← Chapters

အခန်း ၁၂၈၇

Vol. 86 Ch. 1287

အခန်း ၁၂၈၇

Vol. 86 Ch. 1287

အခန်း ( ၁၂၈၇ ) ငရဲဆယ့်ရှစ်ထပ်သို့ ကျရောက်ခြင်း။

"အဖေ၊ မလုပ်ပါနဲ့"

တုန်ဟွဧကရာဇ်၏ စကားကိုကြားတော့ ယွမ်ချယ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

ငရဲဆယ့်ရှစ်ထပ်က မည်မျှကြောက်စရာကောင်းသည်ကို သူမ ကောင်းကောင်းသိ၏။

ယင်းက အင်မော်တယ်ခုံရုံး၏ အပြင်းထန်ဆုံး ပြစ်ဒဏ်ပင်။

ဤပြစ်ဒဏ်မျိုးကို ကြုံရလျှင် သေခြင်းတရားကပင် အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်နိုင်သည်။

ငရဲဆယ့်ရှစ်ထပ်တွင် အဆုံးမဲ့နှိပ်စက်ညှဉ်းပန်းမှုများနှင့် ပြည့်နှက်နေ၏။

အဆင့်တိုင်းက ဆိုးရွားရက်စက်လွန်းသော ညှဉ်းပန်းနှိပ်စက်မှုကြီးတစ်ခု ဖြစ်သည်။

သာမန်လူများက ပထမအဆင့် အနည်းငယ်ကိုပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

ယွမ်ချယ်၏ မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်၏ မူလဇာစ်မြစ်က လျှို့ဝှက်ဆန်းကျယ်သည်။

သို့သော်လည်း ငရဲဆယ့်ရှစ်ထပ်တွင် ရှင်သန်နေနိုင်ရန် မဖြစ်နိုင်ပေ။

"ဟမ့်၊ အဲဒါက မင်းနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ပဲ"

တိဟောက်ထျန်း၏ အေးစက်သော မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။

သူ့မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်က သေလူတစ်ဦးနှင့် မခြားတော့ပေ။

"အဖေ၊ ယွီလန်ကို ငရဲဆယ့်ရှစ်ထပ်ကို ပို့မယ်ဆိုရင် ကျွန်မကိုလည်း ပို့လိုက်ပါ"

ယွမ်ချယ်က ပထမဆုံးအကြိမ် အသိစိတ်ပျောက်သွားသလို အော်ဟစ်လိုက်သည်။

သူက လိမ္မာပါးနပ်သော မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏အဖေ မျက်နှာပျက်ရအောင် တစ်ခါမျှ မလုပ်ခဲ့ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူမ၏ နှလုံးသားကို နှိုးဆွပေးသည့် ပထမဆုံးလူ ဖြစ်သည်။

သူမ၏ နှလုံးသားတွင် အမှတ်အသားပြုနိုင်သော ပထမဆုံးအမျိုးသားလည်း ဖြစ်၏။

ဤရလဒ်ကို သူ လက်မခံနိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ အမူအရာ မပြောင်းခဲ့ပါ။

သူ့မျက်လုံးထဲတွင် တွေးဆမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။

ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။

"မင်းသမီးရဲ့ ကိုယ်ပိုင်အိမ်ထောင်ရေးကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးနိုင်ရင် ငါ ငရဲဆယ့်ရှစ်ထပ်ကို ဆင်းသက်ရရင်တောင် ဘာဖြစ်လဲ"

ဤစကားကို ကြားရသောအခါ ယွမ်ချယ်၏ နှလုံးသားက ကြေကွဲသွားသည်။

တစ်ဖက်မှာတော့ တိဟောက်ထျန်း၏ အမူအရာက အေးစက်သွားတော့သည်။

တိဟောက်ထျန်း၏ အပြင်လောကအသိစိတ်က မနိုးထသေးသော်လည်း...

ဤဝတ်စုံဖြူဝတ်လူငယ်က ယွမ်ချယ်ကို စိတ်ဝင်စားနေပုံရကြောင်း သူ သတိပြု‌မိပေသည်။

သူမကိုယ်တိုင် သတိမပြုမိဘဲ ယွမ်ချယ်ကလည်း စိတ်ဝင်စားနေမိပြီ ဖြစ်သည်။

လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသည့် အမျိုးသားတစ်ဦးဖြစ်သည့်တိုင် သူမအတွက် စွန့်စားဝံ့ခြင်းက အမျိုးသမီးတိုင်း၏ နှလုံးသားကို ဖမ်းစားနိုင်လောက်သည်။

"ဒီလိုဆိုရင် ငါ မင်းကို ကူညီပေးမယ်"

တုန်ဟွဧကရာဇ်က သူ၏ မှုန်ဝါးဝါးဖြစ်သော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ဤလက်က ကောင်းကင်ကဲ့သို့ သူ့ကို ဖိနှိပ်လာသလို ခံစားလိုက်ရ၏။

ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပုံရသည်။

ထို့နောက် ကျွင်းရှောင်ယောက်၏ရှေ့တွင် ဟင်းလင်းပြင်ကြီးတစ်ခုကို ခံစားလိုက်ရသည်။

သူက အတောင်ကျိုးနေသော ငှက်တစ်ကောင်ပမာ အောက်ဘက်ကို ထိုးကျသွားတော့သည်။

ကျဆင်းဆဲ... ဆက်လက်ကျဆင်း‌နေဆဲ...

နောက်ဆုံးတွင် ပတ်ဝန်းကျင်က သွေးနှင့် သွန်းသောကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသည်။

သူက ငရဲဆယ့်ရှစ်ထပ်သို့ ရောက်လာပြီ။

အင်မော်တယ်ခုံရုံးတွင် ကြောက်စရာအကောင်းဆုံးသော ပြစ်ဒဏ်က ငရဲဆယ့်ရှစ်ထပ် ဖြစ်သည်။

ဤအလွှာတစ်ခုစီက သည်းမခံနိုင်လောက်သော အဆုံးမဲ့နာကျင်မှုကို ခံစားစေနိုင်ပေသည်။

သံသစ်ပင်ငရဲ၊ မိစ္ဆာကြေးမုံငရဲ၊ ဓားတောင်ငရဲ၊ ချော်ရည်ပူငရဲ အစရှိသဖြင့်...

ဤပြစ်ဒဏ်များနှင့် နှိပ်စက်ညှဉ်းပန်းမှုများက တော်ရုံတန်ရုံကျင့်ကြံသူများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

အမှန်တကယ် ကြီးလေးသော အပြစ်သားများသာလျှင် ဤနေရာတွင် အကျဉ်းချခံရပြီး အဆုံးမဲ့ ပြစ်ဒဏ်ကို ခံရမည် ဖြစ်သည်။

ငရဲဆယ့်ရှစ်ထပ်သို့ ပစ်ချခံရသူများက သေခြင်းတရားထက် ပိုဆိုးသောဘဝနှင့် ထာဝရညှဉ်းဆဲခြင်းကို ခံစားရလိမ့်မည်။

ကျွင်းရှောင်ယောက်က ငရဲအလွှာတစ်ခုတွင် တင်ပျဉ်ခွေထိုင်နေသည်။

ကြောက်စရာကောင်းသော နှိပ်စက်မှုများက ‌ကျရောက်လာနေ၏။

သို့သော်လည်း သူ့အမူအရာက လုံးဝ မပြောင်းလဲပေ။

‌ဒါက ကျွင်းရှောင်ယောက်ဟာ နာကျင်မှုကို မခံစားရသောကြောင့် မဟုတ်ပါ။

ဤသည်မှာ အိပ်မက်ဖြစ်သော်လည်း ဤအိပ်မက်ထဲမှ အရာအားလုံးက လက်တွေ့နှင့် မခြားပါ။

ငရဲကျခြင်းမှ အဆုံးမဲ့နာကျင်မှုက သဘာဝအားဖြင့် တူညီသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုက အလွန်အားကောင်းပေသည်။

ဤညှဉ်းပန်းနှိပ်စက်မှုမျိုးက သူ၏ ထိန်းချုပ်နိုင်စွမ်းအောက်တွင် ရှိသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် သံသယတစ်ခု ရှိနေသည်။

ငရဲဆယ့်ရှစ်ထပ်က ပုံမှန်မရှိနေဘဲ အဆုံးမဲ့ အပြစ်စွမ်းအားများ ပြည့်နေ၏။

ဤအပြစ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို တစ်ချိန်လုံး ကူးစက်နေသည်။

ထို့ထက် ပို၍ထူးဆန်းတာပ ကျွင်းရှောင်ယောက်ဟာ ဤအပြစ်စွမ်းအားက အိပ်မက်နှင့်မတူဘဲ အမှန်တကယ် ခံစားနေရခြင်းပင်။

'ဖြစ်နိုင်မလား...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။

'ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးဧကရာဇ်... တုန်ဟွဧကရာဇ်ရဲ့ နည်းလမ်းနဲ့ အကြံအစည်တွေက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်'

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

ဤဒဏ္ဍာရီလာတည်ရှိမှုမျိုး၏ နည်းလမ်းများက နတ်ဘုရားများနှင့် နီးစပ်နေပြီဟု သူ တွေးမိလေသည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က သူ့နှလုံးသားထဲတွင် နားလည်ရခက်သော ထိတွေ့မှုကို ခံစားလိုက်ရသည်။

သူ၏ အရည်အချင်းက ထာဝရကွဲလွဲမှုများ၏ ဘုရင်အဆင့်သို့ ရောက်ရှိနေပြီ။

ဉာဏ်အလင်းပိုင်းမှာလည်း ထိပ်တန်းအဆင့်ကို ရောက်နေပြီ ဖြစ်သည်။

ဤထူးခြားသောပတ်ဝန်းကျင်တွင်၊ ကျွင်းရှောင်ယောက်က သူ၏နှလုံးသားမှ ဉာဏ်အလင်း မီးပွားတစ်ခုကို ခံစားခဲ့ရပေသည်။

''ဖြစ်ကောင်းဖြစ်နိုင်တာက ဒါအခွင့်အရေးပဲ...'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

သူ့တွင် အထူးချွန်ဆုံးအရာတစ်ခုက မကောင်းသော အခြေအနေမှာပင် အကောင်းရှာနိုင်ခြင်း ဖြစ်သည်။

ဥပမာအားဖြင့်၊ ယခု ဤငရဲဆယ့်ရှစ်ထပ်က ဉာဏ်အလင်းရရှိရန် သူ့အတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်တစ်ခု ဖြစ်လာပေသည်။

'ငါ့ရဲ့ မဟာတာအိုရဲ့မူလ နတ်ဘုရားစွမ်းရည်က စွမ်းရည်အသစ်တွေကို တစ်ဖန် ရရှိနိုင်တယ်'

ကျွင်းရှောင်ယောက်က တွေးလိုက်သည်။

သူ၏ မဟာတာအို၏မူလ နတ်ဘုရားစွမ်းရည်ဖြစ်သော ကမ္ဘာဦးကျမ်းသည် ပျက်စီးခြင်းနယ်စပ်တွင် ပြောင်းလဲမှုတစ်ခု ကြုံရပြီးကတည်းက နောက်ထပ် ဉာဏ်အလင်းများ မရရှိတော့ပေ။

ယခုမူ ဤထူးခြားသောပတ်ဝန်းကျင်တွင် ကျွင်းရှောင်ယောက်က ခံစားမိလာပြီ ဖြစ်သည်။

သူက ဉာဏ်အလင်းတွင် စီးမျောစပြုလာခဲ့၏။

ဒါကို မည်သူမျှ စိတ်ကူးနိုင်မည် မဟုတ်ပေ။

ဤသည်မှာ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကြောက်စရာအကောင်းဆုံး ပြစ်ဒဏ်ပေးသည့်နေရာ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ ဉာဏ်အလင်းနှင့် လေ့ကျင့်ရန် နေရာအဖြစ် အမှန်တကယ် ပြောင်းလဲခဲ့ပေသည်။

တစ်ဖက်တွင်၊ လင်ရှောင်နန်းတော်၌...

ယွမ်ချယ်က ငိုကြွေးရင်းမှ အော်ဟစ်လိုက်သည်။

"ကျွန်မပလည်း မဟာအပြစ်သားပဲ၊ ဘာဖြစ်လို့ အဖေက ကျွန်မကိုတော့ ငရဲဆယ့်ရှစ်ထပ်ကို မပို့ရတာလဲ"

သူနှင့် ကျွင်းရှောင်ယောက်တို့က ထိုဇာတ်လမ်းမှ မြွေဖြူ နှင့် ရွှီရှန်းတို့ကဲ့သို့ ခံစားရပေသည်။

တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသော်လည်း အဆုံးမှာတော့ အတူရှိနေနိုင်ရန် ခက်ခဲသည်။

"‌ကိုင်း၊ ပွဲတော်က ဒီလောက်ပါပဲ"

တုန်ဟွဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

အင်မော်တယ်တစ်သောင်းပွဲတော်က ပြီးဆုံးသွား၏။

တိဟောက်ထျန်းနှင့် ယွမ်ချယ်တို့၏ မင်္ဂလာပွဲကတော့ သဘာဝအတိုင်း မဖြစ်လာတော့ပေ။

ယခင်ကဆိုလျှင်၊ ယွမ်ချယ်နှင့် တိဟောက်ထျန်းက သူငယ်ချင်းများ ဖြစ်နိုင်သည်။

ယခုတော့ သူမသည် တိဟောက်ထျန်းကို လုံးဝ ဂရုမစိုက်တော့ပေ။

တိဟောက်ထျန်းလည်း အရေးကြီးသော အရာတစ်ခု ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

ဤအရာက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့ပေသည်။

သို့သော်လည်း ယွမ်ချယ်ကို အတင်းအကြပ်လုပ်ရန်‌ မဖြစ်နိုင်ပါ။ နောက်ဆုံးတွင် သူမက တုန်ဟွဧကရာဇ်၏ သမီးတော် ဖြစ်သည်။

ထို့နောက် ယွမ်ချယ်က အစားအသောက်ကိုပင် စိတ်မဝင်စားတော့ပေ။

သူမ၏ ခန္ဓာကိုယ်ရှိ အပြစ်စွမ်းအားကလည်း တဖြည်းဖြည်း ထိန်းချုပ်ရန် ပို၍ခက်ခဲလာသည်။

တစ်ခုတည်းသောနည်းလမ်းမှာ တုန်ဟွဧကရာဇ် ပြောခဲ့သည့်အတိုင်း ကောင်းကင်၊ မြေနှင့် လူသား ဝိညာဉ်သုံးခုကို ခွဲထုတ်ပြီး အသွင်ပြောင်းရန်ပင်။

ဤကာလအတွင်း၌ ကျွင်းရှောင်ယောက်က ငရဲဆယ့်ရှစ်ထပ်တွင် ဉာဏ်အလင်းရနေခဲ့သည်။

ဤအိပ်မက်က ဘယ်တော့ ပြီးဆုံးသွားမလဲ သူမသိပေ။

သို့သော်လည်း နီးကပ်လာနေပြီဟု သူ ခံစားရသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျွင်းရှောင်ယောက်၏ မဟာတာအိုကျမ်းက စတုတ္တနည်းလမ်း ရှေ့ပြေးပုံစံမှာ ပြီးမြောက်ခါနီးလာသည်။

သို့သော်လည်း ၎င်းက ပြီးပြည့်စုံရန် ဝေးကွာနေသေးသည်။

"ငရဲဆယ့်ရှစ်ထပ်က ဒီလောက်ပါပဲ"

ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းတဲ့ လူငယ်ပဲ"

ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက်က မအံ့သြဘဲ အသံထွက်လာသည့်နေရာကို လှမ်းကြည့်လိုက်၏။

အချိန်နှင့် ဟင်းလင်းပြင်၏ နက်နဲသော အလွှာများတွင် ရပ်နေသကဲ့သို့ မှုန်ဝါးဝါး ပုံရိပ်တစ်ခု ပေါ်လာသည်။

၎င်းက တုန်ဟွဧကရာဇ်ပင်။

"မင်း မအံ့သြဘူးလား"

တုန်ဟွဧကရာဇ်က ပြောသည်။

ကျွင်းရှောင်ယောက်က ပြုံးရုံပြုံးပြီး ပြောလိုက်၏။

"ဧကရာဇ်အရှင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်ဟာ မဟာအပြစ်တွေကို လွှဲပြောင်းပေးဖို့ သင့်တော်သလားဆိုတာကို စမ်းသပ်ဖို့ပဲ မဟုတ်လား"

All Chapters