အခန်း ၁၃၀၀
Vol. 87 Ch. 1300
အခန်း ( ၁၃၀၀ ) တိဟောက်ထျန်း၏ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်။
ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာက ခုနစ်ပေခန့် မြင့်မားပြီး ရွှေရောင်အလင်းများနှင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။
မရေမတွက်နိုင်သော မြင့်မြတ်ခန္ဓာအမှတ်အသားများကလည်း ၎င်း၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် စီးဆင်းနေ၏။
၎င်းက ဗုဒ္ဓဂိုဏ်း၏ ရွှေခန္ဓာကဲ့သို့ပင်။
ကျွင်းရှောင်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာက ပေတစ်သောင်းမြင့်မားသော နတ်ခန္ဓာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ကြယ်ပေါင်းများစွာ ကြွေကျပြီး နဂါးငွေ့တန်းက ပြန့်ကျဲသွား၏။
ပျက်စီးခြင်းဧကရာဇ်၏ဓမ္မခန္ဓာ စွမ်းအားကြောင့် ဟင်းလင်းပြင်က ပြိုကျလာတော့သည်။
"ဒါက မေ့ပျောက်ခြင်းမြေမှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ရရှိခဲ့တဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာရဲ့ ဓမ္မခန္ဓာပဲ"
"ဒါက ကြောက်စရာကောင်းလွန်းတယ်၊ ဒါက ဘယ်ရှေးဟောင်းမြင့်မြတ်ခန္ဓာလဲ"
"အမှန်ပဲ၊ ဒီအငွေ့အသက်က သာမန်ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ မတူဘူး။ ဒါက ရှေးခေတ်က ပြီးပြည့်စုံတဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်နိုင်မလား"
တုန်လှုပ်ခြောက်ခြားစွာ ပြောဆိုသံများက အရပ်ရပ်တွင် ပဲ့တင်ထပ်သွားသည်။
ကျွင်းရှောင်ယောက် ထုတ်ဖော်လိုက်သော ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာက လူတိုင်းကို အံ့အားသင့်စေခဲ့သည်မှာ သေချာလှပေသည်။
ဤဓမ္မခန္ဓာက မည်သို့သောတည်ရှိမှုက ဆင်းသက်လာသည်ကို မသိကြသော်လည်း ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော စွမ်းအားရှိကြောင်း ခံစားနိုင်ကြသည်။
အင်မော်တယ်ခုံရုံးမှ အကျော်အမော်တချို့၏ မျက်လုံးများမှာလည်း အံ့ဩမှုနှင့် မရေရာမှုတချို့ ပေါ်လာတော့သည်။
"ဒါက မြင့်မြတ်သောတောင်ကနေ ရယူခဲ့တာပဲ။ အင်မော်တယ်ခုံရုံးရဲ့ ရှေးစာအုပ်တွေမှာ မှတ်တမ်းတင်ထားတဲ့ အရာတွေက အမှန်ပဲလား။ သူက တကယ်ပဲ အဲဒီလူပဲလား..."
အင်မော်တယ်ခုံရုံးမှ အကျော်အမော်တချို့၏ မျက်လုံးများက အလင်းရောင်များ တောက်ပလာသည်။
ဤအတိုင်းမှန်လျှင် ဤဓမ္မခန္ဓာ၏တန်ဖိုးက အတိုင်းအဆမရှိပေ။
"ကျွင်းရှောင်ယောက်၊ မင်း..."
တိဟောက်ထျန်းမှာတော့ ဘာပြောရမည်မှန်း မသိတော့ပါ။
သူက ဟောက်ထျန်းနဂါးဧကရာဇ်၏ နတ်ဘုရားစွမ်းရည်ကို အသုံးပြုသောအခါ ကျွင်းရှောင်ယောက်က အဆုံးမဲ့ဧကရာဇ်နှင့် လွမ်ကုဧကရာဇ်တို့၏ စွမ်းရည်များကို အသုံးပြုခဲ့သည်။
သူက ရှီဟွမ်ဓားကို ထုတ်ဖော်သောအခါ ကျွင်းရှောင်ယောက်က ကျိုးလီပန်းချီကားနှင့် အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်တို့အား ထုတ်ယူခဲ့၏။
သူက ပုံရိပ်ယောင်ခွင်းငွေမျက်လုံးကို အသုံးပြုသောအခါမှာလည်း ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုဖြင့် ဖိနှိပ်ခဲ့ပြန်သည်။
သူ၏ ဖူလုံတပ်မှာလည်း ကျွင်းရှောင်ယောက်၏ သံမဏိလူရိုင်းမြင်းတပ်ကို အသာစီးမရနိုက်ခဲ့ပေ။
ယခုဆိုလျှင်၊ သူက နဂါးဧကရာဇ်၏စွမ်းအင်ပုံရိပ်ကို အသုံးပြုထားပြီ ဖြစ်သည်။
သို့သော်လည်း အဆုံးမှာတော့ ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ထုတ်ဖော်ခဲ့ပေသည်။
အမှန်အတိုင်းဆိုရလျှင်၊ တိဟောက်ထျန်း၏ နှလုံးသားက အနည်းငယ် ကြေကွဲရသည်။
သူ၏ စိတ်နေစိတ်ထားဖြင့်ပင် အော်ဟစ်ပြီး ကျိန်ဆဲလိုစိတ်တို့ ဖြစ်ပေါ်မိပေသည်။
ကျွင်းရှောင်ယောက်က သူ၏ သဘာဝဂြိုလ်ဆိုးကဲ့သို့ပင် ဖြစ်သည်။
"တိဟောက်ထျန်း၊ ငါ့ဓမ္မခန္ဓာရဲ့ စွမ်းအားကို စမ်းသပ်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။
"သတ်"
တိဟောက်ထျန်းက ဘာမျှထပ်မပြောတော့ပေ။ သူ့ထံမှ လူသတ်ငွေ့က ကောင်းကင်သို့ ထိုးတက်သွားသည်။
သူက နဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်နှင့် ပေါင်းစပ်ခဲ့၏။
တစ်ဖက်တွင် ကျွင်းရှောင်ယောက်ကလည်း ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာနှင့် ပေါင်းစပ်သွားသည်။
ကြီးမားသော ပုံရိပ်ကြီးနှစ်ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
နဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်က ပေတစ်သောင်းအထိ မြင့်မားလာခဲ့သည်။
သူ့လက်ကိုမြှောက်လိုက်သောအခါ ရှေးဟောင်းကြယ်စက်ဝိုင်းတစ်ခုလုံးကို ချေမှုန်းနိုင်ပုံရသော နဂါးလက်သည်းကြီးတစ်ခု ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ထိန်းချုပ်ပြီး လှုပ်ရှားခဲ့သည်။
လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်နှင့် ဟင်းလင်းပြင်က အက်ကွဲသွားကာ ဖရိုဖရဲစွမ်းအင်များ ဖြာထွက်လာတော့သည်။ အရာအားလုံးက မူလအခြေအနေသို့ ပြန်သွားပုံရသည်။
ဤလူနှစ်ဦးစလုံးက ၎င်းတို့၏ သက်ဆိုင်ရာ နည်းလမ်းဖြစ်သော စွမ်းအင်ပုံရိပ်နှင့် ဓမ္မခန္ဓာတို့၏စွမ်းအားကို အပ့ည့်အဝ မပြသနိုင်ပါ။
သို့ရာတွင်၊ ထိုစွမ်းအားများ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုဖြစ်လျှင်ပင် ကမ္ဘာကြီးကို ဖျက်ဆီးရန် လုံလောက်သည်။
၎င်းက လူသား ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ရှေးနဂါးမျိုးနွယ်၏ ဧကရာဇ်ကြီးတို့ ဆန့်ကျင်တိုက်ခိုက်နေသကဲ့သို့ပင်။
နတ်ဖန်ဆင်းခြင်းအဓိပတိနှင့် ပျက်စီးခြင်းတာအိုသခင်အဆင့် အကျော်အမော်များပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားခဲ့ရသည်။
"ဒီနှစ်ယောက်က တကယ်ကို မကောင်းဆိုးရွားတွေပဲ။ ပုံမှန်ဆိုရင် ခေတ်တစ်ခုစီမှာ တစ်ယောက် မွေးဖွားလာဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ဒီခေတ်မှာတော့ နှစ်ယောက်ရှိနေပြီး ရင်ဆိုင်နေကြပြီ"
"အနာဂတ်မှာ ဒီလိုမျိုးတွေ အများကြီးရှိလာနိုင်ပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အားလုံးကို တကယ်ပဲ လွှမ်းမိုးနိုင်လိမ့်မယ်လို့ ငါ ခံစားမိတယ်"
"အမှန်ပါပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မယုံနိုင်စရာကောင်းလွန်းတယ်"
လူအများက ဆွေးနေလိုက်ကြသည်။
လူနှစ်ယောက်ကြားတွင် တိုက်ပွဲက မပြီးဆုံးသေးပေ။
သို့သော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
တိဟောက်ထျန်းက တကယ်ကို ဒေါသဖြစ်ပြီး ပေါက်ကွဲနေပြီ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ အမြဲတမ်း အေးဆေးတည်ငြိမ်သည်။
ဤတိုက်ပွဲက တိဟောက်ထျန်းအတွက် ကြီးမားသော တိုက်ပွဲ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ သူ့ကိုယ်ပိုင် အစွမ်းအစကို စမ်းသပ်ရန် အခွင့်အရေးတစ်ခုသာ ဖြစ်နေပုံပင်။
ဤအမြစ်တစ်ခုတည်းမှာပင် တိဟောက်ထျန်းက ရှုံးနိမ်ါနေပြီ ဖြစ်သည်။
"ဖျက်ဆီးစမ်း"
တိဟောက်ထျန်းက အော်ဟစ်လိုက်သည်။
နဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်က ရှီဟွမ်ဓားကို ကိုင်ဆောင်လိုက်သည်။ ရှီဟွမ်ဓားက ပေတစ်သောင်းခန့် ရှည်လျားလာပုံရပြီး ကျွင်းရှောင်ယောက်ကို ခုတ်ချလိုက်၏။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ထိန်းချုပ်ထားပြီး ကျိုးလီပန်းချီကားနှင့် အပြစ်သားကွပ်မျက်ခေါင်းဖြတ်စက်ကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်လိုက်တော့သည်။
နှစ်ဖက်တိုက်မိခြင်း၏ လှိုင်းလုံးများက ပျက်စီးခြင်းမုန်တိုင်းကဲ့သို့ အရပ်ရပ်ကို ဖြာထွက်သွားခဲ့သည်။
ယင်းကြောင့် အင်မော်တယ်ခုံရုံး၏ အကျော်အမော်တချို့က ထိုလှိုင်းဂယက်များကို ပိတ်ဆို့ရန် လှုပ်ရှားခဲ့ရသည်။
သို့သော်လည်း တိုက်ပွဲနေရာနှင့် မနီးမဝေးမှ ချုံးဟွားနန်းတော်တွင် ထိခိုက်မှုမရှိခဲ့ပေ။
အဆုံးမဲ့ရွန်းများက ထွက်ပေါ်လာပြီး အတက်အကျအားလုံးကို ပိတ်ဆို့ဟန့်တားထားခဲ့သည်။
နောက်ဆုံးတွင်၊ ပြင်းပြင်းထန်ထန် တိုက်မိပြီးနောက် နှစ်ဦးသား လူချင်းခွဲလိုက်ကြသည်။
ပတ်ဝန်းကျင်ရှိ ကြယ်ကောင်းကင်ကြီးမှာတော့ အက်ကြောင်းများ ပြည့်နေဆဲပင်။
ဒါက လူငယ်နှစ်ယောက်ကြားမှ တိုက်ပွဲတစ်ခုဟု စိတ်ကူးရန်ပင် ခက်သည်။
"ကျွင်းရှောင်ယောက်၊ မင်းက တကယ်ပဲ ငါ့ရဲ့ ဂြိုလ်ဆိုးလား"
တိဟောက်ထျန်း၏ မျက်လုံးများက ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
သူ၏ ကျင့်ကြံမှုအခြေခံနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ပင် ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲအတွင်းမှာ စွမ်းအင်များစွာကုန်လိမ့်မည်။
တစ်ဖက်တွင်၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ဖြစ်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာက အလွန်ကြံ့ခိုင်သန်မာပြီး မကုန်မခန်းလုနီးပါးရှိသော စွမ်းအင်တို့ကို ပေးစွမ်းနိုင်ပေသည်။
"ငါက ဂြိုလ်ဆိုးမဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့ရန်သူ ဖြစ်ချင်ရင်တော့ အဆိုးဆုံးအခြေအနေတွေကို လက်ခံဖို့ အသင့်ပြင်ထားရမယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြောလိုက်သည်။
"မင်းက ငါ့ကို ဒီအခြေအနေထိရောက်အောင် လုပ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ"
"ဒီလိုဆိုမှတော့ ဒီဧကရာဇ်ငယ်က မင်းကို လက်ဆောင်ပေးပါရစေ"
"ငါက ဒီနည်းလမ်းကို တခြားဘယ်သူ့ကိုမှ မသုံးဖူးဘူး"
တိဟောက်ထျန်းက စကားအဆုံးတွင် နဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်နှင့် ရှီဟွမ်ဓားကို ထိန်းချုပ်လိုက်သည်။
တုနှိုင်းမဲ့အောင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြီး ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
"ဒါက ဒီဧကရာဇ်ငယ်ရဲ့ ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်... ဧကရာဇ်ရဲ့ ဓားသိုင်းပဲ"
"ကောင်းကင်ဧကရာဇ်ရဲ့ဓား၊ နတ်ဘုရားပိုင်းဖြတ်ခြင်း"
ဓားတစ်ချက် ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဧကရာဇ်တစ်ပါးက ဓားချက်ထုတ်ဖော်လိုက်သကဲ့သို့ အလွန်အမင်း အစွမ်းထက်၏။
ကြည့်နေသော ကျင့်ကြံသူများအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။
ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်ကို ဖန်တီးခြင်းက အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။
တိဟောက်ထျန်း၏ အသက်အရွယ်နှင့် ဤကဲ့သို့ ထိပ်တန်းနတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်ခြင်းက အံ့ဩစရာဟု ဆိုနိုင်ပေသည်။
တိဟောက်ထျန်း၏ ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားစွမ်းရည်နှင့် ရင်ဆိုင်ရသောအခါ...
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"ဒီလိုဆိုရင် ငါ့ရဲ့ရိုးသားမှုကိုပြသဖို့အတွက် မင်းကိုတိုက်ခိုက်ဖို့ ငါ့ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်ကို အသုံးပြုရတော့မှာပေါ့"
ကျွင်းရှောင်ယောက်က သူ၏ မဟာတာအို၏မူလ နတ်ဘုရားစွမ်းရည်နှင့် အခြား ပါရမီရှင်တစ်ဦးမှ ဖန်တီးထားသော နတ်ဘုရားစွမ်းရည်ကြားတွင် ကွာဟချက် မည်မျှကြီးမားမည်ကို စမ်းသပ်လိုပေသည်။
ကျွင်းရှောင်ယောက်က ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူ၏ အတွင်းစကြာဝဠာရှိ စကြဝဠာ၏မူလစွမ်းအားကို ဤလှုပ်ရှားမှုထဲသို့ သွန်းလောင်းလိုက်၏။
ကမ္ဘာဦးကျမ်း၊ နတ်ဘုရား၏အလင်း။
နှစ်ဖက်တိုက်မိပြီးနောက် အဆုံးမဲ့ စွမ်းအင်လှိုင်းများ ဖြာထွက်သွားတော့သည်။
"ထပ်လာမယ်"
"ကောင်းကင်နဲ့ဧကရာဇ် စည်းလုံးခြင်း၊ ကောင်းကင်ရဲ့အလင်း"
တိဟောက်ထျန်းက ထပ်မံဟိန်းဟောက်လိုက်သည်။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ကမ္ဘာပေါ်တွင် တစ်ခုတည်းသောအလင်းရောင်ကဲ့သို့ အဆုံးမဲ့တောက်ပသော နတ်ပန်းပွင့်များဖြင့် ပြည့်နှက်သွားသည်။
"ကမ္ဘာဦးကျမ်း၊ နတ်ဘုရားရဲ့ပြစ်ဒဏ်"
ကျွင်းရှောင်ယောက်က နတ်ဘုရား၏အလင်းကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ပြီး အခြားတစ်ဖက်နှင့် နတ်ဘုရား၏ပြစ်ဒဏ်ကို ထုတ်ဖော်လိုက်သည်။
ယင်းက ပျက်စီးခြင်းနှင့် မွေးဖွားခြင်း၏ နတ်ဘုရားကဲ့သို့ ဖြစ်၏။
ကြီးမားသော စွမ်းအားနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး စကြဝဠာ၏ မူလစွမ်းအားအဖြစ် တစ်ဖန် ပေါင်းစည်းကာ ထွက်ပေါ်လာတော့သည်။
"မင်းက ဒီလိုဆိုမှတော့ ရလဒ်ကို ဆုံးဖြတ်ကြတာပေါ့"
"ကြီးမြတ်သောဧကရာဇ်၊ ကောင်းကင်ရဲ့အမိန့်တော်"
တိဟောက်ထျန်းက ရူးသွပ်သွားခဲ့သည်။ သူက သူ၏ကျင့်ကြံမှုကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်၏။
ဤနည်းလမ်းက ကောင်းကင်၏ အမိန့်တော်ချမှတ်သကဲ့သို့ဖြစ်ပြီး ကျင့်ကြံသူများစွာကို တုန်လှုပ်စေသည်။
တိဟောက်ထျန်းက သက်ရှိအားလုံးကို လွှမ်းမိုးထားသော ကောင်းကင်ဧကရာဇ်ကဲ့သို့ပင်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာပင် သဘောကျမှု အရိပ်အမြွက်တို့ ပေါ်လာသည်။
ဤတိဟောက်ထျန်းကို မကောင်းဆိုးရွားတစ်ကောင်ဟု ဆိုရမည်။
သူကိုယ်တိုင်ဖန်တီးထားသော ဧကရာဇ်၏ဓားသိုင်းက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းရန် လုံလောက်သည်။
နောက်ဆုံးအကြိမ်တွင်၊ ကျွင်းရှောင်ယောက် ခံစားခဲ့ရသည့် ကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားစွမ်းရည်မှာ...
ရှေးဟောင်းမင်းမျိုးနွယ် ရဲ့မိသားစု၏ ဓားနတ်ဆိုးလူဝင်စား၊ ရဲ့ကူချန်၏ နတ်ဘုရားများရဲ့ဒုက္ခ နတ်ဘုရားစွမ်းရည် ဖြစ်သည်။
"ဒီလိုဆိုရင် တိဟောက်ထျန်း... ငါ မင်းကို ရှုံးနိမ့်စေမယ်"
ကျွင်းရှောင်ယောက်သည်လည်း ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ထိန်းချုပ်ပြီး လက်တစ်ဖက်ကိုမြှောက်၍ အဆုံးမဲ့နိယာမစွမ်းအားကို စုဆောင်းခဲ့သည်။
ဤအခိုက်တွင် ကောင်းကင်နှင့်မြေပြင်က ချုပ်နှောင်ခံလိုက်ရပုံရ၏။
ဤလှုပ်ရှားမှုက ကမ္ဘာဦးကျမ်း၏ တတိယပုံစံ နတ်ဘုရား၏စတေးခြင်း မဟုတ်ပေ။
ရှေးခေတ်အင်မော်တယ်ခုံရုံးကို အိပ်မက်မက်ခဲ့စဉ်တွင် ငရဲကြီးဆယ့်ရှစ်ထပ်၌ သူသဘောပေါက်ခဲ့သော ပုံစံသစ်တစ်ခု ဖြစ်သည်။
"ကမ္ဘာဦးကျမ်း၊ နတ်ဘုရားရဲ့အကျဉ်းထောင်"