← Chapters

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း ၁၂၈၄

Vol. 86 Ch. 1284

အခန်း ( ၁၂၈၄ ) တိဟောက်ထျန်း၏ အစီအစဉ်။

တခဏတွင်းမှာပင် ကျွင်းရှောင်ယောက်က အခြေအနေကို သဘောပေါက်သွားသည်။

'တိဟောက်ထျန်းက ဒါကို စိတ်ကူးနေတာပေါ့'

ကျွင်းရှောင်ယောက်က အခြေအနေများကို ခန့်မှန်းမိသွား၏။

သို့သော်လည်း သူ့မျက်နှာမှာတော့ အပြောင်းအလဲမရှိသေးပေ။

"စိတ်မပူပါနဲ့၊ မင်းရဲ့ အပြစ်တွေကို သေချာပေါက် ဆေးကြောနိုင်မှာပါ"

ကျွင်းရှောင်ယောက်က နှစ်သိမ့်လိုက်သည်။

"အင်း... ငါ... ငါတွေးမိတာကလေ...၊ တစ်နေ့မှာ ငါ့ရဲ့အပြစ်တွေ တကယ်ပျောက်ကွယ်သွားမယ်ဆိုရင်..."

"ဒါဆိုရင် ငါ နင်နဲ့ ပွင့်ပွင့်လင်းလင်း နေလို့ရမလား"

ယွမ်ချယ်က သတ္တိမွေးပြီး ခြင်တစ်ကောင်အော်သံကဲ့သို့ တိုးလျသော အသံမျိုးဖြင့် ပြောလိုက်သည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။

အိပ်မက်ထဲမှာ လူယုတ်မာတစ်ယောက်ဖြစ်တာကိုတော့ အပြင်လောကမှာ ထည့်မတွက်သင့်ဘူး မဟုတ်လား။

ထိုအချိန်တွင် အေးစက်သောအသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

"မင်းသမီး၊ မင်းက အခြေအနေတွေကို ဖောက်ဖျက်နေခဲ့ပုံရတယ်"

ထိုအသံကိုကြားတော့ ယွမ်ချယ်က တုန်လှုပ်သွားပြီး အမြန်ထရပ်လိုက်သည်။

အဝေးတွင်၊ ငွေရောင်မျက်လုံးများဖြင့် လူတစ်ယောက်က သူတို့နှစ်ဦးဆီသို့ လျှောက်လာနေ၏။

"ဟောက်ထျန်း၊ ငါ..."

ယွမ်ချယ်က ခဏချင်းတော့ ဘာပြောရမည်မှန်းမသိတော့ပေ။

သို့သော်လည်း တိဟောက်ထျန်းက ယွမ်ချယ်ကို မကြည့်ပါ။

သူ့မကြည့်က ကျွင်းရှောင်ယောက်ပေါ်သို့ ကျရောက်လာသည်။

ကျွင်းရှောင်ယောက်ကတော့ မက်မွန်ပင်ကြီးကို မှီ၍ ပျင်းရိပျင်းတွဲ ထိုင်နေသေးသည်။

ယခုအချိန်တွင် သူ့အမူအရာက တည်ငြိမ်နေသော်လည်း စိတ်ထံမှာတော့ အတွေးတစ်ခု ရှိနေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ တိဟောက်ထျန်းက တိဟောက်ထျန်း ဖြစ်သည်။

တိဟောက်ထျန်းက အိပ်မက်ထဲတွင် ရှိနေဆဲဖြစ်သောကြောင့် ကျွင်းရှောင်ယောက်ကို တိုက်ရိုက်မှတ်မိရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို မမှတ်မိလျှင်ပင်...

သူ့ရှေ့မှ ချောမောသောလူငယ်ကိုကြည့်ကာ မကျေမနပ် ဖြစ်ရသည်။

မသိစိတ်မှ ရွံ့ရှာမှုနှင့် ရန်ငြိုးဖွဲ့ခြင်းမျိုးလည်း ရှိသေးသည်။

'ငါ ဘာဖြစ်လို့ ဒီလူကို သဘောမကျသလို ခံစားနေရတာလဲ'

တိဟောက်ထျန်းလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။

ဤရွံရှာဖွယ်ခံစားချက်က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပုံရပြီး ပြောင်းလဲ၍မရပေ။

ထို့ပြင် ယွမ်ချယ်က ကျွင်းရှောင်ယောက်ကို မှီတွဲနေကြောင်း သူမြင်ခဲ့ရသည်။

ထိုအရာက သူ့မျက်လုံးများကို ပို၍ အေးစက်သွားစေခဲ့သည်။

"အင်မော်တယ်ခုံရုံးရဲ့ တော်ဝင်မင်းသမီးကို ထိပါးဝံ့တယ်၊ မင်းက တကယ် အတင့်ရဲတာပဲ"

တိဟောက်ထျန်းက အေးစက်စက် ပြောလိုက်သည်။

"ဟင့်အင်း၊ ဒါ သူ့အမှားမဟုတ်ပါဘူး။ ငါ့ဘက်က အစပြုခဲ့တာ..."

ယွမ်ချယ်က ကာကွယ်ပြောဆိုရန် ကြိုးစားသည်။

"မင်းသမီး၊ ဒါက မင်းရဲ့အမှားမဟုတ်ပါဘူး။ အခုတော့ မင်း ချုံးဟွားနန်းတော်ကို အရင်ပြန်သွားသင့်တယ်"

တိဟောက်ထျန်းက ပြောလိုက်၏။

"ဒါဆိုရင် နင် သူ့ကို ထိခိုက်အောင် မလုပ်ရဘူး"

ယွမ်ချယ်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီလူပျင်းတွေက ငါလှုပ်ရှားဖို့ မထိုက်တန်ဘူး"

တိဟောက်ထျန်းက လျစ်လျူရှုစွာ ပြောသည်။

ယွမ်ချယ်က တွန့်ဆုတ်နေဟန်ဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်လေသည်။

သို့သော်လည်း တိဟောက်ထျန်း၏စကားကို နားမထောင်ပါက အနာဂတ်တွင် ကျွင်းရှောင်ယောက်နှင့်တွေ့ရန် မဆိုထားဘိ...

သူမ အပြင်ထွက်ရန်ပင် အခွင့်အလမ်း မရှိနိုင်တော့ပေ။

ယွမ်ချယ် ထွက်သွားပြီးနောက် တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ အရင်က တစ်နေရာရာမှာ ဆုံဖူးကြလား"

"ငါက အရှင်ဟောက်ထျန်းလောက် မကျော်ကြားတဲ့ လူပျင်းတစ်ယောက်ပါပဲ"

ကျွင်းရှောင်ယောက်က အရက်ကို မော့သောက်လိုက်ပြီး ပျင်းရိပျင်းတွဲ ပြောလိုက်၏။

"ဖားတစ်ကောင်က ငန်းအသားကို ဘယ်တော့မှ မစားနိုင်ဘူး။ မင်းက ဒီလောက်မိုက်မဲပုံမရပါဘူး၊ ဒီအမှန်တရားကို မင်းနားလည်သင့်တယ်"

တိဟောက်ထျန်းက အေးစက်စက် ပြောသည်။

"ဟုတ်ပါတယ်၊ ဖားတစ်ကောင်က ငန်းအသားကို မစားနိုင်ဘူး။ ဒါကို မင်း နားလည်သင့်တယ် မဟုတ်လား"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

တိဟောက်ထျန်း၏ မျက်နှာသည် လုံးဝအေးစက်သွားသည်။

ကျွင်းရှောင်ယောက်က သူ့စကားကိုသုံးပြီး သူ့ကို လှောင်ပြောင်နေသည်။

"တချို့အကြောင်းတွေကို မင်း မသိလောက်သေးဘူး။ မကြာခင် ယွမ်ချယ်ရဲ့ မွေးနေ့ပွဲကျင်းပတော့မယ်"

"မွေးနေ့ပွဲမှာ တုန်ဟွဧကရာဇ်က သူ့အပြစ်တွေကို နည်းလမ်းရှာပြီးတော့ ဖျက်ဆီးလိမ့်မယ်"

"တစ်ချိန်တည်းမှာပဲ သူ့ကို လက်ထပ်ပေးလိမ့်မယ်"

"မင်းသမီး ယွမ်ချယ်နဲ့ လက်ထပ်ရမဲ့သူကတော့ ငါပဲ"

တိဟောက်ထျန်းက အေးစက်စက်ပြုံးပြီး ပြောလိုက်၏။

"တကယ်လား၊ ဒါကို ယွမ်ချယ်က သဘောတူလား"

ကျွင်းရှောင်ယောက်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။

"ဒါက သူဆုံးဖြတ်လို့ရတာ မဟုတ်ဘူး"

တိဟောက်ထျန်းက ခေတ္တရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"မင်း ကိုယ့်အကြောင်းကိုသိရင် မင်းရဲ့ ယုတ်ညံ့တဲ့ အတွေးတွေကို ရပ်လိုက်ပါ။ သူက မင်းရနိုင်တဲ့ အမျိုးသမီး မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် တိဟောက်ထျန်းက လှည့်ထွက်သွားတော့သည်။

သူ့နောက်ကျော်ကို လှမ်းကြည့်ရင်း ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားသည်။

အိပ်မက်ထဲမှာဖြစ်ဖြစ်... အပြင်မှာပဲဖြစ်ဖြစ်၊ တိဟောက်ထျန်း၏ စရိုက်က မပြောင်းလဲပေ။

'ပြန်လည်မွေးဖွားခြင်း‌ ရွှေလက်ချောင်းရှိတဲ့ လူတစ်ဦးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက အခြား ကြက်သွန်မြိတ်အားလုံးထက် ပိုပြီးတော့ ထက်မြက်တယ်'

ယခုအခါ ကျွင်းရှောင်ယောက်က တိဟောက်ထျန်း၏ အစီအစဉ်ကို အပြည့်အဝနီးပါး သိရှိနေပြီ ဖြစ်သည်။

အိပ်မက်ရေစီးကြောင်းတစ်လျှောက်တွင် သူက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီးနှင့် အိမ်ထောင်တစ်ခုကို ထူထောင်လိုပေသည်။

ရှေးယခင်က ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့သည် အနက်ရောင်ချောက်နက်ရှိ ပြန်လည်ဝင်စားခြင်းပင်လယ်တွင် ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကို ကြုံခဲ့ရသလိုပင် ဖြစ်သည်။

ဒါတွေအားလုံးက အစစ်အမှန်မဟုတ်သော်လည်း သံယောဇဉ်ကတော့ ငြိတွယ်ခဲ့ကြပြီ။

အနာဂတ်တွင် လမ်းခွဲရန် အလွန်ခက်လိမ့်မည် ဖြစ်သည်။

ထို့ပြင်၊ အမျိုးသမီးများက အများအားဖြင့် ခံစားလွယ်ကြသည်။

အိပ်မက်ထဲတွင် လက်ထပ်ဖြစ်ခဲ့ပါက အပြင်လောကတွင်လည်း ထိုလူကိုမုန်းတီးရန် သူမအတွက် ခက်လိမ့်မည်။

သူတို့က သေလောက်သော ရန်သူများပင်လျှင် ဤအတိုင်း ဖြစ်သည်။

လင်ယွမ်သည်လည်း ထိုကဲ့သို့ပင်။ အနက်ရောင်ချောက်နက်ကို ဝင်ရောက်စဉ်က ကျွင်းရှောင်ယောက်ကို ရန်သူအဖြစ် သဘောထားခဲ့သည်။

သို့သော်လည်း ဘဝတစ်ရာ ပြန်လည်ဝင်စားခြင်းပြီးနောက် ကျွင်းရှောင်ယောက်အပေါ် သူမ၏ သဘောထားက သိမ်မွေ့စွာ စတင်ပြောင်းလဲခဲ့ပေသည်။

ယခု တိဟောက်ထျန်းကလည်း ဤနည်းလမ်းကို အသုံးပြုလိုသည်မှာ သေချာသည်။

အိပ်မက်ရေစီးကြောင်းတွင် သူက ယွမ်ချယ်နှင့် လက်ထပ်ခဲ့ပြီး အကြင်လင်မယား ဖြစ်လိုသည်။

ဒါက အိပ်မက်တစ်ခုသာဖြစ်လျှင်ပင် ဤရေစက်က လုံး၀တည်နေလိမ့်မည်။

'ငါ့ရဲ့ ခန့်မှန်းချက်မမှားရင် ကူတိကျစ်က တိဟောက်ထျန်းရဲ့လက်မှာ ကျဆုံးသွားလောက်ပြီ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။

ကူတိကျစ်က တိဟောက်ထျန်းထံ ခိုလှုံခဲ့လျှင် လွတ်မြောက်နိုင်မည်ဟု တွေးထင်ခဲ့သည်။

သို့သော်လည်း သူ့အဆုံးသတ်ဆီကို လျှောက်လှမ်းသွားမိမှန်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။

'ဖူရှီနဲ့ ဝါဟွမ်တို့ရဲ့စွမ်းအား... အင်မော်တယ်ခုံရုံးက ရှေးဧကရာဇ်ကြီး... တုန်ဟွဧကရာဇ်ရဲ့ သမီးတော်... အပြစ်စွမ်းအားတွေနဲ့ မင်းသမီး'

'ဒီရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီးက တကယ်ကို ထူးခြားတယ်'

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

အကယ်၍ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီး မွေးဖွားလာမည်ဆိုလျှင်...

သူမက လက်ရှိခေတ်၏ အတောက်ပဆုံးသော ပါရမီရှင်များထဲမှတစ်ဦး ဖြစ်လာမည်မှာ သေချာသည်။

ဟုတ်ပေသည်၊ သူက အပြစ်စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်မှ ဖြစ်သည်။

အပြစ်စွမ်းအားက ကံကြမ္မာဆိုးရှိပြီး ဆိုးယုတ်သော်လည်း...

၎င်းကို ကောင်းစွာ ထိန်းချုပ်နိုင်လျှင် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြစ်လာလိမ့်မည်။

'ရဲ့အစီအစဥ်ကို ငါသိမှတော့ မင်းရဲ့အစီအစဥ်ကို ဘယ်လိုလုပ်ပြီး အကောင်အထည်ဖော်ခွင့်ပြုနိုင်မှာလဲ'

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

'သတို့သမီးကို ဝင်လုတာမျိုးက နည်းနည်း ရိုးအီနေပေမြဲ မိန်းကလေးတွေက ဒီလှည့်ကွက်ကို ကြိုက်ကြတာတော့ မတတ်နိုင်ဘူး'

.............

တစ်ဖက်တွင်၊ တိဟောက်ထျန်းက ချုံးဟွားနန်းတော်သို့ ပြန်ရောက်လာသည်။

ထို့နောက်တွင် သူက ယွမ်ချယ်၏ မွေးနေ့ပွဲနှင့် မင်္ဂလာပွဲအကြောင်း ပြောပြလိုက်၏။

ယွမ်ချယ်မှာ အတော်လေး အံ့အားသင့်ပြီး မယုံနိုင်ဖြစ်သွားသည်။

ကျွင်းရှောင်ယောက်နှင့် မတွေ့ဆုံခင် ဤသတင်းကို သိရပါက...

ယွမ်ချယ်သည် ပျော်ရွှင်မည်မဟုတ်သော်လည်း ဤမျှဆန့်ကျင်လိုမည် မဟုတ်ပေ။

နောက်ဆုံးတွင်၊ သူက တိဟောက်ထျန်းအပေါ်မှာ ခံစားချက်မရှိသော်လည်း...

တိဟောက်ထျန်းက သူမအပေါ်တွင် ကောင်းခဲ့သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် တွေ့ဆုံခဲ့ပြီးနောက်မှာတော့ အခြား ယောက်ျားများကို စိတ်ထဲမထည့်နိုင်တော့ပေ။

"ဟောက်ထျန်း၊ နင်ငါ့အပေါ် တကယ်ကောင်းတယ်ဆိုရင် မင်္ဂလာပွဲကိုဖျက်ဖို့ အဖေ့ကိုပြောပေးပါ"

ယွမ်ချယ်က ပြောလိုက်သည်။

"ယွမ်ချယ်၊ ငါ့သဘောကို မင်းနားမလည်သေးဘူးလား"

တိဟောက်ထျန်းက လက်သီးကို ခပ်ဖြည်းဖြည်းဆုပ်ပြီး ပြောလိုက်၏။

"တောင်းပန်ပါတယ်..."

ယွမ်ချယ်က ဤကဲ့သို့သာ ပြောနိုင်သည်။

သူမ၏ နှလုံးသားကို မလွန်ဆန်နိုင်ပေ။

"အရာအားလုံးက ဆုံးဖြတ်ပြီးပြီ၊ ပြောင်းလဲလို့မရတော့ဘူး ယွမ်ချယ်၊ ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ"

တိဟောက်ထျန်း၏ လေသံက ရုတ်တရက် အေးစက်သွားသည်။

ဤအချိန်တွင် သူတော်ကောင်းယောင်ဆောင်ရန် စိတ်မ၀င်စားတော့ပေ။

နောက်ဆုံးတွင်၊ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ယွမ်ချယ်ကိုလက်ထပ်ပြီး တုန်ဟွဧကရာဇ်၏ တန်ဖိုးထားမှုကို ရရှိရန် ဖြစ်သည်။

ဤသို့ဖြင့် နောက်ဆုံးတွင် အင်မော်တယ်ခုံရုံး၏သခင်ရာထူးကို ဆက်ခံနိုင်ပေမည်။

အိပ်မက်ထဲမှာဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ်...

တိဟောက်ထျန်း၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အင်မော်တယ်ခုံရုံး၏ အမြင့်မြတ်ဆုံး အုပ်ချုပ်သူ ဖြစ်လာရန် ဖြစ်သည်။

All Chapters