အခန်း ၁၂၉၆
Vol. 87 Ch. 1296
အခန်း ( ၁၂၉၆ ) ရှီဟွမ်ဓားနှင့် ကျိုးလီပန်းချီကား။
ရွှေနဂါးကြီးများက ကောင်းကင်သို့မော့ကာ ဟိန်းဟောက်ပြီးနောက် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံများဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံများက ရှေးစကြာဝဠာကဲ့သို့ ဖိနှိပ်ထား၏။
၎င်းက ဘီလူးကြီးနှစ်ကောင် ထိပ်တိုက် တွေ့ဆုံသကဲ့သို့ပင်။
သို့သော်လည်း တစ်ခုတည်းသော ခြားနားချက်မှာ...
ကျွင်းရှောင်ယောက်၏ အမူအရာက တည်ငြိမ်ပြီး ပေါ့ပေါ့ပါးပါးရှိခြင်း ဖြစ်သည်။
တိဟောက်ထျန်းမှာတော့ သူ့မျက်နှာက ပိုအေးစက်သွား၏။
အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။
ကျွင်းရှောင်ယောက်က ယခုအခါ မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်ပြီး မူလခန္ဓာနှင့် ကွာခြားမှုမရှိသလောက်ပင်။
သို့သော်လည်း ဒါက ကျွင်းရှောင်ယောက်၏ ကိုယ်ပွားများထဲမှ တစ်ခုဟုသာ ကမ္ဘာကြီးက သတ်မှတ်ကြမည် ဖြစ်သည်။
တစ်ဖက်မှာတော့ သူ တိဟောက်ထျန်းက မူလခန္ဓာ အစစ်အမှန်ပင်။
ဤနည်းအားဖြင့်၊ အချိန်ပိုကြာလေလေ တိဟောက်ထျန်းက ကျွင်းရှောင်ယောက်၏ ကိုယ်ပွားကိုပင် မကိုင်တွယ်နိုင်ဟု အခြားသူများက ပိုခံစားရလေလေ ဖြစ်သည်။
ဒါကို တိဟောက်ထျန်းက လက်မခံနိုင်ပေ။
ထို့ကြောင့်၊ တိဟောက်ထျန်းက အမှန်တကယ် လှုပ်ရှားနေပြီ ဖြစ်သည်။
တိဟောက်ထျန်းက သူ့လက်ကို မြှောက်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် အဆုံးမဲ့ တောက်ပနေ၏။
အလွန်တရာထက်သော ရွှေရောင် ဓားတစ်လက်က ကောင်းကင်မှ ထွက်ပေါ်လာတော့သည်။
ရွှေရောင်ဓား၏ မျက်နှာပြင်တွင် အဆုံးမဲ့ရွန်းများက တောက်ပနေသည်။ ၎င်းတွင် ယင်ယန် ထိုက်ကျိအမှတ်အသားတစ်ခုလည်း ရှိ၏။
ဓားတစ်စင်းလုံးက မြင့်မြတ်ပြီး တန်ခိုးကြီးသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။
၎င်းတွင် အင်မော်တယ်စွမ်းအင်ကလည်း ထူထပ်စွာ စီးဆင်းနေပြီး ဓားမျက်နှာပြင်က ကမ္ဘာပေါ်ရှိ အရာအားလုံးကို ရောင်ပြန်ဟပ်နေပုံရပေသည်။
"တကယ်ကို ရှီဟွမ်ဓားပဲ"
ဖူရှီအင်မော်တယ်မျိုးရိုးမှ အကျော်အမော်များက ဝမ်းသာအားရ ဖြစ်သွားခဲ့ကြသည်။
ရှီဟွမ်ဓားက ဖူရှီအင်မော်တယ်မျိုးရိုး၏ အဖိုးတန်ဆုံးရတနာ ဖြစ်၏။ ၎င်းက အင်မော်တယ်တစ်ပိုင်းလက်နက် ဖြစ်သည်။
ထို့ပြင်၊ အင်မော်တယ်လက်နက်ကို ထုဆစ်နိုင်သော ရတနာများ ရရှိပါက ၎င်းသည် အင်မော်တယ်လက်နက် ဖြစ်လာနိုင်သေးသည်။
"ဒါက အင်မော်တယ်တစ်ပိုင်းလက်နက်လား၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ"
"တိဟောက်ထျန်းက အတည်လုပ်နေတာပဲ။ ဒါပေမဲ့ သူ့ရဲ့ ခွန်အားနဲ့ အင်မော်တယ်တစ်ပိုင်းလက်နက်ရဲ့ စွမ်းအားကို ဘယ်လောက်များများ ထုတ်ယူနိုင်မှာလဲ"
လူတိုင်း အံ့ဩသွားကြသည်။
အင်မော်တယ်တစ်ပိုင်းလက်နက်များက ဧကရာဇ်လက်နက်များထက် အဆများစွာ ရှားပါးသည်။
အင်မော်တယ်အင်အားစု အားလုံးနီးပါးတွင် ၎င်းတို့၏ အခြေခံအုတ်မြစ်အဖြစ် ဧကရာဇ်လက်နက်များ ရှိသည်။
သို့သော်လည်း အင်မော်တယ်အင်အားစုအားလုံးတွင် အင်မော်တယ်လက်နက်များ မရှိပေ။
ယခုတော့ တိဟောက်ထျန်းက အင်မော်တယ်တစ်ပိုင်းလက်နက်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
တိဟောက်ထျန်း၏ ကျင့်ကြံမှုဖြင့် အင်မော်တယ်တစ်ပိုင်းလက်နက်၏ စွမ်းအားကို များများမထုတ်ဖော်နိုင်ပေ။
သို့သော်လည်း ၎င်း၏စွမ်းအား အနည်းငယ်သာရှိလျှင်ပင် အဓိပတိနယ်ပယ်ခုနစ်ခုကို ချေမှုန်းပစ်ရန် လုံလောက်သည်။
"ကျွင်းရှောင်ယောက်၊ ငါ ဒီနေ့ မင်းကို သတ်မယ်"
တိဟောက်ထျန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ရှိနေသည်။
ရှီဟွမ်ဓားကို ထုတ်ဖော်ခြင်းက ကျွင်းရှောင်ယောက်ကိုသတ်ရန် မည်မျှ စိတ်ပိုင်းဖြတ်ထားကြောင်း ထင်ရှားပေသည်။
"ဝမ်"
တိဟောက်ထျန်း၏ ယုံကြည်ချက်ကို ခံစားမိဟန်ဖြင့် ရှီဟွမ်ဓားက တုန်ခါသွားသည်။
အားလုံး၏ မျက်လုံးများက ကျွင်းရှောင်ယောက်ကို စိုက်ကြည့်နေပေသည်။
သူက မည်ကဲ့သို့ တုံ့ပြန်မည်နည်း။
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပန်းချီစာလိပ်တစ်ခု ထွက်ပေါ်လာ၏။
ပန်းချီစာလိပ်က လေထဲသို့ တက်လာပြီးနောက် ကောင်းကင်ကိုပင် လွှမ်းခြုံသွားပုံရသည်။
ပန်းချီစာလိပ်ပေါ်တွင် မရေမတွက်နိုင်သော နတ်ဆိုးကမ္ပည်းများ ရှိနေသည်။
၎င်းပေါ်တွင် အသက်ဝင်နေသကဲ့သို့ ရုပ်ပုံလေးခုကိုလည်း ရေးဆွဲထားသေးသည်။
ဤပန်းချီစာလိပ်ကို ထုတ်ဖော်ပြီးနောက် ကြီးမားသော နတ်ဆိုးစွမ်းအင်က လေထဲတွင် ပြည့်နှက်သွားသည်။
ပြိုင်စံရှားသော နတ်ဆိုးဧကရာဇ်တစ်ပါး ပေါ်လာသကဲ့သို့ပင်။
"ဒါက အင်မော်တယ်တစ်ပိုင်း လက်နက်ပဲလား"
"မဟုတ်ပါဘူး၊ နည်းနည်း လိုအပ်သေးပုံရတယ်။ ဒါပေမဲ့ သူ့ရဲ့အရှိန်အဝါက သာမန်ဧကရာဇ်လက်နက်တွေထက် အများကြီး ပိုပြင်းထန်တယ်"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒါကို မေ့ပျောက်ခြင်းမြေမှာ ရရှိလာခဲ့တာများလား"
ထိုပန်းချီကားကိုမြင်တော့ လူအုပ်က ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်များဆိုလျှင် မျက်လုံးများ ကျွတ်ထွက်လုနီးပါး ပြူးကျယ်နေကြတော့သည်။
"ဒါက ကျိုးလီပန်းချီကားပဲ"
"တကယ်ကို နတ်ဆိုးဧကရာဇ်အရှင်ရဲ့ ကျိုးလီပန်းချီကားပဲ။ ဒါပေမဲ့ ဒါက အပြင်လူရဲ့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ"
"ဟုတ်တယ်၊ ဒါက ချီယိုအင်မော်တယ်မျိုးရိုးရဲ့ မျိုးဆက်တွေပဲ ဆက်ခံပိုင်ခွင့်ရှိတာ... အဲဒါက ကျွင်းရှောင်ယောက်ရဲ့ လက်ထဲကို ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ"
"သူဟာ နတ်ဆိုးဧကရာဇ်အရှင်နဲ့ သဘောတူညီချက် ရခဲ့တာလား"
ချီယိုအင်မော်တယ်မျိုးရိုးမှ အကျော်အမော်များက ပြောဆိုလိုက်ကြသည်။
သူတို့၏ နှလုံးသားထဲတွင် ချီယိုနတ်ဆိုးဧကရာဇ်က သူတို့အတွက် တစ်ဦးတည်းသော နတ်ဘုရား ဖြစ်သည်။
အင်မော်တယ်ခုံရုံး၏ အာဏာက ချီယိုနတ်ဆိုးဧကရာဇ်နှင့်ယှဉ်လျှင် ဘာမျှမဟုတ်ပေ။
"ဒါက ဒီလိုပါ..."
ဒါကိုမြင်တော့ ချီလုံ၊ ချီယုနှင့် တခြား ပါရမီရှင်များက ရှေ့သို့လှမ်းပြီး ဤကိစ္စကို ရှင်းပြလိုက်ကြသည်။
ထိုမှသာ ချီယိုအင်မော်တယ်မျိုးရိုးမှ လူများက သဘောပေါက်သွားကြလေသည်။
သို့သော်လည်း သူတို့၏ အမူအရာများက အလွန်ရှုပ်ထွေးသည်။
ရှေးယခင်က ကျိုးလီနတ်ဆိုးတိုင်းပြည်သည် နတ်ဆိုးလမ်းစဉ်၏မူလဟု ဆိုနိုင်လောက်အောင် ကြီးပွားခဲ့ဖူးသည်။
ယခုတော့ သူတို့တွင် သန်မာသော မျိုးဆက်တစ်ဦးပင် မရှိတော့ပေ။
ထို့ကြောင့် ချီယိုနတ်ဆိုးဧကရာဇ်က အပြင်လူများကိုသာ ရွေးချယ်နိုင်ခဲ့သည်။
သို့သော်လည်း ချီယိုနတ်ဆိုးဧကရာဇ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့သူဖြစ်သောကြောင့် ချီယိုအင်မော်တယ်မျိုးရိုး၏ ကျွင်းရှောင်ယောက်အပေါ် အထင်အမြင်မှာ သိသိသာသာ ကွဲပြားသွားခဲ့သည်။
"ချီယိုအင်မော်တယ်မျိုးရိုးရဲ့ ကျိုးလီပန်းချီကားကို မင်း ရရှိခဲ့ဖို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ ဒီပန်းချီကားက အခုမှ အင်မော်တယ်တစ်ပိုင်းလက်နက် မဖြစ်သင့်ဘူး မဟုတ်လား"
တိဟောက်ထျန်းက အံ့အားသင့်သွားသော်လည်း သိပ်တော့မထူးခြားပေ။
သူ၏ ရှီဟွမ်ဓားက စစ်မှန်သော အင်မော်တယ်တစ်ပိုင်း လက်နက် ဖြစ်သည်။
"ဝမ်"
တိဟောက်ထျန်းက ရှီဟွမ်ဓားကို အသက်သွင်းကာ ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းတန်းတစ်ခု ဖြာထွက်လာပြီးနောက် ကောင်းကင်နှင့်မြေပြင်က ပိုင်းခြားလုနီးပါး ဖြစ်ခဲ့၏။ မရေမတွက်နိုင်သော နတ်သံကြိုးများ ပြတ်တောက်သွားတော့သည်။
ကျွင်းရှောင်ယောက်ကလည်း ကျိုးလီပန်းချီကားနှင့် ခုခံလိုက်သည်။
ကျိုးလီပန်းချီကားက ဧကရာဇ်လက်နက်အဖြစ် ကျဆင်းသွားသော်လည်း...
၎င်းကို ပြုလုပ်ထားသော ပစ္စည်းများက အင်မော်တယ်တစ်ပိုင်းအဆင့်တွင် ရှိသေးသည်။
၎င်း၏စွမ်းအားက ရှီဟွမ်ဓားကဲ့သို့ မလွှမ်းမိုးနိုင်သော်လည်း အနည်းဆုံးတော့ ရှီဟွမ်ဓားကို တားဆီးထားနိုင်သည်။
ဓားအလင်းက ကျိုးလီပန်းချီကားပေါ်သို့ ကျသွားသည်။
ကျိုးလီပန်းချီကား၏ မျက်နှာပြင်က ရေလှိုင်းများကဲ့သို့ တုန်လှုပ်သွားခဲ့သည်။ နတ်ဆိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီးနောက် ရှီဟွမ်ဓား၏ ဓားစွမ်းအားကို တွန်းလှန်ရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင် ရန်သူဟောင်းများ တွေ့ဆုံသကဲ့သို့ ခံစားလိုက်ကြရသည်။
"အင်း၊ အရင်တုန်းက ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ အကျော်အမော်က ရှီဟွမ်ဓားကို ကိုင်ဆောင်ပြီး ကျိုးလီပန်းချီကားကို ကိုင်ဆောင်ထားတဲ့ ချီယိုနတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်"
အင်မော်တယ်ခုံရုံး၏ လူများက ချက်ချင်း တုံ့ပြန်ခဲ့လေသည်။
"တစ်ခုက မလုံလောက်ဘူးလား၊ ဒါဆိုရင် နှစ်ခု"
ကျွင်းရှောင်ယောက်က တည်ငြိမ်နေပြီး အလျင်မလိုပေ။
သူ့ကို အနည်းငယ်ပိုပြီး ယှဉ်နိုင်သူက ရှာတွေ့ရန်မလွယ်ပါ။
ထို့ကြောင့် ခပ်အေးအေးသာ ရှိနေသည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
အဆုံးမဲ့ အပြစ်အငွေ့အသက်တို့ဖြင့် ခေါင်းဖြတ်စက်တစ်ခု ပေါ်လာခဲ့၏။
"ဒါက ရှင်းထျန်းအင်မော်တယ်မျိုးရိုးရဲ့ အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ပဲ။ အဲဒါက ကျွင်းရှောင်ယောက်ရဲ့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ"
လူများစွာတို့ အံ့သြသွားကြသည်။
ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ လူများက ရှင်းယွီရှန်းကို ကြည့်လိုက်၏။
ရှင်းယွီရှန်း၏ မျက်နှာက မှုန်ကုပ်နေကာ ဘာမျှမပြောပေ။
"အမှိုက်၊ ကိုယ့်ရဲ့ ပစ္စည်းတွေကိုတောင် မထိန်းသိမ်းနိုင်ဘူး"
ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ အကျော်အမော်တစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ လွှမ်းမိုးမှုရှိသော စရိုက်ကို သူတို့ သိ၏။
သူ့လက်ထဲသို့ ကျရောက်သွားသောအရာကို ပြန်လိုချင်လျှင် ကောင်းကင်ကို တက်ရသည်ထက် ပို၍ ခက်လိမ့်မည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ အထောက်အထား ကြောင့် ရှင်းထျန်းအင်မော်တယ်မျိုးရိုးက ပြောင်ပြောင်တင်းတင်း လက်မပါဝံ့ကြပေ။ ဒါက သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ရှင်းယွီရှန်းကတော့ မျက်နှာမှုန်ကုပ်နေသည့်တိုင် တည်ငြိမ်မှုရှိသည်။
အဆုံးမဲ့ဧကရာဇ်၏ ဆက်ခံသူက ကျွင်းရှောင်ယောက်ဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူ စိတ်သက်သာရာရသွား၏။
ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်တာက ရှက်စရာမရှိပေ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ကျိုးလီပန်းချီကားနှင့် အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်တို့ကို အသက်သွင်းလိုက်သည်။
ရှီဟွမ်ဓားက အားသာချက်မရှိတော့ပေ။
အရေးကြီးဆုံးအချက်မှာ တိဟောက်ထျန်းက ရှီဟွမ်ဓား၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
ဒါကိုမြင်သောအခါ တိဟောက်ထျန်း၏ ငွေရောင်မျက်လုံးများက ပို၍ အေးစက်လာခဲ့သည်။
ကျွင်းရှောင်ယောက်က သူ့ကို အမြဲဆန့်ကျင်နေနိုင်သည်ဟု သူ ခံစားမိ၏။
တိဟောက်ထျန်းက သူ၏ နဂါးဧကရာဇ်စွမ်းအင်ကို ရှီဟွမ်ဓားနှင့် ပေါင်းစပ်ကာ အစွမ်းထက်ဆုံး လှုပ်ရှားမှုကို အသုံးပြုတော့သည်။
"တာ့ဖန်နဂါးဓား"
တိဟောက်ထျန်းက ဟိန်းဟောက်လိုက်သည်။ တောက်ပသော ဓားအလင်းများ ထွက်ပေါ်လာ၏။ ၎င်းက စကြဝဠာကို ဖျက်ဆီးရန် ကြိုးစားနေသော အစစ်အမှန်နဂါး ဓားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်။
ဒါကိုမြင်သောအခါ အင်မော်တယ်ခုံရုံးမှ လူတချို့က ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
"ဒါက ရှေးခေတ်အင်မော််ခုံရုံးရဲ့ အကျော်အမော် ဟောက်ထျန်းနဂါးဧကရာဇ်ရဲ့ သဘာဝစွမ်းရည် ဖြစ်နိုင်မလား"
"ဟုတ်တယ်၊ ဒါက ဟောက်ထျန်းနဂါးဧကရာဇ်ပဲ။ မျှော်လင့်ထားတဲ့အတိုင်း တိဟောက်ထျန်းက ဟောက်ထျန်းနဂါးဧကရာဇ်ရဲ့ အမွေကို ဆက်ခံခဲ့တယ်"
"ရှေးခေတ်အင်မော်တယ်ခုံရုံးမှာတောင် ဟောက်ထျန်းနဂါးဧကရာဇ်ရဲ့ အဆင့်အတန်းက အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ထက် အများကြီး မနိမ့်ကျဘူး"
တိုက်ခိုက်မှုတစ်ခုဖြင့် တိဟောက်ထျန်းက သူ၏ အနေအထားကို ထုတ်ဖော်ပြခဲ့သည်။
ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ဩဇာကြီးမားသော ဟောက်ထျန်းနဂါးဧကရာဇ်ပင်။