အခန်း ၁၂၇၈
Vol. 86 Ch. 1278
အခန်း ( ၁၂၇၈ ) မမျှော်လင့်ထားသောပုံရိပ်။
မြင့်မြတ်သောတောင် အခွင့်အလမ်းက ဤနည်းဖြင့် ပြီးဆုံးသွားမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
မြင့်မြတ်သောတောင် တစ်ခုလုံးကလည်း အမှန်တကယ်ပင် ဓမ္မခန္ဓာတစ်ခု ဖြစ်နေသည်။
ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်၏ အာရုံကို မည်သူမျှ မဆွဲဆောင်ဝံ့တော့ပေ။
အခြားသော ပါရမီရှင်များက ကျွင်းရှောင်ယောက်ကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။
ပထမဆုံး သူသည် ရှင်းယွီရှန်း၊ လုံရွှမ်ယီ၊ ယုဟွေ့နှင့် အခြားသူများကို ချေမှုန်းခဲ့သည်။
ထို့နောက် ရှေးခေတ် အင်မော်တယ်ခုံရုံး၏ သူတော်စင်သားတော်များအား တိုက်ခိုက်၏။
နောက်ပိုင်းတွင် သူက အလောင်းကောင်ဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ပေသည်။
အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူက တိုက်ပွဲတစ်ခုတွင် အမှန်တကယ် ထင်ရှားခဲ့ပြီဟု ဆိုနိုင်သည်။
သူသွားလေရာတွင် လူတိုင်းက မျှော်ကြည့်ရလိမ့်မည်။
"အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူက တကယ်ကို ကြမ်းတာပဲ"
"အမှန်ပဲ၊ မေ့ပျောက်ခြင်းမြေ ပြီးဆုံးသွားပြီး သတင်းတွေ ပြန့်နှံ့သွားတဲ့အခါကျရင် ဒါက ကမ္ဘာအရပ်ရပ်ကို ဆွဲဆောင်နိုင်လိမ့်မယ်"
"ငါတကယ်သိချင်မိတယ်၊ ဒီအဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူက ဘယ်သူလဲ"
"ဒါနဲ့ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို တိုက်ခိုက်နိုင်လောက်မလား"
"တစ်ဦးက အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူ၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ"
"နောက်တစ်ဦးကျတော့ ကစဉ့်ကလျားခန္ဓာနဲ့ ဆင်တူတဲ့ ကစဉ့်ကလျားမိုးပြာရောင်ကြာပန်းခန္ဓာရှိတယ်။ သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဖြစ်ပြီး မျိုးဆက်တူမှာ တစ်ခါမှ မရှုံးနိမ့်ဖူးဘူး"
"သူတို့ နှစ်ယောက် တိုက်ခိုက်မယ်ဆိုရင် ရလဒ်က တကယ်ကို ခန့်မှန်းလို့ မရဘူး"
လူများစွာက စတင်ပြောဆိုလာကြသည်။
သို့ရာတွင်၊ သူတို့ နှိုင်းယှဉ်ကြည့်နေသော မကောင်းဆိုးရွားနှစ်ကောင်က အတူတူပဲဆိုတာကို မသိခဲ့ကြပေ။
"သွားကြရအောင်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ကောင်းပြီ"
လုဖူးကွေ့က မျက်နှာပေါ်ရှိ အဆီများ တွန့်လိပ်သွားသည်အထိ ပြုံးလိုက်လေသည်။
ဤမျှထူထဲသောပေါင်လုံးကြီးကို အဘယ်ကြောင့် လက်လွတ်ခံရမည်နည်း။
အနည်းဆုံးတော့ မေ့ပျောက်ခြင်းမြေတွင် သူတို့ကို ရန်စဝံ့သူ ရှိတော့မည် မဟုတ်ပေ။
မော့ယန်းယု၏ မျက်နှာမှာလည်း ကြည်ညိုလေးစားမှုတို့ ပြည့်နေသည်။
မေ့ပျောက်ခြင်းမြေတွင်၊ လင်ယွမ်မှလွဲ၍ သူသည် ကျွင်းရှောင်ယောက်၏ အထောက်အထားအမှန်ကို သိရှိထားသော တစ်ဦးတည်းသောသူ ဖြစ်သည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက သူမရဲ့ အသိအမြင်ကို တစ်ဖန် ပြန်လည်ဆန်းသစ်စေခဲ့ပေသည်။
အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူ၊ လွမ်ကုဧကရာဇ်၏ ဆက်ခံသူ၊ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်၊ ကျန်းမိသားစု၏ သခင်လေး၊ ကျွင်းဧကရာဇ်ခုံရုံး၏ သခင်...
ဤထင်ရှားသော အထောက်အထားတစ်ခုစီက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။
ယခုတော့ အရာအားလုံးက လူတစ်ယောက်တည်းမှာ ရှိနေပြီ။
မော့ယန်းယုက သူမ၏ လေးစားမှုကို ဖော်ပြရန်ပင် မစွမ်းနိုင်တော့ပေ။
ယခုအခါ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ဒါက ကျွင်းရှောင်ယောက်၏နောက်ကို မတွန့်ဆုတ်ဘဲ လိုက်ပါရန်ပင်။
ထို့ပြင် ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်များစွာလည်း ရှိသည်။
"ဒါက တစ်ကယ့်ကို အစွမ်းထက်လွန်းတယ်..."
ယခင်က ကျွင်းရှောင်ယောက်ကို အနည်းငယ် အလိုမကျခဲ့သော ချီယုပင်လျှင် ယခုအခါ လေးစားမှုတို့ ပြည့်နေတော့သည်။
"ချီယိုနတ်ဆိုးဧကရာဇ်က သူ့ကို အသိအမှတ်ပြုခဲ့တာ အံ့သြစရာ မရှိပါဘူး။ ဒါက ကံကြမ္မာကို ပြောင်းလဲဖို့ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်"
ချီလုံ၏ မျက်လုံးများမှာလည်း တောက်ပနေခဲ့သည်။
ချီယိုအင်မော်တယ်မျိုးရိုးက ဤအခွင့်အရေးကို ဆုပ်ကိုင်သင့်သည်ဟု သူမ ခံစားမိခဲ့ပေသည်။
.............
မြင့်မြတ်သောတောင်မှ အဖြစ်အပျက်များ ပြီးဆုံးပြီးနောက်...
ကျွင်းရှောင်ယောက်က အခြားသူများကို ဦးဆောင်ကာ နတ်နယ်မြေ၏ နက်နဲရာသို့ ဆက်လက်ဝင်ရောက်ခဲ့သည်။
ယခုအခါ ပျက်စီးခြင်းဧကရာဇ်၏ သဲလွန်စများကို ဖြေရှင်းပြီးပြီ။
ကျွင်းရှောင်ယောက်လည်း အကျိုးအမြတ်များစွာ ရခဲ့သည်။
ဤရိတ်သိမ်းမှုသည် သူ့အတွက်၊ ဝူဟူအတွက်နှင့် မြင့်မြတ်ခန္ဓာမျိုးရိုး တစ်ခုလုံးအတွက် အလွန်အရေးကြီး၏။
နောက်တစ်ခုကျန်တာကတော့ လက်မှတ်ထိုးဝင်ရန်ပင်။
ကျွင်းရှောင်ယောက်က မေ့ပျောက်ခြင်းမြေ၏ အလယ်ဗဟိုသို့ နက်ရှိုင်းစွာ ဝင်ရောက်ရန် စီစဉ်ထားခဲ့သည်။
လမ်းတစ်လျှောက်မှာ ရတနာများစွာကို သဘာဝအတိုင်း တွေ့ရှိခဲ့သော်လည်း...
ကျွင်းရှောင်ယောက်က စိတ်မဝင်စားဘဲ လုဖူးကွေ့၊ မော့ယန်းယုနင့် ချီယိုအင်မော်တယ်မျိုးရိုးမှ အခြားသူများကို ပေးခဲ့သည်။
ကျွင်းရှောင်ယောက်၏နောက်ကို လိုက်ပါသူအားလုံးက ရိတ်သိမ်းမှုများစွာ ရရှိခဲ့ပေသည်။
သဘာဝအတိုင်း သူတို့ဟာ ကျွင်းရှောင်ယောက်ကို ပို၍ လေးစားလာခဲ့ကြသည်။
တစ်ဖက်တွင်...
မြင့်မြတ်သောတောင်မှ လွတ်မြောက်ခဲ့သော ရှေးခေတ်အင်မော်တယ်ခုံရုံး၏ သူတော်စင်သားတော်များ ရှိနေသည်။
သူတို့အားလုံးက ယင်ကောင်များကို စားမိထားသကဲ့သို့ မျက်နှာများ သုန်မှုနေ၏။
သူတို့၏ မြင့်မြတ်သော အဆင့်အတန်းကို ထည့်မတွက်လျှင်ပင်...
အနည်းဆုံးတော့ သူတို့၏ ရွယ်တူများကြားတွင် ကြယ်ပွင့်ကဲ့သို့ တည်ရှိမှုများ ဖြစ်သည်။
ယခုတော့ သူတို့ မွေးဖွားလာသည်နှင့် ဤကဲ့သို့ ရလဒ်မျိုးကို ရရှိခဲ့ကြသည်။
လူတစ်ယောက်ပင်လျှင် သေဆုံးသွား၏။
ယင်းက သူတော်စင်သားတော်များကို စိတ်ဓာတ်ကျစေသည်။
"အခု ငါတို့ အခု ဘာဆက်လုပ်သင့်လဲ၊ ဘယ်ကို သွားကြမလဲ"
သူတော်စင်သားတော်မင်ရှင်းက မေးလိုက်သည်။
မဟာနေမင်း သူတော်စင်သားတော်နှင့် တောက်ပသောလ သူတော်စင်သားတော်တို့ နှစ်ယောက်စလုံး တိတ်ဆိတ်နေ၏။
ခဏကြာမှ၊ မဟာနေမင်း သူတော်စင်သားတော်က ပြောလိုက်သည်။
"မင်းသမီး အိပ်စက်နေတဲ့ မေ့ပျောက်ခြင်းမြေရဲ့ နက်နဲရာကို သွားကြရအောင်"
"ဒီရွှေခေတ်မှာ ငါတို့ရဲ့တာဝန်က အိပ်စက်နေတဲ့ မင်းသမီးကို ကူညီဖို့ဆိုတာကို မမေ့ကြနဲ့"
မဟာနေမင်းသူတော်စင်သားတော်၏ စကားများ ပျံ့နှံ့သွားပါက လူတိုင်းကို ထိတ်လန့်စေလိမ့်မည်။
ထူးထူးခြားခြား အဆင့်အတန်းရှိသော သူတော်စင်အဆင့် ပုဂ္ဂိုလ်များ အခြားသူများကို ကူညီရန်အတွက် ဤနေရာတွင် တံဆိပ်ခတ်ခဲ့ကြခြင်း ဖြစ်နေသည်။
"ဒါပေမဲ့၊ မင်းသမီးလေးရဲ့ ခန္ဓာက..."
ထျန်းရှင်းသူတော်စင်သားတော်က တုံ့ဆိုင်းသွားသည်။
"စိတ်မပူပါနဲ့၊ ဧကရာဇ်အရှင်က အရန်အစီအစဉ်ကို ချန်ထားခဲ့လိမ့်မယ်။ နောက်ဆုံးမှာတော့ သူက ငါတို့ ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံး မင်းသမီးပဲ"
သူတော်စင်များစွာက အနည်းငယ် ခေါင်းညိတ်လိုက်ကြလေသည်။
"တကယ်သာ အောင်မြင်ခဲ့ရင် မင်းသမီးလေးရဲ့ ခွန်အားနဲ့ မြင့်မြတ်ခန္ဓာတာအိုသန္ဓေကို ယှဉ်ပြိုင်ဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး"
တောက်ပသောလ သူတော်စင်သားတော်က ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါတို့ ဒီအကြွေးကို မှတ်ထားမယ်"
မဟာနေမင်း သူတော်စင်သားတော်၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်များ လင်းလက်လာခဲ့သည်။
နတ်အမွေခံနယ်မြေက အလွန်ကျယ်ပြောသည်။
သို့သော်လည်း လူတိုင်းက နက်နက်နဲနဲ မသွားနိုင်ကြပေ။
နတ်နယ်မြေတွင် အမျိုးမျိုးသော ယန္တရားများ၊ ထောင်ချောက်များ၊ အကြွင်းအကျန်များ စသည်တို့ ရှိသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ကျွင်းရှောင်ယောက်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ယခုအခါတွင် သွေးရောင် ယင်ဟော်နတ်ဆိုးကြယ်က ပို၍ တောက်ပလာပုံရ၏။
ကျွင်းရှောင်ယောက်က မေ့ပျောက်ခြင်းမြေ၏ အဆုံးမှာ များစွာ မဝေးတော့ဘူးဟု ခံစားလိုက်ရသည်။
ထို့ပြင်၊ အရေးကြီးဆုံးအချက်က...
ကျွင်းရှောင်ယောက်သည် နတ်နယ်မြေ၏ နက်နဲရာအရပ်မှ ယင်ဟော်နတ်ဆိုးကြယ်၏ ပြောင်းလဲမှုများကို ခံစားရသည်။
ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအား ဖိအားလှိုင်းကြီးတစ်ခု ဖြစ်ပေါ်နေ၏။
ကျွင်းရှောင်ယောက်ကဲ့သို့ ထိပ်တန်း ပါရမီရှင်အချို့မှလွဲ၍ အခြားပါရမီရှင်များအတွက် အနက်ရှိုင်းဆုံးအထိ ထိုးဖောက်နိုင်ရန် ခက်ခဲသည်။
"သခင်လေး၊ ကျွန်မတို့ကတော့ ဒီထက်ပိုပြီး နက်နက်နဲနဲသွားဖို့ မလွယ်တော့ပါဘူး။ သခင်လေးတစ်ယောက်တည်းပဲ သွားပါတော့"
မော့ယန်းယုက ပြောလိုက်သည်။
"ဟုတ်ပါတယ် အကြီးအကဲ၊ ကျွန်မတို့အတွက် လုံလောက်ပါပြီ"
ချီလုံနှင့် အခြားသူများလည်း ပြောကြ၏။
သူတို့က အလွန်ပါးနပ်ပြီး ကျွင်းရှောင်ယောက်ကို အနှောင့်အယှက်မပေးလိုပေ။
သူတို့အတွက် ရိတ်သိမ်းမှုများက လုံလောက်နေပြီ ဖြစ်သည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
အတွင်းပိုင်း အခြေအနေများကလည်း သူတို့ကို ဆက်ခေါ်သွားရန် မသင့်တော်ပေ။
ကျွင်းရှောင်ယောက်လည်း တစ်ယောက်တည်း ခရီးဆက်ခဲ့သည်။
အခြားသူများကတော့ ဤနယ်ပယ်တွင်သာ အခြားအခွင့်အရေးများကို ရှာဖွေနေကြတော့သည်။
တခြားနေရာက ပါရမီရှင်များမှာလည်း အလားတူ ဖြစ်သည်။
စမ်းကြည့်ချင်သေးသော ပါရမီရှင် အနည်းငယ်မှလွဲ၍ လူတိုင်းက ၎င်းတို့၏ အကန့်အသတ်အတွင်းမှာပင် အခွင့်အလမ်းများကို ရှာဖွေနေကြတော့သည်။
အချိန်များ ကုန်လွန်လာခဲ့သည်။
ကျွင်းရှောင်ယောက်လည်း နတ်နယ်မြေ၏ အတွင်းကျကျကို ရောက်ရှိလာခဲ့ပြီ။
၎င်းသည် မေ့ပျောက်ခြင်းမြေ၏ အနက်ရှိုင်းဆုံးအပိုင်းနှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။
သို့သော်လည်း စနစ်ထံမှ လက်မှတ်ထိုးဝင်ရန် သတိပေးချက် မရှိသေးပါ။
'ဘယ်လိုဖြစ်တာလဲ'
ကျွင်းရှောင်ယောက်က သံသယဖြစ်နေစဉ် အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
လှိုင်းပုတ်သံများ ဖြစ်၏။
ကျွင်းရှောင်ယောက်လည်း အသံကြားရာသို့ ဆက်လျှောက်သွားတော့သည်။
များမကြာမီ၊ သူက နတ်နယ်မြေ၏ လေဝဲကျွန်းများဒေသမှ ထွက်ခွာသွားခဲ့သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် ဖြူဖွေးနေသော ရေပြင်ကျယ်ကြီး ရှိ၏။
အဆုံးမရှိသော ပင်လယ်ကြီး ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဤပင်လယ်၏ ကမ်းခြေတွင် ရပ်နေခြင်းပင်။
ဤအခိုက်တွင်၊ ပင်လယ်ပြင်၏ ဝေးကွာသောအရပ်မှ မီးပုံးများလင်းလာသည်။ ထို့နောက် နတ်ပြည်ကဲ့သို့ နန်းတော်နှင့် ဘုံဗိမာန်များ ပေါ်ပေါက်လာ၏။
"အဲဒါက... ရှေးဟောင်း အင်မော်တယ်ခုံရုံးရဲ့ အပျက်အယွင်းလား"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက် ပင်လယ်ကို ဖြတ်သွားပြီး စူးစမ်းရန် ခြေလှမ်းလိုက်၏။
သို့သော်လည်း သူထွက်သွားပြီးနောက် မူလက သူရပ်နေသောနေရာကို ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
"ဒါက ပုံရိပ်ယောင်အစီရင်လား ဒါမှမဟုတ် အခြားတစ်ခုခုပဲလား"
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ပြီး ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။
သို့သော်၊ သဲလွန်စမရှိသေးပေ။
"ဒီလိုဆိုရင် ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ်။ ငါ့ရဲ့ ခန့်မှန်းချက်က မမှားဘူးဆိုရင် ဒီမေ့ပျောက်ခြင်းမြေရဲ့ တည်ရှိမှုက ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို ကျော်လွန်သွားလို့ပဲ"
တစ်နည်းဆိုရသော်၊ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ထက် ကျော်လွန်သော စွမ်းအားကသာ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ကို ရှုပ်ထွေးစေနိုင်သည်။
ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်အထက်တွင် ဗလာနယ်ကပ်ဘေးအဆင့် ရှေးဦးဝိညာဉ် ရှိ၏။
သို့သော်လည်း ယင်းက သာမန်လူများ အောင်မြင်နိုင်သောအရာ မဟုတ်ပေ။
အချို့သော ဧကရာဇ်တစ်ပိုင်းနှင့် ဧကရာဇ်ကြီးများပင်လျှင် ဗလာနယ်ကပ်ဘေးအဆင့်သို့ မရောက်နိုင်ပါ။
ကျွင်းရှောင်ယောက်က တွေးနေချိန်တွင်...
အဝေးက ပင်လယ်ပြင်တွင် လှိုင်းထလာပြီး ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
"ဒါက... မင်းပဲ"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်လေသည်။