← Chapters

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း ( ၁၂၉၂ ) မေ့ပျောက်ခြင်းမြေ၏ အဆုံးသတ်။

"နင်က အင်မော်တယ်မျိုးရိုးတွေကြား စစ်ပွဲဖြစ်ချင်တာလား"

လင်ယွမ်က အေးစက်စက် အော်လိုက်သည်။

ကူတိကျစ်က မည်သို့ပင်ရှိစေကာမူ၊ သူက ဖူရှီအင်မော်တယ်မျိုးရိုး၏ လက်ရှိဆက်ခံသူတစ်ဦး ဖြစ်နေဆဲပင်။

သူမကလည်း ဝါဟွမ်အင်မော်တယ်မျိုးရိုး၏ သမီးတော်တစ်ပါး ဖြစ်သည်။

တိဟောက်ထျန်းက ကူတိကျစ်ကို သတ်လိုက်သော်လည်း ပြဿနာသိပ်မကြီးနိုင်ပေ။

နောက်ဆုံးတွင်၊ ဒါက ဖူရှီအင်မော်တယ်မျိုးရိုး၏ အတွင်းရေပြဿနာ ဖြစ်သည်။

သို့သော်လည်း တိဟောက်ထျန်းက သူမကို သတ်ချင်နေသည်။

ဖူရှီအင်မော်တယ်မျိုးရိုးနှင့် ဝါဟွမ်အင်မော်တယ်မျိုးရိုးကြား စစ်ဖြစ်မည်ကို မကြောက်ဘူးလား။

တိဟောက်ထျန်းက အထင်မြင်သေးစွာဖြင့် ပြုံးလိုက်သည်။

"စစ်ပွဲလား၊ ဘယ်ဖြစ်မလဲ"

"ငါက အင်မော်တယ်ခုံရုံးကို ပေါင်းစည်းပြီးတဲ့အခါ အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင် ဖြစ်လိမ့်မယ်။ ဒီအချိန်မှာ ဘယ်သူက ပြည်တွင်းစစ်ကို စတင်ကြမှာလဲ"

"နင်က အောင်မြင်မှာမို့လား"

လင်ယွမ်က လှောင်ပြောင်လိုက်၏။

"ငါ့အစီအစဉ်မှာ အံ့အားသင့်စရာ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့ ရလဒ်ကတော့ မပြောင်းလဲသေးဘူး"

တိဟောက်ထျန်းက သူ့ကိုယ်သူ ယုံကြည်မှုရှိနေသေးသည်။

ထို့နောက် လင်ယွမ်ကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများက တစ်ဖန် အေးစက်လာသည်။

ဤနေရာတွင် လင်ယွမ်ကို သတ်လိုက်သည်နှင့် ဝါဟွမ်မြင့်မြတ်ခန္ဓာ၏ မူလရင်းမြစ်ကို ရရှိနိုင်လိမ့်မည်။

တစ်ချိန်တည်းမှာပင်၊ လင်ယွမ်၏ ဝိညာဉ်ကို ဖမ်းဆီးပြီး ယွမ်ချယ်ထံသို့ အပ်နှံမည် ဖြစ်သည်။

အိပ်မက်ထဲတွင် အဆင်မပြေဖြစ်ခဲ့သော်လည်း အကျိုးကျေးဇူးများ လုံလောက်သရွေ့ ယွမ်ချယ်က သူ့ကို ငြင်းပယ်မည်မဟုတ်ဟု တိဟောက်ထျန်းက ခံစားခဲ့ရသည်။

တိဟောက်ထျန်း၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ လင်ယွမ်ကလည်း လျှို့ဝှက်စွာ စွမ်းအားကို စုဆောင်းလိုက်သည်။

တိဟောက်ထျန်းသည် အလွန်အစွမ်းထက်၏။

သို့သော်လည်း လင်ယွမ်က ကောင်းကင်ဧကရာဇ်၏ ပလ္လင် အမှတ်အသားကို ထိန်းချုပ်ထားကာ အားမနည်းပေ။

ထို့ပြင် တိဟောက်ထျန်းက သူမ၏ဘေးတွင် ရပ်နေသောလူသည် မည်သူဖြစ်သည်ကို မသိသေးပေ။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က သူမကို လုံခြုံမှု ခံစားချက်တို့ ပေးစွမ်းထားခဲ့သည်။

တစ်ဖက်တွင် ကျွင်းရှောင်ယောက်က တိတ်ဆိတ်စွာဖြင့် အခြေအနေကို စောင့်ကြည့်နေသည်။

သူ၏ ရည်မှန်းချက်က အောင်မြင်ခဲ့ပြီ။

ထိုမျှသာမကဘဲ တိဟောက်ထျန်း၏ အစီအစဉ်ကိုလည်း လုံးလုံးလျားလျား ဖျက်စီးပစ်ခဲ့သည်။

ယခုအခါတွင်၊ အင်မော်တယ်မျိုးရိုးကြီးများကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်နေပြီဟု ဆိုနိုင်သည်။

အနည်းဆုံးတော့ ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးက ပေါင်းစည်းရန် မလွယ်တော့ပေ။

အင်မော်တယ်ခုံရုံးက တကွဲတပြားဖြစ်နေမည်ဆိုလျှင် အကျိုးအရှိဆုံးက ကျွင်းမိသားစု ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ ယခင်ပန်းတိုင်ဖြစ်သော အင်မော်တယ်ခုံရုံးကို ခွဲထုတ်ရန် ရည်ရွယ်ချက်က အစောပိုင်း အောင်မြင်မှုတစ်ခု ရှိနေပြီ။

နောက်တစ်ဆင့်ကတော့ ယွမ်ချယ် မွေးဖွားလာမည်ကို စောင့်ရမည် ဖြစ်သည်။

ထိုအချိန်တွင် ပို၍ စိတ်လှုပ်ရှားစရာများ ဖြစ်လာပေလိမ့်မည်။

ထိုအချိန်မှာ တိဟောက်ထျန်း၏ မျက်နှာက မည်သို့မည်ပုံ ဖြစ်မည်ကို သူ အမှန်တကယ် မြင်ချင်သည်။

တိဟောက်ထျန်းက လင်ယွမ်ကို တိုက်ခိုက်တော့မည့်အချိန်...

ချုံးဟွားနန်းတော်က ရုတ်တရက် တုန်လှုပ်လာသည်။

"ဟင်၊ အဲဒါက..."

တိဟောက်ထျန်းက ခေတ္တရပ်လိုက်ပြီး ချုံးဟွားနန်းတော်ကို လှည့်ကြည့်လိုက်သည်။

သို့ရာတွင်၊ တကယ်တမ်း တုန်လှုပ်သွားတာက ချုံးဟွားနန်းတော် မဟုတ်ပါ။

ထိုအစား အောက်ဘက်မှ ကျွန်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားက ကျွင်းရှောင်ယောက်ကိုပင် ကြီးမားသောဖိအားကို ခံစားစေခဲ့သည်။

'ထာဝရသဲအဆင့်ကို ကျော်လွန်နေတဲ့ ဝိညာဉ်စွမ်းအား'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ယခင်က ဤစွမ်းအားနှင့် ပတ်သက်ပြီး သူ ခန့်မှန်းချက်တချို့ ရှိခဲ့သည်။

မေ့ပျောက်ခြင်းမြေ၏ ဝိညာဉ်စွမ်းအားက ထာဝရသဲအဆင့်ကို ကျော်လွန်နေ၏။

ယခုမူ ထိုဝိညာဉ်စွမ်းအား၏ ရင်းမြစ်က အမှန်တကယ်ပင် ဤကျွန်း ဖြစ်ပုံရသည်။

တိဟောက်ထျန်း၊ လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့၏ အာရုံစိုက်မှုအောက်တွင်...

ကျွန်းပေါ်ရှိ ချုံးဟွားနန်းတော် လေထဲသို့ မြင့်တက်လာပြီး ကျွန်းမှ ခွဲထွက်သွားသည်။

၎င်းက မေ့ပျောက်ခြင်းမြေကို စွန့်ခွာသွားသကဲ့သို့ပင်။

ချုံးဟွားနန်းတော်က လေထဲသို့ မြင့်တက်သွားချိန်...

ထိုကျွန်းကလည်း ပင်လယ်ထဲမှ ကြွတက်လာခဲ့သည်။

သို့သော်လည်း သေချာကြည့်လိုက်ပြီးနောက် သူတို့သုံးဦးစလုံး တုန်လှုပ်သွား၏။

အကြောင်းမူ၊ ထိုအရာက ကျွန်းမဟုတ်သောကြောင့်ပင်။

ယင်းအစား ၎င်းမှာ ကမာကောင်များ၊ ဂုံးများကဲ့သို့ အခွံရှိသော သတ္တဝါတစ်ကောင်နှင့် ဆင်တူနေသော‌ကြောင့်ပင်။

ကမာကောင်နှင့်တူသော သတ္တဝါ၏ အခွံပေါ်တွင် အလင်းခုနစ်ရောင် ဖြာထွက်နေသည်။ မရေမတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော စာလုံးများကိုလည်း ၎င်းပေါ်တွင် ပုံဖော်ထား၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်စွမ်းအင်များက အုံ့ဆိုင်းနေကာ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။

အလွန်ကြောက်စရာကောင်းသော ဝိညာဉ်စွမ်းအားကလည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း ဖြစ်တော့သည်။

"ဒါက တံလျှပ်လား"

သုံးဦးစလုံး အံ့ဩသွားကြသည်။

တိဟောက်ထျန်းတွင် အနာဂတ်မှတ်ဉာဏ်များ ရှိနေသော်လည်း မေ့ပျောက်ခြင်းမြေ၏ လျှို့ဝှက်ချက်အားလုံးကို မသိပေ။

ယခုမူကား အမှန်တရားကို မြင်ကြရပြီ ဖြစ်သည်။

အံ့ဖွယ်ခုနစ်ပါးအနက်မှ တစ်ခုဖြစ်သော မေ့ပျောက်ခြင်းမြေက တံလျှပ်တစ်ကောင် ဖြစ်၏။

ထို့ပြင် ဒါက သာမန်တံလျှပ် မဟုတ်ပေ။

မသိနိုင်သော အချိန်ကာလတစ်ခုအထိ လေ့ကျင့်ခဲ့သော ရှေးဟောင်း အင်မော်တယ်တံလျှပ်ဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်လည်း အံ့ဩသွားလေသည်။

သူသည် ဧကရာဇ်လမ်းတွင်ရှိစဉ်က ခွန်ပန်အသိုက် အခွင့်အလမ်းတွင် တံလျှပ်ကို တွေ့ကြုံခဲ့ဖူးသည်။

၎င်းက ထင်ယောင်ထင်မှားဖြစ်စေပြီး သက်ရှိသတ္တဝါများကို စိတ်ရှုပ်ထွေးစေနိုင်သည်။

သို့ရာတွင်၊ ခွန်ပန်အသိုက်ရှိ တံလျှပ်က သူ့ရှေ့ရှိ ရှေးခေတ် အင်မော်တယ်တံလျှပ်နှင့် နှိုင်းယှဉ်စရာ လုံးဝ မရှိပေ။

ထိုတံလျှပ်က သွေးနှောဖြစ်ပြီး ဤတံလျှပ်မူကား ရှေးခေတ်မှ ဆင်းသက်လာခဲ့ကာ သွေးသန့်စင်သော သားရဲတစ်ကောင် ဖြစ်လုနီးနီး ဖြစ်သည်။

လူသုံးယောက်၏ အာရုံစိုက်မှုအောက်တွင် လှပသော ပုံရိပ်တစ်ခုက ရှေးခေတ် အင်မော်တယ်တံလျှပ်ပေါ်တွင် ရုတ်တရက်ပေါ်လာသည်။

၎င်းမှာ ကျွမ်းရှောင်မုံ့ပင်။

"နင်ပဲ..."

လင်ယွမ်က အလွန်အံ့သြသွားပုံရသည်။

"အခုချိန်ကစပြီး နောက်ပိုင်းတွေမှာ မေ့ပျောက်ခြင်းမြေက ပိတ်ထားလိုက်ပြီး ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီး နိုးထလာမယ်။ ငါ့ရဲ့ ကတိကလည်း ပြည့်စုံသွားလိမ့်မယ်"

"မင်းတို့က ဒီနေရာကို ရောက်လာနိုင်တဲ့အတွက် ဒါက ဆုလာဘ်ပဲ"

ကျွမ်းရှောင်မုံ့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ရှေးခေတ် အင်မော်တယ်တံလျှပ်ထံမှ အလင်းစက်လုံးသုံးခု ပေါ်လာပြီးနောက် လူသုံးယောက်၏ လက်ထဲသို့ ကျရောက်သွား၏။

ယင်းက ရှေးခေတ် အင်မော်တယ်တံလျှပ်၏ ပုလဲများဖြစ်ကြောင်း ထင်ရှားသည်။

ဤပုလဲက ကြွယ်ဝသော ဝိညာဉ်စွမ်းအားဖြင့် စုစည်းထားပေသည်။

၎င်းကို သန့်စင်ထားပါက ရှေးဦးဝိညာဉ်ကို လေ့ကျင့်ခြင်းအတွက် သိသိသာသာ အကျိုးရှိမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က ပုလဲများ၏ ခြားနားချက်ကို သတိပြုမိခဲ့သည်။

တိဟောက်ထျန်းနှင့် လင်ယွမ်တို့၏ ပုလဲများက အလင်းရောင်ငါးမျိုး တောက်ပနေသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ပုလဲက ခုနစ်ရောင် ဖြစ်၏။

ကျွင်းရှောင်ယောက်၏ပုလဲက အရည်အသွေးအမြင့်ဆုံးဖြစ်ကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က ကြည့်လိုက်သောအခါ ကျွမ်းရှောင်မုံ့က တိတ်တဆိတ် မျက်စေ့တစ်ဖက်မှိတ်ပြတာကို တွေ့လိုက်ရလေသည်။

ကျွင်းရှောင်ယောက်လည်း ရှက်ရွံ့စွာ ပြုံးလိုက်သည်။

မေ့ပျောက်ခြင်းမြေ၏ အလိုတော်၊ ကျွမ်းရှောင်မုံ့၏ စစ်မှန်သော ပုံစံက တံလျှပ်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ထို့ပြင် အမျိုသမီးတစ်ဦး ဖြစ်နေသည်။

မဟုတ်လျှင် သူ့ကို စိတ်ဝင်စားမည် မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ ကျက်သရေက မိန်းကလေးတိုင်းကို ဆွဲဆောင်နိုင်သည်။

သို့သော် တံလျှပ်ကို ဆွဲဆောင်ခြင်းက ကြက်သီးထဖွယ်ဖြစ်ပေသည်။

ကျွင်းရှောင်ယောက်က ဤမျှ ဆန္ဒပြင်းထန်သူ မဟုတ်ပေ။

အင်မော်တယ်နယ်မြေကြီးတွင် သားရဲမမများ၊ နတ်ဆိုးညီမလေးများ စသည်တို့ကို လိုက်စားသော ကျင့်ကြံသူများလည်း ရှိသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤမျှ စိတ်ဓာတ်တက်ကြွသူမဟုတ်ပေ။

ထို့ကြောင့် ရှက်ရွံ့စွာဖြင့် ပြုံးရုံသာ ပြုံးပြလိုက်ရသည်။

ပုလဲများ ပေးအပ်ပြီးနောက် ရှေးခေတ် အင်မော်တယ်တံလျှပ်ထံမှ ဆွဲအားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်မှ ယင်ဟော်နတ်ဆိုးကြယ်က လျင်မြန်စွာ ကျဆင်းလာ၏။ နောက်ဆုံးတွင် ၎င်းက ရှေးခေတ် အင်မော်တယ်တံလျှပ်၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ထိုမှသာ ကျွင်းရှောင်ယောက်က နားလည်သွားသည်။

ထိုယင်ဟော်နတ်ဆိုးကြယ်က တကယ်တော့ ရှေးခေတ် အင်မော်တယ်တံလျှပ်၏ နတ်ဆိုးအမြုတေပင်။

ယင်ဟော်နတ်ဆိုးကြယ် ပေါ်လာရခြင်းမှာ ရှေးခေတ် အင်မော်တယ်တံလျှပ်က ‌မေ့ပျောက်ခြင်းမြေကိုဖွင့်ရန် တမင် ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မေ့ပျောက်ခြင်းမြေမှ မထွက်ခွာနိုင်သူများ၏ ဝိညာဉ်များက ယင်ဟော်နတ်ဆိုးကြယ်အတွက် အာဟာရဖြစ်စေနိုင်ပေသည်။

ယင်းကြောင့် ရှေးခေတ် အင်မော်တယ်တံလျှပ်၏ ဝိညာဉ်စွမ်းအားက ဤမျှကြောက်စရာကောင်းသည့်အဆင့်အထိ လေ့ကျင့်နိုင်ခြင်း ဖြစ်သည်။

ယင်ဟော်နတ်ဆိုးကြယ် ပျောက်ဆုံးသွားခြင်းနှင့်အတူ အိပ်မက်မှ နိုးထလာသော ပါရမီရှင်များကို မေ့နေသောနိုင်ငံအပြင်ဘက်သို့ ပို့ဆောင်ပေးခဲ့သည်။

ကျွင်းရှောင်ယောက်၊ တိဟောက်ထျန်း၊ လင်ယွမ်နှင့် ချုံးဟွားနန်းတော်အပါအဝင် အားလုံးကို အပြင်ဘက်သို့ ပို့လွှတ်လိုက်၏။

မေ့ပျောက်ခြင်းမြေက ဤတွင် ပြီးဆုံးချေပြီ။

သို့သော်လည်း တကယ့်အဖြစ်အပျက်များက ယခုမှသာ စတင်ပြီဟု ဆိုရမည်။

All Chapters