← Chapters

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း ( ၁၂၅၂ ) နိယာမသုံးထောင်ကို နားလည်ရန် ရည်မှန်းချက်။

သာမန် ရှေးဦးဝိညာဉ်များအတွက် ဝိညာဉ်ပြိုကွဲလျှင် ဤကမ္ဘာလောကမှ ထာဝရ ပျောက်ကွယ်သွားလိမ့်မည်။

သို့ရာတွင်၊ ယုံကြည်ခြင်း ရှေးဦးဝိညာဉ်က အထူးဝိဉာဉ်ဖြစ်သည်။

ရှေးဦးဝိညာဉ်က ပြိုကွဲသွားသော်လည်း ယုံကြည်ခြင်းစွမ်းအားရှိသရွေ့ ပြန်လည်ကောင်းမွန်နိုင်လိမ့်မည်။

ဤသည်မှာ ယုံကြည်ခြင်း ရှေးဦးဝိညာဉ်၏ စွမ်းရည်လည်း ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤမြင်ကွင်းကို မြင်ရသည့်တိုင် ဟန်မပျက်ပေ။

သူက ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို အသက်သွင်းလိုက်သည်။

ရုတ်တရက်၊ ကြီးမားသော ရှေးဦးဝိညာဉ်စွမ်းအားက ပေါက်ကွဲထွက်လာ၏။

ယုံကြည်ခြင်း ရှေးဦးဝိညာဉ်ကို တိုက်ရိုက် ဖိချေလိုက်တော့သည်။

ယုံကြည်ခြင်း ရှေးဦးဝိညာဉ်၏ စွမ်းအားကြောင့် ယုံကြည်ခြင်းရှေးဦးဝိညာဉ်ကို သုတ်သင်ရန်မှာ အလွန်ခက်ခဲသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က ယုံကြည်ခြင်းရှေးဦးဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးရန် ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို အသုံးပြုလိုသည်။

ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်၏ တန်ခိုးကြီးသော စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွား၏။

ရုန်းကန်နေရဆဲဖြစ်သော အခြားပါရမီရှင်များလည်း ဤအခြေအနေကြောင့် တုန်လှုပ်ကုန်တော့သည်။

"အဲဒီ ဝတ်ရုံနက်ဝတ်လူက ဘယ်သူလဲဟ။ သူက ဒီလောက်ကြောက်စရာကောင်းတဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားတယ်"

"ဧကရာဇ်ငယ်လင်ယွမ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူက ဒီလောက်အစွမ်းထက်သူကို ဖိတ်ခေါ်လာနိုင်တယ်။ ဒီအခွင့်အလမ်းမှာတော့ လက်လျှော့ဖို့ပဲ ရှိတော့တယ်"

ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များနှင့် အပေါင်းအဖော်များသည်လည်း နောက်ဆုတ်သွားကြသည်။

သို့သော်လည်း တိုင်းပြည်ကြီးများမှ လူအများစုကတော့ အတိတ်၏ပန်းပွင့်၏ စွမ်းအားကို မခုခံနိုင်ပေ။ သို့ဖြစ်ပေရာ လွတ်မြောက်ရန် ခက်ခဲသွားကြသည်။

ကျွင်းရှောင်ယောက်က အမှန်တရား၏သားတော်၏ ရှေးဦးဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်လိုက်ချိန်...

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၊ ကုရ်အာန်သူတော်စင်ဂိုဏ်း၏ ဘိုးဘွားနယ်မြေတွင်...

ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်လာသည်။

"ဘယ်သူက ငါ့အမှန်တရားရဲ့သားတော်ကို သတ်ဝံ့တာလဲ"

"သူက မေ့ပျောက်ခြင်းမြေကို ဝင်သွားတာ၊ ဒါက အင်မော်တယ်ခုံရုံးရဲ့ ပါရမီရှင်တွေကြောင့်လား"

"မဟုတ်သေးဘူး၊ အင်မော်တယ်ခုံရုံးရဲ့ ပါရမီရှင်တွေက သူ့ကိုသတ်မှာ မဟုတ်ဘူး"

"အဲဒါက ငါတို့ မှန်းလို့မရတဲ့ အန္တရာယ်နဲ့ ကြုံခဲ့ရတာဖြစ်လိမ့်မယ်"

"ဒါပေမဲ့ သူ့မှာ ယုံကြည်ခြင်း ရှေးဦးဝိညာဉ်ရှိတာကြောင့် အလွယ်တကူ ဖျက်ဆီးခံမှာ မဟုတ်ဘူး။ ဒါကို တစ်ယောက်ယောက်က တမင်တကာ လုပ်ခဲ့တာဖြစ်မယ်"

ကုရ်အာန်သူတော်စင်ဂိုဏ်း၏ ပုဂ္ဂိုလ်ကြီးများက ပြောဆိုလိုက်ကြသည်။

သူတို့၏ ကုရ်အာန်သူတော်စင်ဂိုဏ်းသည် အမှန်တရား၏သားတော်ကို အကောင်းဆုံး ပျိုးထောင်ပေးခဲ့ရသော်လည်း ယခု ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဒါက ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်မည်မှာ အသေအချာပင်။

သို့သော်လည်း တရားခံက ကျွင်းရှောင်ယောက်ဖြစ်မည်ဟုတော့ သူတို့ လုံးဝ မတွေးမိပါ။ နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ဒဏ်ရာအပြင်းအထန်ရပြီး ကျွင်းမိသားစုတွင် ပြန်လည်ကုသနေရဆဲဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။

မေ့ပျောက်ခြင်းမြေတွင်...

အမှန်တရား၏သားတော်ကို သတ်လိုက်ပြီးနောက်၊ ကျွင်းရှောင်ယောက်က အမှန်တရား၏သားတော်၏ အနှစ်သာရကို ဝါးမျိုခြင်းစွမ်းရည်ဖြင့် စုပ်ယူသန့်စင်ခဲ့သည်။

ရုတ်တရက်၊ သူသည် ယုံကြည်ခြင်းစွမ်းရည်ကို နက်နက်နဲနဲ နားလည်လာ၏။

ဤနည်းဖြင့် နတ်ဘုရား ဓမ္မခန္ဓာကို အသုံးပြုရာတွင် ပို၍ အဆင်ပြေလိမ့်မည်။

ထို့ပြင်၊ အမှန်တရား၏သားတော်၏ ယုံကြည်ခြင်းစွမ်းအင်အားလုံးကို ကျွင်းရှောင်ယောက်က စုပ်ယူကာ အတွင်းစကြာဝဠာထဲသို့ ပေါင်းထည့်ခဲ့သည်။

သူ၏ အတွင်းစကြာဝဠာမှ ယုံကြည်ခြင်း ရွှေပင်လယ်က နှစ်ဆတိုးလာတော့သည်။

ယုံကြည်ခြင်းပင်လယ်၏ အလယ်မှာတော့ နေတစ်စင်းကဲ့သို့ နတ်ဘုရား ဓမ္မခန္ဓာက တည်ငြိမ်စွာ ထိုင်နေသည်။ ၎င်းက ယုံကြည်ခြင်း၏စွမ်းအင်ကို တိတ်တဆိတ် စုဆောင်းနေပေသည်။

'ဒီယုံကြည်ခြင်းစွမ်းအင်က နည်းနည်း လိုအပ်နေသေးတယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

အနာဂတ်တွင်၊ သူက ယုံကြည်ခြင်း စွမ်းအင်များစွာကို စုဆောင်းရန် နည်းလမ်းများကို စဉ်းစားရဦးမည်။

'ဒီကိစ္စတွေပြီးရင် အချိန်လုပြီး ကျွင်းဧကရာဇ်ခုံရုံးကို တရားဝင်တည်ထောင်ရမယ်။ အဲဒီနောက်မှာတော့ သက်ရှိသတ္တဝါတွေကို ယုံကြည်ကိုးကွယ်စေပြီး ယုံကြည်ခြင်းစွမ်းအင်ကို ပိုပြီး ရရှိစေနိုင်ဖို့ ငါ့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ဖို့ အချိန်တန်ပြီ'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် နောက်ထပ် အကြံအစည်တစ်ခု ပေါ်လာသည်။

အမှန်တရား၏သားတော်ကို သတ်လိုက်ပြီးနောက်...

ကျွင်းရှောင်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ပြိုင်ဘက်အားလုံး ထွက်ပြေးလုနီးပါး ဖြစ်သွားတာကို တွေ့လိုက်ရသည်။

ကျစ်ယန်ထျန်းကျွင်းနှင့် အခြားသူများ အသတ်မခံရခြင်းအတွက်တော့ သူ အနည်းငယ် စုတ်သပ်မိ၏။

အကြောင်းမူ... ကျွင်းရှောင်ယောက်က ယခင် အခြေအနေများကို သိရှိထားပြီးဖြစ်သောကြောင့်ပင်။

ကောင်းကင်ကိုးပါးအထက် တားမြစ်မိသားစုနှင့် အခြားသူများကို ဆက်သွယ်ခဲ့သူမှာ ကျစ်ယန်ထျန်းကျွင်း ဖြစ်သည်။

သူက လုပ်ကြံသတ်ဖြတ်မှုကို လှုံ့ဆော်ခဲ့သူဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

ကျွင်းရှောင်ယောက်က သူ့ကိုသတ်ရန် စိတ်ပိုင်းဖြတ်ထားသည်။

သို့သော်လည်း အလျင်စလိုတော့ မရှိပေ။ မေ့ပျောက်ခြင်းမြေတွင် ရှိနေသေးသရွေ့ သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။

ယခုအချိန်မှာတော့ ဤနေရာရှိ အခြေအနေများမှာ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

တိုင်းပြည်ကြီးလေးခုမှ သတ္တဝါများက သေသူသေ၊ ပြေးသူကလည်း ပြေးကုန်ကြချေပြီ။

ကျွင်းရှောင်ယောက်က အတိတ်၏ပန်းကို ပြန်သိမ်းထားလိုက်သည်။

ဤပန်းပွင့်က အလွန်ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်မှုရှိ၏။

ကျွင်းရှောင်ယောက်သည် မေ့ပျောက်ခြင်းမြေတွင် ဤပန်းပွင့်၏ တည်ရှိမှုက သာမန်မဟုတ်ဘဲ ထူးခြားသော အဓိပ္ပာယ်တစ်ခုရှိကြောင်း ခံစားနေမိသည်။

ထိုအချိန်တွင် မွှေးပျံ့သော ရနံ့တစ်ခုကို ရှူရှိုက်လိုက်မိသည်။

အမျိုးသမီးတိုင်းပြည်၏ ဘုရင်မက သူ့ဘေးနားကို ရောက်နေပြီ။

"သခင်လေးက တကယ်ကို ထူးကဲတဲ့ လူတစ်ယောက်ပဲ"

"သာမန်လှည့်ကွက်လေးတွေပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

တစ်ဖက်မှာတော့ လင်ယွမ်က တိတ်ဆိတ်နေကာ ဘာမျှမပြောပါ။

အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပြီဖြစ်သော်လည်း မပျော်ရွှင်နိုင် ဖြစ်နေသည်။

"အခွင့်အလမ်းကို စမ်းကြည့်ကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ထို့နောက်တွင်၊ သူတို့က ဖီးရှန်းရေတံခွန်သို့ ရောက်ရှိခဲ့လေသည်။

ဖီးရှန်းရေတံခွန်တွင် ကျင့်ကြံမှုအတွက် အလွန်အထောက်အကူဖြစ်စေသည့် အကြွင်းအကျန် အင်မော်တယ်သွေးများ ပေါင်းစပ်ပါဝင်နေသည်ဟု ကောလဟာလများ ရှိသည်။

အနည်းငယ် ခံစားကြည့်ပြီးနောက် ကျွင်းရှောင်ယောက် အံ့ဩသွား၏။

ဤဖီးရှန်းရေတံခွန်တွင်၊ အမျိုးမျိုးသော နိယာမများအပေါ် သူ၏နားလည်မှုက ပိုမိုနက်နဲလာသည်။

ဤဖီးရှန်းရေတံခွန်က ဉာဏ်အလင်းအတွက် အလွန်အသုံးဝင်သည်။

ထို့ပြင် အလွန်အားကောင်းသော စွမ်းအင်များလည်း ပါဝင်မှုရှိ၏။ ကျွင်းရှောင်ယောက်က အနာဂတ်တွင် ကျင့်ကြံမှုအဆင့်ချိုးဖြတ်မှုတွင် စွမ်းအင်ချွေတာရန် သိုလှောင်ထားနိုင်သည်။

ယခင်ကကဲ့သို့ပင် ကျွင်းရှောင်ယောက်၊ ဘုရင်မနှင့် လင်ယွမ်တို့က ဖီးရှန်းရေတံခွန်၏ အနက်ရှိုင်းဆုံးနေရာတွင် လေ့ကျင့်ခဲ့ကြသည်။

အခြားသူများကတော့ အလယ်ပိုင်းနှင့် အပြင်ပန်းတွင်သာ လေ့ကျင့်နိုင်ကြ၏။

သို့သော်လည်း ယခုဆိုလျှင် ချင်ယွမ်ချင်းပင် ကျွင်းရှောင်ယောက်အပေါ် မကျေနပ်မှု အရိပ်အယောင်မျှ မပြဝံ့တော့ပါ။

နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က အမှန်တရား၏သားတော်ကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်ခဲ့သည်။

ထိုမြင်ကွင်းကို သူ့မျက်စိဖြင့် တပ်အပ် မြင်ခဲ့ရ၏။

သူကိုယ်တိုင် အမှန်တရား၏သားတော်နှင့် ရင်ဆိုင်ရလျှင် အနိုင်ရရန် အခွင့်အလမ်း များများစားစား ရှိမည်မဟုတ်ပေ။

ယခုတော့၊ ချင်ယွမ်ချင်းသည် သူဟာ တစ်ဖက်လူ၏ မျက်လုံးထဲသို့ဝင်ရန်ပင် အရည်အချင်းမရှိမှန်း သိလိုက်ပြီ ဖြစ်သည်။

ထိုအချိန်တွင်...

ကျွင်းရှောင်ယောက်က ဖီးရှန်းရေတံခွန်၏ နက်နဲရာအရပ်တွင် လေ့ကျင့်နေသည်။

သူက ဝါးမျိုခြင်းစွမ်းရည်ကို အသုံးပြုပြီး အကြွင်းအကျန် အင်မော်တယ်သွေး စွမ်းအင်များကို စုပ်ယူနေ၏။

တစ်ချိန်တည်းမှာပင် နိယာမများကို နားလည်ဆင်ခြင်သည်။

ကျွင်းရှောင်ယောက်သည် ယခင်က ကောင်းကင်အဓိပတိငယ်အဆင့်သို့ ချိုးဖြတ်သောအခါ နိယာမဆယ့်ရှစ်ခုကို နားလည်ခဲ့ပြီးပြီ ဖြစ်သည်။

ဒါက ချိုးဖြတ်မရနိုင်ကောင်းသော စံချိန်တစ်ခု ဖြစ်နေပြီ။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်က နိယာမများကို ပိုမို နားလည်သဘောပေါက်လိုသည်။

နိယာမတစ်ခုကို နားလည်လိုက်တိုင်း သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်အလင်းလုံးတစ်ခု ထွက်ပေါ်လာလိမ့်မည်။

နောက်ဆုံးတွင်၊ စွမ်းအင်အလင်းလုံးက သဘာဝ ဖင်းဂေါ့အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

၎င်းတို့က ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် ရှေးအကျဆုံး သတ္တဝါများ ဖြစ်၏။

ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့် မြင့်မားလာသည်နှင့်အမျှ၊ ၎င်းတို့ကလည်း ကြီးထွားလာနိုင်သည်။

အဆုံးတွင်၊ ၎င်းက ကျွင်းရှောင်ယောက်၏ ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျွင်းရှောင်ယောက်က နိယာမသုံးထောင်ကို နားလည်ဆင်ခြင်ပြီး သမိုင်းမတင်မီက ဖင်းဂေါ့သုံးထောင်ကို မွေးဖွားစေနိုင်မည်ဟုပင် စိတ်ကူးခဲ့မိသည်။

သမိုင်းမတင်မီက ဖင်းဂေါ့တစ်ကောင်စီသည် နိယာမတစ်ခုစီကို ထိန်းချုပ်ထား၏။

သူတို့အားလုံး ပေါက်ကွဲထွက်လာပါက စွမ်းအားသည် စိတ်ကူးယဉ်နိုင်မည် မဟုတ်ပေ။

ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ကျင့်ကြံမှုတွင် နစ်မြုပ်သွားခဲ့သည်။

သူ့တွင် ထာဝရကွဲလွဲမှုဘုရင်ကဲ့သို့ မကောင်းဆိုးရွားဆန်သော အရည်အချင်းများအပြင် ဖီးရှန်းရေတံခွန်၏ အကူအညီလည်း ရှိသေးသည်။

ကျွင်းရှောင်ယောက်အတွက် နိယာမများကို နားလည်ဆင်ခြင်ခြင်းမှာ အလွန်လွယ်ကူခဲ့သည်။

သူက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည်ဖြင့်..

အရိုးရှင်းဆုံး နိယာမများကို ဦးစွာ နားလည်ဆင်ခြင်သည်။

မကြာမီ၊ သူ့ခန္ဓာကိုယ်ထဲတွင် အနီရောင်နိယာမတစ်ခု ထွက်ပေါ်လာ၏။

ယင်းက မီးလျှံနိယာမပင်။

ထို့နောက်တွင် ရေဓာတ်ဖြစ်သော အပြာရောင် နိယာမတစ်ခု ဖြစ်ပေါ်လာသည်။

ဤအခြေခံအကျဆုံး နိယာမများက ကျွင်းရှောင်ယောက်အတွက် နားလည်ရန် မခက်ပေ။

တကယ်ခက်သောအရာမှာ အချိန်နိယာ၊ ကံကြမ္မာနိယာမ စသည်တို့ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အလျင်မလိုပေ။

နိယာမသုံးထောင်ကို နားလည်လိုပါက တခဏချင်း မပြီးမြောက်နိုင်မှန်း သူသိသည်။

ဧကရာဇ်ကြီးများမှာပင် နိယာမသုံးထောင်စလုံးကို ထိန်းချုပ်နိုင်သည်ဟု မကြားဖူးပေ။

ကျွင်းရှောင်ယောက်က အစပြုသူ ဖြစ်သည်။

ထို့ပြင်၊ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော ခရီးကို ခြေတစ်လှမ်းမှ စတင်ရသည် မဟုတ်လော။

ကျွင်းရှောင်ယောက်၏ စွမ်းအားကလည်း သံသယဖြစ်ဖွယ်မရှိအောင် တဟုန်ထိုး တိုးတက်လာခဲ့သည်။

လျှို့ဝှက်နယ်မြေသုံးခုကို ဖြတ်သန်းခဲ့ရသော်လည်း ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုအဆင့်က မချိုးဖောက်သေးပါ။

သို့ရာတွင်၊ သူ့အင်အားက ယခင်ကနှင့် မတူတော့ပေ။

အကယ်၍ အင်မော်တယ်ခုံရုံးမှလူများသာ ကျွင်းရှောင်ယောက်က ၎င်းတို့၏ မျက်စိရှေ့တွင် ၎င်းတို့၏အခွင့်အလမ်းကို အသုံးပြုပြီး တိုးတက်လာမှန်း သိရှိသွားပါက...

သူတို့၏မျက်နှာများ အဘယ်သို့ဖြစ်မည်ကို သိလိုမိသည်။

All Chapters