← Chapters

အခန်း ၁၂၈၅

Vol. 86 Ch. 1285

အခန်း ၁၂၈၅

Vol. 86 Ch. 1285

အခန်း ( ၁၂၈၅ ) အင်မော်တယ်တစ်သောင်းပွဲတော်။

"ဒါက နင့်ရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ပေါ့။ နင့်ရဲ့ ရည်ရွယ်ချက်အမှန်က ငါ့ကို လက်ထပ်ဖို့ပဲ"

တိဟောက်ထျန်း၏ အမူအရာကို မြင်သောအခါ ယွမ်ချယ် နားလည်သွားခဲ့သည်။

သူသည် လူများနှင့် တွေ့ဆုံခဲပြီး ရိုးသားသော်လည်း၊ မိုက်မဲသူဖြစ်နေမည်ဟု မဆိုလိုပေ။။

"မင်း ကောင်းကောင်း အနားယူထားသင့်တယ်။ မကြာခင် မင်းက ငါ့မိန်းမ ဖြစ်လာတော့မယ်"

တိဟောက်ထျန်းက ‌ထိုသို့ပြောဆိုပြီးနောက် လှည့်ထွက်သွားသည်။

ယွမ်ချယ်လည်း အားနည်းစွာ ထိုင်ချလိုက်လေသည်။

အခြေအနေများကို ပြန်စဉ်းစားနေပြီးနောက် မကြာမီ သူ နားလည်သွားသည်။

အဘယ့်ကြောင့် တိဟောက်ထျန်းက သူမကို အမြဲဂရုစိုက်နေသနည်း။

ဒါက သူမကို တကယ် ဂရုစိုက်တာလား သို့မဟုတ် တုန်ဟွဧကရာဇ်၏ အလေးထားမှုကို လိုချင်တာကြောင့်လား။

သူမကို လက်ထပ်နိုင်လျှင် တိဟောက်ထျန်းက အင်မော်တယ်ခုံရုံး၏သားမက် ဖြစ်လာမည်ဟု ဆိုနိုင်သည်။

သူမ၏ ကိုယ်ပိုင်အရည်အချင်းအပြင်...

တုန်ဟွဧကရာဇ်၏ အထောက်အပံ့လည်း ရှိနေပါက အနာဂတ်တွင် အင်မော်တယ်ခုံရုံး၏အရှင်သခင် သေချာပေါက် ဖြစ်လာလိမ့်မည်။

နှိုင်းယှဉ်ကြည့်လျှင်...

သူမနှင့် တွေ့ရသည်မှာ မကြာသေးသော ကျွင်းရှောင်ယောက်က သူမအပေါ် ရိုးသားခဲ့သည်။

အစမှအဆုံးထိ ယွမ်ချယ်ထံမှ ဘာကိုမျှ မတောင်းဆိုခဲ့ပေ။

သူက လွတ်လပ်ပေါ့ပါးပြီး သူမ၏ အထောက်အထားနှင့် အခြေအနေများကိုလည်း ဂရုမစိုက်ပါ။

"ယွီလန်..."

ယွမ်ချယ်၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။

အချိန်များ ကုန်လွန်လာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပြီ။

ယွမ်ချယ်က ချုံးဟွားနန်းတော်တွင် အမြဲ နေထိုင်ခဲ့ရသည်။

ယခင်ကနှင့် မတူတာကတော့ ချုံးဟွားနန်းတော်၏ အပြင်ဘင်တွင် နောက်ထပ် အစောင့်များ အများအပြား ရောက်လာကြခြင်းပင်။

သူတို့အားလုံးက တိဟောက်ထျန်း စေလွှတ်ထားသူများ ဖြစ်သည်။

သူက ယွမ်ချယ်ကို အပြင်ထွက်ခွင့် မပြုတော့ပေ။

"ယွီလန်... သူ ထွက်သွားလောက်ပါပြီ"

ယွမ်ချယ်က ကျွင်းရှောင်ယောက်ကို သူမအတွက် ရောက်လာရန် မမျှော်လင့်ထားပေ။

နောက်ဆုံးတွင်၊ ဤအင်မော်တယ်တစ်သောင်းပွဲတော်က သူမ၏ဖခင်... အင်မော်တယ်ခုံရုံး၏ အရှင်သခင် တုန်ဟွဧကရာဇ်၏ အမိန့်တော်ဖြင့် ကျင်းပသောကြောင့် ဖြစ်သည်။

ကောင်းကင်ကိုးပါးနှင့် မြေကမ္ဘာဆယ်ခုတွင် မည်သူက အင်မော်တယ်ခုံရုံး၏ အရှင်သခင်ကို 'မရဘူး'ဟု ပြောဝံ့မည်နည်း။

"အခုချိန်မှာ ယွီလန်က အရင်ကလိုပဲ အနှောင်အဖွဲ့ကင်းပြီး လွတ်လပ်နေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငါတို့တွေ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသလိုပဲ နေလိုက်ပါတော့..."

ယွမ်ချယ်၏ နှလုံးသားက ငြိမ်သက်နေပြီ။

အချိန်ကြာလာသည်နှင့်အမျှ...

အင်မော်တယ်တစ်သောင်းပွဲတော် ကျင်းပမည့်နေ့သို့ ရောက်လာခဲ့သည်။

ထိုနေ့က ယွမ်ချယ်၏ မွေးနေ့ပွဲ ဖြစ်သည်။

မင်္ဂလာဧည့်ခံပွဲလည်း ဖြစ်လိမ့်မည်။

တုန်ဟွဧကရာဇ်ကလည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အပြစ်စွမ်းအားများကို ဖယ်ရှားရန်လည်း ကြိုးစားမည် ဖြစ်သည်။

မူလက ဤနေ့သည် ယွမ်ချယ်အတွက် အပျော်ရွှင်ရဆုံးနေ့ ဖြစ်သင့်သည်။

နောက်ဆုံးမှာတော့ သူမ၏ ကံကြမ္မာဆိုးများကို ဖယ်ရှားရန် ကြိုးစားတော့မည် မဟုတ်လော။

သို့သော်လည်း ယခုအခါမှာတော့ ပျော်ရွှင်ခြင်းတို့ ကင်းမဲ့နေခဲ့ရသည်။

သူ့နှလုံးသားကလည်း ညှိုးနွမ်းနေခဲ့ရလေသည်။

"ယွမ်ချယ်၊ နင် အဆင်သင့်ဖြစ်ပြီလား"

တိဟောက်ထျန်းက ဘာမျှမဖြစ်ခဲ့ဖူးသကဲ့သို့ ပြုံးရွှင်စွာဖြင့် ရောက်လာသည်။

တိဟောက်ထျန်း၏ မျက်နှာအစစ်ကိုသာ မမြင်ခဲ့လျှင် ယွမ်ချယ်က သေချာပေါက် လှည့်စားခံရလိမ့်မည်။

ယခုတော့ သူမ၏ အမူအရာက အေးစက်နေပြီ ဖြစ်သည်။

သို့သော်လည်း တိဟောက်ထျန်းကတော့ သူ့ရည်မှန်းချက် အောင်မြင်တော့မည်ဖြစ်သဖြင့် အရေးမစိုက်တော့ပေ။

အင်မော်တယ်တစ်သောင်းပွဲတော်က လင်ရှောင်နန်းတော် ဖြစ်သည်။

လင်ရှောင်နန်းတော်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် အတွင်းခန်းမက ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ကျယ်ဝန်းသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက အင်မော်တယ်ခုံရုံး၏ အလွှာပေါင်းစုံမှ လူများစွာတို့ သွားလာလှုပ်ရှားနေတာကို မြင်ရလိမ့်မည်။

ခန်းမတစ်ခုလုံး တက်ကြွမှုတို့ ပြည့်နေခဲ့သည်။

ကောင်းကင်ဘုံမှ နတ်သမီးကဲ့သို့ လှပသော အစေခံများကလည်း အစားအသောက်များတင်ထားသော ကျောက်စိမ်းပန်းကန်များကို သယ်ဆောင်ပြီး လူများကြားတွင် သွားလာတည်ခင်းနေကြသည်။

လေထဲတွင် ကျောက်စိမ်းစားပွဲများကို ဆိုင်းငံ့ထားပြီး အားလုံးကလည်း နတ်အရင်းမြစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အထွတ်အထိပ်ကာလက အမှန်တကယ်ပင် စိတ်ကူးမယဉ်နိုင်ပေ။

ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် အင်မော်တယ်ခုံရုံး၏ ထောင်သောင်းချီသော အဖွဲ့ဝင်များကို မြင်ရမည် ဖြစ်သည်။

ဤသည်မှာ အင်မော်တယ်တစ်သောင်း ပွဲတော်ပင်။

ထိပ်ဆုံးပိုင်းမှာတော့ နေနှင့်လထက် ပိုတောက်ပသည့် အရှိန်အဝါများဖြင့် ပုဂ္ဂိုလ်တချို့ ထိုင်နေကြသည်။

၎င်းတို့က အင်မော်တယ်ခုံရုံး၏ ဧကရာဇ်အဆင့် အကျော်အမော်များ ဖြစ်၏။

၎င်းတို့အနက် မှုန်ဝါးဝါး လူရိပ်တစ်ခုလည်း ရှိနေသည်။

သူ၏ ပုံရိပ်က မှုန်ဝါးလွန်းသဖြင့် အရိပ်တစ်ခုကဲ့သို့ဖြစ်ကာ လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သူက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကိုလည်း မထုတ်ဖော်ခဲ့ပါ။

၎င်းက အရာခပ်သိမ်းကို ကျော်လွန်သွားသည့် ဒဏ္ဍာရီထဲမှ လူတစ်ယောက်ကဲ့သို့ စိတ်ကူးယဉ်ဆန်နေပုံရသည်။

အလွန်မှုန်ဝါးသော ဤပုံရိပ်ကတော့ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးအရှင်သခင်ဖြစ်သော တုန်ဟွဧကရာဇ်ပင်။

ယခုအချိန်တွင် တုန်ဟွဧကရာဇ်၏ စိတ်ကူးကို လူတိုင်းသိကြသည်။

သူက သူ့သမီးကိုကူညီပြီး မဟာအပြစ်များကို ဖယ်ရှားပေးရန် စီစဉ်ထား၏။

ဤအပြစ်က အလွန်ထူးခြားပြီး အင်မော်တယ်ခုံရုံး၏ ကံကြမ္မာနှင့် ဆက်နွှယ်နေပုံရသောကြောင့် အလွန်ဒုက္ခရောက်နေရခြင်း ဖြစ်သည်။

မဟုတ်ဘဲ သာမန်အပြစ်တစ်ခုဖြစ်လျှင် တုန်ဟွဧကရာဇ်၏ အတွေးတစ်ခုဖြင့် ဖျက်ဆီးပစ်နိုင်သည်။

ဤအချိန်တွင် အဓိကလူများ ရောက်လာခဲ့ကြသည်။

တိဟောက်ထျန်းနှင့် လင်ယွမ်တို့ ရောက်လာခြင်း ဖြစ်၏။

တိဟောက်ထျန်းက ပေါ့ပေါ့ပါးပါးပြုံးပြီး အေးချမ်းစွာ လျှောက်လှမ်းလာနေသည်။

ယွမ်ချယ်ကတော့ သူမ၏မျက်နှာက လှပသည့်တိုင် အမူအရာ ကင်းမဲ့နေသည်။

ခံစားချက်တို့ လုံးဝ မရှိပေ။

သို့သော်လည်း သူက ဤပွဲတော်တွင် ရုတ်ရုတ်သဲသဲဖြစ်စေရန် စိတ်ကူးမရှိပါ။

ထိုသို့ပြုလုပ်ခြင်းက သူမ၏ဖခင် တုန်ဟွဧကရာဇ်ကို အရှက်ရစေမည် ဖြစ်သည်။

တုန်ဟွဧကရာဇ်က သူမကို ချုံးဟွားနန်းတော်တွင် အမြဲနေရန် ပြောထားသော်လည်း...

သူမက တုန်ဟွဧကရာဇ်၏ နက်နဲသော ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာကို ခံစားနိုင်ပေသည်။

မဟုတ်လျှင်၊ သူမကို ကူညီပေးရန် ဤမျှ ကြိုးစားအားထုတ်နေမည် မဟုတ်ပေ။

"ဒီနေ့ ငါအရှင်ရဲ့သမီးတော် ယွမ်ချယ်ရဲ့ မွေးနေ့ကို လာလည်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

တုန်ဟွဧကရာဇ်က ပြောလိုက်သည်။ သူ့အသံက ကမ္ဘာသုံးထောင်ကို ပျံ့နှံ့သွားသကဲ့သို့ ဩဇာကြီးပေသည်။

"အရှင်ဧကရာဇ်က ယဉ်ကျေးလွန်းပါပြီ"

"ဟုတ်ပါတယ်၊ ဒီနေ့မှာ မင်းသမီးအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ကြယ်ပင်လယ်ပုလဲကို အထူးတလည် ယူလာခဲ့ပါတယ်"

"ကျုပ်က တောင်နဲ့မြစ်တို့ရဲ့ပန်းချီကားကို ပေးအပ်ပါတယ်"

ထို့နောက်တွင် ချီးကျူးစကားသံနှင့်အတူ လက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။

ထိုသူအားလုံးက အဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးကြသော်လည်း တစ်ဦးစီက အလွန်ရိုးသားကြ၏။

သို့သော်လည်း ယွမ်ချယ်နှင့် နီးစပ်ရန်တော့ မည်သူမျှ မဝံ့ရဲကြပေ။

"ကျေးဇူးတင်ပါတယ်၊ ဒီနေ့မှာ အဓိကအားဖြင့် လုပ်စရာနှစ်ခု ရှိတယ်"

"ပထမအချက်က ငါအရှင်ရဲ့ သမီးတော် ခန္ဓာကိုယ်က ကြီးမားတဲ့အပြစ်တွေကို ဖြေရှင်းဖို့ပါ"

"ဒုတိယအချက်ကတော့ ငါ့သမီးတော်နဲ့ တိဟောက်ထျန်းကို လက်ထပ်ထိမ်းမြားဖို့ပဲ"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် နေရာတိုင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

လူအနည်းစုက သိပြီးသားဖြစ်သော်လည်း အများစုကတော့ အလွန်အံ့သြနေကြဆဲပင်။

"တာအိုရောင်းရင်းတို့နှစ်ယောက်၊ ကျုပ်ကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်"

တုန်ဟွဧကရာဇ်က ပြောလိုက်၏။

သူ့ဘေးတွင် မှုန်ဝါးဝါး လူရိပ်နှစ်ခု ထိုင်နေကြသည်။

အရှိန်အဝါအရ သူတို့သည် တုန်ဟွဧကရာဇ်ထက် များစွာ အားမနည်းပေ။

"အရှင်ဧကရာဇ်က ယဉ်ကျေးလွန်းပါပြီ"

သူတို့နှစ်ဦးက တပြိုင်နက်တည်း လှုပ်ရှားခဲ့ကြသည်။ မူလအမြုတေနှစ်ခု ပေါ်လာကြ၏။

တစ်ခုက ထိုက်ကျိစွမ်းအင်ဖြစ်ပြီး ယင်နှင့်ယန် အငွေ့အသက်တို့ လွှမ်းခြုံထားသည်။ နှစ်ခုမှ လေးခုဖြစ်၊ လေးခုမှ ရှစ်ခုဖြစ်ကာ အရာအားလုံးကို ဖြစ်ပေါ်လာစေနိုင်ပေသည်။ ဤသည်မှာ ‌မိုးနှင့်မြေကို အသွင်ပြောင်းရန်နှင့် ဖန်ဆင်းခြင်း၏စွမ်းအား ဖြစ်သည်။

ကျန်တစ်ခုကတော့ အရာခပ်သိမ်း၏မိခင်၏ ရောင်ဝါဖြင့် လူသားများဖန်တီးခြင်း၊ ကောင်းကင်ပြင်ကို ပြုပြင်နိုင်ပြီး အသက်ဓာတ်တို့ ဖန်တီးမှု၏ အမြင့်ဆုံးစွမ်းအားကို ထိန်းချုပ်နိုင်ပုံရပေသည်။

ဤရင်းမြစ်နှစ်ခုကို တွေ့လိုက်ရသောအခါတွင် ရောက်ရှိလာသူအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြသည်။

ဒါက ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး အရင်းမြစ်ဖြစ်မှန်း လူတိုင်းသိ၏။

ထို့နောက်တွင် တုန်ဟွဧကရာဇ်က ယွမ်ချယ်အား ကျောက်စိမ်းစင်မြင့်ပေါ်သို့ တက်စေပြီး အရင်းမြစ်နှစ်ခုကို ပို့လွှတ်လိုက်သည်။

သူ၏ စိတ်ကူးမှာ ရှီဧကရာဇ်နှင့်ဝါဧကရာဇ်တို့၏ မူလစွမ်းအားနှစ်ခုကို ယွမ်ချယ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ရန်ပင်။

၎င်းက အပြစ်စွမ်းအားကို ဖယ်ရှားခြင်းသာမက...

ယွမ်ချယ်အတွက် မကြုံစဖူးသော နှစ်သွယ်ဧကရာဇ်ခန္ဓာကို ဖန်တီးရန်ပင် ဖြစ်နိုင်သည်။

တုန်ဟွဧကရာဇ်သည် ယခင်က ဤနည်းလမ်းကို တစ်ခါမျှ မစမ်းဖူးပေ။

သို့သော်လည်း ဒါက တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

နောက်ဆုံးတွင်၊ အပြစ်များကို လွှဲပြောင်းခံယူနိုင်သူကို ရှာဖွေရန်က မဖြစ်နိုင်သလောက်ပင်။

လူတိုင်း၏ အာရုံစိုက်မှုအောက်တွင်...

တုန်ဟွဧကရာဇ်က မူလအရင်းမြစ်နှစ်ခုကို ယွမ်ချယ်၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။

သာမာန်လူများအတွက် ထိုကဲ့သို့ လုပ်ဆောင်ခံရပါက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ပျက်စီးသွားလိမ့်မည်။

သို့ရာတွင်၊ တုန်ဟွဧကရာဇ်က မည်သူနည်း။ သူ၏ နည်းလမ်းများက အလွန်နက်နဲပြီး ၎င်းတို့ကိုပေါင်းစည်းရန် သူ့ကိုယ်ပိုင်နည်းလမ်းရှိသည်။

သို့သော်၊ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော အပြစ်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုကြောက်မက်ဖွယ်စွမ်းအင်က နာကြည်းမှု၊ ကျိန်စာများ၊ သွေးနှင့် သတ်ဖြတ်ခြင်း စွမ်းအားအမျိုးမျိုးကို သယ်ဆောင်ထား၏။

၎င်းတို့မှာ တစ်ချိန်က အင်မော်တယ်ခုံရုံး၏ ဖိနှိပ်ခံခဲ့ရသော သတ္တဝါများ၏ နိမိတ်ပုံ ဖြစ်သည်။

နောက်ဆုံးတွင် အင်အားစုတစ်ခုက တိုးတက်လာလေလေ၊ အပြစ်များကို ပို၍ စုဆောင်းမိလာလေပင်။

ကမ္ဘာပေါ်တွင် ထာဝရ တည်မြဲနိုင်သော အင်အားစုက ရှားပါးလွန်းလှသည်။

ယွမ်ချယ်၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အပြစ်စွမ်းအားကို မြင်လိုက်ရပြီးနောက်...

အင်မော်တယ်ခုံရုံးရှိ လူတိုင်း မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

တချို့လူများဆိုလျှင် ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏စိတ်ထဲမှ တွေးလိုက်မိလေသည်။

'ငါ့အင်မော်တယ်ခုံရုံးလောက် ကြီးပွားချမ်းသာတာတောင် တစ်နေ့ကျရင် ပြိုကျရမှာလား'

ထိုသို့သော ကြီးလေးသောအပြစ်က ကောင်းသောလက္ခဏာမဟုတ်သည်မှာ သေချာသည်။

အမှန်လည်း နောက်ပိုင်းတွင် ရှေးခေတ်အင်မော်တယ်ခုံရုံးက ပြိုကွဲခဲ့ပေသည်။

အင်မော်တယ်ခုံရုံးက နယ်ပယ်နှစ်ခုကြားမှ စစ်ပွဲအတွင်း ပြိုကွဲသွားခဲ့သည်။

နောက်ဆုံးတွင်၊ လက်ရှိ အင်မော်တယ်မျိုးရိုးကြီးကိုးခုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပေသည်။

ယခုအချိန်မှာတော့ လူတိုင်းက အာရုံစိုက်နေကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက် တုန်ဟွဧကရာဇ်က လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

လူတိုင်းသိလိုက်ကြသည်။

ဤနည်းလမ်းက ကျရှုံးသွားပြီ။

All Chapters