← Chapters

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အခန်း ( ၁၂၉၈ ) ကျွင်းရှောင်ယောက်၏ လက်ဆောင်ကြီး။

ယခင်ကနှင့်ယှဉ်လျှင် ကျွင်းရှောင်ယောက်၏ ထာဝရပြည်နှင်ခြင်း စွမ်းအားက များစွာ ပိုအားကောင်းလာသည်။

ဟင်းလင်းပြင် တွင်းနက်ကြီးက အရာခပ်သိမ်းကို မျိုချနိုင်သော ဧရာမ ပါးစပ်ကြီးနှင့်ပင် တူနေသေးသည်။

နဂါးဓားတစ်သောင်းနယ်မြေက မိုးနှင့်မြေကို တံဆိပ်ခတ်ရန် နဂါးတစ်သောင်း၏စွမ်းအားကို အသုံးပြုခဲ့သည်။

သို့သော်လည်း ယခုအချိန်မှာတော့ နဂါးကြီးများအားလုံးက ဟင်းလင်းပြင် တွင်းနက်ကြီးထဲသို့ ဆွဲငင်ဝါးမျိုခံလိုက်ရတော့သည်။

နဂါးဓားတစ်သောင်း နယ်မြေက ချက်ခြင်း ပြိုကျသွားသည်။

"ဒါက အင်မော်တယ်နယ်မြေကြီးမှာရှိတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အထွတ်အထိပ် တိုက်ပွဲတစ်ခုပဲ"

တိုက်ပွဲကို ကြည့်ရှုနေသူအားလုံးက စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေခဲ့ကြသည်။

ဤတိုက်ပွဲမျိုးက မည်သည့်ခေတ်တွင်မဆို လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။

ယနေ့တွင် ဤတိုက်ပွဲကို ကြည့်ရှုနိုင်ခြင်းက ကံကောင်းခြင်းတစ်ခုပင်။

"ပထမနည်းလမ်းက အဆုံးမဲ့ဧကရာဇ်ရဲ့အမွေဖြစ်ပြီး အခု လွမ်ကုဧကရာဇ်ရဲ့နည်းလမ်းကို အသုံးပြုနေပြန်တယ်။ နောက်ပြီးတော့ သူက အဇူရာဧကရာဇ်ရဲ့ခန္ဓာကိုလည်း အမွေဆက်ခံထားသေးတယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို ကံကြမ္မာသားတော်ပဲ"

ကျွင်းရှောင်ယောက်၏ နည်းလမ်းများကြောင့် လူတိုင်း သက်ပြင်းချမိခဲ့သည်။

ဧကရာဇ်တစ်ပါး၏အမွေကို အမွေဆက်ခံနိုင်လျှင်ပင် လုံလောက်စွာ အားကောင်းနိုင်ပြီ ဖြစ်သည်။ သူတို့ကို ဧကရာဇ်၏ဆက်ခံသူဟု ခေါ်ဆိုနိုင်ပြီး ဤကမ္ဘာကြီး၏ ကံကြမ္မာအတွက် ယှဉ်ပြိုင်နိုင်သူ ဖြစ်လိမ့်မည်။

ယခုမူ၊ ကျွင်းရှောင်ယောက် တစ်ဦးတည်းက ဧကရာဇ်သုံးပါးကို ဆက်ခံထားခဲ့ပြီ ဖြစ်သည်။

ဒါက တကယ်ကို အံ့ဩဖွယ်ရာပင်။

"ဟမ့်၊ ဧကရာဇ်ရဲ့အမွေက ပိုလာရင်တောင် အရေအတွက်ထက် မပိုဘူး"

တိဟောက်ထျန်းက အေးစက်စက် ပြောလိုက်သည်။

"မင်း မနာလိုတာလား"

"အရေအတွက်ထက်မပိုဘူး ဆိုတာက မင်းဝါးနိုင်တာထက် ပိုဝါးတာကို ဆိုလိုတယ်။ ဒါပေမဲ့ ငါ့အတွက်တော့ ဧကရာဇ်ရဲ့အမွေတွေ ဘယ်လောက်ပဲများပါစေ အကုန်စားနိုင်တယ်"

ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ထာဝရကွဲလွဲမှုများ၏ဘုရင် အရည်အချင်းများက နာမည်သက်သက် မဟုတ်ပေ။

သာမာန်ပါရမီရှင်များ၊ မျိုးစေ့အဆင့်ပုဂ္ဂိုလ်များ စသည်တို့က ဧကရာဇ်တစ်ပါး၏အမွေကို ဆက်ခံနိုင်လျှင် လုံလောက်သည်။

ပိုမိုအားကောင်းသော ပါရမီရှင်ကတော့ အမွေအနှစ် နှစ်ခု သို့မဟုတ် ထို့ထက်ပို၍ အမွေဆက်ခံနိုင်လိမ့်မည်။

ထာဝရကွဲလွဲမှုတစ်ခုဖြစ်လျှင် ပို၍ပင်အားကောင်းလာမည် ဖြစ်သည်။ သူတို့က ဒဏ္ဍာရီလာ ဧကရာဇ်၏ အမွေအနှစ်ကိုပင် အမွေဆက်ခံပြီး နားလည်နိုင်စွမ်းရှိ၏။

သို့ဆိုလျှင်၊ ထာဝရကွဲလွဲမှုများ၏ဘုရင်ဖြစ်သော ကျွင်းရှောင်ယောက်က မည်ကဲ့သို့ဖြစ်မည်နည်း။

သို့သော်လည်း ကျွင်းရှောင်ယောက်က သာမန်ဧကရာဇ်များ၏အမွေကို စိတ်မဝင်စားတော့ပေ။

သူ၏ အမြင်က ပို၍ မြင့်မားလာသည်။

အဇူရာဧကရာဇ်၊ အဆုံးမဲ့ဧကရာဇ်နှင့် လွမ်ကုဧကရာဇ်ကဲ့သို့ မဟာဧကရာဇ်များ၏ အမွေအနှစ်ကသာ ကျွင်းရှောင်ယောက်ကို တန်ဖိုးထားစေနိုင်သည်။

"တိဟောက်ထျန်း၊ ဒါက မင်းလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲလား။ ဒါဆိုရင်တော့ ငါ စိတ်ပျက်မိလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူက တိဟောက်ထျန်းကို သူ၏ ကိုယ်ပိုင်စွမ်းရည်များအား စမ်းသပ်ရန် စမ်းသပ်ခံကျောက်တုံးအဖြစ် အသုံးပြုလိုခဲ့သည်။

သို့သော်လည်း ဒါက အကုန်ဖြစ်ရင်တော့ သူ တကယ်စိတ်ပျက်မိလိမ့်မည်။

တိဟောက်ထျန်းအတွက် အထူးပြင်ဆင်ထားသော လက်ဆောင်ကိုလည်း ပြသရန် လိုအပ်တော့မည် မဟုတ်ပေ။

"ဟားဟားဟား၊ မင်းက ဒီဧကရာဇ်ငယ်ရှေ့မှာ ဖုန်ထဝံ့တဲ့ ပထမဆုံးလူပဲ"

တိဟောက်ထျန်းက အေးစက်စက် ရယ်မောလိုက်သည်။

သူ၏အမူအကျင့်က အမြဲတမ်း အေးဆေးတည်ငြိမ်ပြီး အရာရာကို ထိန်းချုပ်နိုင်သူ ဖြစ်၏။

ကျွင်းရှောင်ယောက်ကသာ သူ့ကို ဤမျှဒေါသထွက်အောင် လုပ်နိုင်သည်။

"ဒီဧကရာဇ်ငယ်ရဲ့ နည်းလမ်းတွေက မင်း စိတ်ကူးယဉ်နိုင်တာ မဟုတ်ဘူး"

တိဟောက်ထျန်းက ပြောလိုက်သည်။ သူ့စကားအဆုံးတွင် ရေမတွက်နိုင်သော ရွန်းများက သူ၏ ငွေရောင်မျက်လုံးများ၌ ပေါ်လာခဲ့သည်။

"နတ်ဘုရားသတ် မရဏအလင်း၊ သွားစမ်း"

တိဟောက်ထျန်းက ဟိန်းဟောက်လိုက်၏။ သူ၏ မျက်လုံးများက မိုးနှင့်မြေကို ပိုင်းခြားလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ငွေရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။

တိဟောက်ထျန်းက နောက်ဆုံးတွင် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည် သုံးမျိုးအနက် ဒုတိယ၊ ငွေရောင်မျက်လုံး၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

နတ်ဘုရားသတ် မရဏအလင်း ဖြတ်သန်းသွားသည့်နေရာတိုင်းရှိ အရာခပ်သိမ်းက ပျက်သုဉ်းသွားခဲ့ရသည်။

ဤသည်မှာ ငွေရောင်မျက်လုံး ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် သတ်ဖြတ်ခြင်းနည်းလမ်းပင်။

ပုံရိပ်ယောင်ခွင်း ငွေရောင်မျက်လုံးက ပုံရိပ်ယောင်နှင့် လှည့်စားမှုအားလုံးကို ဖယ်ရှားပြီး အမှန်တရားကို မြင်စေနိုင်သည်။

သို့ရာတွင်၊ ဒါက ၎င်း၏ တစ်ခုတည်းသော စွမ်းရည် မဟုတ်ပေ။

တကယ်တိုက်ခိုက်ပါက သူ့စွမ်းအားမှာ ကြောက်စရာကောင်းသည်။

မဟုတ်လျှင်၊ ဤစွမ်းရည်မျှဖြင့် နှစ်သွယ်မျက်လုံးကို မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

နှစ်သွယ်မျက်လုံး၊ ပုံရိပ်ယောင်ခွင်း ငွေမျက်လုံးနှင့် ကစဉ့်ကလျားမျက်လုံးတို့က ထိပ်တန်း မျက်လုံးစွမ်းရည်များ ဖြစ်ကြသည်။

ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာတွင် ကစဉ့်ကလျားမျက်လုံး ရှိသည်။

ထို့‌ပြင်၊ ကောင်းကင်အနက်ရောင်သွေးနှင့် ရောနှောပြီးနောက် ကျွင်းရှောင်ယောက်၏ နတ်ဆိုးဟန်တွင်လည်း နိဂုံး၏မျက်လုံး ရှိ၏။

၎င်းက ကမ္ဘာပေါ်ရှိ အရာခပ်သိမ်း၏ အားနည်းချက်များကို မြင်နိုင်သည်။

သို့သော်လည်း တိဟောက်ထျန်းကို ကိုင်တွယ်ရန်သက်သက်တော့ ကောင်းကင်၏အနက်ရောင်သွေးနှင့် ပေါင်းစပ်ရန် မလိုပေ။

"နတ်ဘုရားသတ် မရဏအလင်း၊ တိဟောက်ထျန်းက ပုံရိပ်ယောင်ခွင်းငွေမျက်လုံးကို ပြီးပြည့်စုံအောင် လေ့ကျင့်ထားနိုင်ပြီထင်တယ်"

နတ်ဘုရားသတ် မရဏအလင်း၏ စွမ်းအားကို ခံစားလိုက်ရပြီးနောက် တိုက်ပွဲကို စောင့်ကြည့်နေသည့် ျကင့်ကြံသူများ အားလုံး ထိတ်လန့်သွားကြသည်။

အမှန်တကယ်ပင်၊ ၎င်းက နှစ်သွယ်မျက်လုံးကို ယှဉ်ပြိုင်နိုင်သည့် မျက်လုံးစွမ်းရည်တစ်ခု ဖြစ်ထိုက်သည်။

"မဆိုးဘူး... မဆိုးဘူး၊ တိဟောက်ထျန်း... ဒီလိုဆိုရင် ငါကလည်း မင်းကို လက်ဆောင်ကြီးတစ်ခု ပေးမယ်"

ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံကို ပြန်လည်အသက်သွင်းလိုက်သည်။

သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း၊ အင်မော်တယ်ဘုရင်လင်းကျိုးထျန်း၊ ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကား၊ ရှေးဦးပျက်ဆီးခြင်းမိုးပြာရောင်ကြာပန်း၊ လှပသော တောင်တန်းနှင့်မြစ်ပြင်...

"ကျွင်းရှောင်ယောက်၊ မင်းက ဒီရူပါရုံငါးခုနဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား"

တိဟောက်ထျန်းက လှောင်ပြောင်လိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။

မြင့်မြတ်ခန္ဓာသွေးက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီးနောက် ချီနှင့်သွေး စွမ်းအင်တို့က ကောင်းကင်သို့ ထိုးတက်သွား၏။

လူတိုင်း၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအလယ်တွင်၊ ကောင်းကင်နှင့်မြေပြင်၏ အလယ်ဗဟိုမှာ တည်ရှိနေပုံရသည့် ရှေးမုခ်ပေါက်တစ်ခု ထွက်ပေါ်လာတော့သည်။

မုခ်ဝမှာတော့ မရေမတွက်နိုင်သော မရေမတွက်နိုင်သော ရှေးဘိုးဘွားများ ဝတ်ပြုနေသည့် မြင့်မြတ်သော ပုံရိပ်ကြီးတစ်ခု ရှိနေခဲ့သည်။

လူသားမျိုးနွယ်က အရာခပ်သိမ်း၏ဝိညာဉ်ပင်။

ထိုမြင့်မြတ်သောအရိပ်က လူသားမျိုးနွယ်၏ဝိညာဉ်ဖြစ်ပြီး လူသားမျိုးနွယ်၏ အပြည့်စုံဆုံးသော လက္ခဏာဖြစ်ပုံရသည်။

"အဲဒါက..."

ထိုတံခါး ပေါ်လာချိန်တွင် ကမ္ဘာကြီးက လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက တုန်လှုပ်သွား၏။

"ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ နောက်ဆုံးရူပါရုံ၊ မိုးနဲ့မြေရဲ့ ဆန်းကြယ်တံခါးပဲ"

ထိုအတွေးက လူတိုင်း၏စိတ်ထဲတွင် မိုးကြိုးအစင်းတစ်ရာ ပစ်ခွင်းလိုက်သကဲ့သို့ မြည်ဟီးထွက်ပေါ်လာခဲ့ပုံရသည်။

တစ်ချိန်က ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် အလွန်တန်ခိုးကြီးခဲ့သော်လည်း နောက်ပိုင်းတွင် ကျဆင်းသွားခဲ့သည်။

ကောင်းကင်ခြေချင်းများ၊ မြင့်မြတ်ခန္ဓာ၏ကျိန်စာများ စသည်ဖြင့် ဖြစ်ပေါ်လာခဲ့ရ၏။

မကြာသေးမီကာလများအတွင်း ရှေးဟောင်းမြင့်မြတ်ခန္ဓာတချို့ ပေါ်ထွန်းခဲ့သော်လည်း အများစုမှာ သံကြိုးများ ချည်နှောင်ခံထားရသေးသည်။

ရူပါရုံခြောက်မျိုးစလုံးကို အသုံးပြုနိုင်ခြင်း မဆိုထားဘိ...

ရူပါရုံ လေးမျိုးအထိ လေ့ကျင့်နိုင်သော ရှေးဟောင်းမြင့်မြတ်ခန္ဓာကိုပင် မြင်ရန် ရှားပါးသည်။

ယခုမူ၊ သူတို့က ဘာကိုမြင်နေရသနည်း။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုက ကောင်းကင်တွင် ထင်ပေါ်နေကြပြီ ဖြစ်သည်။

မူလက အဆုံးမဲ့ ဖျက်ဆီးနိုင်စွမ်းရှိသော နတ်ဘုရားဖျက်ဆီးခြင်း မရဏအလင်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံကြီး ခြောက်ခု၏ရှေ့တွင် အနည်းငယ်မျှ မဝံ့ကြွားနိုင်ဘဲ တိုက်ရိုက် ပျက်သုဉ်းသွားတော့သည်။

"ငါ့ရဲ့တစ်သက်တာမှာ ‌မြင့်မြတ်ခန္ဓာရဲ့ ရူပါရုံခြောက်ခုကို ကိုယ်တိုင်မြင်တွေ့နိုင်ဦးမယ်လို့ မမျှော်လင့်ထားဘူး"

"ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ရူပါရုံခြောက်ခုက ပြည့်စုံပြီဆိုရင် ကမ္ဘာပေါ်က ရန်သူအားလုံးကို လွှမ်းမိုးနိုင်တဲ့ ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်ကို ပေါင်းစပ်နိုင်လိမ့်မည်ဟု ကောလဟာလတွေရှိတယ်"

ကျွင်းရှောင်ယောက်ကို အလွန်အမင်း အထင်ကြီးသူတချို့ပင်လျှင် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"နတ်ဘုရားသားတော်က ထူးချွန်လွန်းလှတယ်"

ယခုအချိန်တွင် လူများစွာတို့က စိတ်လှုပ်ရှားခဲ့ရသည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုကို သူတို့ကိုယ်တိုင် မြင်ရဦးမည်ဟု မမျှော်လင့်ခဲ့ပေ။

ဒါက နှစ်ပေါင်းများစွာ မည်သူမျှ မမြင်ခဲ့ရသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ဝူဟူသာ ဤနေရာတွင် ရှိနေလျှင် သူ့မျက်လုံးများလည်း နီရဲသွားလိမ့်မည်။

ဒါက မည်သို့သောအဓိပ္ပာယ်ဖြစ်သနည်း။

ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုး၏ ‌ဘုန်းအသရေက တစ်ဖန် နေလို၊လလို ထွန်းလင်းတောက်ပလာတော့မည် ဖြစ်သည်။

"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ်က ခေတ်များစွာကို ပြောင်းလဲစေပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ ဆန်းကြယ်တံခါးကိုဖွင့်ကာ စကြာဝဠာရဲ့ချုပ်နှောင်မှုကို ချိုးဖျက်လိမ့်မယ်"

"ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်၊ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အဆုံးမဲ့ပျော်ရွှင်မှုပဲ"

ကျွင်းရှောင်ယောက်က လေထဲသို့ လှမ်းတက်သွားခဲ့သည်။

သူ၏ အရှိန်အဝါကြောင့် ကြယ်မြစ်က တုန်ခါလာ၏။

မိုးနှင့်မြေ၏ဆန်းကြယ်တံခါးက ပေါ်လာသည်နှင့် အမြုတေတစ်ခု ဖြစ်လာပုံရသည်။

သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း၊ အင်မော်တယ်ဘုရင်လင်းကျိုးထျန်း၊ ယင်ယန် သေခြင်းရှင်ခြင်း ပန်းချီကား၊ ရှေးဦးပျက်ဆီးခြင်းမိုးပြာရောင်ကြာပန်း၊ လှပသော တောင်တန်းနှင့်မြစ်ပြင်...

ရူပါရုံကြီးငါးခုက မိုးနှင့်မြေ၏ဆန်းကြယ်တံခါးကို ဝန်းရံထားပြီး ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲကာ တိဟောက်ထျန်းကို ဖိနှိပ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင်၊ တိဟောက်ထျန်းကဲ့သို့ စွမ်းအားကြီးသူပင်လျှင် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

All Chapters