← Chapters

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အခန်း ( ၁၂၈၉ ) တိဟောက်ထျန်း၏ အမျက်ဒေါသ။

"ယွီလန်၊ ငါ သဘောမတူဘူး။ ငါ့ရဲ့ အပြစ်တွေကို လက်ခံယူလိုက်ရင် နင်သေလိမ့်မယ်"

ယွမ်ချယ်က စိုးရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ သူက ကျွင်းရှောင်ယောက်၏ လက်မောင်းကို ဖမ်းဆုပ်လိုက်၏။

သူမ၏ ခန္ဓာကိုယ်တွင်းရှိ အပြစ်စွမ်းအားက မည်မျှကြောက်စရာကောင်းသည်ကို သူ ကောင်းစွာသိသည်။

ဒါက ကျင့်ကြံမှုအဆင့်နှင့် မသက်ဆိုင်ပေ။

ဤအပြစ်ကြီးကို ခံယူမိသည်နှင့် ပျော်ရွှင်ဖွယ် အဆုံးသတ်ကို ရရှိနိုင်မည် မဟုတ်တော့ပါ။

ကျွင်းရှောင်ယောက်က သူမ၏ အပြစ်ကို ခံယူလိုက်လျှင် မြေကြီးလက်ခတ်မလွဲ သေရမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးပြီး ယွမ်ချယ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

ကျွင်းရှောင်ယောက်၏ အပြုံးကို မြင်လိုက်ရတော့ ယွမ်ချယ် အနည်းငယ် တုန်လှုပ်သွားသည်။ ကျွင်းရှောင်ယောက်က ဆုံးဖြတ်ပြီးတာကို သူမ နားလည်လိုက်ပြီ။

"ငါ ဆန္ဒရှိပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"မလုပ်ပါနဲ့"

ယွမ်ချယ်က အော်ဟစ်ပြီး ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ ငိုကြွေးလိုက်လေသည်။

ဝမ်း‌နည်းကြေကွဲစွာ ငိုကြွေးနေမိသည်။

ကျွင်းရှောင်ယောက်က သူမ၏ နှလုံးသားကို တုန်လှုပ်စေသော ပထမဆုံးလူ ဖြစ်သည်။

တစ်ဦးတည်းသောသူပင် ဖြစ်နိုင်သေးသည်။

သူမအတွက် ကျွင်းရှောင်ယောက်ကို မည်ကဲ့သို့ သေခွင့်ပြုနိုင်မည်နည်း။

"ယွီလန်၊ နင် သဘောမတူရင် အဖေတောင်မှ အတင်းအကြပ် မလုပ်နိုင်စေရဘူး"

ယွမ်ချယ်က တောင်းပန်လိုက်သည်။

ကျွင်းရှောင်ယောက်ကတော့ ပြုံးနေဆဲပင်။

မင်းရဲ့ အပြစ်ကြီးကို လက်မခံဘူးဆိုရင် ငါ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ဘယ်လိုလုပ်ပြီး နားလည်ရမှာလဲ။

အကယ်၍ လက်ခံခဲ့လျှင်ပင် ဒါက အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။

ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က ဒါကို ထုတ်မပြောပေ။

သူ့ကိုယ်သူလည်း အနည်းငယ် အခွင့်ကောင်းယူတတ်သူဟု ခံစားလိုက်မိသည်။

သို့သော်လည်း အပြင်ပန်းမှာတော့ တည်ငြိမ်စွာ ပြောလိုက်သည်။

"ယွမ်ချယ်၊ မြွေဖြူပုံပြင်ကို မင်း မှတ်မိသေးလား"

"ငါက ရွှီရှန်း မဖြစ်ချင်ဘူး။ ရွှီရှန်းက အားနည်းလွန်းလို့ သူ့မိန်းမကိုတောင် မကာကွယ်နိုင်ခဲ့ဘူးလေ"

"ငါ မင်းကို ကာကွယ်ပေးချင်တယ်။ မင်းကို လွတ်မြောက်စေနိုင်သရွေ့ ငါ ထာဝရငရဲထဲ ကျသွားရင်တောင် ကိစ္စမရှိပါဘူး"

ကျွင်းရှောင်ယောက်၏ စကားလုံးများက နွေးထွေးသည်။

ယွမ်ချယ်က သူ့နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရလေသည်။

ဤစိတ်ခံစားမှုက ယွမ်ချယ်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေမည်ဟု ဆိုနိုင်သည်။

ဤနည်းဖြင့် ကျွင်းရှောင်ယောက်၏ ရည်မှန်းချက်က အောင်မြင်ခဲ့သည်။

သူက တိဟောက်ထျန်း၏ အကြံအစည်ကို လုံးဝ ပျက်စီးစေခဲ့ပြီ။

တစ်ချိန်တည်းမှာပင်၊ သူက အကျိုးအမြတ်အားလုံးကို ရရှိခဲ့သည်။

သူက ယွမ်ချယ်၏ စိတ်ရင်းအမှန်ကို အနိုင်ယူနိုင်ရုံသာမက၊ မဟာတာအို၏မူလ နတ်ဘုရားစွမ်းရည်ကိုလည်း နားလည်နိုင်ပေသည်။

ကျွင်းရှောင်ယောက်က ကြီးစွာသော အကျိုးကျေးဇူးတို့ကို ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် တိဟောက်ထျန်း၏ မျက်လုံးများက အသိစိတ်ခံစားချက် အလင်းရောင်တစ်ခု လင်းလက်လာသည်။

သူ့မျက်လုံးများက ချက်ချင်းပင် စူးရှလာ၏။

သူက ကျွင်းရှောင်ယောက်နှင့် ယွမ်ချယ်တို့ကို ကြည့်နေပြီးနောက် ဒေါသတို့ တလိပ်လိပ်ထွက်လာတော့သည်။

"ကျွင်း ရှောင် ယောက်"

ယခုအခါ တိဟောက်ထျန်းက သတိပြန်ဝင်လာပြီ ဖြစ်သည်။

ဤမြင်ကွင်းကိုမြင်တော့ တိဟောက်ထျန်းက မယုံနိုင်သလို ခံစားခဲ့ရသည်။

သူ့အစီအစဥ်က လုံးဝ ပျက်စီးသွားပြီ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အကြံအဖန်များသော တိဟောက်ထျန်းက ဤအခိုက်တွင် စိတ်ရှုပ်ထွေးနေကာ သူ့ရှေ့မှ အရာအားလုံးကို နားမလည်နိုင် ဖြစ်နေသည်။

မူလက သူသည် အိပ်မက်လောကတွင် ယွမ်ချယ်ကို လက်ထပ်ပြီး ကံကြမ္မာရေစက်ကြိုးတစ်ခုကို ဖန်တီးချင်ခဲ့သည်။

ထို့နောက် ကူတိကျစ်နှင့် လင်ယွမ်တို့၏ မူလရင်းမြစ်ကို ပေးအပ်ပြီး ယွမ်ချယ်ကို အပြည့်အဝ အနိုင်ယူလိမ့်မည်။

ယခုတော့ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လာရသနည်း။

တိဟောက်ထျန်းက ဤအခြေအနေအားလုံးကို ရပ်တန့်ရန် တိုက်ရိုက် လှုပ်ရှားလိုက်သည်။

ကျွင်းရှောင်ယောက်သာ အပြစ်စွမ်းအားကြောင့် တကယ် သေဆုံးခဲ့လျှင် ယွမ်ချယ်၏ နှလုံးသားမှာ ဖျောက်ဖျက်လို့မရနိုင်သော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့လိမ့်မည်။

ထို့နောက် သူ၏ အကြံအစည်ကလည်း လုံးဝ ပျက်စီးလုနီးဖြစ်သွားမည် ဖြစ်သည်။

"တိဟောက်ထျန်းက ဘာဖြစ်တာလဲ။ သူ ရူးသွားပြီလား"

"ဒါက နားလည်နိုင်ပါတယ်။ မင်းချစ်နေရသူတစ်ယောက်က ‌မင်းရှေ့မှာ သူစိမ်းယောက်ျားနဲ့ ပေါင်းသင်းနေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ"

"အင်း၊ ဒါကတော့ မှန်တယ်"

လူတချို့က စိတ်ဝင်စားစွာဖြင့် ကြည့်နေခဲ့ကြသည်။

"ဟမ့်"

အေးစက်စက် ‌အသံတစ်ခု ထွက်ပေါ်လာသည်။

တိဟောက်ထျန်းက ချက်ချင်း သွေးအန်ပြီး လွင့်စဉ်သွား၏။

"အပြစ်တွေကို လွှဲပြောင်းနိုင်တဲ့သူကို ရှာတွေ့ဖို့က ခက်လွန်းတယ်။ သူ့ကို သတ်လိုက်မယ်ဆိုရင် မင်းက သူ့နေရာမှာ အစားထိုးမှာလား"

တုန်ဟွဧကရာဇ်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"မဟုတ်ပါဘူး၊ သူက..."

တိဟောက်ထျန်းက စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။

သူ့ရှေ့မှ ကျွင်းရှောင်ယောက်က သူ၏ အတွင်းစိတ်နတ်ဆိုးဟုပင် ခံစားမိ၏။

အကြောင်းမူ၊ ကျွင်းရှောင်ယောက်က မေ့ပျောက်ခြင်းမြေသို့ အမှန်တကယ် မဝင်ရောက်သင့်သောကြောင့်ပင်။

ထို့နောက် တုန်ဟွဧကရာဇ်က လှုပ်ရှားခဲ့သည်။

ကျွင်းရှောင်ယောက်နှင့် ယွမ်ချယ်တို့ကို အစီရင်တစ်ခု ခမျမှတ်လိုက်၏။

ယွမ်ချယ်က လက်မခံချင်သော်လည်း တုန်ဟွဧကရာဇ်၏ နည်းလမ်းများကို မခုခံနိုင်ပေ။

"မဟုတ်ဘူး၊ ငါ မလုပ်ချင်ဘူး"

ယွမ်ချယ်က စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ သူ၏မ မျက်လုံးများက နီရဲပြီး မျက်ရည်များလည်း စီးကျနေတော့သည်။

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြုံးပြီး ပြောလိုက်သည်။

"မင်းနဲ့တွေ့ရတာက လှပတဲ့ အိပ်မက်တစ်ခုပါပဲ၊ ဒါပေမဲ့ အိပ်မက်ဆိုတာက နောက်ဆုံးတော့ နိုးထရမှာပဲလေ"

"ဒါပေမဲ့လည်း အနာဂတ်မှာ ငါတို့ ထပ်တွေ့ရမယ်လို့ ကတိပေးနိုင်ပါတယ်"

ယွမ်ချယ်ကတော့ မျက်ရည်များ စီးကျနေဆဲ ဖြစ်သည်။

"ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို လိမ်ချင်သေးတာလား၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ငါ့ကို မလိမ်ပါနဲ့"

ကျွင်းရှောင်ယောက်က သူ့လက်သန်းလေးတစ်ချောင်းကို ဆန့်ပေးလိုက်သည်။

ယွမ်ချယ်က ဆယ်မိုင်မက်မွန်တောတွင် ကျွင်းရှောင်ယောက်နှင့် ပထမဆုံးတွေ့ရသည်ကို ပြန်သတိရနေမိ၏။

ထိုအချိန်တွင် သူမက လက်ချောင်းလေးများကို ဆန့်ထုတ်ကာ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံရန် ကျွင်းရှောင်ယောက်နှင့် သဘောတူညီမှု ရရှိခဲ့လေသည်။

ယွမ်ချယ်က မျက်ရည်များနှင့်အတူ သူမ၏ လက်သန်းကို ဆန့်ကာ ကျွင်းရှောင်ယောက်၏လက်သန်းနှင့် ချိတ်လိုက်သည်။

သို့သော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသော တိဟောက်ထျန်းမှာ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး သွေးများ တစ်ဖန်အန်ထွက်လာတော့သည်။

'ဒါက အိပ်မက်ပဲ၊ ကျွင်းရှောင်ယောက်ကလည်း အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်၊ အဲဒါက တကယ်မဖြစ်နိုင်ဘူး...'

တိဟောက်ထျန်းက သူ့ကိုယ်သူ နှစ်သိမ့်ပေးလိုက်သည်။

ထိုအချိန်တွင် တုန်ဟွဧကရာဇ်က အစီရင်ကို အသက်သွင်းလိုက်သည်။

သူက ယွမ်ချယ်၏ ခန္ဓာကိုယ်မှ အပြစ်စွမ်းအားကို ထုတ်ယူပြီး ကျွင်းရှောင်ယောက်သို့ လွှဲပြောင်းပေးလိုက်၏။

ကျွင်းရှောင်ယောက်၏ နားလည်မှုက ပို၍ နက်ရှိုင်းလာတော့သည်။

ကမ္ဘာဦးကျမ်း၏ စတုတ္ထမြောက် နတ်ဘုရားစွမ်းရည်က သူ့စိတ်ထဲတွင် တဖြည်းဖြည်း ကြည်လင်လာသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က သူ့ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက ပို၍ပို၍ ဝေဝါးလာသည်ဟု ခံစားလာရသည်။

'အိပ်မက်လောက ပြီးဆုံးသွားတော့မယ်ထင်တယ်'

ကျွင်းရှောင်ယောက်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

"ယွီလန်"

ယွမ်ချယ်၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။

"နှုတ်ဆက်ပါတယ် ယွမ်ချယ်..."

ကျွင်းရှောင်ယောက်က မျက်လုံးမှိတ်ထားလိုက်၏။

ထိုအချိန်တွင် သူ၏ နတ်ဘုရားစွမ်းရည်ကို အပြည့်အဝ နားလည်သွားပြီ။

ကမ္ဘာဦးကျမ်း၏ စတုတ္ထ နတ်ဘုရားစွမ်းရည်ကို နားလည်သွားပြီ ဖြစ်သည်။

ဒါက တိဟောက်ထျန်းကို အံ့အားသင့်စေမည်ဟု ယုံကြည်ပေသည်။

ထို့နောက် ကျွင်းရှောင်ယောက် သတိပြန်ဝင်လာသည်။

သူက ပင်လယ်ထဲမှာ ရှိနေသေးကြောင်း တွေ့လိုက်ရ၏။

ဒါက မေ့ပျောက်ခြင်းမြေ၏ နက်နဲရာအရပ်မှ ပင်လယ်ပင်။

ကျွင်းရှောင်ယောက်က အိပ်မက်ရေစီးကြောင်းမှ ပြန်လည်ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

"ဒါဟာ အိပ်မက်တစ်ခုပါပဲ၊ ဒါပေမဲ့လည်း သိပ်ပြီး လက်တွေ့ဆန်လွန်းတယ်"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

အ်ပ်မက်ထဲတွင် သူ့ကိုယ်ပိုင်အတွေးများကို ဆုပ်ကိုင်ထားနိုင်သေးသော်လည်း...

ဤအိပ်မက်က လက်တွေ့နီးပါးပင်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကြီးပွားချမ်းသာမှုကို သူမြင်ရသည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးဧကရာဇ် တုန်ဟွဧကရာဇ်ကိုလည်း တွေ့ခဲ့ရ၏။

'တုန်ဟွဧကရာဇ်က ယွမ်ချယ်ရဲ့ အပြစ်တွေကို လက်ခံနိုင်မဲ့သူကို တကယ်ပဲ ရွေးချယ်နေတာလား'

ဤအကြောင်းကိုတွေးရင်း သူ့စိတ်ထဲတွင် အံ့သြမှုအရိပ်အမြွက်တို့ ပေါ်လာသည်။

ဤရှေးခေတ် ပုဂ္ဂိုလ်ကြီးများ၏ စွမ်းရည်များက တကယ်ကို ထူးကဲပေသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှာ အပြစ်စွမ်းအား မရှိတော့ပါ။

ဒါတွေအားလုံးက အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။

သို့သော်လည်း ကမ္ဘာဦးကျမ်း၏ စတုတ္ထမြောက် နတ်ဘုရားစွမ်းရည်က သူ့စိတ်ထဲတွင် အမှန်တကယ် ရှိနေပြီ။

ဤအချိန်တွင်၊ စနစ်၏ လက်မှတ်ထိုးဝင်ခြင်း သတိပေးချက်က သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

လက်မှတ်ထိုးဝင်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသွားပြီ။

လက်မှတ်ထိုးဝင်ပြီးနောက်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာသည်။ ထို့နောက် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

"တိဟောက်ထျန်း... တိဟောက်ထျန်း၊ မင်း ငါ့ကို ဘယ်လိုယှဉ်မှာလဲ"

ဤလက်မှတ်ထိုးထားသော ရတနာဖြင့် ကျွင်းရှောင်ယောက်က တစ်ရာ ရာခိုင်နှုန်း သေချာသည်။

၎င်းက အင်မော်တယ်ခုံရုံးကို ပေါင်းစည်းရန် တိဟောက်ထျန်း၏ အိပ်မက်ကို လုံးဝ ပြိုပျက်သွားစေနိုင်လိမ့်မည်။

All Chapters