← Chapters

အခန်း ၁၂၈၈

Vol. 86 Ch. 1288

အခန်း ၁၂၈၈

Vol. 86 Ch. 1288

အခန်း ( ၁၂၈၈ ) တုန်ဟွဧကရာဇ်၏ နည်းလမ်း။

ကျွင်းရှောင်ယောက်သည် ငရဲဆယ့်ရှစ်ထပ်သို့ ကျဆင်းသွားပြီးနောက် အပြစ်၏စွမ်းအားကို ခံစားခဲ့မိသည်။

ထို့နောက် သူ ခန့်မှန်းမိသွား၏။

တကယ်တော့ ဒါဟာ တုန်ဟွဧကရာဇ်၏ အကြံအစည်ပင်။

သူ့သမီးအတွက် ကြီးစွာသောအပြစ်များအား ခံနိုင်ရည်ရှိသူတစ်ဦးကို ရွေးချယ်လိုသည်။

ငရဲကြီးဆယ့်ရှစ်ထပ်ကတော့ အပြစ်စွမ်းအားကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ရန် အကောင်းဆုံးနေရာပင်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က စမ်းသပ်မှုကို အောင်မြင်ခဲ့သည်မှာ သေချာသည်။

"ဟားဟားဟား၊ ဉာဏ်ကောင်းတယ်"

တုန်ဟွဧကရာဇ်က ရယ်မောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော် နားမလည်သေးတာ တစ်ခုရှိတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

"ပြောပါ"

"အမှားက အမှန်ဖြစ်လာတဲ့အခါ အမှန်က အမှားဖြစ်သွားတယ်"

ကျွင်းရှောင်ယောက်က ပြောသည်။

သူက တုန်ဟွဧကရာဇ်ကို အိပ်မက်ထဲမှ အတုအယောင်လား သို့မဟုတ် တကယ့်ဖြစ်တည်မှုလားဟု တိုက်ရိုက်မေးရန် မဖြစ်နိုင်ပေ။

ဒါက အိပ်မက်လောကကို မတည်မငြိမ်ဖြစ်စေနိုင်သည်။

ထို့ပြင် ကျွင်းရှောင်ယောက်က သူ့ရည်မှန်းချက်ကို မအောင်မြင်သေးသောကြောင့် တိုက်ရိုက်မဖော်ပြခဲ့ပါ။

သို့ရာတွင်၊ တုန်ဟွဧကရာဇ်က မည်သူနည်း။ သူက‌ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်သည်။

ကောင်းကင်ကိုးပါးနှင့် ကမ္ဘာဆယ်ခုတို့တွင် အသန်မာဆုံး တည်ရှိမှုများထဲမှ တစ်ပါးဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

တုန်ဟွဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီဧကရာဇ်က မှန်တယ်ဆိုရင် မှန်တယ်၊ မှားတယ်ဆိုရင် မှားလိမ့်မယ်။ အမှန်နဲ့အမှားက ငါတို့အတွက်တော့ အဓိပ္ပာယ်မရှိတော့ဘူး"

ထိုစကားကိုကြားသောအခါ ကျွင်းရှောင်ယောက်၏ စိတ်အတွေးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

သူက တကယ်ကို ဒဏ္ဍာရီလာ ဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်ထိုက်သည်။

ဤပုဂ္ဂိုလ်မျိုးအတွက် ကမ္ဘာကို ထိန်းချုပ်ပြီး အချိန်မြစ်မှာ ဖြတ်သန်းခြင်းက ပုံမှန်ပင်။

အမှန်နှင့် အမှားက သူတို့အတွက် အဓိပ္ပါယ်မရှိတော့ပါ။

ဤသည်က မေ့ပျောက်ခြင်းမြေ၏ အလိုတော်က တည်ဆောက်ထားသော အိပ်မက်တစ်ခုဖြစ်လျှင်ပင် ထူးခြားမည် မဟုတ်ပေ။

ဒါက တကယ်ကို ဒဏ္ဍာရီဆန်ဆန် နည်းလမ်း ဖြစ်သည်။

"ဒီတော့ ဧကရာဇ်အရှင်က နှစ်ပေါင်းမရေမတွက်နိုင်အောင် မင်းသမီးယွမ်ချယ်ရဲ့ အပြစ်တွေကို လွှဲပြောင်းပေးဖို့ သင့်လျော်တဲ့သူကို ရှာဖွေနေခဲ့တာပေါ့"

ကျွင်းရှောင်ယောက်က လေးနက်စွာ ပြောလိုက်သည်။

တုန်ဟွဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။

"မင်း သိထားပြီးပြီပေါ့"

"ဒါပေမဲ့ ဧကရာဇ်အရှင်က ကျွန်တော် ဆန္ဒရှိမယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ"

ကျွင်းရှောင်ယောက်က မေးလိုက်၏။

"မင်းလုပ်လိမ့်မယ်"

တုန်ဟွဧကရာဇ်က ပြောဆိုပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ကမ္ဘာတစ်ခုလုံး ချာချာလည်သွားသလို ခံစားလိုက်ရလေသည်။

နောက်အခိုက်အတန့်တွင် သူက လင်ရှောင်နန်းတော်သို့ ထပ်မံရောက်ရှိခဲ့သည်။

ယခုအချိန်တွင် လင်ရှောင်နန်းတော်က လူများ ရှိနေဆဲ ဖြစ်သည်။

အင်မော်တယ်တစ်သောင်းပွဲတော်ကဲ့သို့ လူမများသော်လည်း အတော်အတန် များပြားနေသေးသည်။

"အဲဒါ သူပဲ၊ သူ တကယ်ပဲ ငရဲဆယ့်ရှစ်ထပ်ကနေ ထွက်လာခဲ့တယ်"

"အံ့ဩစရာ... အံ့ဩစရာကောင်းလွန်းတယ်။ အဲဒါက ငရဲဆယ့်ရှစ်ထပ်ပဲလေ၊ ဧကရာဇ်အရှင်ကိုယ်တိုင် သူ့ကို ပစ်ချခဲ့တာ။ ဒါပေမဲ့ သူက ဘာမှမဖြစ်ဘဲ ပြန်ထွက်လာနိုင်တယ်"

ပတ်ဝန်းကျင်ရှိ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

လူအုပ်ထဲတွင် တိဟောက်ထျန်းလည်း ရှိနေသည်။

သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး ကျွင်းရှောင်ယောက်ကို မယုံကြည်နိုင်စွာ ကြည့်နေမိ၏။

ယင်းက အင်မော်တယ်ခုံရုံး၏ ကြောက်စရာအကောင်းဆုံး ပြစ်ဒဏ်ပေးသောနေရာ ငရဲဆယ့်ရှစ်ထပ်ပင်။

ရှေးခေတ်ကတည်းက လူအနည်းငယ်သာ ပြန်ထွက်လာနိုင်ကြသည်။

အပြစ်ဒဏ်ကြေသဖြင့် ပြန်လွတ်လာသူတချို့မှာလည်း စိတ်ဒဏ်ရာများရရှိခဲ့ကြသေးသည်။

တစ်ဖက်တွင် ကျွင်းရှောင်ယောက်က သာမန်လူတစ်ဦးကဲ့သို့ တည်ငြိမ်မှုရှိခဲ့သည်။

ယင်းက လူတိုင်းကို မယုံနိုင်ဖြစ်စေသည်။

"ဒီကောင်လေးက တကယ်ကို တစ်ခုခုပဲ"

အားလုံး အံ့အားသင့်သွားကြသည်။

"ယွီလန်"

ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။

နောက်အခိုက်တွင်၊ ကျွင်းရှောင်ယောက်က နူးညံ့သော လက်အစုံဖြင့် ပွေ့ဖက်ခြင်းကို ခံလိုက်ရ၏။

မင်းသမီးယွမ်ချယ် ဖြစ်သည်။

ယခုအချိန်တွင် ယွမ်ချယ်၏ မျက်လုံးများတွင် ဝမ်းသာမျက်ရည်များဖြင့် ပြည့်နေသည်။ သူမ၏ တစ်သက်တာတွင် ကျွင်းရှောင်ယောက်ကို ပြန်တွေ့ရန် မမျှော်လင့်ထားပေ။

သူမသည် မကြာမီ ဝိညာဉ်သုံးခုအဖြစ် ခွဲထွက်တော့မည်ဖြစ်သောကြောင့် ကျွင်းရှောင်ယောက်ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဘူးဟု ထင်ခဲ့သည်။

"ယွမ်ချယ်၊ ငါအဆင်ပြေပါတယ်"

ကျွင်းရှောင်ယောက်က ပြုံးပြီး ယွမ်ချယ်၏ နောက်ကျောပြင်ကို ခပ်ဖွဖွပုတ်လိုက်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး တိတ်ဆိတ်သွားလေသည်။

သူ့ဖခင် တုန်ဟွဧကရာဇ်မှလွဲ၍ ကျွင်းရှောင်ယောက်က ယွမ်ချယ်ကို ပွေ့ဖက်ဝံ့သော တစ်ဦးတည်းသောသူ ဖြစ်သည်။

"မင်းသမီးရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ကို မင်း ဘယ်လိုတောင် ထိဝံ့တာလဲ"

ဤမြင်ကွင်းကို မြင်လိုက်ရတော့ တိဟောက်ထျန်း၏ မျက်လုံးများက နီရဲသွားသည်။

တိဟောက်ထျန်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ ကျွင်းရှောင်ယောက်ကို သူ ဖယ်ရှားပစ်ရ‌မည်။

ထိုစဉ်...

ကောင်းကင်အမြင့်တွင် ထိုင်နေသော တုန်ဟွဧကရာဇ်က လက်ဖျစ်တစ်ချက်တီးလိုက်သည်။

"ဝုန်း"

တိဟောက်ထျန်းက လွင့်စဉ်သွားပြီး‌ ဆသွးများ အန်ထွက်လာတော့သည်။

"ခွင့်လွှတ်ပါအရှင်၊ ကျွန်တော် စိတ်လွတ်သွားတယ်"

တိဟောက်ထျန်းက သတိဝင်လာပြီး ဒူးထောက်လိုက်သည်။

ယွမ်ချယ်က တုန်ဟွဧကရာဇ်၏ သမီးတော် ဖြစ်သည်။

ယခုတော့ တုန်ဟွဧကရာဇ်ကပင် သူ၏ ရပ်တည်ချက်ကို ထုတ်မပြသေးပေ။ သူက ပထမဆုံး လှုပ်ရှားခဲ့သည်။

ဒါက တုန်ဟွဧကရာဇ်ကို မလေးစားရာကျပေသည်။

"ဟင်း၊ ဧကရာဇ်အရှင်ရဲ့ မှန်းဆချက်က တကယ်ပဲ မှန်ကန်ပုံရတယ်။ ဒီလူက မင်းသမီးယွမ်ချယ်ရဲ့ ကြီးကျယ်တဲ့ အပြစ်တွေကို တာဝန်ခံနိုင်လောက်တယ်"

တောက်ပသော နေအလင်းတွင် တင်ပျဉ်ခွေထိုင်နေသော ဧကရာဇ်တစ်ပါးက သက်ပြင်းချလိုက်သည်။

"ငါတို့ စမ်းကြည့်ရမှာပဲ"

တုန်ဟွဧကရာဇ်က ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် အဓိပ္ပါယ်ရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။

"ဘယ်လိုလုပ်ပြီး သူက..."

တိဟောက်ထျန်း တုန်လှုပ်သွားသည်။ အကြောင်းပြချက်ကို သူချက်ချင်း နားလည်လိုက်၏။

ဝတ်စုံဖြူဝတ် ဤလူငယ်က ယွမ်ချယ်၏ မဟာအပြစ်ကို ခံနိုင်သည်။

"အဖေ...ဘာတွေပြောနေတာလဲ"

ယွမ်ချယ်မှာ ပျော်ရွှင်လို့မှမကြာသေးသော်လည်း ထိုစကားကို ကြားလိုက်ရသောကြောင့် တုန်လှုပ်သွားသည်။

ကျွင်းရှောင်ယောက်ကတော့ မျှော်လင့်ထားပြီးဖြစ်၍ တုန်ဟွဧကရာဇ်ကို လှည့်ကြည့်လိုက်၏။

တုန်ဟွဧကရာဇ်က ပြောလိုက်သည်။

"မင်း ငါ့သမီးအတွက် မဟာအပြစ်ကို တာဝန်ခံရအောင် ဆန္ဒရှိသလား"

"အဖေ.... မဟုတ်ဘူး"

ယွမ်ချယ်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက‌ ခေါင်းကို တွင်တွင်ခါယမ်းလိုက်၏။

သူမ၏ ခန္ဓာကိုယ်အတွင်း၌ သယ်ဆောင်ထားသော အပြစ်စွမ်းအားက မည်မျှကြောက်စရာကောင်းသည်ကို သူ ကောင်းကောင်းသိသည်။

ဧကရာဇ်၏ သွေးမျိုးဆက်ဖြင့် သူပင်လျှင် ဤမျှခံစားနေရသေးသည်။

သူတပါးလက်ကို အပ်လိုက်ပါက သူ့အတွက် အခြားသူများကို သေခိုင်းလုနီးပါး ဖြစ်လိမ့်မည်။

ထို့ပြင်၊ ထိုသူက သူမ ချစ်ရသောသူ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပေ။

သူ့မျက်လုံးများက တုန်ဧကရာဇ်၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။

တုန်ဟွဧကရာဇ်က သူသဘောတူမည်ဟု ဘာကြောင့် သေချာနေသနည်း။

အကြောင်းမှာ ကျွင်းရှောင်ယောက်ကို သတိပြုမိသောကြောင့် ဖြစ်သည်။

မဟာတာအို၏မူလ နတ်ဘုရားစွမ်းရည်အတွက် အကွက်အသစ်ကို အပြည့်အဝနားလည်လိုပါက...

အရေးကြီးဆုံးသော ထိုးထွင်းသိမြင်မှုလည်း လိုအပ်သည်။

ဤသိမြင်မှုသည် ယွမ်ချယ်၏ ခန္ဓာကိုယ်ရှိ အပြစ်စွမ်းအားမှ လာနေခြင်း ဖြစ်၏။

တစ်နည်းဆိုရသော် ကမ္ဘာဦးကျမ်း၏ နည်းလမ်းအသစ်ကို သူနားမလည်မီ ယွမ်ချယ် ခန္ဓာကိုယ်ရှိ ကြီးမားသောအပြစ်စွမ်းအားကို လွှဲပြောင်းယူရမည် ဖြစ်သည်။

ဤကိစ္စက တကယ်‌‌ကို ရူးနှမ်းရာကျပေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က လုပ်သည်။

ထို့ပြင် ဒါက တိဟောက်ထျန်း၏ အစီအစဉ်ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်နိုင်မည် မဟုတ်လော။

ဤအခြေအနေများကြောင့် ယွမ်ချယ်၏ နှလုံးသားထဲမှာ ဖျောက်ဖျက်လို့မရနိုင်သော အမှတ်အသားတစ်ခုကို စိုက်ထားလိမ့်မည်။

ထို့ကြောင့် ယွမ်ချီနိုးလာသောအခါတွင် သူ့ကို ရန်ငြိုးထားမည် မဟုတ်ပေ။

ဤနည်းဖြင့် ကျွင်းရှောင်ယောက်အတွက် ခြိမ်းခြောက်နိုင်စွမ်းမြင့်သော ပြိုင်ဘက်တစ်ဦး ဆုံးရှုံးသွားခဲ့သည်။

နောက်ဆုံးတွင် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီးသည် အလွန်အစွမ်းထက်ပြီး ဆွဲဆောင်မှုရှိနေဆဲပင်။

မဟုတ်လျှင်၊ တိဟောက်ထျန်းက ယွမ်ချယ်ကို အနိုင်ယူရန် ဤမျှအားထုတ်နေမည် မဟုတ်ပါ။

'တိဟောက်ထျန်း ဂရုတစိုက်စီစဉ်ထားတဲ့ အရာအားလုံးက ငါ့ဆီမှာ အဆုံးသတ်သွားတာ သနားစရာပဲ'

ကျွင်းရှောင်ယောက်က တိဟောက်ထျန်းကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။

ထိုအချိန်တွင် တိဟောက်ထျန်း၏ မျက်လုံးများမှ အရိပ်အယောင်များက အနည်းငယ် ပြောင်းလဲလာ၏။

သူ့စိတ်ထဲတွင် အတွေးအချို့ နိုးထလာပုံရသည်။

All Chapters