← Chapters

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း ( ၁၂၅၅ ) မော့ယန်းယုကို အောင်နိုင်ခြင်း။

မော့ယန်းယု၏ နှလုံးခုန်သံက တရစပ်မြည်နေပြီ။ အလွန်အမင်း စိုးရိမ်ပူပန်မှုဖြင့် သူမ၏ နောက်ကျောမှာလည်း စိုစွတ်နေပြီ ဖြစ်သည်။

တချိန်တည်းမှာပင်၊ သူ အလွန်အံ့ဩမိ၏။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က လုပ်ကြံသတ်ဖြတ်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ကျွင်းမိသားစု၏ ဘိုးဘွားမြေတွင် ကုသနေဆဲဟု ကောလဟာလများ ထွက်ပေါ်နေသည် မဟုတ်လော။

သူက ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာနိုင်မည်နည်း။

သို့သော်လည်း ထိုရုပ်သွင်၊ ထိုအရှိန်အဝါ၊ ခွန်အားနှင့် ဟန်ပန်အမူအရာက သူသည် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်သည်ကို သံသယဖြစ်စရာမလိုပေ။

တခြားသူသာဆိုလျှင် အမှန်တရား၏သားတော်ကို လွယ်လင့်တကူ သတ်ဝံ့မည်လော။

ကျွင်းရှောင်ယောက်သာလျှင် လုပ်ဝံ့သည်။

ထို့ပြင်၊ နောက်တစ်ခုရှိသေးသည်။

မော့ယန်းယု၏ ခန့်မှန်းချက်အရ လင်ယွမ်သည် ကျွင်းရှောင်ယောက်၏ အထောက်အထားကို သိထားသင့်သည်။

'တကယ်ပါပဲ၊ ပြင်ပကမ္ဘာက ကောလဟာလတွေအတိုင်း ဧကရာဇ်ငယ် လင်ယွမ်တောင်မှ နတ်ဘုရားသားတော်လက်ထဲမှာ ကျရောက်ခဲ့တာလား'

မော့ယန်းယုက သူ့စိတ်ထဲမှ ရေရွတ်ရင်း သူ့ရှေ့မှ ချောမောသော မျက်နှာကို ကြည့်လိုက်လေသည်။

"ဘာလဲ၊ ငါက ဒီလောက် ကြောက်စရာကောင်းလို့လား"

မော့ယန်းယု၏ ပြောင်းလဲလာသော အမူအရာကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက်က ခပ်တည်တည်ဖြင့် မေးလိုက်သည်။

မော့ယန်းယုက သူ့ကို ဒီလောက်တောင် ကြောက်နေတာလား။

"မဟုတ်ပါဘူး၊ နတ်ဘုရားသားတော်က ချော‌တယ်"

မော့ယန်းယုက ကျွင်းရှောင်ယောက်၏ မျက်နှာကို မကြည့်ဝံ့ဘဲ ခေါင်းငုံ့လိုက်သည်။

လုဖူးကွေ့သာ ဤနေရာမှာ ရှိနေပါက၊ သူ့မေးရိုးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်အထိ အံ့ဩသွားလိမ့်မည်။

ဒါက ကိုင်တွယ်ရခက်တဲ့ မော့မိသားစုရဲ့ ကောင်မစုတ်လေးလား။

သို့သော်လည်း မော့ယန်းယုတွင် ထိုသို့သောသဘောထားရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။

သူမက မော့မိသားစု၏ မြင့်မြတ်သော သမီးတော်တစ်ဦး ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အရှေ့မှာတော့ နိမ့်ကျနေသေးသည်။

သူတို့နှစ်ဦးက တူညီသောအဆင့်တွင် လုံးဝ မရှိပေ။

ကျွင်းမိသားစုက ဤကိစ္စကို အလေးအနက်ထားခဲ့လျှင် မော့မိသားစုကို သိပ်ပြီးအားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်နိုင်သည်။

မော့မိသားစုကို ကူညီရန် မည်သည့်မဟာမိတ်မှ လာရောက်ဝံ့မည် မဟုတ်ပေ။

အကြောင်းမူ၊ ယခင် အင်မော်တယ်စစ်ပွဲနှစ်ခုက ကျွင်းမိသားစု၏ ရဲစွမ်းသတ္တိနှင့် ခွန်အားကိုပြသရန် လုံလောက်သောကြောင့် ဖြစ်သည်။

"ဟားဟားဟား... ငါက နောက်နေတာပါ။ ငါမင်းကို စားလိုက်မှာကို ကြောက်နေတာလား"

ကျွင်းရှောင်ယောက်က ရယ်မောလိုက်လေသည်။

မော့ယန်းယု၏ မျက်နှာပေါ်တွင် ပန်းနုရောင်တစ်ချက်သန်းသွားသည်။

ယခင်ကတော့ အမည်မသိ ဝတ်ရုံနက်ဝတ်အမျိုးသားက သူ့အား စားလိုက်မှာကို အမှန်တကယ် ကြောက်ရွံ့ခဲ့သေးသည်။

သို့သော်လည်း ယခုအချိန်မှာ ကျွင်းရှောင်ယောက်၏ အထောက်အထားကို ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က အမှန်တကယ်စားလျှင်ပင် ကျေနပ်ဖွယ်ရာဖြစ်မည်ဟု ခံစားမိခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကို စိတ်ဝင်စားမည်မဟုတ်မှန်း သိပေသည်။

ကျွင်းရှောင်ယောက်နှင့် ရှိနေသူတိုင်းက ကျန်းမိသားစု၏ နတ်ဘုရားမ၊ ဧကရာဇ်ငယ်လင်ယွမ်ကဲ့သို့ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။

သူမက အရည်အချင်းမပြည့်မီပေ။

"တကယ်တော့ မင်းက လှပါတယ်"

ကျွင်းရှောင်ယောက်က မော့ယန်းယုကို ကြည့်လိုက်သည်။

မော့ယန်းယု၏ နှလုံးခုန်နှုန်းက မြန်လာပြန်သည်။ သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

ကျွင်းမိသားစု၏ နတ်ဘုရားသားတော်မှ ချီးမွမ်းခံရသူ ဘယ်လောက်များများရှိသနည်း။

"ဒါဆိုရင် ရှင်က အဲဒါကို စဉ်းစားနေသေးတာလား"

မော့ယန်းယုက မေးလိုက်သည်။ ကျွင်းရှောင်ယောက်က သူမကို လက်အောက်ခံစေလိုကြောင်း ပြောထား၏။

တခြားသူသာဆိုလျှင် သူမက ဤအကြောင်းကို တစ်ချက်စဉ်းစား‌နေမည် မဟုတ်ပေ။

သို့သော်လည်း သူ့ရှေ့တွင် ရပ်နေသူက ကောင်းကင်ကိုးပါးနှင့် ကမ္ဘာဆယ်ခုတွင် အမွန်မြတ်ဆုံးနှင့် အထူးချွန်ဆုံးလူသား ဖြစ်သည်။

ထို့ကြောင့် သူဘာလုပ်ချင်နေမှန်း သူမ မသိပေ။

အခွင့်အရေးက သူ့ရှေ့ကို ရောက်နေပြီ။

"ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်း သဘောမတူချင်ရင်လည်း ရတယ်။ ‌လုဖူးကွေ့က မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး"

"လှပတဲ့ပန်းလေးတစ်ပွင့် ညှိုးမှိန်သွားရင် စိတ်မကောင်းစရာပဲလေ"

ကျွင်းရှောင်ယောက်က မော့ယန်းယု၏ နဖူးပေါ်သို့ ဝဲကျနေသော ဆံနွယ်များကို ဖယ်ရှားပေးရင်း ပြောလိုက်သည်။

မော့ယန်းယု အသက်ရှုရပ်လုနီးပါးဖြစ်ကာ မူးဝေသွားလေသည်။

သူ့နှလုံးသားထဲမှာလည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာခဲ့သည်။

'နတ်ဘုရားသားတော်က နူးညံ့သိမ်မွေ့လွန်းတယ်'

မော့ယန်းယုက သူ့နှလုံးသားထဲမှ ရေရွတ်လိုက်လေသည်။ သူမ၏ နှလုံးသားက အရည်ပျော်သွားပုံရသည်။

ထို့ပြင်၊ ဤအခွင့်အရေးကို လက်လွတ်ခဲ့လျှင်...

ကျွင်းရှောင်ယောက်နှင့် နောက်တစ်ကြိမ် ဆက်သွယ်ခွင့်ရရှိရန် မဖြစ်နိုင်သလောက်ပင်။

"ယန်းယုက ကျေကျနပ်နပ် လက်ခံပါတယ်"

မော့ယန်းယုက ခေါင်းငုံ့ပြီး လေးလေးစားစား ပြောလိုက်သည်။

ကျွင်းရှောင်ယောက်က ကျေနပ်စွာ ပြုံးလိုက်လေသည်။ ထို့နောက် မော့ယန်းယုကိုကြည့်ကာ မေးလိုက်သည်။

"ဒါနဲ့ မော့မိသားစုရဲ့ ဒီမျိုးဆက်မှာ အမွေဆက်ခံဖို့ ကိုယ်စားလှယ်ငါးဦးရှိတယ်လို့ ငါကြားတယ်။ မင်းက သူတို့ထဲက တစ်ယောက်ပဲ မဟုတ်လား"

ဤကိစ္စက လျှို့ဝှက်ချက်မဟုတ်သောကြောင့် မော့ယန်းယုက အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အမှန်ပါပဲ"

"ဒါဆို မင်း စိတ်ထဲမထားဘူးဆိုရင် မော့မိသားစုကို ထိန်းချုပ်နိုင်အောင် ငါကူညီပေးနိုင်တယ်။ အရင်းအမြစ်၊ လူအင်အား ဒါမှမဟုတ် ပစ္စည်းအရင်းအမြစ် လိုအပ်တာရှိရင် ငါ့ဆီကိုလာနိုင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

မော့ယန်းယုက အနည်းငယ် တုန်လှုပ်သွားသည်။

သူမက ကျွင်းရှောင်ယောက်၏ရှေ့တွင် ရိုးသားပုံရသော်လည်း မမိုက်မဲပေ။

"နတ်ဘုရားသားတော်၊ ရှင်က..."

မော့ယန်းယုက တစ်ခုခုဆက်ပြောလိုသော်လည်း အနည်းငယ် တုံ့ဆိုင်းသွား‌သည်။

ကျွင်းရှောင်ယောက် သက်ပြင်းချပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါက မော့မိသားစုကို အရေးမယူချင်ဘူး။ မော့မိသားစုနဲ့ ပူးပေါင်းဖို့ အခွင့်အလမ်းရဖို့ပဲ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က ဤသို့ပြောသော်လည်း သူ့တွင် အစီအစဉ်ရှိပေသည်။

ဤအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုက အဓိကဖြစ်သော်လည်း...

နောက်ပိုင်းတွင် သူ၏ခွန်အား တိုးတက်လာခဲ့ပါက မော့မိသားစုကို ကျွင်းဧကရာဇ်ခုံရုံးတွင် လုံးလုံးလျားလျား ပေါင်းစည်းစေရန်မှာ အခက်အခဲရှိမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးကို တိုးတက်စေလိုသော်လည်း အခြားအင်အားစုများ ပါဝင်လာရန် အင်အားသုံးမည် မဟုတ်ပါ။

ထို့ကြောင့် သတ်ဖြတ်ခြင်းဘုရင်ကိုပင် နူးညံ့သောနည်းလမ်းဖြင့် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤနည်းဖြင့် သူ့အပေါ်တွင် ပိုရိုးသားကာ သစ္စာရှိကြပေလိမ့်မည်။

"ဒါဆို ဒီလိုပါပဲ"

ထိုအခါမှ မော့ယန်းယုလည်း စိတ်သက်သာရာရသွားသည်။

ပူးပေါင်းဆောင်ရွက်မှုကိုသာ အဓိကထားပါက၊ မော့မိသားစုသည် ကျွင်းရှောင်ယောက်နှင့် ဆက်ဆံရေးထူထောင်ရန် ဝမ်းမြောက်ဝမ်းသာ လက်ခံသင့်သည်။

ကျွင်းရှောင်ယောက်၏ ထောက်ခံမှုကို ရရှိနိုင်ပါက သူသည်လည်း အမွေဆက်ခံသူငါးဦးကြားတွင် ထင်ပေါ်လာရန် အခွင့်အရေးပိုလိမ့်မည်။

အနာဂတ်တွင်၊ သူက မော့မိသားစု၏ခေါင်းဆောင် ဖြစ်လာရန်မှာ မဖြစ်နိုင်တော့တာ မဟုတ်ပါ။

ထိုအကြောင်းကို တွေးမိသောအခါ မော့ယန်းယုက လေးစားမှု၊ တောင့်တမှုတို့ ပြည့်နှက်နေသော မျက်ဝန်းတို့ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

"ကောင်းပြီ၊ လောလောဆယ်တော့ ငါ့ရဲ့အမည်ကို ထုတ်ဖော်မပြောနဲ့ဦး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ယန်းယု နားလည်ပါတယ်"

မော့ယန်းယုက လေးစားစွာ ပြောလိုက်လေသည်။

အပြင်တွင်၊ အမျိုးသမီးတိုင်းပြည်က အခမ်းအနားပွဲ ကျင်းပတော့မည် ဖြစ်သည်။

လင်ယွမ်နှင့် အခြားသူများကိုလည်း ပါဝင်ရန် ဖိတ်ကြားခဲ့၏။

"ပွဲတောင်မှ စတော့မယ်၊ ကြာလိုက်တာကွာ။ အခုထိ မထွက်လာသေးဘူး၊ ဒီညီနောင်ကိုတော့ ငါအတော်လေးစားနေမိပြီ"

လုဖူးကွေ့က သက်ပြင်းချလိုက်သည်။

သူ့တွင် ဇနီးမယားနှင့် မောင်းမမိဿံသုံးရာရှိသော်လည်း ဤမျှကြာကြာ မပြေးနိုင်ပေ။

"ပါးစပ်ပိတ်ထား"

ရုတ်တရက်၊ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထို့နောက် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် လျှောက်လာသော လင်ယွမ်ကို မြင်လိုက်ရ၏။

လုဖူးကွေ့က ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။

တစ်ဖက်တွင်၊ ချင်ယွမ်ချင်းက အကောင်းဆုံးပြုံးကာ ‌ဝင်ပြောလိုက်သည်။

"ဧကရာဇ်ငယ်၊ ဒီလိုညစ်ပတ်တဲ့လူကို ဘာလို့စိတ်ပူရမှာလဲ။ ဒီလိုလူရဲ့လက်ထဲ ကျရောက်သွားတဲ့ မော့မိသားစုရဲ့ မြင့်မြတ်တဲ့သမီးပျိုအတွက်ပဲ တွေးရင်း စိတ်မကောင်းဖြစ်ရပါတယ်"

"နင်လည်း ပါးစပ်ပိတ်ထား"

လင်ယွမ်၏လေသံက ပို၍ပင် အေးစက်သွား၏။

ချင်ယွမ်ချင်း၏ အပြုံးက အေးခဲသွားသည်။

ဒါက သူတို့အပေါ်မှာ ဒေါသထုတ်ဖော်နေတာလား။

ထိုအချိန်တွင် အခန်းအတွင်းမှ ကျွင်းရှောင်ယောက်နှင့် မော့ယန်းယုတို့ ထွက်လာခဲ့ကြသည်။

တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လုဖူးကွေ့ အံ့ဩသွား၏။

"အထူးအဆန်းဟ၊ သူ တကယ်ပဲ ယဉ်ပါးလိုက်ပြီလား"

မော့ယန်းယုက ဝတ်ရုံနက်ကြီး ဝတ်ဆင်ထားသော ကျွင်းရှောင်ယောက်၏နောက်မှ တလေးတစား ‌လိုက်လာနေသည်။

သူမက နာခံမှုရှိသော အစေခံတစ်ယောက်ကဲ့သို့ပင်။

ထို့ပြင် ရံဖန်ရံခါ ကျွင်းရှောင်ယောက်ကိုကြည့်သော သူမ၏ မျက်လုံးများက ကြည်ညိုလေးစားမှုတို့ ပြည့်နေသည်။ သူမ၏ ပါးပြင်မှာလည်း အနည်းငယ် ပန်းရောင်သန်းနေသေးသည်။

ယင်းက တစ်စုံတစ်ခု ပြီးမြောက်သွားသကဲ့သို့ လူများကို ခံစားရစေသည်။

"လေးစားပါတယ်"

လုဖူးကွေ့က လက်မထောင်ပြလိုက်သည်။

မော့ယန်းယုကို ဤကဲ့သို့ပြုမူစေရန် လေ့ကျင့်ပေးနိုင်ခြင်းက တကယ်ကို လေးစားလောက်ပေသည်။

"မိန်းကလေးမော့၊ သူ မင်းကို ဘာမှ မလုပ်ခဲ့ဘူး မဟုတ်လား"

ချင်ယွမ်ချင်းက စိုးရိမ်တကြီး ကြည့်လိုက်သည်။

မော့ယန်းယု၏ အထောက်အထားက ကျွင်းရှောင်ယောက်၏ မျက်လုံးထဲတွင် ဘာမှမဖြစ်နိုင်ပေ။

သို့ရာတွင် ချင်ယွမ်ချင်း၏ မျက်လုံးထဲမှာတော့ သူမက သူ့ထက်တော့ မနိမ့်ပါ။

မော့မိသားစု၏ မြင့်မြတ်သောသမီးတော်နှင့် ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့လျှင်လည်း ကောင်းသောအရာ ဖြစ်သည်။

သို့သော်...

"ဒါက ငါနဲ့ သခင်ကြား ကိစ္စပါ၊ နင်နဲ့ ဘာဆိုင်လို့လဲ"

မော့ယန်းယုက အေးစက်စက် တုံ့ပြန်လိုက်သည်။

ချင်ယွမ်ချင်း၏ မျက်နှာက မည်းမှောင်သွား၏။

ငါက မင်းကို စိတ်ပူပြနေတာလေ။ ဘာဖြစ်လို့ ငါ့ကို အော်ငေါက်နေရတာလဲ။

ချင်ယွမ်ချင်းက ဘာပြောရမည်မှန်း မသိတော့ပေ။

ပထမ လင်ယွမ်၊ ယခု မော့ယန်းယုကလည်း ထိုကဲ့သို့ပင်။

သူက ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းနေလို့လား။ လူတိုင်းက သူ့ကို ဘာဖြစ်လို့ဒီလိုဆက်ဆံတာလဲ။

ထိုအချိန်တွင်၊ လင်ယွမ်၏ လှပသော မျက်နှာက ကျွင်းရှောင်ယောက်ဆီသို့ လှည့်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"နူးညံ့သိမ်မွေ့တဲ့နေရာမှာ နေရတာက ဘယ်လိုလဲ"

ကျွင်းရှောင်ယောက် ဆွံ့အသွား၏။

ဒါက သူ့ကို အူတိုနေတာလား။

All Chapters