့် စစ်သူကြီးယဲ့ဟွာမှာ အနည်းငယ် မျက်နှာပျက်သွားသည်။
"ကျွန်မတို့ ပါဝင်သင့်ရဲ့လား"