အခန်း ၁၃၁၀
Vol. 88 Ch. 1310
အခန်း ( ၁၃၁၀ ) ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အကျော်အမော်များ။
တကယ်တော့ တိဟောက်ထျန်း၏ ပြန်လည်မွေးဖွားခြင်းမှတ်ဉာဏ်တွင်...
အနာဂတ်မှာ ကျားအဆောင်ကို ကိုင်ဆောင်ထားသူက မင်းသမီးယွမ်ချယ် ဖြစ်သည်။
ထို့ကြောင့် တိဟောက်ထျန်းက ယွမ်ချယ်ကို အနိုင်ယူပြီး ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်များနှင့် အစွမ်းထက်သော အကျော်အမော်များ၏ သစ္စာစောင့်သိမှုကို ရယူလိုခဲ့သည်။
ဟုတ်ပေသည်၊ သူ့မှတ်ဉာဏ်ထဲတွင် ယွမ်ချယ်က ကျားအဆောင်၏တစ်ဝက်ကိုသာ ပိုင်ဆိုင်ထားခဲ့သည်။
ကျန်သောတစ်ဝက်ကတော့ ပျောက်ဆုံးနေဆဲပင်။
"ကျားအဆောင်ရဲ့ ကျန်တစ်ဝက်က သူ့လက်ထဲကို ဘယ်လိုရောက်သွားတာလဲ"
တိဟောက်ထျန်းက အလွန် အံ့ဩသွားသည်။
သူ၏ ကံကောင်းမှုအားလုံးကို ကျွင်းရှောင်ယောက်က လုယူသွားသကဲ့သို့ပင်။
သူမသိသောအရာမှာ ကျွင်းရှောင်ယောက်က ဗလာနယ်ကံကြမ္မာ ဖြစ်သည်။
ပြန်လည်မွေးဖွားလာသူအား အစစ်အမှန်နဂါးဟု ဆိုလျှင်...
ဗလာနယ်ကံကြမ္မာက ကောင်းကင်၏ နဝမနဂါး ဖြစ်သည်။
သူတို့နှစ်ဦး ဆုံမိသောအခါတွင် နဝမနဂါးက သဘာဝအတိုင်း အစစ်အမှန်နဂါး၏ ကံကောင်းခြင်းကို ဝါးမျိုသွားလိမ့်မည်။
ကောင်းကင်က တုန်ခါနေသည်။
ပုံရိပ်များက မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်ကို ဖြတ်ကျော်ပြီး တစ်ခုပြီးတစ်ခု ပေါ်လာကြ၏။
သေသေချာချာ ကြည့်မည်ဆိုလျှင် ၎င်းတို့က ဒါဇင်နှင့်ချီပြီး ရှိလိမ့်မည်။
သို့သော်လည်း ထိတ်လန့်စရာကောင်းသည်မှာ ဤလူများတွင် အနိမ့်ဆုံးက နတ်ဖန်ဆင်းအဓိပတိအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
ပျက်စီးခြင်းတာအိုသခင်များပင် အများအပြား ရှိ၏။
သူတို့၏ အဝတ်အစားအားလုံးကမူ အလွန်ရိုးရှင်းပြီး ရှေးခေတ်ဆန်သည်။
"သူတို့က ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကြယ်ပွင့်အရာရှိတွေလား"
အင်မော်တယ်ခုံရုံးမှ အကျော်အမော်တချို့က တအံ့တဩ ပြောလိုက်သည်။
ရှေးခေတ်အင်မော်တယ်ခုံရုံးသည် တစ်ချိန်က အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးကိုပင် ပေါင်းစည်းခဲ့သောကြောင့် ၎င်း၏စီမံခန့်ခွဲမှုမှာ သဘာဝအားဖြင့် အနည်းငယ် ရှုပ်သည်။
ထို့ကြောင့် အဆင့်အလိုက် သတ်မှတ်ချက်များစွာ ရှိခဲ့ပေသည်။
အနိမ့်ဆုံးအဆင့်မှာ ကောင်းကင် စစ်သည်များနှင့် ကောင်းကင်စစ်သူကြီးများဖြစ်ပြီး၊ မြင့်မားသူများက အမျိုးမျိုးသော အင်မော်တယ်အရာရှိများ၊ ကြယ်ပွင့်အရာရှိများ စသည်တို့ ဖြစ်သည်။
ကောင်းကင်သခင်များ၊ နတ်စစ်သူကြီး၊ အစစ်အမှန်ဘုရင်များ စသည်တို့လည်း ရှိသေးသည်။
အားလုံးကို ခြုံငုံကြည့်လျှင် ရှေးခေတ်အင်မော်တယ်ခုံရုံးက အလွန်ကြီးမားပြီး ရှုပ်ထွေးသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ယခုအချိန်မှာတော့ ကြယ်ပွင့်အရာရှိများက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်ကြောင့် ပြန်လည်နိုးထလာခဲ့ပြီ။
ထို့နောက် ဟင်းလင်းပြင်က တစ်ဖန် ကွဲအက်သွားကာ ထိုနေရာ၌ နတ်အလင်းများ ထွန်းတောက်သွားသည်။
လူရိပ်များစွာက ထပ်မံဆင်းသက်လာ၏။ သို့သော်လည်း ယခုအချိန်တွင် အရေအတွက်က များများစားစား မရှိပဲ လေးယောက်သာ ရှိသည်။
သို့သော်လည်း သူတို့ထံမှ ဖြာထွက်နေသော အရှိန်အဝါက ကျင့်ကြံသူများစွာ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။
"ဧကရာဇ်တစ်ပိုင်း... ဧကရာဇ်တစ်ပိုင်းလေးပါးက တစ်ပြိုင်နက်တည်း ပေါ်လာကြပြီ"
လူများစွာက အသက်ပြင်းပြင်းရှူလိုက်ကြသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များက ဧကရာဇ်ကြီးများလောက် မရှားပါးသော်လည်း ၎င်းတို့ကို နေရာတိုင်းတွင် တွေ့ရနိုင်တာတော့ မဟုတ်ပေ။
ယခုမူ လူလေးယောက်က တစ်ပြိုင်နက်တည်း ပေါ်လာပြီ ဖြစ်သည်။
"နတ်စစ်သူကြီးများကို နှုတ်ခွန်းဆက်ပါတယ်"
ကြယ်ပွင့်အရာရှိများက ဦးညွတ်လိုက်ကြသည်။
"ငါတို့ကို နှိုးဖို့ ကျားအဆောင်ကို ဘယ်သူက လှုံ့ဆော်လိုက်တာလဲ"
ဧကရာဇ်တစ်ပိုင်း တစ်ယောက်က ပြောလိုက်သည်။ သူက အလွန်ရိုးရှင်းသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အလွန်တရာ ခံ့ညား၏။ သူ့မျက်လုံးများကတော့ စူးရဲလှသည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဆင်ပိန်ရင် မြင်းလောက်တော့ရှိသေးတယ်။ ရှေးခေတ်အင်မော်တယ်ခုံရုံးက နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"
ကျွင်းရှောင်ယောက်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
အမှန်အတိုင်းဆိုရလျှင် ဤအခြေအနေမျိုးဖြစ်လာရန် သူ မမျှော်လင့်ထားပေ။
ကျွင်းရှောင်ယောက်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်ကို လက်မှတ်ထိုးဝင်ပြီး ရရှိခဲ့ချိန်တွင် အမှန်တကယ် ယုံကြည်မှုရှိခဲ့သည်။
ဤကျားအဆောင်ကို ရရှိပြီးနောက် တိဟောက်ထျန်းအနေဖြင့် ကစားပွဲကို ပြောင်းပြန်လှန်ရန် ခက်လိမ့်မည်။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စွမ်းအားကိုလည်း ရရှိနိုင်သည်။
သို့သော်၊ ဤကျားအဆောင်က မည်မျှထိရောက်မှန်း သူမသိပါ။
နောက်ဆုံးမှာတော့ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ တည်ရှိမှုများစွာက ရှည်ကြာသော သမိုင်းမြစ်ထဲတွင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။
"မင်းက အင်မော်တယ်ခုံရုံးက မဟုတ်ဘူးလား"
ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦးက ပြောလိုက်သည်။ ၎င်းက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ခဲ့ဖူးသော ကျောက်ရှန့် နတ်စစ်သူကြီးပင်။
"ကျွင်းမိသားစု၊ ကျွင်းရှောင်ယောက်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"ကျွင်းမိသားစု... ကျွင်းမိသားစုပဲလား"
ကျောက်ရှန့် နတ်စစ်သူကြီး၏ မျက်လုံးများက တောက်ပလာသည်။
အခြားနတ်စစ်သူကြီးသုံးဦးလည်း အံ့အားသင့်မှုတို့ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်က ကျွင်းမိသားစုလက်သို့ ကျရောက်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
သူတို့ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အထွတ်အထိပ်ကာလမှာပင် အင်မော်တယ်နယ်မြေကြီးတွင် ထာဝရတည်ရှိခဲ့သော ထိုမိသားစုကို သတိထားရသည်။
"လူတိုင်းပဲ... ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ကျားအဆောင်ကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်သင့်တယ်လို့ ကျုပ်ထင်တယ်။ ဒီလိုရတနာတစ်ခုကို အပြင်လူတစ်ဦးက ဘယ်လိုလုပ်ပြီး ရယူနိုင်မှာလဲ"
တိဟောက်ထျန်းက ပြောလိုက်သည်။
ယခင်က ထိုရတနာများကို ကျွင်းရှောင်ယောက်က ရရှိခဲ့သော်လည်း တိဟောက်ထျန်းသည် ဂရုမစိုက်ခဲ့ပေ။ စွန့်လွှတ်နိုင်သည်။
သို့ရာတွင်၊ ဤရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်ကိုတော့ ကျွင်းရှောင်ယောက်က ယူမသွားနိုင်ပေ။
ဒါက အာဏာ၏ သင်္ကေတတစ်ခုထက် ပိုသည်။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်ဖြင့် မထင်မှတ်နိုင်သော စစ်သည်နှင့် မြင်းအရင်းအမြစ်များကိုလည်း ရယူနိုင်ပေသည်။
အကယ်၍ ဤအရင်းအမြစ်ကို ကျွင်းရှောင်ယောက်နှင့် ကျွင်းဧကရာဇ်ခုံရုံးက ဝါးမျိုသွားမည်ဆိုလျှင်...
ကျွင်းဧကရာဇ်ခုံရုံးက အမှန်တကယ်ပင် ဒုတိယ အင်မော်တယ်ခုံရုံး ဖြစ်လာနိုင်သည်။
"အင်မော်တယ်ခုံရုံးရဲ့ စည်းမျဉ်းအရ ကျားအဆောင်ကို ကိုင်ဆောင်ထားသူရဲ့ အမိန့်ကို နာခံရမယ်။ ကျားအဆောင်က ပြည့်စုံတယ်ဆိုရင်၊ အင်မော်တယ်ခုံရုံးမှာရှိတဲ့ စစ်သည်တွေနဲ့ မြင်းတွေအားလုံးကို စည်းရုံးလို့ရတယ်"
နတ်စစ်သူကြီး ကျောက်ရှန့်က ပြောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ အင်မော်တယ်နယ်မြေကြီးရှိ အလွန်ရှေးကျသော ကြယ်စက်ဝိုင်း၏ နက်နဲသော တစ်နေရာ...
ထိုနေရာတွင် အလွန်သိပ်သည်းပြီး အနက်ရောင်နှင့် အဝါရောင် အငွေ့အသက်များ ပြည့်နေသော တိုက်ကြီးတစ်ခု ရှိသည်။
အခြေခံအားဖြင့် ဤနေရာတွင် မည်သည့်သက်ရှိများမှ ရှင်သန်နိုင်မည် မဟုတ်ပေ။ ကမ္ဘာမြေဆွဲအား၏ ဖိအားက အလွန်ကြောက်စရာကောင်းသည်။
ဧကရာဇ်တစ်ပိုင်းပင်လျှင် ဤနေရာတွင် တောင့်ခံနိုင်မည်မဟုတ်ဘဲ ကြေမွသွားလိမ့်မည်။
ကျားအဆောင်၏ ဟိန်းဟောက်သံက ဤနေရာသို့ ရောက်လာချိန်တွင်...
တိုက်ကြီးတစ်ခုလုံးက ရုတ်တရက် တုန်ခါပြီး အဆုံးမဲ့ အနက်ရောင်နှင့် အဝါရောင်စွမ်းအင်များက ဆူပွက်လာခဲ့သည်။
ချက်ချင်းပင်၊ သွယ်လျပြီး ချောမောလှပသော ပုံရိပ်လေးတစ်ခု ပေါ်လာ၏။
သူမကို အနက်ရောင်နှင့်အဝါရောင် စွမ်းအင်များက ဝန်းဂံထားကာ မြေထု၏မိခင်ကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် ရှေးခေတ်နှင့် ကြောက်စရာကောင်းသော ဧကရာဇ်အရှိန်အဝါက လေထဲသို့ စိမ့်ဝင်လာခဲ့သည်။
ထို့နောက် ကြည်လင်ပြီး ချိုသာသော အသံက သူမပါးစပ်မှ ထွက်ပေါ်လာလေသည်။
"မရေမတွက်နိုင်တဲ့ ခေတ်ကာလတွေပြီးနောက် တစ်စုံတစ်ယောက်က ကျားအဆောင်ကို ထပ်မံအသက်သွင်းလိုက်ပြီ"
"ဒါက တကယ်ကို ရှားရှားပါးပါး ပြိုင်ဆိုင်မှုခေတ်ပဲ။ နဂါးနဲ့ဖီးနစ်တွေ နိုးထလာပြီး ဖရိုဖရဲစွမ်းအင်တွေ မြင့်တက်လာတယ်"
"ကျားအဆောင်ကို ကိုင်ဆောင်နိုင်သူက အင်မော်တယ်ခုံရုံးရဲ့ အကူအညီနဲ့ ကမ္ဘာကြီးမှာ အင်မော်တယ်အင်အားစုလို အခြေခံအုတ်မြစ်ကို တည်ဆောက်ဖို့ အရည်အချင်းပြည့်မီလိမ့်မယ်"
ဤဝိုးတဝါးနှင့် လှပတင့်တယ်သော ရုပ်သွင်က သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်။
ထို့နောက်တွင်၊ သူမ၏ရုပ်သွင်က ဟင်းလင်းပြင်ကို ခဏချင်း ဖြတ်သန်းသွားပြီး ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသို့ တိုက်ရိုက်ရောက်ရှိခဲ့သည်။
သူမ ရောက်လာသောအခါ ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူများအားလုံးက ပို၍ပင် အံ့ဩသွားတော့သည်။
"ဧကရာဇ်နယ်ပယ်က အကျော်အမော်တစ်ဦး... ဧကရာဇ်နယ်ပယ် နောက်ထပ် အကျော်အမော်တစ်ဦး ရောက်လာပြီ"
လူများစွာတို့ တုန်လှုပ်သွားသွားကြသည်။
လူများစွာအတွက် ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များကိုပင် တွေ့ရခဲသည်။
ယခုမူကား၊ ဧကရာဇ်အဆင့် အကျော်အမော်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီ။
ဧကရာဇ်ပိုင်သို့၊ လူသတ်ဘုရင်နှင့် ယခု ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ဧကရာဇ်...
"ဒါက အဲဒီလူပဲလား..."
အင်မော်တယ်ခုံရုံးဘက်မှာတော့ ထိုမှုန်ဝါးနေသော ရုပ်သွင်ကို မြင်လိုက်ရကတည်းက ခန့်မှန်းမိပြီးပြီ ဖြစ်သည်။
အနက်ရောင်နှင့် အဝါရောင် စွမ်းအင်များက တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
ထို့နောက် ရင့်ကျက်စွာ ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ပေါ်လာခဲ့၏။
သူမ၏ ခေါင်းပေါ်တွင် ရွှေရောင်ဆေးစိမ်ထားသော ကျောက်စိမ်းသရဖူကို ဆောင်းထားသည်။ လှပသော ဖီးနစ်မျက်လုံး၊ ပတ္တမြားကဲ့သို့ နီစွေးသော နှုတ်ခမ်းနှင့် ဖြူဖွေးနုဖက်နေသော အသားအရည်ရှိ၏။
သူမက ပြိုင်စံရှားသော အသွင်ပြင်ကို ပိုင်ဆိုင်ထားသည့်အပြင် ခွန်အားကလည်း ထူးကဲသည်။
သို့သော်... ဤအမျိုးသမီးတွင် ဖမ်းစားနိုင်ဆုံးအရာက သူမ၏ ခမ်းနားစွာ မို့မောက်နေသော ရွှေရင်အစုံသည်ပင်။
'ဘုရား... ဘုရား၊ ငါ့ခေါင်းထက်တောင် ပိုကြီးနိုင်မလား'
လုဖူးကွေ့က သူ့ပါးစပ်ကို လက်နှင့်အုပ်ပြီး မျက်လုံးပြူး မျက်ဆံပြူးဖြင့် စိတ်ထဲမှ အော်ဟစ်လိုက်သည်။
သို့သော်လည်း သူက မိုက်မဲသူ မဟုတ်ပါ။ ၎င်းက အမျိုးသမီးဧကရာဇ်တစ်ဦးဖြစ်ပြီး ရှေးခေတ်အင်မော်တယ်ခုံရုံးနှင့် ပတ်သက်နေနိုင်သည်။
ထို့ကြောင့် သူ့ကို မည်သူမျှ မစော်ကားဝံ့ဘဲ စိတ်ထဲမှသာ အံ့ဩနေကြရလေသည်။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ဧကရာဇ်တစ်ပိုင်းလေးဦးမှာ နတ်စစ်သူကြီး ကျောက်ရှန့်၊ နတ်စစ်သူကြီး ထျန်းကွမ်၊ နတ်စစ်သူကြီး တုန်ယွဲ့နှင့် နတ်စစ်သူကြီး ဟွမ်ကွမ်းတို့ ဖြစ်သည်။
သူတို့က ဤအမျိုးသမီးကိုမြင်သောအခါ ချက်ချင်း လက်ယှက်ပြီး ဦးညွတ်လိုက်ကြလေသည်။
"ဟော်တုဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ဒါပေမဲ့ ကျားအဆောင်ကြောင့် ဟော်တုဧကရာဇ်လည်း နိုးထလာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"ဘာလဲ၊ ဟော်တုဧကရာဇ်လား"
"သူက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ဒဏ္ဍာရီလာ 'တော်ဝင်ဧကရာဇ်လေးပါး' ထဲက တစ်ပါးဖြစ်တဲ့ ဟော်တုဧကရာဇ်ဖြစ်နိုင်မလား"
ရှေးခေတ်အင်မော်တယ်ခုံရုံးနှင့် အနည်းငယ် ရင်းနှီးသော လူများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
အားလုံးသိကြသည့်အတိုင်း၊ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အတွင်းပိုင်း ဖွဲ့စည်းပုံက ရှုပ်ထွေးပြီး အဆင့်အတန်းအမျိုးမျိုး ရှိသည်။
ဥပမာအားဖြင့် ယခင် ဟောက်ထျန်းနဂါးဧကရာဇ်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏အဆင့်အတန်းက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ထက် မနိမ့်ကျပေ။
ထို့ပြင် ရှေးခေတ်အင်မော်တယ်ခုံရုံးတွင် အစွမ်းထက်သော တော်ဝင်ဧကရာဇ်လေးပါးလည်း ရှိသည်။
ဤဟော်တုဧကရာဇ်က ၎င်းတို့အနက်မှ တစ်ပါးပင်။
သူမက အရာအားလုံး၏မိခင်ချီဖြစ်သော အနက်ရောင်နှင့် အဝါရောင်စွမ်းအင်ကို သယ်ဆောင်ထားသည်။ သူမက မြေကြီးကို ပြုစုပျိုးထောင်ပေး၍ ယင်နှင့်ယန်ကို ထိန်းချုပ်ကာ အရာအားလုံးကို အာဟာရဖြစ်စေပေသည်။
ထို့ကြောင့် သူမကို ကမ္ဘာမြေ၏မိခင်ဟုလည်း ခေါ်တွင်သည်။
ရှေးခေတ်အင်မော်တယ်ခုံရုံးတွင် သူ၏ အဆင့်အတန်းကလည်း ထူးကဲပေသည်။
ကျွင်းရှောင်ယောက်သည်ပင် ဤကဲ့သို့ တည်ရှိမှုက နိုးထလာလိမ့်မည်ဟုပင် မမျှော်လင့်ခဲ့ပေ။
ယခုတော့ ပို၍ စိတ်ဝင်စားစရာကောင်းလာပြီ။