← Chapters

အခန်း ၁၃၀၂

Vol. 87 Ch. 1302

အခန်း ၁၃၀၂

Vol. 87 Ch. 1302

အခန်း ( ၁၃၀၂ ) မင်းသမီးယွမ်ချယ် နိုးထလာပြီ။

ဤနေရာတွင် အင်မော်တယ်ခုံရုံး၏ လေထုက အနည်းငယ် လေးလံပြီး တိတ်ဆိတ်နေသည်။

အေး‌စက်စက် မျက်လုံးများဖြင့် ကြည့်နေသူများလည်း ရှိ၏။

ဥပမာအားဖြင့် ဝါဟွမ်အင်မော်တယ်မျိုးရိုး ဖြစ်သည်။

နောက်ဆုံးတွင်၊ တိဟောက်ထျန်းသည် ယခင်က အင်မော်တယ်ခုံရုံး၏သခင် ရာထူးအတွက် ယှဉ်ပြိုင်နိုင်ခဲ့သည် မဟုတ်လော။

ဖူရှီအင်မော်တယ်မျိုးရိုးဘက်မှာလည်း သဘာဝအတိုင်း မျက်နှာများ မည်းမှောင်နေခဲ့ကြသည်။

တိဟောက်ထျန်း၏ ကျန်ရှိသော နောက်လိုက် အနည်းငယ်မှာလည်း ထိုကဲ့သို့ ဖြစ်၏။

တစ်ဦးစီက ယင်ကောင်တစ်ကောင်ကို အစိမ်းလိုက် မျိုချလိုက်ရသလိုပင်။

အထူးသဖြင့် ပုလော့ရွယ်၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။

သူမက တိဟောက်ထျန်း၏ နောက်လိုက်တစ်ဦးမျှသာမဟုတ်ပါ။

သူ့စိတ်ထဲတွင် တိဟောက်ထျန်းကို တိတ်တခိုး သဘောကျနေခဲ့သည်။

သူက သူမ၏ ဘဝတစ်ခုလုံးပေးဆပ်ပြီး လိုက်ပါရန် ထိုက်တန်သူဟူပင် ထင်မြင်ခဲ့ပေသည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင် ဤလူက နတ်ဘုရားတစ်ပါးကဲ့သို့ ထူးကဲသာလွန်သည်။

ယခုတော့ ထိုသူမှာ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားခဲ့ပြီ။ သူ့ခန္ဓာကိုယ်မှ အရိုးများစွာ ကျိုးပဲ့သွားပြီး တကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည်။

တိဟောက်ထျန်း၏ ဤမျှ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရပြီးနောက် သူမ၏ယုံကြည်ခြင်း ပြိုလဲသွားသလို ခံစားလိုက်ရလေသည်။

"ကျွင်း...ရှောင်... ယောက်"

တိဟောက်ထျန်းက ဒေါသ‌တကြီး အော်ဟစ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေဆဲဖြစ်ပြီး ဒဏ်ရာများကလည်း ဆက်လက်ဖြစ်ပေါ်နေ၏။ ဤသည်မှာ ကျွင်းရှောင်ယောက်၏ တိုက်ခိုက်မှုမှ နောက်ဆက်တွဲသက်ရောက်မှုများ ဖြစ်သည်။

တိဟောက်ထျန်းက သူ၏ လက်ကျန်ခွန်အားဖြင့် ၎င်းကို ဖိနှိပ်နေရသေးသည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက ကြောက်စရာကောင်းလွန်းသည်။

နဂါးဧကရာဇ်၏စွမ်းအင်ပုံရိပ်က တိုက်ခိုက်မှုအင်အား၏ အစိတ်အပိုင်းများစွာကို ကူညီပြီး မချေဖျက်ခဲ့လျှင်၊ တိဟောက်ထျန်းက ယခုထက်ပို၍ သနားစရာကောင်းနေပေလိမ့်မည်။

သို့သော်လည်း တိဟောက်ထျန်းက သူရှုံးနိမ့်သွားတာကို မယုံကြည်နိုင်သေးပါ။

သူက ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ တစ်ခုတည်းကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ကစဉ့်ကလျားခန္ဓာက တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။

ဤသည်မှာ တိဟောက်ထျန်း၏ ယုံကြည်မှုအပေါ် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။

"တိဟောက်ထျန်း၊ မင်းက ငါ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ရင်ဆိုင်ပြီး အသက်မသေတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက တိဟောက်ထျန်းကို သတ်ချင်သည်။ သို့ရာတွင်၊ ယခုကဲ့သို့ အင်မော်တယ်ခုံရုံး၏ အကျော်အမော်များ ရှိနေချိန်တွင် တိဟောက်ထျန်းကို တိုက်ရိုက်သတ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။

တခါတရံတွင်၊ နှလုံးသားကို သတ်ခြင်းက လူကိုသတ်ခြင်းထက် ပို၍ နာကျင်စေနိုင်သည်။

ကျွင်းရှောင်ယောက်၏ လေသံက အကြီးအကဲတစ်ဦးမှ အငယ်လေးများကို လမ်းညွှန်နေသလို လူတိုင်း ခံစားကြရသည်။

သူတို့နှစ်ယောက်လုံးက အဆင့်အတန်း တူညီပုံမရပေ။

အမှန်တကယ်လည်း ကျွင်းရှောင်ယောက်က အစမှအဆုံးအထိ တည်ငြိမ်မှုရှိခဲ့သည်။

သူ၏ အဖြူရောင်အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လူးလွန့်နေပြီး ဖုန်မှုန့်နှင့် အညစ်အကြေးများမရှိပေ။

ဤတိုက်ပွဲက ကျွင်းရှောင်ယောက်၏ ပြိုင်ဘက်ကင်းသော ဂုဏ်သတင်းကို ပို၍ ခိုင်မာစေခဲ့သည်မှာ သံသယဖြစ်စရာမလိုတော့ပါ။

"မဟုတ်ဘူး၊ ငါ အပြည့်အဝ မရှုံးသေးဘူး"

တိဟောက်ထျန်း၏ မျက်လုံးအကြည့်က ချုံးဟွားနန်းတော်ဆီသို့ ရုတ်တရက် လှည့်သွားသည်။

ထိုစဉ်၊ ချုံးဟွားနန်းတော်မှ တောက်ပသော အလင်းများ ဖြာထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုလည်း ထွက်ပေါ်လာ၏။ ယင်းကြောင့် လူအများစုမှာ အသက်ရှူကြပ်လာတော့သည်။

"ဘာတွေဖြစ်နေတာလဲ၊ ဧကရာဇ်ကြီး နိုးထလာတော့မှာလား"

ကျင့်ကြံသူတစ်ဦးက တုန်လှုပ်ခြောက်ခြားစွာ ပြောလိုက်သည်။

"ဒီအငွေ့အသက်က... မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဧကရာဇ်ကြီးရဲ့ စစ်မှန်တဲ့ သွေးမျိုးဆက်ပိုင်ရှင်ပဲ ဒါမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မယ်"

အင်မော်တယ်ခုံရုံးရှိ ကျင့်ကြံသူတချို့ကလည်း တုန်လှုပ်သွားကြလေသည်။

အတိအကျပြောရလျှင်၊ ယွမ်ချယ်၏ သွေးမျိုးဆက်ကဟွမ်နျဲ့တောက်၊ လုံရွှမ်ယီ၊ ကျောက်ဧကရာဇ်လေး ရှောင်ရှစ်ဟွမ်းနှင့် အခြားသူများထက် ပို၍ ခိုင်မာသည်။

၎င်းတို့က ရှေးအင်မော်တယ်ဧကရာဇ်၊ နဂါးဧကရာဇ်နှင့် ကျောက်ဧကရာဇ်တို့၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်၏။

ဤပုဂ္ဂိုလ်များက ဧကရာဇ်နယ်ပယ်တွင် ကျော်ကြားပြီး ၎င်းတို့၏ခွန်အားကလည်း သာမန်ဧကရာဇ်များထက် သာလွန်သည်။

သို့ရာတွင်... တုန်ဟွဧကရာဇ်ကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များနှင့် နှိုင်းယှဥ်လျှင်တော့ ဝေးကွာနေသေးသည်။

ယွမ်ချယ်က တုန်ဟွဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သောကြောင့် သူမ၏ သွေးမျိုးဆက်စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။

အခြေခံအားဖြင့် သူမ၏ သွေးမျိုးဆက်စွမ်းအားဖြင့် ဧကရာဇ်တစ်ပါးဖြစ်လာရန် မခက်ခဲပေ။

သို့သော်လည်း ကြီးမားသော မွေးရာပါအပြစ်စွမ်းအားကြောင့် ဧကရာဇ်၏ သွေးမျိုးဆက်စွမ်းအားကို မထုတ်ဖော်နိုင်တော့ပါ။

သို့ပေသော်ငြား၊ ယွမ်ချယ်သည် အင်မော်တယ်ခုံရုံးအတွက် ထူးထူးခြားခြား အရေးပါလှသည်။

ထို့ကြောင့် ယခုအချိန်တွင်၊ အင်မော်တယ်ခုံရုံးရှိ လူတိုင်းက အသက်ပြင်းပြင်းမရှူဝံ့ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။

ကျွင်းရှောင်ယောက်ကလည်း ကြည့်လိုက်သည်။

တိဟောက်ထျန်းနှင့် သူ၏ တိုက်ပွဲက တုန်လှုပ်စရာကောင်းသော်လည်း...

စစ်မှန်သော ကစားပွဲက ယခုမှသာ စတင်ပေမည်။

ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်က တိဟောက်ထျန်း၏ အကြံအစည်ကို လုံးလုံးလျားလျား ဖျက်စီးပြီး သူ့ရည်မှန်းချက်ကို ဖျက်ဆီးရန် ဖြစ်သည်။

ချုံးဟွားနန်းတော်တွင် တာအိုအမှတ်အသားများနှင့် ပန်းပွင့်များ ပွင့်‌လန်းနေသည်။

အဆုံးမရှိသော နတ်ပန်းပွင့်များကြားတွင်၊ ချုံးဟွာနန်းတော်မှ သလင်းကျောက်ပလ္လင်တစ်ခု ပေါ်လာခဲ့၏။

ပလ္လင်ပေါ်မှာတော့ အင်မော်တယ်ကျောက်စိမ်းကုတင်တစ်ခု ရှိနေသည်။

ယခုအချိန်တွင်၊ ကျောက်စိမ်းကုတင်ပေါ်မှာ လဲချောင်းနေသူက ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော မိန်းမပျိုလေးတစ်ဦးပင်။

သူမ၏ အသွင်အပြင်က နေနှင့်လတို့၏ တောက်ပမှုကိုပင် ပျောက်ကွယ်စေနိုင်သည်။

ကမ္ဘာပေါ်ရှိ အရာအားလုံးနှင့် အလှတရားအားလုံးက သူမ၏ နောက်ခံမျှသာ ဖြစ်ပုံပင်။

ယခုအချိန်တွင်၊ ဧကရာဇ်၏ သွေးမျိုးဆက်ဖိအားက အားလုံးကို ဖိနှိပ်ခဲ့သည်။

ဤသည်မှာ သွေးမျိုးဆက်မှ ဖိအားတစ်မျိုးဖြစ်ပြီး ခွန်အားနှင့် ဘာမှမဆိုင်ပေ။

ထချို့သော နတ်ဖန်ဆင်ခြင်းအဓိပတိနှင့် တာအိုသခင်များပင်လျှင် ဖိအားကြောင့် အမူအရာပြောင်းသွားခဲ့ရသည်။

သို့သော်လည်း သူတို့၏ မြင့်မားသော ကျင့်ကြံမှုအခြေခံကြောင့် အရှက်ရစရာတော့ မဖြစ်ခဲ့ပေ။

သို့ရာတွင်၊ လူတိုင်းက သန်မာတာမဟုတ်ပါ။

သူတို့ထဲတွင် အများစုက ချက်ခြင်း ဒူးတစ်ဖက်ထောက်လိုက်ကြရသည်။

"အဲ့ဒါက အင်မော်တယ်ခုံရုံးရဲ့ အိပ်စက်နေတဲ့ ရှေးမျိုးစေ့အဆင့် ပါရမီရှင်ပဲလား။ သူက ဒီလို ကြောက်စရာကောင်းတဲ့ သွေးမျိုးဆက် စွမ်းအားကို ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ"

"မဟုတ်ဘူး၊ ဒါက အင်မော်တယ်ခုံရုံးရဲ့ မျိုးစေ့သက်သက် မဟုတ်တာတော့ သေချာတယ်။ ရှေးခေတ် အင်မော်တယ်ခုံရုံးရဲ့ သူတော်စင်တွေလည်း ပေါ်လာတာပဲလေ။ ဒါပေမဲ့ သူတို့မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားတွေမှ မရှိတာ"

"သူက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီး ဖြစ်ပုံရတယ်။ သူက ရှေးခေတ်အင်မော်တယ်ခုံရုံးက နောက်ဆုံးဧကရာဇ် တုန်ဟွဧကရာဇ်ရဲ့ သမီးတော်ပဲ"

"ဘယ်လို၊ ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ရဲ့သမီးတော်လား"

လူများက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အရှင်သခင်၏ တိကျသော ကျင့်ကြံမှုအဆင့်ကို မည်သူမျှမသိပေ။

သို့ရာတွင်၊ အနည်းဆုံးတော့ သူဟာ ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်သင့်သည်။

တစ်နည်းဆိုရသော်၊ အိပ်စက်နေသော ဤမင်းသမီးယွမ်ချယ်တွင် ဒဏ္ဍာရီလာဧကရာဇ်၏ သွေးမျိုးဆက်ရှိသည်။

ဒါက ဟွမ်နျဲ့တောက်၊ လုံရွှမ်ယီ၊ ကျောက်ဧကရာဇ်လေးနှင့် အခြား ဧကရာဇ်၏မျိုးဆက်များထက် ပို၍ ကြောက်စရာကောင်းပေသည်။

ယခုအချိန်တွင်၊ မျိုးဆက်သစ် ကျင့်ကြံသူများ အားလုံးနီးပါး ဒူးထောက်လိုက်ကြရသည်။

သန်မာသော ကျင့်ကြံမှုအခြေခံရှိသူသာလျှင် ဤသွေးမျိုးဆက်ဖိအားကို ခံနိုင်ရည်ရှိ၏။

ဟောက်ထျန်း နဂါးဧကရာဇ်ကို အမွေဆက်ခံခဲ့သော တိဟောက်ထျန်းပင်လျှင် ဤသွေးမျိုးဆက်ဖိအားကို ရင်ဆိုင်ရန် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

သွေးမျိုးဆက်ပိုင်းတွင် တိဟောက်ထျန်းက မင်းသမီးယွမ်ချယ်ကို မယှဉ်သာကြောင်း မြင်နိုင်ပေသည်။

ယွမ်ချယ်က တော်ဝင်မျိုးရိုးရှိသူဟုပင် ဆိုနိုင်သည်။

ထို့အတွက်ကြောင့် တိဟောက်ထျန်းက ယွမ်ချယ်ကို အနိုင်ယူရန်အတွက် အစီအစဥ်များစွာ ချမှတ်ပြီး အလွန်ကြိုးစားခဲ့ခြင်းပင်။

ယွမ်ချယ်၏ သွေးမျိုးဆက်ကြောင့် အနှောင့်အယှက်မဖြစ်ဘဲ နေထိုင်နိုင်သည့် တစ်ဦးတည်းသောလူက ကျွင်းရှောင်ယောက်သာ ဖြစ်သည်။

သူက သွေးမျိုးဆက်ဖိအားကို တွန်းလှန်ရန် အားထုတ်ခြင်းမပြုဘဲ ပေါ့ပေါ့ပါးပါး ရပ်နေပေသည်။

အကြောင်းမှာ၊ သူက ဖိအားကို လုံးဝ မခံစားရသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်၊ ယခင် အန္တိမကပ်ဘေးကြီး၏ ကျိန်စာပင်လျှင် ကျွင်းမိသားစု၏ သွေးမျိုးဆက်ကို များစွာ မသက်ရောက်စေနိုင်ခဲ့ပါ။

'နောက်ဆုံးတော့ သူမွေးဖွားလာတော့မှာလား'

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တွန့်ကွေးလာပြီး ပြုံးလိုက်သည်။

အားလုံး အံ့အားသင့်သွားချိန်တွင်...

ဧကရာဇ်၏ ဖိအားနှင့်အတူ ကြောက်စရာကောင်းသော အပြစ်စွမ်းအားက ထွက်ပေါ်လာသည်။

ယင်းက နာကြည်းမှုကဲ့သို့ အနက်ရောင်စွမ်းအင်တစ်မျိုး ဖြစ်၏။

၎င်းတွင် နာကြည်းမှု၊ ကျိန်စာ၊ သွေးနှင် သတ်ဖြတ်မှု အမျိုးမျိုး ပါဝင်နေသည်။

ယင်းကြောင့် ကျောက်စိမ်းကုတင်ပေါ်တွင် လဲလျောင်းနေသော ယွမ်ချယ်က အနည်းငယ် နာကျင်ဟန်ဖြင့် မျက်မှောင်လေးကြုတ်သွားလေသည်။

ထို့နောက် လိပ်ပြာတောင်ပံခတ်သကဲ့သို့ မျက်တောင်များက အနည်းငယ် တုန်ခါသွားသည်။ ဖန်သလင်းကျောက်ကဲ့သို့ ကြည်လင်သော နတ်သမီး မျက်လုံးတစ်စုံက ဖြည်းညှင်းစွာ ပွင့်လာ၏။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီး နိုးထလာခဲ့ပြီ။

All Chapters