← Chapters

အခန်း ၁၂၅၈

Vol. 84 Ch. 1258

အခန်း ၁၂၅၈

Vol. 84 Ch. 1258

အခန်း ( ၁၂၅၈ ) ခွဲခြားဆက်ဆံခံရ‌သော ချီယိုအင်မော်တယ်မျိုးရိုး။

အင်မော်တယ်ခုံရုံးတွင် ချီယိုအင်မော်တယ်မျိုးရိုးက အဆင့်အတန်း အနိမ့်ပါးဆုံး ဖြစ်သည်။

အကြောင်းမူ၊ သူတို့က ရှေးရိုးစွဲ အင်မော်တယ်မျိုးရိုး မဟုတ်သောကြောင့်ပင်။

၎င်းတို့သည် ယခင်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ကျိုးလီနတ်ဆိုးပြည်မှ ဖြစ်သည်။

၎င်းကို ဒဏ္ဍာရီလာ နတ်ဆိုးဧကရာဇ်ဖြစ်သော ချီယိုနတ်ဆိုးဧကရာဇ်က အုပ်ချုပ်ခဲ့ပေသည်။

နောက်ပိုင်းတွင်၊ အင်မော်တယ်ခုံရုံးနှင့် သဘောတူညီမှုရရှိပြီး‌မှ အင်မော်တယ်ခုံရုံး၏ ကိုးခုမြောက် အင်မော်တယ်မျိုးရိုး ဖြစ်လာခဲ့သည်။

သို့သော်လည်း အင်မော်တယ်ခုံရုံးသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ အဆင့်အတန်းက အလွန်နိမ့်ကျခဲ့ပေသည်။

မည်သည့်စစ်ပွဲ သို့မဟုတ် ပဋိပက္ခတွင်မဆို ချီယိုအင်မော်တယ်မျိုးရိုး၏ စစ်သည်များက အမြဲတမ်းဆိုသလို ရှေ့တန်းမှနေရသည်။

သို့ရာတွင် အကျိုးကျေးဇူးကတော့ ဤမျှမရှိခဲ့ပေ။

ဤတစ်ကြိမ်တွင်လည်း အခြား အင်မော်တယ်မျိုးရိုးရှစ်ခုက နောက်လိုက်များကို ခေါ်ဆောင်လာနိုင်သည်။

သို့သော်၊ ချီယိုအင်မော်တယ်မျိုးရိုးမှာတော့ ဤအခွင့်အရေး မရှိပေ။

တကယ်တော့ သူတို့ဝင်လာနိုင်တာတောင် အတော်ကောင်းမွန်နေပြီ ဖြစ်သည်။

မူလက ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များသည် မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်နိုင်မည်မဟုတ်ကြောင်း ကောလဟာလများပင် ရှိခဲ့သည်။

ယခုအချိန်တွင်၊ ကျွန်း‌တစ်ကျွန်းပေါ်ရှိ မြေပြန့်တစ်ခုမှာ ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်တစ်စု ရှိနေသည်။

ဤကျွန်းပေါ်တွင် ကြီးမားသော သွေးရောင် ဘုံဗိမာန်များစွာ ရှိ၏။

တစ်ချက်ကြည့်လိုက်လျှင် ဤသည်မှာ ချီယိုအင်မော်တယ်မျိုးရိုး၏ အမွေအနှစ်နေရာတစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။

ဤနတ်နယ်မြေတွင် ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အကြွင်းအကျန်များစွာ ရှိသည်။

ယခင် အင်မော်တယ်မျိုးရိုးကြီးကိုးခု၏ ဘိုးဘေးများ ကျန်ရစ်ခဲ့သော အမွေအနှစ်များလည်း ရှိ၏။

ဤအခိုက်အတန့်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက ချီယိုအင်မော်တယ်မျိုးရိုး၏ အဖွဲ့ကို ဦးဆောင်နေသည်။

အမျိုးသမီးက သူမ၏ ဖြူနုသော အသားအရေနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

သူ့မျက်နှာက လှပသလောက် အေးစက်တင်းမာနေ၏။

ထိုမိန်းကလေးက ချီလုံပင်။

ချီယိုအင်မော်တယ်မျိုးရိုး၏ အထူးချွန်ဆုံး ပါရမီရှင် ချီလေ့ကိုတော့ ကျွင်းရှောင်ယောက်မှ သုတ်သင်ပစ်ခဲ့တာကြာပြီ ဖြစ်သည်။

ထို့ကြောင့် ချီလုံက ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကြားတွင် အစ်မကြီးတစ်ဦးကဲ့သို့ ဖြစ်လာခဲ့ပေသည်။

သူ့ဘေးမှာတော့ ချီယု ရှိသည်။

ယခုအချိန်တွင် သူတို့၏ မျက်လုံးများက အေးစက်နေပေသည်။

သူတို့က လူတစ်စုကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုအထဲတွင် စန်းကျဲအင်မော်တယ်မျိုးရိုးလည်း ပါဝင်သည်။ သို့ရာတွင်၊ စန်းဂျူတစ်ယောက်တည်း ဖြစ်၏။

၎င်းက လူတစ်ဉီးတည်းဖြစ်သော်လည်း အားကောင်းသော ဖိအားကို ပေးနိုင်သည်။

အကြောင်းမူ၊ ၎င်းက စန်းကျဲအင်မော်တယ်မျိုးရိုး၏ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

တစ်ဖက်မှာတော့ ဂုန်ဂွန်းအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များ ရှိသည်။

သူတို့ကို ခေါင်းဆောင်လာသူက ထိပ်တန်း မျိုးစေ့အဆင့်ပါရမီရှင် မင်ယာ ဖြစ်၏။

တစ်ချိန်တည်းမှာပင်၊ ချီလုံနှင့် အခြားသူများကို ‌လေးနက်စေသည့် အခြား အင်အားစုတစ်ခု ရှိသေးသည်။

၎င်းက ကျစ်ယန်ထျန်းကျွင်း၊ ဆံနီမိစ္ဆာနှင့် အခြားသူများ ဖြစ်သည်။

၎င်းတို့က ရန်ယွင်မြင်းသည်တော်ဆယ့်ရှစ်ဦးအနက် ထူးချွန်သူများဖြစ်ပြီး တိဟောက်ထျန်း၏အလိုတော်ကို ကိုယ်စားပြုသည်။

"အားလုံး၊ ဒါက ဘာအဓိပ္ပာယ်လဲ"

ချီလုံက အေးစက်စက် ပြောသည်။

သူမ၏ ခွန်အားက မပျော့ညံ့သော်လည်း ဤပါရမီရှင်အုပ်စုကို ခြိမ်းခြောက်ရန် မလုံလောက်ပေ။

"ငါတို့ ဒီအကြွင်းအကျန်ကို စိတ်ဝင်စားတယ်"

ဆံနီမိစ္ဆာက ကြမ်းကြုတ်စွာပြုံးရင်း ပြောသည်။

"ဒါက ငါတို့ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ အမွေအနှစ်ပဲ"

ချီယု အော်ဟစ်လိုက်၏။

သူတို့၏ ချီယိုအင်မော်တယ်မျိုးရိုးသည် မူလကတည်းက အင်မော်တယ်ခုံရုံးတွင် နိမ့်ကျသောအဆင့်အတန်း ရှိခဲ့သည်။

ဤအခွင့်အရေးက ၎င်းတို့၏ ချီယိုအင်မော်တယ်မျိုးရိုးအတွက် တစ်ဖန်ပြန်လည်ထမြောက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

"မဟုတ်ဘူး၊ အခွင့်အလမ်းဆိုတာ ရတဲ့သူက ယူရမှာပဲ။ မင်းတို့တွေ ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးရဲ့ အခွင့်အလမ်းကို သွားရှာရင်လည်း ငါက စိတ်မဆိုးပါဘူး"

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ မင်ယာက တည်ငြိမ်စွာ ပြောသည်။

၎င်းက အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထား၏။ သူ့ခြေဖဝါးအောက်တွင် နိယာမများက လှိုင်းထနေပုံရသည်။

"မေ့ပျောက်ခြင်းမြေကို ဝင်ရောက်တဲ့အခါ အင်မော်တယ်မျိုးရိုးတစ်ခုက ကိုယ့်အင်မော်တယ်မျိုးရိုးရဲ့ အမွေအနှစ်ကိုပဲ ယူဆောင်ခွင့်ရှိတယ်လို့ စည်းမျဉ်းချမှတ်ထားလို့လား"

စန်းဂျူကလည်း ပြော၏။ ၎င်းက ချီယိုအင်မော်တယ်မျိုးရိုး၏ အကြွင်းအကျန်ကို စိုက်ကြည့်နေသည်။

ထိုနေရာမှ ဖိအားလှိုင်းများရှိနေသည်ကို သူ ခံစားနိုင်ပေသည်။

၎င်းက အနည်းဆုံး ဧကရာဇ်လက်နက် ဖြစ်သင့်သည်။

"နင်တို့က ချီယိုအင်မော်တယ်မျိုးရိုးကို မျက်လုံးထဲ မထည့်တာလား"

ချီလုံမှာ အလွန်ဒေါသထွက်လာသည်။

ချီယိုအင်မော်တယ်မျိုးရိုးသည် အင်မော်တယ်ခုံရုံး၏ အတိတ်က တိုက်ပွဲများတွင် အမြဲတမ်း ရှေ့တန်းမှနေခဲ့သည်။

ဤအချက်ကြောင့် ချီယိုအင်မော်တယ်မျိုးရိုးက အထိအခိုက်အများဆုံးဖြစ်ပြီး ရလဒ်အနေဖြင့် အခြား အင်မော်တယ်မျိုးရိုးရှစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးခဲ့ပေသည်။

သူတို့က များစွာပေးဆပ်ခဲ့ရသော်လည်း အခြားသော အင်မော်တယ်မျိုးရိုးရှစ်ခု၏ လူများက ၎င်းတို့အား အထင်မြင်သေးကာ အောက်တန်းစားအဖြစ် မှတ်ယူနေကြဆဲ ဖြစ်သည်။

ကျစ်ယန်ထျန်းကျွင်းက ရှေ့သို့တိုးလာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့ရဲ့ မူလဖြစ်တဲ့ ကျိုးလီနတ်ဆိုးတိုင်းပြည်ဟာ အင်မော်တယ်နယ်မြေကြီးကို သွေးစွန်းစေတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့တာကို သိထားရမယ်"

"ဒါပေမဲ့ အင်မော်တယ်ခုံရုံးက ခွင့်လွှတ်ပြီး လက်ခံပေးဖို့တောင် ဆန္ဒရှိခဲ့တယ်"

"ဒါပေမဲ့ ဒါဟာ မင်းတို့ရဲ့အပြစ်တွေ ကျေသွားမယ်လို့ မဆိုလိုဘူး။ အပြစ်ရှိရင် ပေးဆပ်ရမှာပဲ၊ အခုလို အင်မော်တယ်ခုံရုံးနဲ့အတူ ရှေ့ဆက်နိုင်တာကတောင် မင်းတို့အတွက် ကောင်းချီးတစ်ခုဖြစ်နေပြီ"

"ဒါကို မင်းတို့က မကျေနပ်သေးဘူးလား"

ကျစ်ယန်ထျန်းကျွင်း၏ စကားများက ချီလုံ၊ ချီယုနှင့် အခြားသူများကို ဒေါသတလိပ်လိပ်ထွက်စေခဲ့သည်။

ထိုအချိန်က... နတ်ဆိုးဧကရာဇ်နှင့် ကျိုးလီနတ်ဆိုးတိုင်းပြည်သည် နေရာအရပ်ရပ်ကို ဖြတ်ကျော်ကာ ကမ္ဘာကို စိုးမိုးနိုင်ခဲ့သည်။

အင်မော်တယ်ခုံရုံးက နှစ်ဦးနှစ်ဖက် အထိမနာလိုသောကြောင့် ကျိုးလီနတ်ဆိုးတိုင်းပြည်နှင့် ငြိမ်းချမ်းရေးယူခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် နှစ်ဖက်စလုံးက တန်းတူညီတူ ရှိသင့်သည်။

ယခုတော့ ကျစ်ယန်ထျန်းကျွင်း၏ ပါးစပ်ထဲတွင် ကျိုးလီနတ်ဆိုးတိုင်းပြည်က အောက်ကျို့ပြီး ငြိမ်းချမ်းရေးတောင်းဆိုခဲ့ရသလို ဖြစ်နေသည်။

ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များ၏ အမူအရာကိုမြင်တော့ ကျစ်ယန်ထျန်းကျွင်းက ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းတို့ရဲ့ကံကြမ္မာက ဒီမှာပဲ အမြဲရှိနေမှာမဟုတ်ဘူး"

"ဘာပြောချင်တာလဲ"

ချီလုံက အေးစက်စက် ပြောသည်။

"သခင် တိဟောက်ထျန်းဟာ အနာဂတ်မှာ အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ဖြစ်လာဖို့ ရည်မှန်းထားသူဖြစ်တယ်။ မင်းတို့သာ ဖူရှီအင်မော်တယ်မျိုးရိုးနဲ့ လက်တွဲဖို့ ဆန္ဒရှိရင် မင်းတို့ရဲ့ အဆင့်အတန်းကို အနာဂတ်မှာ ပြန်ပြီးမြှင့်တင်နိုင်လိမ့်မယ်"

"ဒါဆို ငါတို့ကို ဘာလုပ်စေချင်တာလဲ"

ချီလုံက လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်းရဲ့သစ္စာစောင့်သိမှုကို သက်သေပြဖို့ ဒီအခွင့်အလမ်းမှာ ပံ့ပိုးကူညီပါ"

ကျစ်ယန်ထျန်းကျွင်းက ပြောလိုက်၏။

ထိုစကားကိုကြားသော်လည်း စန်းဂျူက ဘာမျှမပြောပေ။

သို့ရာတွင်၊ မင်ယာ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အင်မော်တယ်မျိုးရိုးကိုးခုတွင် စန်းကျဲအင်မော်တယ်မျိုးရိုးက ဖူရှီအင်မော်တယ်မျိုးရိုးကို ထောက်ခံအားပေးသူ ဖြစ်သည်။

သို့ရာတွင်၊ ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးကတော့ မည်သူ့ကိုမျှ အားမကိုးပေ။

သူတို့က အင်မော်တယ်ခုံရုံးကို ဦးဆောင်ခွင့်ရရန် ရည်မှန်းနေသူများ ဖြစ်သည်။

ထို့ကြောင့် ချီယိုအင်မော်တယ်မျိုးရိုးက ရတနာကို အမှန်တကယ် လွှဲပေးခဲ့လျှင် သူ့ကြိုးစားမှုက အချည်းနှီးဖြစ်လိမ့်မည်။

"မဖြစ်နိုင်ဘူး"

ချီယုက အေးစက်စက် အော်လိုက်သည်။

ချီယိုအင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့၏ ဆက်ဆံရေးက ဘယ်တုန်းကမှ မကောင်းမွန်ခဲ့ပေ။

ရှေးယခင်က ကူတိကျစ်၏ မင်္ဂလာပွဲမှာလည်း...

ဖူရှီအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များသည် သူတို့ကို အရှက်ရစေခဲ့သည်။

ချီလေ့အယောင်ဆောင်ထားသော ကျွင်းရှောင်ယောက်ကြောင့် မဟုတ်ပါက သူတို့ ခက်ခဲခဲ့လိမ့်မည်။

"ဟင်း၊ မင်းတို့က အခွင့်အရေးပေးတာကို တန်ဖိုးထားရကောင်းမှန်း မသိဘူးပဲ"

ကျစ်ယန်ထျန်းကျွင်းက သက်ပြင်းချလိုက်သည်။

"ငါတို့အားလုံးက အင်မော်တယ်ခုံရုံးကဖြစ်တာကြောင့် မင်းတို့ကို မသတ်ပါဘူး။ ဒါပေမဲ့..."

စန်းဂျူကလည်း ရှေ့သို့ တိုးလာသည်။

သူက မသတ်သော်လည်း လုပ်ဆောင်နိုင်တာ အများကြီးရှိသေးသည်။

"တရားမျှတမှုရှိရှိ ယှဉ်ပြိုင်ကြတာပေါ့"

မင်ယာနှင့် ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ အခြားသော ပါရမီရှင်များလည်း လှုပ်ရှားခဲ့သည်။

ရုတ်တရက်၊ အမျိုးမျိုးသော တိုက်ခိုက်မှုများက ချီယိုအင်မော်တယ်မျိုးရိုးဆီသို့ တိုးဝင်သွား၏။

"ဒီမှာ ရတနာတစ်ခုပဲရှိတယ်၊ ဘယ်လိုခွဲဝေကြမှာလဲ"

ချီလုံက ခုခံရင်း အော်ပြောလိုက်သည်။

"ဒါကို မင်းစိတ်ပူစရာမလိုဘူး"

ယခုအချိန်တွင်၊ အင်အားသုံးစုက ပူးပေါင်းထား၏။ ရှေ့မှအတားအဆီးကို ဖယ်ရှားပြီးမှ ကိုယ်ပိုင်အရည်အချင်းဖြင့် အခွင့်အလမ်းများကို ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

နာကျင်စွာ အော်ဟစ်ဟံနှင့် သွေးအန်သံများ ဆက်တိုက်ကြားလိုက်ရသည်။

ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်အများစုက ခဏချင်း လွင့်သွားကြ၏။ သူတို့အားလုံး ဒဏ်ရာရပြီး သွေးများအန်ထွက်နေတော့သည်။

၎င်းတို့တွင် အသန်မာဆုံးဖြစ်သည့် ချီလုံပင်လျှင် အခြေအနေ မကောင်းပေ။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်နေ၏။

အင်အားစုသုံးခု၏ ပါရမီရှင်များက ဤအမွေအနှစ်နေရာသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ကြတော့မည်။

ထိုစဉ်...

စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ဒါက စည်းလုံးညီညွတ်ပြီး အင်အားကြီးတဲ့ အင်မော်တယ်ခုံရုံးပဲလား။ ဒါက တကယ့်ကို ကမောက်ကမဖြစ်စရာ မြင်ကွင်းပဲ"

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် လူတိုင်း ရပ်တန့်သွားကာ လှည့်ကြည့်လိုက်၏။

"ဘယ်သူလဲ"

လေထဲတွင် ပုံရိပ်သုံးခု ပေါ်လာသည်။

ဝတ်ရုံနက်ဝတ် အမျိုးသားတစ်ဦး၊ ဖက်တီးကြီးတစ်ဦးနှင့် ချောမောလှပသော မိန်းကလေးတစ်ယောက်တို့ ဖြစ်၏။

ဒါက သဘာဝအတိုင်း ကျွင်းရှောင်ယောက်တို့ သုံးယောက်ပင်။

"မင်းပဲ"

ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရပြီးနောက် ကျစ်ယန်ထျန်းကျွင်းနှင့် အခြားသူများ၏ မျက်လုံးများက အေးစက်စက် အလင်းရောင်များ ပြည့်နှက်သွားကြသည်။

All Chapters