← Chapters

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အခန်း ၁၂၆၀

Vol. 84 Ch. 1260

အခန်း ( ၁၂၆၀ ) ထူးခြားသော စာလုံးစွမ်းရည်။

"မင်း တိဟောက်ထျန်းရဲ့လူတွေကို သတ်ဝံ့တယ်လား"

ကျွင်းရှောင်ယောက်က ကျစ်ယန်ထျန်းကျွင်းနှင့် အခြားလူများကို အလွယ်တကူသတ်ပစ်သည်ကို မြင်လိုက်ရသောအခါ မင်ယာက မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"တိဟောက်ထျန်းက ဘယ်သူမို့လို့လဲ"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

သူက ပြန်လည်မွေးဖွားခြင်း၏မှတ်ဉာဏ် ရွှေလက်ချောင်းကို ပိုင်ဆိုင်ထားသော ကြက်သွန်မြိတ်လေးသာ ဖြစ်သည်။

သူက အနည်းငယ်သတိကြီးပြီး ဉာဏ်များသော်လည်း ကျွင်းရှောင်ယောက်အတွက်တော့ အနည်းငယ် ရယ်စရာပုံပေါက်နေသေးသည်။

သူလိုလူများက တခြားသူများကို ရိတ်သိမ်းနိုင်သည်ဟု ထင်နေတတ်ကြသည်။

အမှန်တကယ် ရိတ်သိမ်းခံရမည့်သူက သူဖြစ်ကြောင်း မသိရှိရှာပေ။

ကျွင်းရှောင်ယောက် မရှိလျှင်တော့ တိဟောက်ထျန်း၏ ခရီးလမ်းက ချောမွေ့နေနိုင်သည်။

သို့ရာတွင်၊ စိတ်မကောင်းစရာက...

"အခု လင်ယွမ်တောင်မှ မင်းကို မကာကွယ်နိုင်တော့ဘူး"

စန်းဂျူက အေးစက်စက် ပြောလိုက်သည်။

သူ၏ စန်းကျဲအင်မော်တယ်မျိုးရိုးက ဖူရှီအင်မော်တယ်မျိုးရိုးကို ထောက်ခံအားပေး၏။

ထို့ကြောင့် သူသည် တိဟောက်ထျန်းနှင့် သဘာဝအတိုင်း ရပ်တည်ရသည်။

"မင်းက တိဟောက်ထျန်းဘက်က ဖြစ်ရမယ်"

ကျွင်းရှောင်ယောက်က စန်းဂျူကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။

၎င်းက တိဟောက်ထျန်း၏ ဘက်တော်သားဖြစ်သောကြောင့်...

သူ၏ရန်သူဖြစ်သည့်အပြင် လင်ယွမ်၏ ရန်သူလည်း ဖြစ်နေပြီ။

လင်ယွမ်နှင့် တိဟောက်ထျန်းတို့ နှစ်ဦးစလုံးက ဧကရာဇ်ငယ်များဖြစ်၍ တစ်မိုးအောက်တွင် အတူယှဉ်တွဲနေထိုင်ရန် ခက်ခဲသည်။

ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကိုမြှောက်ပြီး တိုက်ရိုက်ဖိနှိပ်လိုက်သည်။

စန်းဂျူ၏ မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး ပါးစပ်ကိုဖွင့်ကာ စကားတစ်ခွန်း ပြောလိုက်၏။

"ယု"

သူ့စကားအဆုံးတွင် 'ယု'ဟူသော စကားလုံးက အမှန်တကယ် ပေါ်လာတော့သည်။

"ယု"ဟူသော စကားလုံးက ရွှေနှင့်သံကို သွန်းလောင်းထားသကဲ့သို့ အလွန်တည်ငြိမ်လေးလံသော အသွင်အပြင်ကိုဆောင်သည်။

"ယု"စကားလုံးက လေထဲတွင် လျင်မြန်စွာ ကြီးပြင်းလာကာ နောင်ဆုံးတွင် နိယာမစွမ်းအားဖြင့် နံရံတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

'စိတ်ဝင်စားစရာပဲ'

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။

ကောလဟာလများအရ စန်းကျဲအင်မော်တယ်မျိုးရိုးသည် စာလုံးများကို ဖန်တီးခဲ့သည့် ဘိုးဘေးတစ်ဦးထံမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။

ဤမျိုးရိုးသည် အလွန်ထူးခြား၏။ ၎င်းတို့က အမျိုးမျိုးသော စကားလုံးများကို လေ့ကျင့်ပြီး စကားလုံးတိုင်းတွင် ကြီးမားသော စွမ်းအားများ ပါရှိသည်။

ဟုတ်ပေသည်၊ ဒါက စန်းကျဲအင်မော်တယ်မျိုးရိုးအတွက် သီးသန့်မဟုတ်ပါ။

ဥပမာအားဖြင့် အနောက်ဘက်နိဗ္ဗာန်ဘုံက စကားလုံးများဖြင့် သက္ကတမန္တန်များကို လေ့ကျင့်သည်။

တာအိုကျင့်ကြံသူများမှာလည်း မန္တန်စွမ်းရည်များ ရှိသေးသည်။

စန်းကျဲအင်မော်တယ်မျိုးရိုးက ဤစာလုံးကို အထူးပြုလေ့ကျင့်ခဲ့ခြင်းသာ ဖြစ်သည်။

'ယု'စာလုံးဖြင့် ဖွဲ့စည်းထားသော နံရံက ကျွင်းရှောင်ယောက်၏လက်ကို အမှန်တကယ် ပိတ်ဆို့ခဲ့ပေသည်။

သို့ရာတွင်၊ ဒါက ကျွင်းရှောင်ယောက်၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု ဖြစ်သည်။

အကြောင်းမူ၊ သူက ဤကျင့်ကြံမှုနည်းလမ်းကို အလွန်စိတ်ဝင်စားသောကြောင့်ပင်။

ထို့ကြောင့် စန်းဂျူနှင့် အကြိမ်ရေအနည်းငယ် ကစားပေးရန် စိတ်ထဲမထားပေ။

"သတ်"

စန်းဂျူက စကားတစ်ခွန်းကို ဆက်ပြောလိုက်သည်။

ရုတ်ချည်းဆိုသလို လောကကြီးက သွေးများဖြင့် ပြည့်သွားပုံရသည်။

သွေးဖြင့်ရေးထားသကဲ့သို့ စကားလုံးတစ်လုံး ပေါ်လာ၏။

ကျွင်းရှောင်ယောက်က သူ၏ အရေပြားပေါ်တွင် အပ်နှင့်ထိုးနေသကဲ့သို့ နာကျင်ခြင်း ခံစားချက်ကိုပင် ခံစားခဲ့ရသည်။

"သတ်" ဟူသော စကားလုံးက သတ်ဖြတ်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ကို ဖော်ပြနေသကဲ့သို့ပင်။

'လူသတ်ဘုရင်ရဲ့ လမ်းက သတ်ဖြတ်ခြင်းလမ်းစဉ်ပဲ၊ သူက ဒီလို'သတ်'စကားလုံးကနေ အသွင်ပြောင်းခဲ့တာ ဖြစ်ရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။

သူက နားလည်သဘောပေါက်ရန် ကြိုးစားနေ၏။

ယခုအခါ ကျွင်းရှောင်ယောက်က ထာဝရကွဲလွဲမှုဘုရင်ဖြစ်နေပြီ ဖြစ်သည်။

ထို့အပြင် သူက စစ်နတ်ဘုရားကျမ်းကိုလည်း လေ့ကျင့်ခဲ့သေးသည်။

အမျိုးမျိုးသော လှုပ်ရှားမှုများနှင့် နတ်ဘုရားစွမ်းရည် အများအပြားကို ကြည့်ရုံမျှဖြင့် နားလည်နိုင်သည်။

"ချီးပဲ၊ မင်းက ငါ့စန်းကျဲအင်မော်တယ်မျိုးရိုးရဲ့ စွမ်းရည်ကို နားလည်ချင်တာလား"

စန်းဂျူ၏ မျက်နှာက အလွန်အေးစက်တင်းမာသွားသည်။

သူသည် စန်းကျဲအင်မော်တယ်မျိုးရိုး၏ မျိုးစေ့အဆင့် ပါရမီရှင် ဖြစ်သည်။

သူ့ကို တိုက်ခိုက်ချိန်တွင် မည်သူမျှ သတိမပေါ့လျော့ဝံ့ပေ။

ဤဝတ်ရုံနက်ဝတ်လူကတော့ သူ့ကို တိုက်ခိုက်ရင်း သူ၏နည်းလမ်းများကိုပင် နားလည်ရန် ကြိုးစားနေသည်။ တစ်ဖက်လူက သူ့ကို အလေးအနက်မထားပေ။

ဒါက သူ့အတွက် အရှက်ရစရာ ဖြစ်သည်။

"မင်း ခန့်မှန်းတာ မှန်ပါတယ်၊ ဒါပေမဲ့ ဆုလာဘ်တော့ ပေးစရာမရှိဘူး"

ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။

စန်းဂျူက ထပ်မံအော်ဟစ်လိုက်သည်။

"သတ်"

'သတ်' ဟူသော စကားလုံးက ထပ်မံပေါ်လာ၏။

'သတ်'ဟူသော စကားလုံးနှစ်လုံးက ပေါင်းစပ်သွားပြီးနောက် ပို၍ အားကောင်းသော အရောင်ဝါများ ထွက်ပေါ်လာတော့သည်။

တစ်ကမ္ဘာလုံးက သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

စကားလုံးနှစ်လုံး၏ ပေါင်းစပ်မှုက အမှန်တကယ်ပင် ပို၍ ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်လွှတ်ခဲ့ပေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က တည်ငြိမ်နေဆဲ ဖြစ်သည်။

သူ၏ လက်ရှိအင်အားက ဤအင်မော်တယ်ခုံရုံး၏ မျိုးစေ့အဆင့် ပါရမီရှင်များ ယှဉ်ပြိုင်နိုင်သည့်အရာမဟုတ်တော့ပါ။

ကျွင်းရှောင်ယောက်က နိယာမလက်ကြီးဖြင့် 'သတ်'စကားလုံးနှစ်လုံးကို ဖမ်းဆီးလိုက်သည်။

ထို့နောက် စစ်နတ်ဘုရားကျမ်းကို အသက်သွင်းပြီး လျှို့ဝှက်ဆန်းကျယ်မှုများကို နားလည်ဆင်ခြင်လိုက်၏။

ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ဖြင့်လည်း နားလည်ဆင်ခြင်နေပြီ။

ကျွင်းရှောင်ယောက်က စန်းကျဲအင်မော်တယ်မျိုးရိုး၏ လမ်းကြောင်းအတိုင်း လျှောက်လှမ်းမည်မဟုတ်သော်လည်း...

ဤကဲ့သို့ ထူးခြားသော လမ်းစဥ်မျိုးမှာ လေ့လာရန်ထိုက်တန်သည်။

ယင်းက အနာဂတ်တွင် သူ၏ကိုယ်ပိုင်လမ်းစဉ်ကို အမှန်တကယ် သိရှိလာစေရန်လည်း အထောက်အကူဖြစ်လိမ့်မည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ စန်းဂျူသည် သူ့ရင်ထဲမှာ ရုတ်တရက် စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသည်။

ဝတ်ရုံနက်ဝတ် ဤအမျိုးသားက မျိုးဆက်ဟောင်းမှ အကျော်အမော်တစ်ဦးဟုပင် ခံစားခဲ့ရသည်။

"အချိန်တန်ပြီ"

ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်ရာ "သတ်" စကားလုံးက ချက်ချင်း ပြိုကျသွားသည်။

ထို့နောက် သူ့လက်ချောင်းကို ဓားများအဖြစ်ပြောင်းကာ စန်းဂျူအား ထိုးခုတ်လိုက်၏။

စန်းဂျူက 'ယု'စကားလုံးကို ချက်ချင်း အော်ဟစ်လိုက်သည်။

သို့သော်၊ ကျွင်းရှောင်ယောက်၏ ဓားလက်ချောင်းကို မတားဆီးနိုင်တော့ပါ။

"ရွှပ်"

စန်းဂျူ၏ မျက်ခုံးနှစ်ခုကြားမှ သွေးများ စီးကျလာပြီး သူ၏ဝိညာဉ်သည်ပင် ဖျက်ဆီးခံလိုက်ရသည်။

ဤမြင်ကွင်းက မင်ယာကို ကြက်သီးတဖြန်းဖြန်းထသွားစေခဲ့သည်။

ထိုအချိန်တွင်၊ ဝတ်ရုံနက်ဝတ် အမျိုးသားက သူ့ဘက်သို့ မျက်လုံးလှည့်လာသည်ကို ခံစားလိုက်ရသည်။

မင်ယာက ချက်ချင်း အော်ဟစ်လိုက်၏။

"ငါက တိဟောက်ထျန်းဘက်မှာ မရှိဘူး။ ပြီးတော့ ဒီကိစ္စမှာလည်း မဝင်ပါတော့ပါဘူး။ ငါ အခုထွက်သွားမယ်"

ဝတ်ရုံနက်ဝတ်လူက တိဟောက်ထျန်းကို မကြောက်ရွံ့သလို အင်မော်တယ်ခုံရုံး၏ လူများကိုလည်း သတ်ဝံ့သည်။

သူက ရူးသွပ်နေသူ ဟုတ်၊မဟုတ် မသိရသော်လည်း သူ့ခွန်အားက ကြီးမား၏။

၎င်းက မည်သူပင်ဖြစ်စေ၊ သူ့ကို သွားမရှုပ်တာ ပိုကောင်းသည်။

မင်ယာက ပြောဆိုပြီးနောက် ဂုန်ဂွန်းအင်မော်တယ်မျိုးရိုး၏ လူများနှင့်အတူ အမြန် ပြန်ဆုတ်သွားလေသည်။

ကျွင်းရှောင်ယောက်ကလည်း ထပ်မံ မလှုပ်ရှားတော့ဘဲ ကြည့်နေခဲ့သည်။

အင်မော်တယ်မျိုးရိုးကိုးခု၏ မျိုးစေ့အဆင့် ပါရမီရှင်အားလုံးကို အမှန်တကယ် သတ်ခဲ့ပါက ပြဿနာကြီးကြီးတက်လိမ့်မည်။

ထို့ပြင်၊ လင်ယွမ်ကို အခက်အခဲဖြစ်စေနိုင်သည်။

နောက်ဆုံးတွင်၊ သူမက ကျွင်းရှောင်ယောက်ကို ခေါ်ဆောင်လာခဲ့သူပင် မဟုတ်လော။

ကျွင်းရှောင်ယောက်ကလည်း သိပ်ပြီး မလွန်ကျူးကြောင်း ကတိပေးထားခဲ့သည်။

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ လူများ ထွက်ခွာသွားပြီးနောက်...

ကျွင်းရှောင်ယောက်တို့ သုံးယောက်မှတပါး၊ ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်အဖွဲ့သာ ရှိတော့သည်။

ဤအခိုက်တွင်၊ သူတို့အားလုံး အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။

ကျွင်းရှောင်ယောက်၏ စွမ်းအားက ကြောက်စရာကောင်းလွန်း၏။

သူက ကျစ်ယန်ထျန်းကျွင်းနှင့် အခြားသူများကိုပင် အလွယ်တကူ သတ်ခဲ့သည်။

"အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ချီလုံက သတိထားကာ ပြောလိုက်သည်။

အမှန်အတိုင်းဆိုရလျှင်၊ သူတို့ရှေ့မှ ဝတ်ရုံနက်ဝတ် အမျိုးသားက ရန်သူ၊ မိတ်ဆွေ မကွဲပြားသေးပေ။

သူတို့၏ အကျပ်အတည်းကို ကူညီဖြေရှင်းပေးခဲ့သော်လည်း မိတ်ဆွေဖြစ်မည်ဟု မပြောနိုင်သေးပါ။

"ငါက ကောင်းကျိုးပြုဖို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့စိတ်ထဲတွင် အကြံအစည်နှင့် စိတ်ကူးအချို့ရှိနေပြီ။

ကူတိကျစ်၏ ယခင် မင်္ဂလာပွဲတွင် သူက အခြေအနေတချို့ကို သတိပြုမိခဲ့သည်။

ချီယိုအင်‌မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးတွင် အခြေအနေကောင်းပုံမရပေ။

ထိုအချိန်က ၎င်းသည် အင်မော်တယ်ခုံရုံးကို ဖြိုခွဲရန် အချက်တစ်ခုဟု သူ တွေးခဲ့ဖူးသည်။

"‌ဒါပေါ့၊ ငါက မင်းတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး။ အခွင့်အလမ်းဆိုတာ ကံပါတဲ့သူက ရလိမ့်မယ်။ မဟုတ်ရင်လည်း ငါ အတင်းအကြပ်လုပ်မှာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်၏။

ထို့နောက်တွင် သူက သွေးရောင်အဆောက်အဦများဆီသို့ တိုက်ရိုက် လျှောက်သွားသည်။

ဒါက ချီယိုအင်မော်တယ်မျိုးရိုး၏ အမွေအနှစ်နေရာပင်။

လုဖူးကွေ့နှင့် မော့ယန်းယုတို့လည်း နောက်မှ လိုက်သွားခဲ့ကြသည်။

ချီလုံ၊ ချီယုနှင့် အခြား ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များကလည်း အံကြိတ်ပြီး နောက်မှ လိုက်သွားကြ၏။

'ချီလုံ၊ စိတ်မပူပါနဲ့။ ငါတို့ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ အမွေအနှစ် အများစုမှာ ကန့်သတ်ချက်တွေ ရှိတယ်။ အပြင်လူတွေက ဒါကို ရဖို့ သိပ်မလွယ်ဘူး။ တန်ပြန်တိုက်ခိုက်မှုကိုတောင် ခံရဦးမယ်'

ချီယုက အသံပို့လွှတ်ပြီး ပြောလိုက်သည်။

ချီယိုအင်မော်တယ်မျိုးရိုး၏ မူလမှာ ကျိုးလီနတ်ဆိုးတိုင်းပြည် ဖြစ်သည်။

ယင်းက နတ်ဆိုးလမ်းစဉ်တစ်ခု ဖြစ်၏။

၎င်း၏အမွေကို ပြင်ပလူများက အလွယ်တကူ မရရှိနိုင်ပေ။

အတင်းအကြပ်လုပ်ရင် ကြောက်စရာကောင်းသော တုံ့ပြန်မှုကိုတောင် ခံရနိုင်သည်။

သို့ရာတွင်၊ ချီလုံ၏ အမူအရာက သက်တောင့်သာရှိပုံမရပေ။

ဝတ်ရုံနက်ဝတ်လူက နတ်ဘုရားကဲ့သို့ဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

ဤအရာက အရာအားလုံးကို အထက်စီးမှကြည့်နိုင်သော ဝတ်စုံဖြူဝတ် လူတစ်ယောက်ကို သတိရစေခဲ့ပေသည်။

All Chapters