← Chapters

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း ( ၁၂၉၉ ) တိဟောက်ထျန်း ဒဏ်ရာပြင်းထန်စွာရခြင်း။

အခြား ရူပါရုံကြီးငါးခုက မိုးနှင့်မြေ၏ဆန်းကြယ်တံခါးကို ဗဟိုပြုထားပြီး တိဟောက်ထျန်းဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအင်အားသည် အလွန်ကြောက်စရာကောင်း၏။ ၎င်းက တိဟောက်ထျန်းကို ဖိနှိပ်နေသော စကြာဝဠာကြီးခြောက်ခုကဲ့သို့ပင်။

ဒါက တိဟောက်ထျန်းအတွက် ကျွင်းရှောင်ယောက်၏ လက်ဆောင် ဖြစ်သည်။

ရှင်းယွီရှန်းနှင့် အခြားသူများသည် ယခင်က ရူပါရုံကြီးငါးခုကို တွေ့ခဲ့ရသော်လည်း ကျွင်းရှောင်ယောက်က နောက်ဆုံးသော ရူပါရုံကို အသုံးမပြုခဲ့ပေ။

အကြောင်းမှာ၊ သူတို့က မထိုက်တန်သောကြောင့် ဖြစ်သည်။

တိဟောက်ထျန်းကတော့ အတိုင်းအတာတစ်ခုအထိ လေးစားစရာကောင်းပေသည်။

အင်မော်တယ်နယ်မြေကြီးရှိ လူငယ်မျိုးဆက်တွင် ပါရမီရှင် အနည်းငယ်သာ ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုကို တားဆီးနိုင်သည်ဟု ဆိုနိုင်သည်။

ယခုလည်း တိဟောက်ထျန်း၏ အမူအရာက သိသိသာသာပြောင်းလဲသွားပေသည်။

"နဂါးဧကရာဇ်အစောင့်အရှောက်"

"နတ်ဘုရားဖျက်ဆီးခြင်း မရဏအလင်း"

တိဟောက်ထျန်းက မတုံ့ဆိုင်းတော့ဘဲ အစွမ်းကုန်သုံး၍ သူ၏ နတ်ဘုရားစွမ်းရည်နှစ်ခုကို အသက်သွင်းလိုက်သည်။

မွေးရာပါ နဂါးဧကရာဇ်၏စွမ်းအားက နဂါးအရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

သူ့မျက်လုံးထဲတွင် ငွေရောင်အလင်းများက စီးဆင်းနေသည်။ အရာအားလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။

တိဟောက်ထျန်းက သူ၏ စွမ်းရည်နှစ်ခုကို အပြည့်အဝ အသက်သွင်းလိုက်ပြီဟု ဆိုနိုင်သည်။

သို့ရာတွင်၊ သူ ရင်ဆိုင်ရမည့်အရာက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ပြီးပြည့်စုံသော ရူပါရုံခြောက်ပါးပင်။

ရူပါရုံတစ်ခုကပင် လုံလောက်အောင် သန်မာသည်။

ယခုအခါ ရူပါရုံကြီး ခြောက်ခုစလုံးကို ထုတ်ဖော်ထားလိုက်ပြီ။

ထို့ပြင်၊ ကျွင်းရှောင်ယောက်က ပြန်လည်ဝင်စားခြင်း၏ နိယာမကိုလည်း နားလည်ထားသည်။

ရူပါရုံကြီးခြောက်ခုက ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ်၏ အဓိပ္ပာယ်ကို ဆောင်ပေသည်။

အကြောင်းအမျိုးမျိုးကြောင့် ကျွင်းရှောင်ယောက်က ယခုအချိန်တွင် အတားအဆီးမရှိ ဖြစ်စေခဲ့သည်။

"ဝုန်း"

မိုးနှင့်မြေကြားတွင် ပြင်းထန်စွာ ပေါက်ကွဲပြီး ရှည်လျားသော အက်ကြောင်းကြီးများစွာ ဖြစ်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများအားလုံး ထိခိုက်မည်ကို စိုးရိမ်သဖြင့် ချက်ချင်း ဆုတ်သွားကြ၏။

"ဖူး"

သွေးအန်သံတစ်သံကို ကြားလိုက်ရသည်။

အင်မော်တယ်ခုံရုံး၏ ကျင့်ကြံသူများ တုန်လှုပ်သွားတော့သည်။

တိဟောက်ထျန်း ဒဏ်ရာရခဲ့ပြီ။

သူ့ပုံရိပ်က ဆက်လက်ကျဆင်းသွားပြီး ရူပါရုံခြောက်ခုကြောင့် သွေးများအန်ထွက်လာခဲ့ရသည်။

မွေးရာပါ နဂါးဘုရင်၏ စွမ်းအင်သည်ပင် ချေမှုန်းခံခဲ့ရပေသည်။

ဤမြင်ကွင်းက လူများကို ဆွံ့အသွားစေသည်။

တိဟောက်ထျန်းသည် အင်မော်တယ်ခုံရုံး၏ ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်ပြီး တစ်ချိန်က ခေတ်တစ်ခေတ်ကို လွှမ်းမိုးခဲ့ဖူးသည်။

အကယ်၍ သူ့ကိုယ်သူ အစပြုကာ တံဆိပ်ခတ်ခဲ့ခြင်းမရှိပါက အင်မော်တယ်ခုံရုံး၏အရှင်သခင် ဖြစ်လာနိုင်လိမ့်မည်။

တိဟောက်ထျန်း၏ ရည်မှန်းချက်က ဤရွှေခေတ်တွင် နိုးထရန် ဖြစ်သည်။

ဤရည်မှန်းချက်ကြောင့်ပင် သူ့ဘဝတစ်လျှောက် အဆိုးဆုံးရန်သူကို ရင်ဆိုင်ခဲ့ရပေသည်။

တိဟောက်ထျန်းက ပထမဆုံးအနေဖြင့် ဒဏ်ရာပြင်းထန်စွာရပြီး သွေးအန်ရခဲ့ရသည်။

"ကျွင်းရှောင်ယောက်"

တိဟောက်ထျန်းက သူ့နှုတ်ခမ်းထောင့်မှ သွေးများကို အန်ထုတ်လိုက်သည်။

သူ၏ ငွေရောင်မျက်လုံးများမှာလည်း သွေးအလင်းတို့ ပေါ်နေပြီ။

မြောက်များစွာသော ကျင့်ကြံသူများ၏ရှေ့တွင် ကျွင်းရှောင်ယောက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ သူ့မျက်နှာကို ဘယ်နေရာမှထားရမည်နည်း။

သို့သော်လည်း တိဟောက်ထျန်းသည် ရူပါရုံခြောက်ခုဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်သန်မာကြောင့် ဝန်ခံရမည် ဖြစ်သည်။

တိဟောက်ထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မြောက်များစွာသော ပုံရိပ်များ ပေါ်လာကြ၏။ ၎င်းက မေ့ပျောက်ခြင်းမြေတွင် သူ ရရှိခဲ့သော ဖူလုံတပ် ဖြစ်သည်။

ယခုအချိန်တွင်၊ တိဟောက်ထျန်းက သူ့ကိုယ်သူ ကုသပြီး သူ့အခြေအနေကို ချိန်ညှိရန် လိုအပ်နေပြီ။

သို့ရာတွင် ကျွင်းရှောင်ယောက်က သူ့ကို ဤအခွင့်အရေးမျိုး မည်ကဲ့သို့ပေးနိုင်မည်နည်း။

သူ၏ အတွေးတစ်ခုဖြင့် ကျိုးလီပန်းချီကားက တုန်ခါသွားပြီး မြင်းသည်တော်ငါးထောင် ပေါ်လာခဲ့ကြသည်။

"ဒါက ဖူရှီအင်မော်တယ်မျိုးရိုးရဲ့ ဖူလုံတပ်နဲ့ ချီယိုအင်မော်တယ်မျိုးရိုးရဲ့ သံမဏိလူရိုင်းမြင်းတပ်ပဲ"

အင်မော်တယ်ခုံရုံး၏ လူတချို့က အော်ပြောလိုက်ကြသည်။

ဤအရာများက ပြိုင်စံရှားသော တပ်မဟာနှစ်ခု ဖြစ်၏။

အထူးသဖြင့် သံမဏိလူရိုင်းမြင်းတပ်က အင်မော်တယ်ခုံရုံးအား အကြီးအကျယ် ထိခိုက်စေခဲ့ဖူးသည်။

ထို့‌ကြောင့် လူများစွာက ကြောက်ရွံ့နေသေးသည်။

နှစ်ဖက်တပ်များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။

ဤအခိုက်တွင်၊ ချီယိုအင်မော်တယ်မျိုးရိုးမှ လူများ၏ မျက်နှာများက အောက်မေ့ခြင်းသဘောဖြင့် စိတ်လှုပ်ရှားမှုတို့ ပေါ်လာခဲ့ကြသည်။

ကျိုးလီနတ်ဆိုးတိုင်းပြည်၏ ဘုန်းအသရေကို ပြန်မြင်လိုက်ရသလိုပင်။

သို့သော်လည်း အခြား အင်မော်တယ်မျိုးရိုးမှ လူများက မသက်မသာ ဖြစ်ကုန်ကြသည်။

သံမဏိလူရိုင်းမြင်းတပ်က ဖူလုံတပ်ကို ရင်ဆိုင်နေပြီး ကျိုးလီပန်းချီကားနှင့် အပြစ်သားကွပ်မျက်ခေါင်းဖြတ်စက်ကလည်း ရှီဟွမ်ဓားကို ပိတ်ဆို့ထားသည် မဟုတ်လော။

"သေစမ်း"

တိဟောက်ထျန်း၏ မျက်နှာရ အလွန်အေးစက်တင်းမာလာသည်။

ဤကျွင်းရှောင်ယောက်က သူ့အတွက် ဂြိုလ်ဆိုးပင်။

သူက မည်သို့သောနည်းလမ်းကို အသုံးပြုနေပါစေ၊ ကျွင်းရှောင်ယောက်က တုံ့ပြန်ထားနိုင်သည်။

"တိဟောက်ထျန်း၊ ဒါက မင်းရဲ့စွမ်းရည် အကုန်လား။ ဒါဆိုရင်တော့ စိတ်ပျက်ဖို့ကောင်းတယ်"

ကျွင်းရှောင်ယောက်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

တိဟောက်ထျန်းက သူ၏ ယခင်ပြိုင်ဘက်များထက် ပို၍ သန်မာသည်။

သို့သော်၊ ပိုအားကောင်းရုံမျှသာ။

ကျွင်းရှောင်ယောက်တွင် အသုံးမပြုရသေးသော ဝှက်ဖဲများစွာ ရှိနေဆဲ ဖြစ်သည်။

"ကျွင်းရှောင်ယောက်၊ အရင်ကတော့ ငါဟာ ဒီနည်းလမ်းကို အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမဲ့၊ အခုတော့..."

တိဟောက်ထျန်းက အေးစက်စက် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ ခွန်အားက သူ့မျှော်လင့်ချက်ထက် များစွာ ကျော်လွန်သွား၏။

အထူးသဖြင့်၊ ကျွင်းရှောင်ယောက်သည် ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံ ခြောက်ခုကို နားလည်နေပြီဟု သူ မမျှော်လင့်ခဲ့ပေ။

"ဪ၊ မင်းက ဝှက်ဖဲရှိနေသေးတယ်ပေါ့"

ကျွင်းရှောင်ယောက်က စိတ်ဝင်စားလာသည်။

တိဟောက်ထျန်းက ဘာမျှမပြောတော့ပေ။ သူက သူ၏ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းတန်းတစ်ခုက ဖြာထွက်လာ၏။

ထိုအလင်းထဲတွင် ဝေဝါးဝါး ပုံရိပ်ကြီးတစ်ခု ရှိနေသည်။ ထိုလူရိပ်က ဦးခေါင်းတွင် နဂါးဦးချိုရှိပြီး ကမ္ဘာကြီးကို လွှမ်းခြုံထားသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုလည်း ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေပြင်ကြားတွင် နဂါးစွမ်းအင်များ နိုးထလာပုံရသည်။

ကျယ်လောင်သော နဂါးဟိန်းသံများက တညီတညွတ်တည်း ထွက်ပေါ်လာပြီး လေဟာနယ်က တုန်ခါနေတော့သည်။

"အဲဒါ... ဟောက်ထျန်းနဂါးဧကရာဇ်ပဲ"

အင်မော်တယ်ခုံရုံးမှ အကျော်အမော်များစွာတို့ တုန်လှုပ်သွားကြသည်။

အလင်းထဲတွင် ထွက်ပေါ်လာသော ပုံရိပ်က ရှေးခေတ် ‌အင်မော်တယ်ခုံရုံး၏ မဟာပုဂ္ဂိုလ်ကြီး ဟောက်ထျန်းနဂါးဧကရာဇ် ဖြစ်ကြောင်း ထင်ရှားသည်။

မဟုတ်သေး...

ဟောက်ထျန်းနဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်ဟု ဆိုရမည်။

သို့သော်လည်း ၎င်းက စွမ်းအင်ပုံရိပ်တစ်ခုဖြစ်လျှင်ပင် အလွန်ကြောက်စရာကောင်းနေသေးသည်။ ၎င်းထံမှ ထွက်ပေါ်နေသော ဖိအားများက အဓိပတိနယ်ပယ် ခုနစ်ခုမှ ကျွမ်းကျင်သူတစ်ဦး ဆန့်ကျင်နိုင်သည့် အရာမဟုတ်တော့ပါ။

"နဂါးဧကရာဇ်ရဲ့ သရုပ်သကန်၊ တိဟောက်ထျန်းက ဒါကို တကယ်ကို ပိုင်ဆိုင်ထားတာပဲ"

"မွေးရာနဂါးဧကရာဇ်ရဲ့ အော်ရာရှိသူပဲ နဂါးဧကရာဇ်ရဲ့သရုပ်သကန်ကို အသက်သွင်းနိုင်တယ်။ ဒါက တကယ်ကို တိဟောက်ထျန်းအတွက် အသင့်တော်ဆုံး ရတနာပဲ"

ဖူရှီအင်မော်တယ်မျိုးရိုးမှ ‌အကျော်အမော်များ၏ မျက်လုံးများက တောက်ပလာသည်။

ဟောက်ထျန်းနဂါးဧကရာဇ်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ မဟာပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ရှေးခေတ်အင်မော်တယ်ခုံရုံးအတွက် သရုပ်သကန်များစွာကို ချန်ရစ်‌ထားခဲ့သည်။

ဤနဂါးဧကရာဇ်၏သရုပ်သကန်က ၎င်းတို့အနက်မှ တစ်ခုဖြစ်သင့်ပေသည်။

၎င်း၏ စွမ်းအားသည် စစ်မှန်သော ဟောက်ထျန်းနဂါးဧကရာဇ်နှင့် နှိုင်းယှဉ်ရန် ဝေးနေသော်လည်း...

၎င်း၏စွမ်းအား တစ်သောင်းပုံ တစ်ပုံမျှသာရှိလျှင်ပင် အဓိပတိနယ်ပယ်ခုနစ်ခုမှ ကျွမ်းကျင်သူများစွာကို ချေမှုန်းရန် လုံလောက်သည်။

"ကျွင်းရှောင်ယောက်၊ ငါ့ကို ဒီအခြေအနေထိ တွန်းအားပေးနိုင်တဲ့အတွက် မင်းကျေနပ်သင့်တယ်"

တိဟောက်ထျန်းက နဂါးဧကရာဇ်၏သရုပ်သကန်အတွင်းသို့ ပေါင်းစပ်သွားသည်။

ဤအရာသည် ယခင်က မေ့ပျောက်ခြင်းမြေတွင် သူတွေ့ရှိခဲ့သော ရတနာဖြစ်ပြီး သူသာလျှင် ၎င်းကို အသုံးပြုနိုင်သည်။

အကြောင်းမူ၊ သူ၏ မွေးရာပါ နဂါးဧကရာဇ်စွမ်းအင်သာလျှင် နဂါးဧကရာဇ်၏ သရုပ်သကန်ကို အသက်သွင်းနိုင်သောကြောင့်ပင်။

စစ်မှန်သော နဂါးဧကရာဇ်၏ ရုပ်ကြွင်းကို ရှာမတွေ့သော်လည်း ဤသရုပ်သကန်က ကျွင်းရှောင်ယောက်ကို ချေမှုန်းရန် လုံလောက်သည်။

တိဟောက်ထျန်းက နဂါးဧကရာဇ်၏ သရုပ်သကန်အဖြစ်သို့ ပေါင်းစည်းလိုက်သည်နှင့်တပြိုင်နက်၊ နဂါးဧကရာဇ်၏ပုံရိပ်က အသက်ဝင်လာပုံရသည်။

သူ့လက်တစ်ဖက်ကိုမြှောက်ပြီး ရူပါရုံကြီးခြောက်ခုကို တိုက်ရိုက် ဖျက်ဆီးလိုက်၏။

မိုးနှင့်မြေဆန်းကြယ်တံခါးသည်ပင် နဂါးဧကရာဇ်၏ သရုပ်သကန်ကို မတားဆီးနိုင်ပေ။

"ဒါကလွန်တာပဲ"

မော့ယန်းယု၊ လုဖူးကွေ့နှင့် အခြားသူများက မကျေမနပ်ဖြစ်သွားကြသည်။

ရှီဟွမ်ဓားကို ထုတ်ယူလိုက်လျှင်ပင် ၎င်းကို သူ၏လက်နက်အဖြစ် မှတ်ယူနိုင်သေးသည်။

သို့ရာတွင်၊ နဂါးဧကရာဇ်၏ သရုပ်သကန်က တိဟောက်ထျန်း၏ ကိုယ်ပိုင်စွမ်းရည်ထက် များစွာကျော်လွန်သွားပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်လေသည်။

"တိဟောက်ထျန်း၊ မင်းက တကယ်ကို ကျောက်တုံးကောင်းတစ်ခုပဲ"

သူ့စကားသံအဆုံးတွင်၊ ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှာ အလွန်တောက်ပသော နတ်အလင်းရောင်တစ်ခု ဖြာထွက်လာသည်။

အင်မော်တယ်ရွှေခန္ဓာကဲ့သို့ ကြီးမားသော ခန္ဓာတစ်ခု ထွက်ပေါ်လာ၏။

ဤခန္ဓာကိုယ်ပေါ်၌ အဆုံးမရှိသော ရွှေရောင် ရွန်းများလည်း ပျံ့နှံ့နေသေးသည်။

အားကောင်းသော သွေးစွမ်းအင်က နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။

၎င်းက ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာပင်။

All Chapters