အခန်း ၁၂၇၄
Vol. 85 Ch. 1274
အခန်း ( ၁၃၇၄ ) ချုံးရှောင်းမျိုးရိုး၊ လျိုချုံးယန်။
အမှန်အတိုင်းပြောရလျှင် သူတို့အဆင့် ပါရမီရှင်များက မိန်းမလှလေးများ၏ ဆွဲဆောင်မှုကို ခံရခဲသည်။
ဝမ့်ယန်က ထိုကဲ့သို့လူပင်။
သူသာ ကြင်ယာကို လိုချင်ပါက၊ ကောင်းကင်ကိုးပါးတွင် သူ၏ လက်တွဲဖော်ဖြစ်လိုသော မိန်းမလှများစွာ ရှိသည်။
ထို့ကြောင့် ဝမ့်ယန်က ကျန်းလော့လီကို ချဉ်းကပ်နေရခြင်းမှာ ကျန်းလော့လီ၏ အလှအပကြောင့် မဟုတ်တန်ရာပေ။
အကြီးမားဆုံး အကြောင်းပြချက်မှာ ကျန်းလော့လီ ပိုင်ဆိုင်ထားသော ရှေးဦးဝိညာဉ် အင်မော်တယ်ခန္ဓာကြောင့် ဖြစ်နိုင်သည်။
နောက်ဆုံးတွင်၊ ဤတာအိုခန္ဓာက အလွန်ထူးခြားသည်။ ၎င်းက မိုးနှင့်မြေ၏ ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူပြီး သန့်စင်နိုင်ပေသည်။
ဒဏ္ဍာရီလာ အင်မော်တယ်စွမ်းအင် သို့မဟုတ် အင်မော်တယ်ပစ္စည်းများကိုပင် လွယ်ကူစွာ သန့်ပစ်နိုင်သည်။
ထို့ပြင်၊ ၎င်းက ထိပ်တန်းအဆင့် အဖော်ခန္ဓာလည်း ဖြစ်သေးသည်။
အကယ်၍ ထိုခန္ဓာပိုင်ရှင်နှင့် တူနှစ်ကိုယ် လေ့ကျင့်ပါက၊ အကျိုးသက်ရောက်မှုမှာ ကမ္ဘာ့နံပါတ်တစ် မီးပြင်းဖိုခန္ဓာဖြစ်သော ထိုက်ယင်မြင့်မြတ်ခန္ဓာထက် များစွာအားနည်းမည် မဟုတ်ပေ။
ယခုဆိုလျှင်၊ ကျန်းလော့လီက သူ၏ ခန္ဓာအတွက် ပိုမိုအထောက်အကူဖြစ်စေသော ရှေးဦးဝိညာဉ်ကမ္ဘာကိုလည်း ရရှိထားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဝမ့်ယန်က ဤမျှ လေးနက်နေခြင်းပင်။
သူက မိန်းမလှလေးကြောင့် အလွယ်တကူ မျက်စိကွယ်သွားမည့်သူ မဟုတ်သည်မှာ သေချာသည်။
"ဝမ့်ယန်က တကယ်ကို အကြံအစည်ကောင်းတယ်။ သူသာ ဒီမိန်းကလေးနဲ့ အတူလေ့ကျင့်နိုင်ရင် သူ့ရဲ့ အာဒိကပ္ပ ခရမ်းရောင်ချီ မျိုးစေ့က အသွင်ပြောင်းသွားမှာ သေချာတယ်"
မိစ္ဆာဘုရင်က ပြောလိုက်သည်။
ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့ကတော့ ထိုအချက်ကို သိပ်ပြီး ဂရုမစိုက်ပေ။
ကျွင်းရှောင်ယောက်ကို ထိခိုက်စေသရွေ့ ဘာပဲဖြစ်ဖြစ် ကျေနပ်သည်။
ဤအချိန်တွင်။
ပျင်းရိပျင်းတွဲဖြင့် ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ညီမလေး လော့လီ၊ နောက်ဆုံးတော့ မင်း ပေါ်လာပြီ"
"မင်းက အရမ်းခေါင်းမာပြီး ဝမ့်ယန်ရဲ့ အကူအညီကို ငြင်းဆန်လိမ့်မယ်လို့ ငါထင်နေခဲ့တာ"
စကားသံအဆုံးတွင်၊ ချစ်စရာကောင်းပြီး အလွန်အမင်း ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက အနီရောင်ပန်းပွင့်မိုးထဲမှ လမ်းလျှောက်လာခဲ့သည်။
ထိုအမျိုးသမီးက ချုံးရှောင်းမျိုးရိုးမှ နတ်သမီး လျိုချုံးယန်မှတပါး အခြား မဟုတ်ပေ။
သူ၏ မီးတောက်မီးလျှံကဲ့သို့ အနီရောင်ဆံပင်များကို ပခုံးပေါ်တွင် ပေါ့ပါးစွာ ပတ်တင်ထားသဖြင့် ပျင်းရိသော အငွေ့အသက်တို့ကို ခံစားရစေသည်။
သူ့အသားအရေက ဖြူဥပြီး ပတ္တမြားသဖွယ် အနီရဲရဲ နှုတ်ခမ်းအစုံတို့ကလည်း အထူးဆွဲဆောင်မှု ရှိစေပါသည်။
ခါးသေး၍ ပြည့်တင်းသော ရင်၊ စွင့်ကားသော တင်တို့ကလည်း ဆွဲဆောင်မှုရှိလွန်း၏။
ထိုမှတဖန် အနီရောင် စကတ်အောက်မှ သွယ်လျသော ခြေတံအစုံကို မြင်ရသည်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းပေသည်။
ပါရမီရှင်များစွာက သူမ၏ ခြေရင်း၌ ဝတ်ဆင်းရသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
လျိုချုံးယန် ပေါ်လာတာကို မြင်သောအခါ ကျန်းလော့လီက နှာခေါင်းရှုံ့လိုက်သည်။
ရှန်းလင်ကို ရောက်ရှိလာကတည်းက လျိုချုံးယန်သည် သူ့ကို ခက်ခဲအောင် ပစ်မှတ်ထားပြီး လုပ်ဆောင်နေခဲ့သည်။
ယွင်ထျန်းမေနှင့် ဒေါ်လေးရွယ်တို့၏ ကာကွယ်ပေးမှုကြောင့်သာမဟုတ်လျှင် လျိုချုံးယန်၏ အနိုင်ကျင့်မှုကို ခံရမည်မှာ အသေအချာပင်။
ထို့ပြင် လျိုချုံးယန်က အလှပန်းအိုတစ်ခုမျှသာ မဟုတ်ပါ။
ချုံးရှောင်းမျိုးရိုးမှ နတ်သမီးတစ်ပါးအနေဖြင့် သူသည် ကောင်းကင်နဂါးနှင့် ဖီးနစ်စာရင်းတွင် အဆင့်သတ်မှတ်ခံရသည်။
သူမ၏ အသွင်အပြင်နှင့် ခွန်အားက ထပ်တူညီသည်ဟု ဆိုနိုင်သည်။
သို့ဖြစ်ပေရာ၊ သူ့ကို စိတ်ဝင်စားသူများ အများအပြား ရှိနေတာက မဆန်းပေ။
"ရှင့်အကြောင်းလား"
ကျန်းလော့လီက လက်ပိုက်ပြီး မေးစေ့ကို အနည်းငယ်မော့ကာ မေးလိုက်သည်။
ကျွင်းရှောင်ယောက်က လာမည်ဆိုတာ သေချာသည်ဟု သူ ယုံကြည်သော်လည်း ရှင်းပြရန် စိတ်ကူးမရှိပေ။
ဒါကိုပင် လျိုချုံးယန်က တစ်မျိုးမြင်နေခဲ့သည်။
"မဟုတ်ပါဘူး၊ သက်ပြင်းတစ်ချက် ချမိရုံပဲ"
"အရင်က ညီမလေးလော့လီဟာ သစ္စာရှိပြီး ဖြူစင်တဲ့ ပုံရိပ်မျိုးကို ယူဆောင်ထားပေမဲ့ နောက်ဆုံးမှာတော့ ဝမ့်ယန်ရဲ့ အကူအညီကို လက်ခံခဲ့ရသေးတယ်"
လျိုချုံးယန်က ခေါင်းယမ်းလိုက်သည်။
ကျန်းလော့လီက ဝမ့်ယန်၏ အကူအညီကို လက်မခံစေလိုပေ။
ဝမ့်ယန်က ကောင်းကင်ကိုးပါးတွင် အလွန်ကျော်ကြားသည်။
လတ်တလောတွင်၊ သူက ကောင်းကင် နဂါးနှင့်ဖီးနစ်စာရင်းတွင် အဆင့် တစ်ဆယ်သာ ဖြစ်သည်။
သို့သော်လည်း ဝမ့်ယန်က ဤစာရင်းတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိဘူးဟု ကောလဟာလများ ရှိ၏။
ဧကရာဇ်ကြွေလွင့်တောင်မှ အကျော်အမော်က ဝမ့်ယန်ကို စမ်းသပ်မှုမပြုခဲ့လျှင် သူက စာရင်းတွင် ပါဝင်ရန် ရည်ရွယ်ချက်ပင် ရှိမည်မဟုတ်ပေ။
သို့သော်လည်း ဝမ့်ယန်က ကောင်းကင် နဂါးနှင့်ဖီးနစ်စာရင်းတွင် ထိပ်တန်းတစ်ဆယ်အတွင်း အလွယ်တကူ ဝင်ရောက်လာခဲ့သည်။
သူ့ကိုယ်ပိုင် အစွမ်းအစက လုံးဝ မရိုးရှင်းကြောင်း ထင်ရှားပေသည်။
ဝမ့်ယန်သာ ကျန်းလော့လီကို ကူညီချင်လျှင် လျိုချုံးယန်က အလေးအနက်ထားရမည် ဖြစ်သည်။
"ဟမ့်၊ ကျွန်မကို ကူညီဖို့ ဝမ့်ယန်ကို အကူအညီတောင်းနေလို့လား"
ကျန်းလော့လီက အေးစက်စွာ ပြောလိုက်သည်။
"အို၊ ဒါဆိုရင် ညီမလေး လော့လီရဲ့ ချစ်သူဟောင်းဖြစ်တဲ့ အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် လာကူညီမှာ ဖြစ်နိုင်မလား"
"သူက ကောင်းကင်ကိုးပါးအထက်မှာ မင်းကို ကူညီနိုင်မလားဆိုတာ မပြောနဲ့ဦး"
"အထက်ကောင်းကင်ကိုးပါးကို လာဝံ့သလားလို့ပဲ သူ့ကို မေးကြည့်ပါဦး။ ဒီနေရာမှာတင် သူ့ကို အလိုမကျသူက မနည်းဘူး"
လျိုချုံးယန်က ကျွင်းရှောင်ယောက်ကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ကျွင်းရှောင်ယောက် မည်မျှ သန်မာသည်ကို မသိပေ။
သို့သော်လည်း သူ့အမြင်အရ အင်မော်တယ်နယ်မြေကြီး၏ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်လျှင်ပင် ကောင်းကင်ကိုးပါးသို့ ရောက်ရှိပါက နှိမ့်ချနေရမည် ဖြစ်သည်။
"နင်..."
ကျန်းလော့လီ၏ လှပသော မျက်လုံးများက အေးစက်စက် အလင်းရောင်များ တောက်ပလာသည်။
သူ့ကို ခက်ခဲအောင် ပြုလုပ်ခဲ့တာက သည်းခံနိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကိုတော့ မည်သူမျှ နှိမ့်ချခွင့်မပြုနိုင်ပေ။
သူ့ယောက်ျားက ကမ္ဘာပေါ်မှာ အသန်မာဆုံးလူ ဖြစ်သည်။
ကျန်းလော့လီ၏ အေးစက်လာသော အမူအရာကို မြင်သောအခါ လျိုချုံးယန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ဘာလဲ၊ မယုံဘူးလား။ ဒါက အမှန်တရားဆိုတာကို လက်ခံလိုက်စမ်းပါ။ ငါ့မှာ မဟာမိတ်တွေ အများကြီးရှိတယ်"
"သားရဲဂူရဲ့ ဘုရင်လေးပါးထဲမှာ နှစ်ယောက်က ငါ့ကိုကူညီဖို့ ဆန္ဒရှိနေတယ်"
"အစ်ကိုဟွမ်နဲ့ အစ်ကိုရှစ်လည်းရှိသေးတယ်"
လျိုချုံးယန်က ထိုသို့ပြောဆိုပြီး မိစ္ဆာဘုရင်နှင့် အခြားသူများကို ကြည့်လိုက်သည်။
သို့သော်လည်း မိစ္ဆာဘုရင်၊ ဟွမ်နျဲ့တောက်နှင့် ကျောက်ဧကရာဇ်လေးတို့သာ ရှိသေးသည်။
လျိုချုံးယန်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ရှားဘုရင် မရောက်သေးဘူးလား"
"အင်း၊ သူက အကြောင်းတစ်ခုခုကြောင့် နောက်ကျနေတာဖြစ်မယ်။ ဒါပေမဲ့ ဒီကို သူရောက်လာရင်တောင် အချိုပေါ်ကို သကာလောင်းရုံပါပဲ"
မိစ္ဆာဘုရင်က ကျန်းလော့လီကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
ကျန်းလော့လီ၏ မျက်နှာက သိပ်မကောင်းပေ။
လျိုချုံးယန်ကို သူ မနှစ်သက်သော်လည်း... သူက အမှန်ပင် လူမှုဆက်ဆံရေးကောင်းသူဖြစ်သည်။
အစွမ်းထက် ပါရမီရှင်များစွာကို သိမ်းသွင်းနိုင်စွမ်း ရှိ၏။
မိစ္ဆာဘုရင်နှင့် ရှားဘုရင်တို့က ကောင်းကင် နဂါးနှင့်ဖီးနစ်စာရင်းတွင် ထိပ်တန်း ဆယ့်ငါးဦးအတွင်း စာရင်းဝင်သော ပါရမီရှင်များ ဖြစ်ကြသည်။
သို့သော်လည်း ကျန်းလော့လီက စိတ်ဓာတ်မကျပါ။
ကျွင်းရှောင်ယောက် ရောက်လာသည်နှင့် အရာအားလုံးကို ဖြေရှင်းနိုင်မည်ဟု သူယုံသည်။
ဤအခိုက်အတန့်တွင် လေထုသည် အနည်းငယ် ငြိမ်သက်နေပေသည်။
နတ်သမီးအဆင့် တည်ရှိမှုနှစ်ခုက အချင်းချင်း ပြိုင်ဆိုင်နေကြသည်။
ပတ်ဝန်းကျင်ရှိ ပါရမီရှင်များလည်း တိတ်တဆိတ် စောင့်ကြည့်နေကြလေသည်။
"ရှန်းလင်ရဲ့ မျိုးရိုးသုံးခုကြား ပဋိပက္ခဟာ အရမ်းနက်ရှိုင်းလာပုံရတယ်"
"နောက်ဆုံးမှာတော့ ဟွင်းယွမ်ကျင်းသိုကို ရယူနိုင်သူက စကားပြောနိုင်မှာပါပဲ"
"ဒါပေမဲ့ နတ်သမီးလျိုချုံးယန်မှာ အကူအညီက အများလွန်းတယ်။ သားရဲဂူရဲ့ ဘုရင်လေးပါးထဲက နှစ်ယောက်ကတောင် သူ့ကို ကူညီဖို့ ဆန္ဒရှိနေတယ်"
"တစ်ဖက်မှာတော့ ကျန်းလော့လီက ဝမ့်ယန်ကို ထပ်ပြီးငြင်းဆိုခဲ့မယ်ဆိုရင် ဟွင်းယွမ်ကျင်းသိုကို သူရနိုင်တော့မှာ မဟုတ်ဘူး"
လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
ထိုစဉ်...
ကောင်းကင်ယံမှာ ခရမ်းရောင် တိမ်တိုက်များ ပြည့်လာသည်။
ခရမ်းရောင် နဂါးငွေ့တန်းကဲ့သို့ ခရမ်းရောင်လေများကို ကြည့်လိုက်ရင်း လူတိုင်း အံ့ဩသွား၏။
မိစ္ဆာဘုရင်(ရှုံးဝမ်)၏ မျက်လုံးများမှာလည်း လေးနက်မှု အရိပ်အယောင်တစ်ခု ရှိနေတော့သည်။
“ညီနောင်၊ အဲဒါက...”
ဟွမ်နျဲ့တောက်က မေးသည်။
"သူ ရောက်လာပြီ"
ရှုံးဝမ်က လေးနက်သော အမူအရာဖြင့် ပြော၏။
လူတိုင်း၏ အာရုံစူးစိုက်မှုအောက်တွင်...
ခရမ်းရောင် နေတစ်စင်း ပေါ်လာသည်။
ခရမ်းရောင်နေအတွင်းမှာတော့ ထူးခြားသော အရှိန်အဝါဖြင့် မိုးနှင့်မြေကို ကြီးစိုးထားပုံရသည့် ပုံရိပ်တစ်ခု ရှိ၏။
ထိုပုံရိပ်က ပိန်ပိန်ပါးပါး ဖြစ်သည်။
သို့သော်လည်း သူက ကမ္ဘာ၏အဆုံးတွင်ရပ်နေသကဲ့သို့ သူ၏မျက်နှာကို မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။
"ဝမ့်ယန်"
လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ရောက်လာသူမှာ၊ ဧကရာဇ်ကြွေလွင့်တောင်၏ သခင်လေး ဝမ့်ယန်မှတပါး အခြားသူ မဖြစ်နိုင်တော့ပေ။