← Chapters

အခန်း ၁၂၉၁

Vol. 87 Ch. 1291

အခန်း ၁၂၉၁

Vol. 87 Ch. 1291

အခန်း ( ၁၂၉၁ ) အိပ်မက်ပင်လယ်၏ နက်နဲရာ။

လင်ယွမ်၏ လောကအပေါ် အသိအမြင်က လုံးဝ ပြောင်းလဲသွားပြီဟု ဆိုနိုင်သည်။

ယခုအခါ သူမကိုယ်ကိုပင် သံသယဖြစ်နေပြီ။

သူမ၏ ဖြစ်တည်မှု အဓိပ္ပါယ်က အဘယ်နည်း။

တစ်စုံတစ်ယောက်အတွက် အစားထိုးခံရန် ဖြစ်နေသလား။

ယွမ်ချယ်က နိုးထလာပြီးနောက် သူမကို ဖိနှိပ်ပြီး သန့်စင်ပစ်မည်မှာ သေချာသည်။

ထို့နောက်တွင် သူက နတ်သမီးယွမ်ကဲ့သို့ ဖြစ်လာလိမ့်မည်။

လင်ယွမ်၏ ခန္ဓာကိုယ်‌ကလေးက တုန်လှုပ်သွားပြီး ခေါင်းထဲတွင် မူးဝေလာခဲ့သည်။

သူမ၏ မျက်လုံးရှေ့တွင် အမှောင်ထုကြီးသာ ရှိနေသည်။

အလင်းရောင်အားလုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။

ဒါက လင်ယွမ်ကို ထိတ်လန့်တုန်လှုပ်စေသည်။

လင်ယွမ်က အထီးကျန်ပြီး အားကိုးရာမဲ့၍ အမှောင်ထုတစ်ခုကိုသာ ခံစားလိုက်ရချိန်...

သူမ၏ ခန္ဓာကိုယ်ကလေးက ရင်ခွင်ကျယ်တစ်ခုထဲသို့ ကျရောက်သွားပြီး ထွေးပွေ့ခြင်းကို ခံလိုက်ရသည်။

ကျွင်းရှောင်ယောက်က သူမကို ပွေ့ဖက်ထား၏။

"ကျွင်းရှောင်ယောက်၊ နင်..."

လင်ယွမ်၏ သိမ်မွေ့သော ခန္ဓာကိုယ်ကလေးက ရုတ်တရက် တုန်လှုပ်သွားသည်။

"စိတ်ပျက်ဖို့ အချိန်မဟုတ်သေးဘူး မဟုတ်လား"

ကျွင်းရှောင်ယောက်က နူးညံ့စွာ ပြုံးပြလိုက်သည်။

လင်ယွမ်၏ စိတ်ထဲတွင် တုန်ယင်သွားသည်။

ကျွင်းရှောင်ယောက်က အဆုံးမဲ့အမှောင်ထဲတွင် တစ်ခုတည်းသော အလင်းတန်းဖြစ်ကြောင်း ခံစားမိ၏။

သူမက တင်းမခံနိုင်တော့ဘဲ ကျွင်းရှောင်ယောက်ကို ပြန်လည်ဖက်တွယ်လိုက်တော့သည်။

သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက်က လွင့်သွားသည်။

သူမက အမှောင်ထုသို့ ကျရောက်ခါနီးတွင်...

သူမနှင့်အတူ ရှိနေခဲ့သည့် တစ်ဦးတည်းသောသူမှာ ကျွင်းရှောင်ယောက် ဖြစ်သည်။

ဒါကိုမြင်တော့ ကျွင်းရှောင်ယောက်က စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

နတ်သမီးယွမ်က သူ့ကိုယ်သူ လောင်ကျွမ်းစေပြီး သူမ၏ဝိညာဉ်ကို လင်ယွမ်နှင့် ပေါင်းစည်းခဲ့သည်။

ထိုစဉ်အခါက နတ်သမီးယွမ်၏ အလိုဆန္ဒမှာ လင်ယွမ်အပေါ် လွှမ်းမိုးမှုတချို့ ရှိခဲ့ပေသည်။

လင်ယွမ်က ဤဆန္ဒကို ဝန်ခံလိုစိတ်မရှိသော်လည်း နတ်သမီးယွမ်၏ စိတ်ဆန္ဒမှာ အမှန်တကယ်ပင် တည်ရှိသည်။

ယခင်က လင်ယွမ်ကိုယ်တိုင်ပင် ကျွင်းရှောင်ယောက်အပေါ် ခံစားချက်ရှိဖူးသည်ဟု ဆိုနိုင်ပေသည်။

သို့သော်လည်း ပြတင်းပေါက်တွင် စက္ကူအလွှာ ခြားနေသကဲ့သို့ ထုတ်ဖော်ရန် သတ္တိမရှိခဲ့ပေ။

နောက်ဆုံးတွင် သူနှင့် ကျွင်းရှောင်ယောက်တို့၏ ရပ်တည်ချက်က ဆန့်ကျင်ဘက် ဖြစ်သည်။

သူတို့နှစ်ယောက်ကြားတွင် အတားအဆီးက ကြီးမားလွန်း၏။

သို့သော်လည်း ယခုအချိန်မှာ သူမအတွက် အားကိုးရာမဲ့ဆုံးနှင့် အမှောင်ဆုံးအချိန် ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ရင်ခွင်က သူမအတွက် တစ်ခုတည်းသော အထောက်အပံ့အဖြစ် ရှိနေခဲ့ပေသည်။

ကျွင်းရှောင်ယောက်အပေါ် လင်ယွမ်၏ ခံစားချက်များက နောက်ဆုံးတွင် လုံးလုံးလျားလျား ပွင့်ထွက်သွားခဲ့သည်။

သူမက ကျွင်းရှောင်ယောက်ကို နှစ်သက်မှုရှိကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့ပေသည်။

နတ်သမီးယွမ်ထံမှ သြဇာလွှမ်းမိုးမှု မရှိလျှင်ပင် ဤအချက်က သေချာသည်။

ကျွင်းရှောင်ယောက်အတွက်တော့ ယခင်က လင်ယွမ်အပေါ်မှာ လုံးဝ စိတ်ဝင်စားမှုမရှိပါ။

သူက လင်ယွမ်ကို အခွင့်ကောင်းယူနေခြင်းသာ ဖြစ်ခဲ့သည်။

သို့သော်လည်း နတ်သမီးယွမ်က သူ့နှလုံးသားထဲတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပေသည်။

လင်ယွမ်ကိုယ်တိုင်ကလည်း အစပိုင်းတွင်သာ သူနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည်။

သို့သော်လည်း သူမနှင့် သိကျွမ်းရသည်မှာ အချိန်ကြာလာပြီးနောက် အေးစက်ပြီး မာနကြီးပုံရသော ဤမိန်းကလေးတွင် ချစ်စရာကောင်းသောအပိုင်းလည်း ရှိနေသေးကြောင်း သိလိုက်ရသည်။

"လင်ယွမ်၊ အချိန်နီးနေပြီ၊ မေ့ပျောက်ခြင်းမြေက ပြီးဆုံးတော့မယ်"

ကျွင်းရှောင်ယောက်က လင်ယွမ်၏ပခုံးကို ပုတ်လိုက်သည်။

လင်ယွမ်က ခေါင်းကို မော့လိုက်၏။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က သူမ၏ မျက်လုံးများတွင် မျက်ရည်များ မရှိတော့သည်ကို တွေ့လိုက်ရသည်။

ယင်းအစား ခိုင်မာသော အလင်းရောင်ဖြင့် လင်းလက်နေပေသည်။

"ကျွင်းရှောင်ယောက်၊ ငါနားလည်သွားပြီ"

လင်ယွမ်က ရုတ်တရက် ပြောလိုက်သည်။

"ဘာလဲ"

"ငါက ဘာဖြစ်လို့ အသန့်စင်ခံရပြီး ဘဝကို အဆုံးသတ်ရမှာလဲ"

"ငါက ဘာဖြစ်လို့ ယွမ်ချယ်ကို သန့်စင်ပြီး မပေါင်းစည်းနိုင်ရမှာလဲ"

လင်ယွမ်၏ စကားကိုကြားတော့ ကျွင်းရှောင်ယောက်က နှုတ်ဆိတ်သွားခဲ့သည်။

လင်ယွမ်က အမှန်တကယ်ပင် အေးစက်ပြီး ကြီးစိုးသောဘုရင်မ ဖြစ်သည်။

သူက မင်းသမီးယွမ်ချယ်ကို သန့်စင်ရန်ပင် တွေးနေ၏။

ဒါဟာ သားတစ်ယောက်က အဖေဖြစ်ရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်သည်။

နောက်ဆုံးတွင် ကောင်းကင်၊ မြေနှင့် လူသား ဝိညာဉ်သုံးပါးတို့တွင် ကောင်းကင်ဝိညာဉ်က လွှမ်းမိုးထားသည်။

မြေဝိညာဉ်တစ်ခုအနေဖြင့် လင်ယွမ်က ကောင်းကင်ဝိညာဉ်ကို သန့်စင်ရန် အမှန်တကယ် တွေးတောခဲ့သည်။

ဝါဟွမ်အင်မော်တယ်မျိုးရိုးပင်လျှင် လင်ယွမ်၏စိတ်ဆန္ဒက ယွမ်ချယ်အား အနည်းငယ် သက်ရောက်မှုရှိစေရန်သာ တွေးခဲ့သည်။

သူမကို ကောင်းကင်ဝိညာဉ်အား ဝါးမြိုရန် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

"ဒါပေမဲ့ နင့်ရဲ့အကူအညီ လိုတယ်"

လင်ယွမ်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။

ယွမ်ချယ်၏ သန့်စင်ခြင်းကို တားဆီးရန် မည်သူကမှ အကူအညီမပေးနိုင်ပေ။

ကျွင်းရှောင်ယောက် တစ်ယောက်တည်းသာ ရှိသည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီးအနေဖြင့် သူမ၏ အဆင့်အတန်းနှင့် ခွန်အားက ပြီးပြည့်စုံလုနီးပင်။

ဧကရာဇ်၏ သွေးမျိုးဆက်နှင့် ကြီးစွာသော မဟာအပြစ်၏ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားသည်။ ယခုအချိန်တွင် ၎င်းကို မထိန်းချုပ်နိုင်သော်လည်း အလွန်ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ဖြစ်နေသေးသည်။

သူမ နိုးလာပါက ဤရွှေခေတ်၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်သည်။

ကျွင်းရှောင်ယောက်ကဲ့သို့ လူအနည်းငယ်သာ ယွမ်ချယ်၏ သွေးမျိုးဆက်နှင့် ခွန်အားကို ယှဉ်နိုင်ကြသည်။

တိဟောက်ထျန်းပင်လျှင် သူမနှင့်ယှဉ်ပါက အနည်းငယ် နိမ့်ကျနေသေးသည်။

မဟုတ်လျှင်၊ သူက ယွမ်ချယ်၏စွမ်းအားကို အသုံးပြုလိုမည် မဟုတ်ပါ။

"လင်ယွမ်၊ ဆန္ဒမစောပါနဲ့။ ယွမ်ချယ်ရဲ့ သဘောထားကို ငါတို့ မသိရသေးဘူး။ အချိန်ကျရင် ပြောင်းလဲဖို့ နေရာရှိနိုင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက ယွမ်ချယ်နှင့် ရန်သူမဖြစ်လိုသေးပေ။

ကျွင်းရှောင်ယောက်က ယွမ်ချယ်ကို မကြောက်သော်လည်း တုန်ဟွဧကရာဇ်၏ နည်းလမ်းများကို သတိထားနေရဆဲ ဖြစ်သည်။

ယွမ်ချယ်ကို အမှန်တကယ်ထိဝံ့ပါက တုန်ဟွဧကရာဇ်တွင် အရန်အစီအစဉ်များ ရှိနေမလားဆိုတာ မပြောတတ်ပေ။

ကျွင်းရှောင်ယောက်က ကြောက်ရွံ့မှုမရှိသော်လည်း အကြောင်းပြချက် ကောင်းကောင်းမရှိဘဲ မဟာဧကရာဇ်တစ်ပါးကို မစော်ကားလိုပါ။

ထို့ပြင် ကျွင်းရှောင်ယောက်က ခန့်မှန်းချက်တစ်ခု ရှိနေသည်။

ယွမ်ချယ်က သူ့ကို ရန်လိုနေမည် မဟုတ်ပေ။

"ဒါဆိုရင် သူ့ကို အရင်ရှာရအောင်"

လင်ယွမ်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်လိုက်လေသည်။

သူတို့ နှစ်ယောက်က ပင်လယ်ထဲကို ဖြတ်လျှောက်သွားကြသည်။

အိပ်မက်ပင်လယ်ဟုခေါ်သော ဤပင်လယ်က မေ့ပျောက်ခြင်းမြေ၏ အမြုတေနေရာ ဖြစ်သည်။

သို့သော်လည်း အိပ်မက်မှ လွန်မြောက်ပြီး အိပ်မက်ပင်လယ်၏ နက်နဲရာ အမြုတေသို့ ရောက်နိုင်သူက ကျွင်းရှောင်ယောက်၊ လင်ယွမ်နှင့် တိဟောက်ထျန်းတို့သာ ရှိသည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ သူတော်စင်သားတော်များပင်လျှင် အိပ်မက်ပင်လယ် အစွန်းတွင်သာ လှည့်လည်သွားလာနိုင်သည်။

ကျွင်းရှောင်ယောက်နှင့် လင်ယွမ်တို့၏ အိပ်မက်ပင်လယ်၏ အမြုတေသို့ ရောက်လာခဲ့လေသည်။

ပင်လယ်၏အဆုံးတွင် ကျွန်းတစ်ကျွန်း ရှိသည်။

ကျွန်းပေါ်တွင် ရောင်စုံပန်းများ ပွင့်လန်းနေပြီး ကျောက်စိမ်းဖြင့် ထွင်းထုထားပုံရသည့် နန်းတော်တစ်ခု ရှိ၏။

ကျွင်းရှောင်ယောက်၏ အမူအရာက ပြောင်းလဲသွားသည်။

ဒါကို သူမှတ်မိပေသည်။

ဒါက အိပ်မက်ထဲမှ ချုံးဟွားနန်းတော်...

မင်းသမီးယွမ်ချယ်၏ နေထိုင်ရာ နန်းတော် ဖြစ်သည်။

"မင်းသမီးယွမ်ချယ်က ဒီမှာ အိပ်စက်နေတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

လင်ယွမ်က အနည်းငယ် လက်သီးဆုပ်လာမိ၏။ သူမ၏ နှလုံးသားတွင် လှုပ်ရှားလာသည်မှာ ထင်ရှားသည်။

ထိုအချိန်၊ အခြားတစ်ဖက်မှ အလင်းတန်းတစ်ခုကဲ့သို့ ပုံရိပ်တစ်ခု ပျံသန်းလာသည်။

ရွှေရောင်ဆံပင်၊ ငွေရောင်မျက်လုံးများနှင့် တိဟောက်ထျန်း ဖြစ်၏။

တိဟောက်ထျန်းကလည်း လင်ယွမ်နှင့် ကျွင်းရှောင်ယောက်ကို တွေ့သွားသည်။

သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်က အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားဆဲပင်။

"ဟမ်"

တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများက စူးရှလာသည်။ လင်ယွမ်အပြင် အခြားလူတစ်ယောက်က ဤနေရာသို့ ရောက်လာရန် သူ မမျှော်လင့်ထားပေ။

သူ၏ ငွေရောင်မျက်လုံးများက အလင်းရောင်များ တောက်ပလာသည်။ သူက ဝတ်ရုံနက်ဝတ် အမျိုးသား၏ အချက်အလက်များကို မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကို မည်ကဲ့သို့ အလွယ်တကူ မြင်နိုင်မည်နည်း။

သို့သော်လည်း ဘာကြောင့်မှန်းမသိ၊ သူ့နှလုံးသားထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ရှိနေသည်။

မေ့ပျောက်ခြင်းမြေသို့ မဝင်မီတွင် လင်းယွမ်၏ဘေးမှာ အနက်ရောင် ၀တ်ရုံ ဝတ်ထားသူကို သတိပြုမိခဲ့သည်။

ထိုအချိန်က အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသော်လည်း ဂရုမစိုက်ခဲ့ပေ။

ယခုတော့ တစ်ခုခုကို ခံစားလာရသည်။

"လင်ယွမ်၊ ဒါက..."

တိဟောက်ထျန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။

လင်ယွမ်က ပြန်မဖြေဘဲ မေးလိုက်၏။

"ကူတိကျစ် ဘယ်မှာလဲ"

တိဟောက်ထျန်းက အမူအရာမပြောင်းဘဲ အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"သေပြီ"

"ဒါဆိုရင် နင်က ငါ့ကိုလည်းသတ်ပြီး ငါ့ရဲ့ ဝါဟွမ်မြင့်မြတ်ခန္ဓာနဲ့ ဝိညာဉ်ကို ယွမ်ချယ်ထံ အပ်နှံချင်တာလား"

လင်ယွမ်၏ လှပသောမျက်နှာက အလွန်အေးစက်လာသည်။

"အိုး၊ မင်းအကုန်သိပြီးပြီ ထင်တယ်။ ဟုတ်တယ်... ငါ ဒီလိုလုပ်မယ်"

တိဟောက်ထျန်းက မကွယ်ဝှက်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

ယခုအချိန်တွင် လင်ယွမ်က အမှန်တရားကို သိရှိသွားပြီဖြစ်သော်လည်း စိတ်မ၀င်စားခဲ့ပေ။

သူမ၏ကံကြမ္မာက ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။ သူမကို ယွမ်ချယ်က သန့်စင်ပစ်လိမ့်မည်။

All Chapters