← Chapters

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အခန်း ( ၁၂၉၃ ) အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူကြောင့် ဖြစ်ပေါ်လာသော တုန်လှုပ်မှုများ။

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးရှိ မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်ရာနေရာတွင် လူများ ပြည့်နေသည်။

အတွင်းဘက်အကျဆုံးနေရာတွင် အင်မော်တယ်မျိုးရိုးကြီးကိုးခုမှ အကျော်အမော်များ ရှိ၏။

အပြင်ဘက်ပိုင်းမှာတော့ အခြား အင်အားစုအမျိုးမျိုးမှ လူများက‌ စောင့်ကြည့်နေကြသည်။

၎င်းတို့က မေ့ပျောက်ခြင်းမြေသို့ မဝင်ရောက်နိုင်ကြသော်လည်း အံ့ဖွယ်ခုနစ်ပါးအနက်မှ တစ်ခုကို အလွန်သိချင်နေကြဆဲပင်။

ရက်အတော်ကြာပြီးနောက်တွင် အနည်းဆုံး ကျင့်ကြံသူတစ်သန်းခန့် ဤနေရာတွင် စုရုံးလာခဲ့သည်။

သူတို့အားလုံးက အပျော်တမ်းကြည့်ရန် ရောက်လာကြခြင်း ဖြစ်ပေသည်။

အင်မော်တယ်ခုံရုံးက လူတိုင်းကို မေ့ပျောက်ခြင်းမြေသို့ ဝင်ခွင့်မပြုသော်လည်း အပျော်တမ်း ကြည့်ရှုသူများကိုတော့ တားဆီးမည် မဟုတ်ပေ။

"ဟိုမှာကြည့်ကြစမ်း"

တစ်ယောက်က အော်ဟစ်လိုက်သည်။

မေ့ပျောက်ခြင်းမြေ၏ မြင်ကွင်းက ရေလှိုင်းကဲ့သို့ လှုပ်ခတ်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ယင်ဟော်နတ်ဆိုးကြယ်သည်လည်း ထိုကဲ့သို့ တိမ်မြုပ်ပျောက်ကွယ်သွား၏။

"အခုချိန်ကစလို့‌ မေ့ပျောက်ခြင်းမြေက အချိန်တစ်ခုကြာ ပျောက်ကွယ်နေတော့မယ်။ ဒီအထဲမှာ ပါရမီရှင် ဘယ်လောက်များများက ထာဝရ ကျန်ရစ်ခဲ့မလဲ မသိဘူး"

လူများစွာက စောင့်ကြည့်နေခဲ့ကြသည်။

ဟုတ်သည်၊ စန်းကျဲအင်မော်တယ်မျိုးရိုးကဲ့သို့ မျက်နှာပျက်နေကြသည့် အင်မော်တယ်မျိုးရိုးများလည်း ရှိသေးသည်။

သူတို့၏ မျိုးစေ့အဆင့် ပါရမီရှင်ဖြစ်သော စန်းဂျူ၏ ဝိညာဉ်မီးတောက်က ငြိမ်းသေသွားတာကို တွေ့ခဲ့ရသည်။

တစ်နည်းဆိုရသော်၊ စန်းဂျူက မေ့ပျောက်ခြင်းမြေတွင် သေဆုံးသွားပြီ။

ကုရ်အာန်သူတော်စင်ဂိုဏ်းမှ အကျော်‌အမော်များမှာလည်း မျက်နှာပျက်စွာဖြင့် ရှိနေသည်။

အမှန်တရား၏သားတော်က မေ့ပျောက်ခြင်းမြေတွင် ကျဆုံးသွားပြီ မဟုတ်လော။

အမှန်တရား၏သားတော်ကို မည်သူက သတ်ဝံ့သလဲဆိုတာ သူတို့ သိချင်သည်။

မေ့ပျောက်ခြင်းမြေ ကွယ်ပျောက်သွားသည်နှင့်အမျှ လူရိပ်တချို့ ပေါ်လာကြလေသည်။

၎င်းတို့မှာ ယခင်က ဝင်ရောက်ခဲ့ကြသော အင်မော်တယ်မျိုးရိုးများ၏ ပါရမီရှင်များနှင့် ခရီးသွားဖော်များ ဖြစ်သည်။

သို့သော်လည်း ယခင် ဝင်ရောက်သွားသည့် အရေအတွက်နှင့်ယှဉ်လျှင် ယခု ထွက်လာသူများက ဆယ်ပုံတစ်ပုံခန့်သာ ရှိလိမ့်မည်။

ဤမေ့ပျောက်ခြင်းမြေက အန္တရာယ်များပြီး စူးစမ်းရန်မလွယ်ကူကြောင်းကို တွေ့မြင်နိုင်သည်။

မူလက ပါရမီရှင်များစွာ သေဆုံးခြင်းသည် အင်မော်တယ်ခုံရုံးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သင့်သည်။

သို့သော်လည်း ရှင်သန်နိုင်သူတိုင်းက ပါရမီရှင်များကြားမှ ထူးချွန်သူများ ဖြစ်ကြမည်မှာ သေချာလှပေသည်။

သူတို့က ကြီးမားသော အခွင့်အလမ်းများကို သေချာပေါက် ရရှိလာနိုင်ပြီး အနာဂတ်တွင် သြဇာကြီးသူတစ်ဦးဖြစ်လာရန် အလားအလာပိုများမည် ဖြစ်သည်။

ဤနည်းအားဖြင့်၊ ဤအတွေ့အကြုံက အင်မော်တယ်ခုံရုံးအတွက် ကောင်းမွန်သောအခြေအနေတစ်ခုဟု မှတ်ယူနိုင်သည်။

အားနည်းသူကို စစ်ထုတ်ပြီး အသန်ဆုံးကိုသာ ထားလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်များက တစ်ခုပြီးတစ်ခု ထွက်လာခဲ့သည်။

ကျင်းဝေအင်မော်တယ်မျိုးရိုးမှ ဝေချမ်ချမ်၊ ရှန်းနွန်အင်မော်တယ်မျိုးရိုးမှ ယောင်ကျွင်း၊ ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးမှ မင်ယာ၊ ကျူးရုန်အင်မော်တယ်မျိုးရိုးမှ ရန်ရှောင် စသည်ဖြင့်...

တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ကြသည်။

သို့သော်လည်း ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများကတော့ အမူအရာသိပ်မကောင်းကြပေ။

အကြောင်းမှာ၊ ကူတိကျစ်၏ ဝိညာဉ်မီးတောက်ကလည်း ငြိမ်းသွားသောကြောင့် ဖြစ်သည်။

"ဘယ်သူကများ ဒီလောက် ရဲတင်းနေတာလဲ"

ဖူရှီအင်မော်တယ်မျိုးရိုးမှ လူများ ဒေါသထွက်နေခဲ့ကြသည်။

တိဟောက်ထျန်းက သူ့အစီအစဉ်ကို မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

ထို့ကြောင့် ဖူရှီအင်မော်တယ်မျိုးရိုးက မသိကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှင်းယွီရှန်း၏ပုံရိပ်က ပေါ်လာသည်။

သူ့မျက်နှာက အနည်းငယ် မည်းမှောင်နေ၏။

ဝင်ရောက်စက စိတ်အားထက်သန်မှုနှင့်ယှဉ်လျှင် တော်တော်လေး စိတ်ဓာတ်ကျနေပုံရသည်။

"အဲဒါက ရှင်းထျန်းအင်မော်တယ်မျိုးရိုးရဲ့ ရှင်းယွီရှန်းပဲ။ သူက အစွမ်းထက်ပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်လာရတာလဲ"

အပျော်တမ်းကြည့်နေသူများက စိတ်ဝင်စားလာခဲ့ကြသည်။

သူတို့၏စိတ်ထဲတွင်၊ ရှင်းယွီရှန်းက အင်မော်တယ်ခုံရုံး၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သည်။

"သူက တိဟောက်ထျန်း‌ကို ရင်ဆိုင်ခဲ့ရတာများလား"

တစ်ယောက်က ခန့်မှန်းလိုက်သည်။

ရှင်းယွီရှန်းကမူ ပျောက်ကွယ်သွားတော့မည့် မေ့ပျောက်ခြင်းမြေကို စိုက်ကြည့်နေပေသည်။

အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူက သေချာပေါက် အသက်ရှင်နေမည်ကို သူသိသည်။

"ဟူး၊ နောက်ဆုံးတော့ အဲဒီနေရာကနေ ငါ ထွက်လာနိုင်ပြီ။ အိပ်မက်ဒီရေ... တကယ်ကို ကြောက်ဖို့ကောင်းတယ်"

တစ်ဖက်တွင် ဖက်တီးကြီးတစ်ယောက်က ကြောက်ရွံ့စွာဖြင့် ထွက်လာသည်။

လုဖူးကွေ့ ဖြစ်၏။

အိပ်မက်ရေစီးကြောင်းတွင် သူက နေ့တိုင်း မီးကင်ခံနေရသလို ခံစားခဲ့ရသည်။

မော့ယန်းယုမှာလည်း ချွေးများရွှဲပြီး ထွက်လာသည်။

သူတို့ကဲ့သို့ သူများအတွက် အိပ်မက်ဒီရေသည် အလွန်ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်နေဆဲပင်။

လူတိုင်းက ကျွင်းရှောင်ယောက်နှင့် တိဟောက်ထျန်းကဲ့သို့ အိပ်မက်ထဲမှာပင် အစီအမံများ ပြုလုပ်နိုင်တာ မဟုတ်ပါ။

ချီလုံ၊ ချီယုနှင့် ချီယိုအင်မော်တယ်မျိုးရိုးမှ အခြားသူများလည်း ပေါ်လာသည်။

သို့သော်၊ ချီယိုအင်မော်တယ်မျိုးရိုးမှ ပါရမီရှင်တချို့က မပေါ်လာကြတော့ပေ။

"သခင်လေး..."

မော့ယန်းယုက ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်သော မေ့ပျောက်ခြင်းမြေကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်က အဆင်ပြေမည်ဆိုတာကို သိနေသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာဖြစ်နေသေးသည်။

ချီလုံ၊ ချီယုနှင့် အခြားသူများလည်း အလားတူပင် ဖြစ်သည်။

သူတို့က ကျွင်းရှောင်ယောက်ကို အလွန် သဘောကျနေပြီ။

ထို့ပြင် ချင်ယွမ်ချင်းက အမှန်တကယ်ပင် အသက်ရှင်လျက် ထွက်လာပြီး ကျွင်းရှောင်ယောက် ထွက်လာနိုင်ခြင်း ရှိ၊မရှိကို စောင့်ကြည့်နေသည်။

"ဘာ၊ အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူက မေ့ပျောက်ခြင်းမြေမှာ ပေါ်လာတယ်လို့ မင်း ပြောလိုက်တာလား"

"အမှန်ပဲ... အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူက အမှန်တရားရဲ့သားတော်၊ စန်းဂျူနဲ့ ရန်ယွင်မြင်းသည်တော်တချို့ကို သတ်ခဲ့တယ်"

"ရှေးခေတ်အင်မော်တယ်ခုံရုံးက တံဆိပ်ခတ်ထားတဲ့ သူတော်စင်သားတော်တွေတောင်မှ သူ့ကို မယှဉ်နိုင်ဘူး"

"နောက်ပြီး အမှောင်ကမ္ဘာက အလောင်းကောင်ဧကရာဇ်ရဲ့ ခန္ဓာကိုလည်း သူက ဖျက်ဆီးခဲ့တာ"

ဤပါရမီရှင်များ ပေါ်လာပြီးနောက် အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူအကြောင်းမှာလည်း ပျံ့နှံ့သွားခဲ့သည်။

လူအများက အံ့ဩတုန်လှုပ်ပြီး မယုံကြည်နိုင်မှုတို့ကို ခံစားခဲ့ကြရပေသည်။

"မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းနဲ့ အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူက ဘယ်သူလဲ"

အားလုံးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

"အဲဒါက သူသတ်လိုက်တာပေါ့"

ကုရ်အာန်သူတော်စင်ဂိုဏ်းနှင့် စန်းကျဲအင်မော်တယ်မျိုးရိုးမှ လူများ၏ မျက်လုံးများက အေးစက်လာကြသည်။

'အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူ'ဟူသော စကားက အနည်းငယ် ကြီးစိုးသော်လည်း...

သူ့တွင် နောက်ခံကောင်းကောင်းမရှိလျှင် ဤအင်အားစုများက အလွတ်ပေးမည် မဟုတ်ပေ။

အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူနှင့် ပတ်သက်၍ လူတိုင်းတွင် မတူညီသော အတွေးအမြင်များ ပေါ်လာခဲ့ကြသည်။

ထိုစဉ်၊ ဖန်နှင့် ကျောက်စိမ်းကဲ့သို့ လှပပြီး ခမ်းနားထည်ဝါသော နန်းတော်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ဤနန်းတော် ပေါ်ပေါက်လာသောအခါ မေ့ပျောက်ခြင်းမြေက လုံးဝ ပျောက်ကွယ်သွား၏။

ဤအချိန်တွင်၊ အံ့ဖွယ်ခုနစ်ပါးအနက်မှ တစ်ခုဖြစ်သော မေ့ပျောက်ခြင်းမြေက ပြီးဆုံးသွားပေပြီ။

ပြန်ဖွင့်ချင်လျှင် ဘယ်နှစ်နှစ်ကြာမလဲ မည်သူမျှ မသိပေ။

နန်းတော်ရှေ့တွင် လူရိပ်များစွာ မတ်တပ်ရပ်နေသည်။

နန်းတော်နှင့် အနီးစပ်ဆုံး လူရိပ်သုံးခုက တိဟောက်ထျန်း၊ လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့ ဖြစ်၏။

အနည်းငယ် နီးစပ်ရာနေရာတွင် မဟာနေမင်း သူတော်စင်သားတော်၊ တောက်ပသောလ သူတော်စင်သားတော်နှင့် အခြား ရှေးခေတ်အင်မော်တယ်ခုံရုံး၏ သူတော်စင်သားတော်များ ရှိနေကြသည်။

ဟုတ်ပေသည်၊ ယခုအချိန်မှာ လူတိုင်း၏အာရုံကို နန်းတော်က ဆွဲဆောင်သွားခဲ့သည်။

"ဒါက... ရှေးဟောင်းစာပေတွေမှာ မှတ်တမ်းတင်ထားတဲ့ ရှေးခေတ်မင်မော်တယ်ခုံရုံးရဲ့ ချုံးဟွားနန်းတော်နဲ့ ဘာဖြစ်လို့ဒီလောက်တူနေရတာလဲ"

"ဒါက တကယ်ကို ချုံးဟွားနန်းတော်ပဲလေ၊ သူက မေ့ပျောက်ခြင်းမြေမှာ တကယ် တံဆိပ်ခတ်နေခဲ့တာလား"

အင်မော်တယ်မျိုးရိုးကြီးကိုးခုမှ အကျော်အမော်များ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

အကယ်၍ ထိုလူသည် အမှန်တကယ်မွေးဖွားလာပါက၊ အင်မော်တယ်ခုံရုံးအတွက် အလွန်အရေးကြီးမည်မှာ သေချာသည်။

ပတ်ဝန်းကျင်မှ လူများကတော့ အခြေအနေကို သိပ်မသိသေးပေ။

သို့သော်လည်း ချုံးဟွားနန်းတော်ကို ကြည့်လိုက်ရုံဖြင့် ဒါက အင်မော်တယ်ခုံရုံး၏ အဖိုးတန်ဆုံးရတနာဖြစ်ကြောင်း သိနိုင်သည်။

သို့သော်လည်း သူတို့က ကြည့်‌ရုံမှတပါး အခြား မတတ်နိုင်ပေ။

အင်မော်တယ်ခုံရုံးကဲ့သို့ ကျားပါးစပ်မှ အစာကို လုယူခြင်းက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။

“အဲဒီလူတွေက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ အိပ်စက်နေတဲ့ သူတော်စင်သားတော်အဆင့် တည်ရှိမှုတွေလား"

လူအချို့က မဟာနေမင်း သူတော်စင်သားတော်နှင့် အခြားသူများအား အံ့သြစွာ ကြည့်လိုက်ကြသည်။

"သူက အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူပဲ"

ကျွင်းရှောင်ယောက်ကို မြင်သောအခါ မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်ဖူးသော လူငယ်တစ်ယောက်က အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလို၊ အားလုံး၏ မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာတော့သည်။

"အဆုံးမဲ့ဧကရာဇ်ရဲ့ ဆက်ခံသူလား"

တိဟောက်ထျန်းကလည်း ကျွင်းရှောင်ယောက်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

All Chapters