← Chapters

အခန်း ၁၃၀၉

Vol. 88 Ch. 1309

အခန်း ၁၃၀၉

Vol. 88 Ch. 1309

အခန်း ( ၁၃၀၉ ) ကြယ်ကိုးပွင့်ဆုလာဘ်... ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်။

အမှန်အတိုင်းဆိုရလျှင်၊ ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးနှင့် ကောင်းမွန်သော ပတ်သက်မှုမရှိပေ။

အင်မော်တယ်ခုံရုံးက မည်သည့်တိုက်ပွဲတွင်မဆို၊ ချီယိုအင်မော်တယ်မျိုးရိုးမှ ကျင့်ကြံသူများကို ပထမဆုံး စေလွှတ်ကြသည်။

သို့သော်လည်း သူတို့၏ အဆင့်အတန်းက အနိမ့်ဆုံး ဖြစ်၏။

ယင်းကို ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်များက မကျေနပ်သည်မှာ ကြာပြီ။

သို့သော်လည်း သူတို့ လုပ်နိုင်တာ ဘာမှမရှိပေ။

ပြင်ပအင်အားစုများကို အားကိုးခြင်းမပြုဘဲ အင်မော်တယ်ခုံရုံးမှ ထွက်ခွာရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။

သူတို့ ထွက်သွားလျှင်ပင် နေစရာနေရာမရှိပေ။

လက်ရှိ ချီယိုအင်မော်တယ်မျိုးရိုးသည် ယခင်က သာယာဝပြောသော ကျိုးလီနတ်ဆိုးတိုင်းပြည် မဟုတ်တော့ပါ။

ရှည်လျားသော တိုက်ပွဲများနှင့် ဆုံးရှုံးမှုများကြောင့် ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံး၏ အင်မော်တယ်မျိုးရိုးကြီးကိုးခုတွင် အောက်ခြေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်...

၎င်းတို့က အနိမ့်ဆုံးအဆင့်ဟု ဆိုကြလျှင်ပင် သာမန် အင်မော်တယ်အင်အားစုများထက် များစွာပို၍ သန်မာနေသေးသည်။

နောက်ဆုံးတွင်၊ ဆင်ပိန်ပါက မြင်းလောက်တော့ ကျန်ရှိသေးသည် မဟုတ်လော။

ကျွင်းရှောင်ယောက်က သူတို့နှင့် ပူးပေါင်းရန် တောင်းဆိုလာသောအခါ...

ချီယိုအင်မော်တယ်မျိုးရိုး၏ အဆင့်မြင့် ပုဂ္ဂိုလ်အချို့က အမှန်တကယ် စိတ်ဝင်စားခဲ့ကြသည်။

ကျွင်းမိသားစုက သူတို့ကို မျှမျှတတ ဆက်ဆံနိုင်မည်ဆိုလျှင် ကျွင်းမိသားစုနှင့် ပူးပေါင်းရန် မဖြစ်နိုင်တာ မဟုတ်ပေ။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ကျွင်းမိသားစုကို ပူးပေါင်းရန် မတောင်းဆိုဘဲ သူ၏ ကိုယ်ပိုင်အင်အားစုဖြစ်သည့် ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်ရန် ဆိုလာခဲ့သည်။

ဒါက ကိုင်တွယ်ရ နည်းနည်းခက်ပေသည်။

ရိုးရိုးသားသား ပြောရလျှင် ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်အချို့က ကျွင်းဧကရာဇ်ခုံရုံးကို အထင်မကြီးပေ။

ကျွင်းရှောင်ယောက်၏ နာမည်ဂုဏ်သတင်းနှင့် ကျွင်းမိသားစု၏ ပံ့ပိုးကူညီမှုကြောင့်သာ မဟုတ်လျှင်...

ကျွင်းဧကရာဇ်ခုံရုံးက မည်သည့်လှိုင်းတံပိုးကိုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပါ။

မည်သူမျှ သတိထားမိကြမည် မဟုတ်ပါချေ။

ယခုမူကား...

သြဇာကြီးတဲ့ ဧကရာဇ်နှစ်ပါးဖြစ်သည့် ဧကရာဇ်ပိုင်သို့နှင့် လူသတ်ဘုရင်တို့ ပေါ်လာကြပြီး ကျွင်းရှောင်ယောက်အတွက် ရပ်တည်နေကြောင်း တွေ့လိုက်ကြရသည်။

ယင်းက ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်များကို တုန်လှုပ်စေခဲ့ပေသည်။

ကျွင်းဧကရာဇ်ခုံရုံးအပေါ် သူတို့၏ အမြင်များသည်လည်း အနည်းငယ် ပြောင်းလဲလာခဲ့သည်။

သူတို့သာမက အခြားကျင့်ကြံသူများလည်း အံ့သြကြလေသည်။

"ကျွင်းဧကရာဇ်ခုံရုံးက ဒီလောက်ထိ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာမယ်လို့ ဘယ်သူကထင်မှာလဲ။ ဒါက အင်မော်တယ်နယ်မြေကြီးရဲ့ အသက်အငယ်ဆုံး အင်မော်တယ်အင်အားစုလို့တောင် ခေါ်နိုင်တယ်"

"လူသတ်ဘုရင်က အနီရောင်လီလီပန်းလေးများရဲ့မိခင်ကို အညံ့ခံပြီးနောက် ကျွင်းရှောင်ယောက်ရဲ့လက်အောက်ကို ရောက်ရှိလာခဲ့တယ်လို့ ဆိုနိုင်ပေမဲ့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ လူတစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ဒီလိုဆိုရင် ပိအန်းမျိုးနွယ်က ကျွင်းဧကရာဇ်ခုံရုံးရဲ့ မဟာမိတ်ပေါ့"

"တကယ်လို့သာ ဒီလိုဖြစ်မယ်ဆိုရင် ကြောက်စရာကောင်းလိမ့်မယ်။ အနီရောင်လီလီပန်းလေးများရဲ့မိခင် တစ်ယောက်တည်းက အင်မော်တယ်အင်အားစု အများစုကို ရင်ဆိုင်ဖို့ လုံလောက်တယ်"

"ကျွင်းဧကရာဇ်ခုံရုံးက မကြာခင် အကြီးကြီး တိုးတက်လာတော့မယ်လို့ ငါ ခံစားနေရပြီ"

လူများစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။

ချီယိုအင်မော်တယ်မျိုးရိုးမှ အကျော်အမော်များ၏ အမူအရာများ ပြောင်းလဲလာတာကို ကျွင်းရှောင်ယောက်က သတိပြုမိပေသည်။

သူက နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြောလိုက်သည်။

"ချီယိုအင်မော်တယ်မျိုးရိုးက ငါ့ကျွင်းဧကရာဇ်ခုံရုံးရဲ့ အင်အားနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေကြပုံရတယ်"

ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်များက နှုတ်ဆိတ်နေပြီး ဘာမျှမပြောပေ။

ဧကရာဇ်ကြီးနှစ်ပါး၏ အသွင်အပြင်က ထိတ်လန့်စရာကောင်းသော်လည်း ကြီးမားသော ဆွဲဆောင်အားကို ဖန်တီးရန် မလုံလောက်ပါ။

ချီယိုအင်မော်တယ်မျိုးရိုးက ကျဆင်းလာခဲ့လျှင်ပင် ဧကရာဇ်အဆင့် ဘိုးဘေးများ ရှိနေဆဲဖြစ်သည်။

မဟုတ်လျှင်၊ အင်မော်တယ်ခုံရုံးက သူတို့ကို ယခုအချိန်ထိ ထိန်းသိမ်းထားမည် မဟုတ်ပေ။

"ဒီလိုဆိုရင် ငါ့ရဲ့ယုံကြည်မှုဆိုတာက ဘာလဲ မင်းတို့သိအောင် ငါပြောပြမယ်"

ကျွင်းရှောင်ယောက်က သူ့လက်ကို မြှောက်လိုက်သည်။ သူ့လက်ဝါးပေါ်တွင် ရွှေနက်ရောင်သတ္တုအပိုင်းအစတစ်ခု ရှိနေ၏။

ရွှေနက်ရောင် သတ္တုက ကျားတစ်ကောင်နှင့်တူသော်လည်း ၎င်း၏ကိုယ်ထည်တစ်ဝက်သာ ရှိသေးသည်။

၎င်း၏ မျက်နှာပြင်ပေါ်မှာတော့ ရွှေနက်ရောင် အစင်းကြောင်းများပါရှိပြီး ရှေးကျပြီး ဆန်းကြယ်သော အငွေ့အသက်တို့ ခံစားရစေသည်။

တစ်ချိန်တည်းမှာပင် လူတိုင်းက ကြောက်စရာကောင်းသော တိုက်ခိုက်သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ကို ခံစားလိုက်ရ၏။

ထိုအငွေ့အသက်က ကောင်းကင်နှင့်မြေပြင်ကို အရောင်ပြောင်းစေကာ ‌အလောင်းတောင်တန်းများနှင့် သွေးပင်လယ်များကဲ့သို့ ခံစားရစေသည်။

"အဲဒါက ဘာလဲ"

အပြင်လူ ကျင့်ကြံသူများက စိတ်ရှုပ်ထွေးသွားကြသည်။

တစ်ဖက်တွင်၊ အင်မော်တယ်ခုံရုံးမှ အကျော်အမော်များစွာက ၎င်းကိုစိုက်ကြည့်ရင်း မျက်လုံးများ တဖြည်းဖြည်း ပြူးလာကြတော့သည်။

တိဟောက်ထျန်းလည်း တစ်ချက်ကြည့်လိုက်ပြီးနောက် ခေတ္တမျှ အသက်ရှူရပ်သွားသလို ခံစားလိုက်ရသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီအရာက သူ့လက်ထဲမှာ ဘယ်လိုရှိနေရတာလဲ"

အားလုံး အံ့အားသင့်သွားချိန်တွင်...

ကျွင်းရှောင်ယောက်က ကျားအရုပ်ပေါ်သို့ သွေးတစ်စက်ချကာ စွမ်းအင်ပို့လွှတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင်... ရွှေနက်ရောင်ကျားအရုပ်က အဆုံးမဲ့မြင့်မြတ်သော ဂုဏ်အသရေဖြင့် အရှိန်အဝါများ ဖြာထွက်လာတော့သည်။

လူတိုင်း၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင်...

ကျားတစ်ကောင်၏ ဟိန်း‌သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ပေထောင်ပေါင်းများစွာ ရှည်လျားပြီး စစ်ကျားတစ်ကောင်ကဲ့သို့ သံချပ်ကာ ဝတ်ဆင်ထားသည့် ကျားပုံရိပ်တစ်ခုက ကောင်းကင်တွင် ပေါ်လာ၏။

စစ်ကျားက ကောင်းကင်ကိုမော့၍ ဟိန်းဟောက်လိုက်သည်။ ကျားဟိန်းသံက စကြဝဠာကို တုန်ခါစေပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တခွင်သို့ ပျံ့နှံ့သွားတော့သည်။

"အဲဒါက... ရှေးခေတ် အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်လား"

အင်မော်တယ်ခုံရုံး၏ အကျော်အမော်တစ်ဦးက တုန်လှုပ်စွာ ပြောလိုက်သည်။

တခဏမျှ လူတိုင်း၏ အမူအရာများမှာ အေးခဲသွားပေသည်။

မျက်မှောက်ခေတ် ကျင့်ကြံသူများ အများစုက မမြင်ဖူးကြသော်လည်း ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်အကြောင်းကို ကြားဖူးကြသည်။

၎င်းက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အင်အားစုများနှင့် စစ်သူကြီးများကို စေလွှတ်ရန် အဖိုးတန်ရတနာတစ်ခု... အမိန့်အာဏာ၏ သင်္ကေတ ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်ကို ဘယ်လိုရယူခဲ့တာလဲ"

"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်က မေ့ပျောက်ခြင်းမြေမှာ ရှိနေတာများလား။ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ကျားအဆောင်က ရှိနေမယ်ဆိုရင်တောင် အဲဒါက သူ့ဆီမှပဲ ရှိနေသင့်တယ်"

အင်မော်တယ်ခုံရုံး၏ အကျော်အမော်တချို့က ယွမ်ချယ်ကို ကြည့်လိုက်ကြသည်။

ယွမ်ချယ်သည်လည်း အံ့အားသင့်မှု အရိပ်အမြွက်တို့ကို ပြခဲ့ပေသည်။

"ကျားအဆောင်တစ်ဝက်က ရှောင်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုလုပ်ရှိနေတာလဲ။ ဒါက ရှောင်ယောက်နဲ့ ငါရဲ့ ကံကြမ္မာပဲလား..."

ယွမ်ချယ်က အံ့သြသွားသော်လည်း လုံးဝ မကျေနပ်ခြင်းမရှိပေ။

ယင်းအစား ရှောင်ယောက်နှင့် သူမ၏ ကံကြမ္မာသည် နတ်ဘုရား၏ အလိုတော်ဟု ယုံကြည်ခဲ့သည်။

အားလုံး၏ စိတ်ရှုပ်ထွေးနေသော မျက်လုံးအကြည့်များအောက်တွင်...

ကျွင်းရှောင်ယောက်က ငြိမ်သက်စွာ ရပ်နေသည်။

ဤရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ဝက်က မေ့ပျောက်ခြင်းမြေတွင် လက်မှတ်ထိုးဝင်ရာမှ ရရှိခဲ့သော ကြယ်ကိုးပွင့်ဆုလာဘ် ဖြစ်သည်။

ကြယ်ကိုးပွင့်ဆုလာဘ်သာ ဖြစ်ခဲ့ရခြင်း အကြောင်းရင်းက ၎င်းသည် ကျားအဆောင်၏တစ်ဝက်သာ ဖြစ်နေသောကြောင့်ပင်။

အကယ်၍ ၎င်းသည် ပြီးပြည့်စုံသော ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင် ဖြစ်ပါက ကြယ်ဆယ်ပွင့်အဆင့် တည်ရှိမှုဖြစ်မည်မှာ သေချာသည်။

သို့သော်လည်း တစ်ဝက်မျှသာဖြစ်လျှင်ပင် လုံလောက်ပြီ။ ၎င်းက မမျှော်လင့်ထားသော သက်ရောက်မှုများ ရှိနိုင်သည်။

ထိုအချိန်တွင်...

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ထောင့်စွန်း၊ လျှို့ဝှက်နေရာအချို့၊ ထာဝရတားမြစ်နယ်မြေများ စသည်ဖြင့်...

နေရာတချို့မှာ ကြီးမားသော တုန်လှုပ်ခြင်းများ ဖြစ်ပေါ်လာကြသည်။

ရှေးခေတ် တားမြစ်နေရာ အသီးသီးမှ တူညီသော အသံများ ထွက်ပေါ်လာ၏။

နေရာတိုင်းမှ ကျင့်ကြံသူများက ထိုမြင်ကွင်းများကြောင့် အံ့ဩသွားကြသည်။

ဤရှေးဟောင်း တားမြစ်နယ်မြေများမှ စစ်သည်အုပ်စုများ ထွက်ပေါ်လာခြင်း ဖြစ်တော့သည်။

"ဒါတွေက ဘာတွေလဲ"

"ကြောက်စရာကောင်းလိုက်တဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေ၊ ဒီတပ်မဟာတွေက ဘယ်ကလာတာလဲ"

ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ နေရာအနှံ့မှ ကျင့်ကြံသူများက အကြောင်းရင်းမှန်ကို မသိသောကြောင့် အော်ဟစ်လိုက်ကြသည်။

ထိုမျှမက...

ပိုရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သော တားမြစ်နေရာအချို့တွင်...

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက နိုးထလာပြီး ပတ်ဝန်းကျင်ရှိ ကြယ်စက်ဝိုင်းများစွာကို တုန်လှုပ်သွားစေခဲ့သည်။

ဤသည်မှာ ဧကရာဇ်တစ်ပိုင်း၏ အရှိန်အဝါပင်...

"အဲ့ဒီအတက်အကျက ငါ့ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်ပဲ"

"ထာဝရ အိပ်စက်နေခဲ့တဲ့ ကံကြမ္မာကို နှိုးဆွပေးရင်း ကျားအဆောင်ကို ထိန်းချုပ်နိုင်သူက အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်တစ်ပါးတည်းသာ ရှိတယ်"

ရှေးဟောင်း တားမြစ်နယ်မြေအသီးသီးတွင် အားကောင်းသော ဧကရာဇ်တစ်ပိုင်းအဆင့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ကြသည်။

၎င်းတို့က အတိတ်သမိုင်း၏ မြေမှုန့်မှ နိုးထလာပြီး ဤကမ္ဘာကြီးတွင် ၎င်းတို့၏ ယခင်ဘုန်းအသရေကို တစ်ဖန်ပြန်လည်ထူထောင်လိမ့်မည်။

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးမှ လူတိုင်းက အင်မော်တယ်နယ်မြေကြီး၏ အစိတ်အပိုင်းအသီးသီးတွင် ဖြစ်ပေါ်ခဲ့သော တုန်လှုပ်မှုများကို ခံစားခဲ့ရသည်။

"အဲဒါက အိပ်စက်နေတဲ့ တပ်တွေနဲ့ ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ အကျော်အမော်တွေများ ဖြစ်နိုင်မလား"

"ဖြစ်နိုင်တယ်၊ ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်က ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ တပ်တွေနဲ့မြင်းတွေကို စည်းရုံးနိုင်တယ်"

"ရှေးခေတ်အင်မော်တယ်ခုံရုံးက အတိတ်သမိုင်းမှာ ပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်လို့ စစ်အင်အားနည်းနည်းလောက်ပဲ ကျန်ရှိတော့ပေမဲ့ အလွန်ကြောက်စရာကောင်းတဲ့ အင်အားတစ်ခု ဖြစ်နေဦးမှာ သေချာတယ်"

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတွင် လူများစွာက တုန်လှုပ်ခြောက်ခြားစွာ ပြောဆိုလိုက်ကြသည်။

တိဟောက်ထျန်း၏ မျက်နှာကတော့ ပို၍ မည်းမှောင်လာပြီး တည်ငြိမ်မှုပင် မရှိတော့ပေ။

"ဒီရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်က ငါ့ရဲ့ပိုင်ဆိုင်မှုပဲ ဖြစ်သင့်တာ"

သူက လက်သီးဆုပ်လိုက်သည်။

All Chapters