← Chapters

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း ၁၂၈၂

Vol. 86 Ch. 1282

အခန်း ( ၁၂၈၂ ) တိဟောက်ထျန်း၏ အကြံအစည်ကို ဖျက်ဆီးရန်။

နွေးထွေးပြီး ကြည်လင်သော ကဗျာရွတ်ဖတ်သံက နေရာအနှံ့ ပျံ့လွင့်နေသည်။

ထိုအသံကို ကြားရသောအခါ ယွမ်ချယ်က သူ့ရင်ထဲမှာ တုန်လှုပ်သွားသလို ခံစားလိုက်ရလေသည်။

"အိပ်တစ်ဝက်... မူးတစ်ဝက်နဲ့၊ ပန်းတွေကြွေကျလာပြီး ပန်းတွေ ပွင့်လန်းလာ..."

"တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့တယ်"

ယွမ်ချယ်က ဤစာကြောင်းကို ရွတ်ဖတ်ရင်း မက်မွန်တောထဲသို့ လှမ်းကြည့်လိုက်သည်။

သူ မြင်ရချေပြီ။

မက်မွန်တောအတွင်း၌ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးက မက်မွန်ပင်တစ်ပင်ကို မှီ၍ ထိုင်နေသည်။

သူ့ရှေ့တွင် စစ်တုရင်ကစားကွက်တစ်ခုနှင့် အရက်တစ်အိုးရှိပြီး အရက်တစ်ခွက်ကိုလည်း လက်ထဲတွင် ကိုင်ထား၏။

မက်မွန်ပွင့်ဖတ်များက သူ့ပခုံးပေါ်သို့ ကြွေကျလာသော်လည်း သူက ဖယ်ရှားခြင်းမပြုပေ။

ဒါက တကယ်ကို စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်သည်။

ယွမ်ချယ်လည်း တိတ်တဆိတ် ပုန်းအောင်းရင်း ဤမြင်ကွင်းကို ကြည့်နေခဲ့လေသည်။

အမှန်အတိုင်းပြောရလျှင် သူက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ မင်းသမီး ဖြစ်သည်။

သို့သော်လည်း ငယ်စဉ်ကတည်းက ချုံးဟွားနန်းတော်တွင် နေခဲ့ရသောကြောင့် အပြင်လောကကို မတွေ့ခဲ့ရပေ။

သို့သော်လည်း သူမ၏ အသိအမြင်က နိမ့်ကျတာတော့ မဟုတ်ပါ။

သူမ၏ဖခင်မှာ တုန်ဟွဧကရာဇ် ဖြစ်သည်။

တိဟောက်ထျန်းကလည်း ထူးချွန်သော လူငယ်တစ်ဦး ဖြစ်၏။

သို့သော်လည်း ယခုအချိန်တွင် မက်မွန်ပင်အောက်မှာ စိတ်လက်ပေါ့ပါးစွာ ထိုင်နေသော လူငယ်လေးကိုကြည့်ရင်း ငေးမောနေခဲ့မိသည်။

သူက ဘယ်လိုလူမျိုးလဲ။

ယွမ်ချယ်က အလွန်သိချင်မိလေသည်။

သို့သော်လည်း တိဟောက်ထျန်း၏ သတိပေးချက်ကို သတိရလာပြန်သည်။

သူက မည်သူနှင့်မျှ ဆက်သွယ်ခြင်း မပြုရပေ။

ယွမ်ချယ်က သူ့စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူက နေရာမှ ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း တုံ့ဆိုင်းနေ၏။

'ဒါက ကံကြမ္မာလို့ခေါ်တာလား'

ယွမ်ချယ်က မနေနိုင်ဘဲ တွေးလိုက်မိသည်။

သို့သော်လည်း ထိုအခိုက်တွင် ဝတ်စုံဖြူဝတ် လူငယ်လေးက အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"မိတ်ဆွေ၊ မင်း ဒီ‌ကိုရောက်လာမှတော့ ဘာဖြစ်လို့ ထွက်လာမတွေ့ရတာလဲ"

ယွမ်ချယ်က တုန်လှုပ်သွားပြီး ချက်ချင်း ထွက်သွားရန် တွေးလိုက်လေသည်။

သို့သော်လည်း ခန္ဓာကိုယ်က အလွန်ရိုးသားပြီး ဝတ်စုံဖြူဝတ် လူငယ်ဆီသို့ လျှောက်သွားသည်။

"ဒီ... ဒီကဗျာရဲ့နာမည်က ဘာတဲ့လဲ"

ယွမ်ချယ်မှာ လူစိမ်းတစ်ယောက်နှင့် တွေ့ဆုံခဲသောကြောင့် စကားပြောရာတွင် အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်နေသည်။

"မက်မွန်တောက အမတရဲ့ သံစဉ်"

ဝတ်စုံဖြူဝတ် လူငယ်လေးက နူးညံ့စွာ ပြုံးပြလေသည်။

ယွမ်ချယ်၏ မျက်နှာက အလိုအလျောက် နီမြန်းလာသည်။

သူက အချစ်ကို ရူးသွပ်နေသူမဟုတ်သလို ရုပ်ရည်ကို စွဲလန်းလွန်းသူလည်း မဟုတ်ပေ။ မဟုတ်လျှင်၊ တိဟောက်ထျန်းရှေ့မှာ ကြွေဆင်းခဲ့တာ ကြာမြင့်ပြီ ဖြစ်သည်။

သို့သော်လည်း သူ့ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးက အလွန်ထူးခြားသည်ဟု သူမ ခံစားမိလေသည်။

ယင်းက သူမ လိုချင်သော အနေအထားမျိုး ဖြစ်သည်။

လွတ်လပ်ခြင်း...

ဟုတ်သည်၊ ‌ယွမ်ချယ်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ မင်းသမီးဖြစ်သော်လည်း နေထိုင်ရတာက အကျဉ်းစံတစ်ဦးနှင့် မခြားပေ။ ထိုအတွက် သူမ အလိုချင်ဆုံးအရာမှာ သာမန်လူများကဲ့သို့ လွတ်လပ်စွာ နေထိုင်နိုင်ခြင်း ဖြစ်သည်။

"ဒီကဗျာက သိပ်ကောင်းတယ်နော်။ နောက်ပြီးတော့ နင်က ငါ့ကို မကြောက်ဘူးလား"

ယွမ်ချယ်က မေးသည်။

"ကြောက်မယ်... ဘာဖြစ်လို့ ကြောက်ရမှာလဲ"

ဝတ်စုံဖြူဝတ် လူငယ်က ပြန်မေးလိုက်၏။

"နင်က ငါ့ရဲ့ အထောက်အထားကို မသိသေးလို့ဖြစ်မှာပါ"

ယွမ်ချယ်က အနည်းငယ် ခေါင်းငုံ့လိုက်လေသည်။

"ငါသိပါတယ်၊ မင်းက တုန်ဟွဧကရာဇ်ရဲ့ သမီးတော်... ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ မင်းသမီး ယွမ်ချယ်၊ ဟုတ်တယ် မဟုတ်လား"

ဝတ်စုံဖြူဝတ် လူငယ်က ပြုံးလျက် ပြောလိုက်သည်။

"နင်က ငါ့အကြောင်းကို သိနေတာတောင် ငါ့ကို မကြောက်ဘူးနော်။ တခြားသူတွေဆိုရင် အဆိပ်ပြင်းတဲ့ မြွေဆိုးတစ်ကောင်ကို ကြောက်ရွံ့သလို... ကံမကောင်းမှုတွေ ကျရောက်လာမှာကို ကြောက်ရွံ့တာကြောင့် ငါနဲ့ မပတ်သက်ဝံ့ဘဲ ရှောင်နေကြတာ"

ယွမ်ချယ်က ပြောလိုက်သည်။ သူက လူများ၏ ဥပေက္ခာနှင့် အထီးကျန်မှုကို ကျင့်သားရနေပြီ။

"ကံဆိုးခြင်းနဲ့ မကောင်းမှုတွေလား"

ဝတ်စုံဖြူဝတ် လူငယ်က ခေါင်းကို အနည်းငယ်လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီမက်မွန်တောကို ကြည့်လိုက်ပါ၊ ပန်းပွင့်တွေက ပွင့်လန်းနေပေမဲ့ ကြွေကျသွားတာတွေလည်း အမြဲရှိနေဆဲပဲ။ ဒါပေမဲ့ သူ့ရဲ့ လှပမှုကို ငြင်းဆန်လို့မရဘူး"

"လူ့ဘဝအတွက်လည်း ဒီလိုပါပဲ။ ကံမကောင်းမှုတွေကို ခံစားနေရရင်တောင် အရေးမကြီးဘူး။ မင်းရဲ့ ဖြစ်တည်မှုကို ဒီကံမကောင်းမှုဆိုတာကြီးက ဖျက်ဆီးပစ်လို့ မရနိုင်ဘူး"

ဝတ်စုံဖြူဝတ် လူငယ်၏ စကားကြောင့် ယွမ်ချယ် တိတ်ဆိတ်သွားခဲ့သည်။

သူမ၏ မျက်လုံးများက ရုတ်တရက် မှုန်ဝါးလာ၏။

နောက်မှသိလိုက်တာက သူ့မျက်ဝန်းအိမ်မှ မျက်ရည်များ ကျဆင်းလာခြင်းပင်။

"မင်းသမီးယွမ်ချယ်၊ မင်း စိတ်မရှိဘူးဆိုရင် ငါတို့ အတူတူသောက်လို့ရတယ်"

ဝတ်စုံဖြူဝတ် လူငယ်က သူ၏ အရက်ခွက်ကိုမြှောက်ပြီး ဖိတ်ခေါ်လိုက်သည်။

ယွမ်ချယ်လည်း သူမ၏ မျက်လုံးများမှ မျက်ရည်များကို တို့သုတ်လိုက်လေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း မကြုံစဖူး ရိုးသားသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဟုတ်သည်၊ သူမထင်တာ မမှားပေ။

ဤဝတ်စုံဖြူဝတ် လူငယ်လေးက တကယ်ကို ထူးခြားသည်။

"ဒါထက် နင့်နာမည်ကို မသိရသေးဘူး"

ယွမ်ချယ်က ပြောလိုက်သည်။

"ယွီရှောင်ယောက်ပါ"

ဝတ်စုံဖြူဝတ် လူငယ်က တည်ငြိမ်စွာ ပြောသည်။

"ယွီရှောင်ယောက်..."

ယွမ်ချယ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

ဤလူငယ်လေးက တကယ်ကို သူနာမည်နှင့် လိုက်ဖက်သည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကျောက်စိမ်းနှင့်တူပြီး...

သူမ လိုချင်သည့် လွတ်လပ်ပေါ့ပါးသည့် အငွေ့အသက်လည်း ရှိသည်။

"နင်က အင်မော်တယ်ခုံရုံးကပဲလား။ နင့်နာမည်ကို ငါ ဘာဖြစ်လို့ မကြားဖူးရတာလဲ"

ယွမ်ချယ်က စိတ်ဝင်တစား မေးလိုက်သည်။

သူသည် အိမ်မှ မထွက်ခွာဖူးသော်လည်း အင်မော်တယ်ခုံရုံး၏ ထူးကဲသော အနေအထားရှိသည့် လူတချို့ကို ကြားဖူးသည်။

ဝတ်စုံဖြူဝတ် လူငယ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ငါက နေရာအနှံ့ကို ခြေဆန့်နေတတ်တဲ့ လူတစ်ယောက်ပဲလေ။ ပုံမှန်ဆိုရင် ကမ္ဘာနေရာအနှံ့ကို ခရီးသွားလာနေတတ်တယ်။ အင်မော်တယ်ခုံရုံးမှာ နေထိုင်တာက ရှားပါတယ်"

"ဒီလိုပဲ၊ ဒါဆိုရင် နင်က နေရာအတော်များများကို ရောက်ဖူးမှာပေါ့။ အဲဒီအကြောင်းတွေကို ပြောပြလို့ရမလား"

ယွမ်ချယ်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။

"ရပါတယ်၊ ဒါက ငါ့အတွက် ဂုဏ်ယူစရာပဲ"

လူငယ်က ပြုံးလိုက်သည်။

ထို့နောက်တွင် သူက အကြောင်းရာမျိုးစုံကို ပြောပြလိုက်၏။

ယွမ်ချယ်လည်း စိတ်ဝင်စားစွာ နားထောင်နေခဲ့လေသည်။

အချိန်များ ကုန်လွန်သွားခဲ့သည်။

ထိုအချိန်တွင်၊ ယွမ်ချယ်က ရုတ်တရက် သတိဝင်လာသည်။

"နောက်ကျနေပြီ၊ ငါ ချက်ချင်းပြန်မှရတော့မယ်"

"မင်းသမီး သွားပါ"

လူငယ်က ပြုံးလိုက်၏။

ယွမ်ချယ်က ခဏမျှ တုံ့ဆိုင်းသွားပြီး လူငယ်ကို ကြည့်လိုက်သည်။

အတန်ကြာ စဉ်းစားနေပြီးနောက် သူက ပြောလိုက်၏။

"ယွီရှောင်ယောက်၊ ငါတို့ ဒီမက်မွန်တောမှာ နောက်ထပ် ဆုံနိုင်ဦးမလား"

"ဟုတ်ပါတယ်"

ဝတ်စုံဖြူဝတ် လူငယ်က အနည်းငယ် ပြုံးပြလိုက်၏။

"ဒါဆို သဘောတူညီချက်ပဲ"

ယွမ်ချီက သူမ၏ လက်သန်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း ချက်ချင်း သတိဝင်လာပြီး တုံ့ဆိုင်းသွားလေသည်။

သူမ၏ ခန္ဓာကိုယ်က ကံကြမ္မာဆိုးလက္ခဏာများနှင့် ပြည့်နှက်နေသည်။ သူမနှင့် ရင်းနှီးပြီးသား တိဟောက်ထျန်းပင်လျှင် သူနှင့် သုံးပေအကွာမှ ဆက်မတိုးခဲ့ပေ။

သို့သော်လည်း ယွမ်ချယ်၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်မှာ...

ဝတ်စုံဖြူဝတ် လူငယ်က သူ့လက်သန်းကို ဆန့်ထုတ်ပြီး သူမ၏ လက်သန်းနှင့် ချိတ်လိုက်ခြင်း ဖြစ်သည်။

"ဒါဟာ သဘောတူညီချက်ပဲ"

ယွမ်ချယ်၏ နှလုံးသားမှာ တဒုန်းဒုန်း ခုန်ပေါက်သွားသည်။

သူ့ရှေ့မှလူက အနှောင်အဖွဲ့ကင်းပြီး သူမ၏ ကံကြမ္မာဆိုးခန္ဓာကိုလည်း မကြောက်ပေ။

ယွမ်ချယ်က ရှက်ရွံ့စွာဖြင့် ချက်ချင်း မျက်နှာအကြည့်လွှဲလိုက်သည်။ ထို့နောက်မှာတော့ နေရာမှ ပြေးထွက်သွားတော့သည်။

ယွမ်ချယ် ထွက်သွားပြီးနောက် လူငယ်၏ မျက်နှာပေါ်ရှိ နူးညံ့သော အပြုံးက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

"တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံးကို ပြန်ပြီး အိပ်မက်မက်နေတာလား"

ဤဝတ်စုံဖြူဝတ်လူငယ်က သဘာဝအတိုင်း ကျွင်းရှောင်ယောက် ဖြစ်၏။

သို့သော်လည်း အိမ်မက်က ဤမျှ လက်တွေ့ကျရန် သူ မမျှော်လင့်ထားပေ။

သူ၏ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်ဖြင့်ပင် ချို့ယွင်းချက် သို့မဟုတ် အားနည်းချက် တစ်စုံတစ်ရာကို မတွေ့နိုင်ပေ။

ဒါက တကယ့်လက်တွေ့နှင့်မခြားဘဲ စစ်မှန်လွန်းလှသည်။

"မေ့ပျောက်ခြင်းမြေရဲ့ အလိုတော်က ဘာလဲ၊ သူ့ရဲ့ ဝိညာဉ်စွမ်းအားက ဒီလောက်တောင် အစွမ်းထက်တယ်။ ဒါတွေအားလုံးက အစစ်အမှန်ဖြစ်လုနီးပဲ"

တခြားသူများကို မဆိုထားဘိ၊ ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်နှင့် ကျွင်းရှောင်ယောက်ပင်လျှင် ဤအိပ်မက်ကို ဖယ်ရှားရန် များစွာ အားထုတ်ရလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အနည်းငယ် စိတ်ရှုပ်နေသည်။

"အိမ်မက်ထဲကို ကျရောက်ပြီးရင် ငါ့ရဲ့ကိုယ်ရေးကိုယ်တာ အစစ်အမှန်ကို မသိသင့်ဘူး"

"ဒါပေမဲ့ အခုတော့ ငါ့ရဲ့ တွေးခေါ်မှုတွေက ကြည်လင်နေပြီး အရာအားလုံးကို သိနေတယ်"

ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွား၏။

အိပ်မက်ထဲတွင် အိပ်မက်မက်နေမှန်း သိရှိနေခြင်းက လူတော်တော်များများ ကြုံဖူးသော အတွေ့အကြုံတစ်ခု ဖြစ်သည်။

သို့သော်လည်း ဤအခြေအနေက သာမန်အိပ်မက်များနှင့် မတူပေ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က ကျွမ်းရှောင်မုံ့ပြောသည့် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အဖိုးတန်ဆုံး ရတနာဆိုတာကို နားလည်သွားခဲ့သည်။

"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီးက မေ့ပျောက်ခြင်းမြေရဲ့ ဗဟိုမှာ အိပ်စက်နေမယ်လို့ မမျှော်လင့်ထားဘူး"

ဤနေရာတွင် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီးနှင့် နှိုင်းယှဉ်နိုင်သည့် အခြားရတနာမရှိပါ။

သူမ၏ ကိုယ်ပိုင်လက္ခဏာနှင့် သူထိန်းချုပ်ထားသော အရင်းအမြစ်များက မနှိုင်းယှဉ်သာအောင် များပြားသည်။

ငွေက အရေးမကြီး။

ငွေအများကြီးရှိသည့်လူက အရေးကြီးဆုံး ဖြစ်ပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သည်။

ယွမ်ချယ်နှင့် လင်ယွမ်က ရုပ်ချင်းဆင်တူကြ၏။

ဤကိစ္စတွင် လျှို့ဝှက်ချက်ရှိရမည်။

မည်သို့ပင်ဆိုစေ၊ ယခုအချိန်တွင် ကျွင်းရှောင်ယောက်အတွက် အရေးကြီးဆုံးအရာက ယွမ်ချယ်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ပင်။

သူမ၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကျယ်မှုများကို သိလိုသည်။

"တိဟောက်ထျန်းလည်း ရှိသင့်တယ်၊ ဒါပေမဲ့ သူက သတိမရလောက်သေးဘူး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အလင်းရောင်များဖြင့် တောက်ပလာသည်။

နောက်ဆုံးတွင်၊ သူက တိဟောက်ထျန်း၏ အစီအစဥ်ကို နားလည်ခဲ့ပြီ။

သူက အဖိုးတန်ဆုံးရတနာဖြစ်သည့် ယွမ်ချယ်ကို လိုချင်သည်။

နန်းတက်ပြီး အင်မော်တယ်ခုံရုံးကို ပေါင်းစည်းနိုင်ရန် မင်းသမီး ယွမ်ချယ်၏ အထောက်အထားနှင့် အင်အားကို အသုံးပြုချင်၏။

ကျွင်းရှောင်ယောက်က ကြားဝင်မစွက်ဖက်ဘူးဆိုလျှင် အမှန်ပင် အောင်မြင်သွားနိုင်သည်။

သို့သော်၊ ယခုအခါတွင် ကျွင်းရှောင်ယောက်က တိဟောက်ထျန်း၏ အစီအစဉ်ကို သိရှိနေပြီဖြစ်သောကြောင့် သူ့ဆန္ဒကို သဘာဝအတိုင်း ပြီးမြောက်စေတော့မည် မဟုတ်ပေ။

All Chapters