အခန်း ၁၃၁၂
Vol. 88 Ch. 1312
အခန်း ( ၁၃၁၂ ) အင်မော်တယ်ခုံရုံးမှ ထွက်ခွာရန်။
ကျွင်းရှောင်ယောက်က ကျားအဆောင်တစ်ဝက်ကို ထိန်းချုပ်ထားသော်လည်း ဟော်တုဧကရာဇ်ကဲ့သို့ အကျော်အမော်တစ်ဦးကို အမိန့်ပေးရန်တော့ မလုံလောက်သေးပေ။
သို့သော်လည်း ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်များနှင့် မြင်းများကို အမိန့်ပေးနိုင်ခြင်းက လုံလောက်သည်။
နတ်စစ်သူကြီး ကျောက်ရှန့်တို့သည်ပင် ကျွင်းရှောင်ယောက်ကို နာခံရလိမ့်မည်။
ကျွင်းရှောင်ယောက်တွင် ကျားအဆောင်ပြည့်ရှိလျှင်တော့ ဟော်တုဧကရာဇ်ပင်လျှင် နာခံရမည် ဖြစ်သည်။
လက်အောက်ငယ်သားကဲ့သို့ တည်ရှိမှုမဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ ကျွင်းရှောင်ယောက်၏စကားကို နားထောင်ရဦးမည်။
ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်ကို ကူညီခြင်း မကူညီခြင်းက ဟော်တုဧကရာဇ်၏ ရွေးချယ်မှုပေါ်တွင် မူတည်သည်။
ထိုစဉ်၊ တိဟောက်ထျန်းက ရှေ့ကိုထွက်လာပြီး အော်ပြောလိုက်သည်။
"အကြီးအကဲ ဟော်တု၊ ခင်ဗျားက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တာကြောင့် အင်မော်တယ်ခုံရုံးအကြောင်းကို စဉ်းစားသင့်ပါတယ်"
"ကျွန်တော်တို့ရဲ့ အင်မော်တယ်ခုံရုံးက အခုချိန်မှာ အင်မော်တယ်မျိုးရိုး ကိုးခုအဖြစ် ကွဲပြားနေတာကြောင့် အန္တရာယ်ရှိနေချိန် ဖြစ်တယ်။ နောက်ပြီးတော့ အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီးအတွက် ကပ်ဘေးတွေလည်း ဖြစ်လာနိုင်သေးတယ်"
"စည်းလုံးညီညွတ်မှု မရှိရင် အင်မော်တယ်ခုံရုံးရဲ့ ရှင်သန်မှုကိုတောင် ခြိမ်းခြောက်နိုင်တယ်"
တိဟောက်ထျန်း၏ စကားလုံးတိုင်းက အဓိပ္ပာယ်ရှိပေသည်။
၎င်းက အပြစ်ဆိုရန် မရှိသလောက်ဟု ဆိုနိုင်သည်။
သူက အင်မော်တယ်ခုံရုံးအကြောင်းကို အမှန်တကယ် တွေးပေးနေသကဲ့သို့ အမူအရာက လေးနက်သည်။
"ဟင်း... တိဟောက်ထျန်းကတော့ တိဟောက်ထျန်းဖြစ်နေဆဲပါပဲ။ အဆင်မပြေမှုတွေ ကြုံလာရရင်တောင် သူ့ရဲ့ အကြံဥာဏ်နဲ့ စကားပြောစွမ်းရည်က ထူးခြားတယ်"
လူတော်တော်များများက တိဟောက်ထျန်းကို လေးစားသွားကြသည်။
သာမန်လူတစ်ယောက်က ထိုသို့သော ရှုံးနိမ့်မှုမျိုးကို ကြုံတွေ့ရလျှင် အချိန်တိုအတွင်း စိတ်ဓာတ်ကျခြင်းကို ဖယ်ရှားနိုင်ရန် ခက်လိမ့်မည်။
သို့သော်လည်း တိဟောက်ထျန်းက သူ့စိတ်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်သည်။
ဤစိတ်နေစိတ်ထား တစ်ခုတည်းက သာမန်လူများ ယှဉ်လို့မရပေ။
"ဟောက်ထျန်းနဂါးဧကရာဇ်ရဲ့ အမွေဆက်ခံသူလား"
ဟော်တုဧကရာဇ်က တိဟောက်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။
သူ၏ အတွေ့အကြုံ၊ အဆင့်အတန်း၊ ကျင့်ကြံမှုတို့ဖြင့် တိဟောက်ထျန်း၏ မျက်လုံးများတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသော ရည်မှန်းချက်တို့ကို သူမ မမြင်ဘဲမနေပေ။
သူက အသံကျယ်ကျယ်ဖြင့် အင်မော်တယ်ခုံရုံးအတွက်ဟု ဆိုနေသော်လည်း တကယ်တမ်းတွင် သူကိုယ်ပိုင်အတွက်သာ ဖြစ်သည်။
သို့ရာတွင်၊ ဟော်တုဧကရာဇ်က အများကြီး မပြောခဲ့ပေ။
လူတစ်ယောက်တွင် ရည်မှန်းချက်ရှိနေခြင်းက ပုံမှန်သာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထိုစကားကိုကြားသောအခါ တည်ငြိမ်စွာ ပြောလိုက်သည်။
"တိဟောက်ထျန်း၊ မင်းရဲ့စကားတွေကတော့ တကယ်ကို နားထောင်ကောင်းပါတယ်။ ဒါပေမဲ့ အင်မော်တယ်ခုံရုံးကိုသာ မင်း တကယ်ဂရုစိုက်ရင် ချီယိုအင်မော်တယ်မျိုးရိုးက ဖိနှိပ်ခံရတာကို မင်း ထိုင်ကြည့်နေပါ့မလား"
"မင်းက အမိန့်တော်တစ်ခုအတွက် အချင်းချင်း ရန်ငြိုးဖွဲ့နေပြီး တစ်ယောက်ကိုတစ်ယောက် လှည့်စားနေသလို ယွမ်ချယ်အတွက်လည်း တိုက်ပွဲဝင်ဖို့ နည်းမျိုးစုံကို သုံးဝံ့တယ်"
"မင်းတို့ကို အဓိပတိအင်မော်တယ်ခုံရုံးလို့ ခေါ်တာက ရှေးခေတ်အင်မော်တယ်ခုံရုံးကို အရှက်ရစေတာပဲ"
ကျွင်းရှောင်ယောက်၏ စကားများကလည်း ကြည်လင်ပြတ်သားသည်။
"ကျွင်းရှောင်ယောက်၊ မင်း..."
တိဟောက်ထျန်း၏ မျက်နှာက ပြာနှမ်းသွားသည်။ ဒေါသကို အတင်းဖိနှိပ်နေရဟန်ဖြင့် သူ့ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက် ဖြစ်လာ၏။
သူက ကျွင်းရှောင်ယောက်ကို ရှုံးနိမ့်ခဲ့လျှင်ပင် သည်းခံနိုင်သေးသည်။
သို့ရာတွင်၊ စကားအရာမှာလည်း အသာစီးမရခြင်းက သူ့အား သွေးအန်စေသည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ... နတ်ဘုရားသားတော်က ပုံမှန်ဆိုရင် စကားများများစားစား မပြောတတ်ပေမဲ့ သူပြောလာတဲ့အခါမှာ လူတွေကို ရူးသွပ်သွားစေနိုင်တယ်"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ပါးစပ်တစ်ပေါက်တည်းနဲ့ လူတွေကို သေတဲ့အထိ ရူးသွပ်အောင်လုပ်နိုင်တယ်လို့ ငါကြားဖူးတယ်၊ အခုတော့ ဒါက တကယ်ဖြစ်နေပုံပဲ"
"နောက်ပြီးတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က စကားပြောတာ ကျွမ်းကျင်လိမ္မာတယ်။ သူက လက်ရှိ အင်မော်တယ်ခုံရုံးကို နှိမ့်ချပြီး ရှေးခေတ်အင်မော်တယ်ခုံရုံးကိုလည်း မသိမသာ ချီးမွမ်းသွားလိုက်သေးတယ်"
မရေတွက်နိုင်သော မျက်လုံးများက ကျွင်းရှောင်ယောက်ကို သဘောကျစွာ စိုက်ကြည့်လိုက်သည်။
အင်အားရှိသော်လည်း နုံချာနေပါက အလကားပင်။
ခွန်အားနှင့် ဉာဏ်ပညာ ပြည့်စုံသူကမှ ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
ကျွင်းရှောင်ယောက်က ဒီလိုလူမျိုးပင်။
ဟော်တုဧကရာဇ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
ဒါက အမှန်တရားပင်။
"ငါ့အခြေအနေကြောင့် ကျားအဆောင်တစ်ပိုင်းရဲ့ ချည်နှောင်ခံရခြင်းမရှိပေမဲ့ ကျားအဆောင်ရဲ့ အမိန့်ကို နာခံရမယ်"
ဟော်တုဧကရာဇ်က ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါတို့က လူပုဂ္ဂိုလ်ကိုမဟုတ်ဘဲ ကျားအဆောင်ကိုပဲ အသိအမှတ်ပြုတယ်"
နတ်စစ်သူကြီးကျောက်ရှန့်နှင့် အခြား နတ်စစ်သူကြီးများကလည်း တညီတညွတ်တည်း ပြောကြားခဲ့သည်။
ပုဂ္ဂိုလ်စွဲပြီး အသိအမှတ်ပြုချင်လျှင် ကျားအဆောင်၏ တည်ရှိမှုက မည်ကဲ့သို့ဖြစ်မည်နည်း။
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
တကယ်တော့ ဒါက လုံလောက်ပေသည်။
အင်အားကြီးသော ဧကရာဇ်တစ်ပိုင်း လေးဦးနှင့် အဓိပတိစစ်တပ် အပါအဝင် ထောင်ပေါင်းများစွာသော ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အခြား အဖွဲ့ဝင်များ...
ဒါက အလွန်အစွမ်းထက်သော စွမ်းအားတစ်ခု ဖြစ်သည်။
"လူငယ်လေး၊ ငါတို့ သဘောတူညီချက်တစ်ခုလုပ်ရအောင်။ ဒီလိုဆိုရင် ငါ မင်းကို တစ်ခါလောက် ကူညီပေးနိုင်တယ်"
ဟော်တုဧကရာဇ်က ချစ်စဖွယ် ပြုံးလိုက်သည်။
ဟော်တုဧကရာဇ်က အရာအားလုံး၏ မိခင်ချီ ဒယ်စောက်အိုးကို အာရုံစိုက်နေဆဲဖြစ်ကြောင်း ကျွင်းရှောင်ယောက်က သဘာဝအတိုင်း သိပေသည်။
သူမ၏ သိမြင်နိုင်စွမ်းဖြင့် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးက ဧကရာဇ်လက်နက် မဟုတ်သေးသော်လည်း အဆုံးမဲ့ အလားအလာရှိကြောင်း မြင်နိုင်သည်။
၎င်းက အင်မော်တယ်လက်နက်အဖြစ် ပြောင်းလဲရန်ပင် ဖြစ်နိုင်ချေရှိသေးသည်။
'အရာအားလုံးရဲ့မိခင်ချီ ဒယ်စောက်အိုးကို သန့်စင်ဖို့အတွက် ဟော်တုဧကရာဇ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်'
ကျွင်းရှောင်ယောက်က တွေးလိုက်သည်။
တကယ်တမ်းတွင် အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို အသွင်ပြောင်းစေလိုပါက နောက်ထပ် အရေးကြီးသော အရာတစ်ခုကို လိုအပ်သည်။
ယင်းက အရာအားလုံး၏မိခင်ချီ စွမ်းအင်၏ မူလရင်းမြစ်ပင်။
ကျွင်းရှောင်ယောက်က ဟော်တုဧကရာဇ်တွင် ရှိ၊မရှိ မသိပါ။
သို့သော်လည်း သူက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။
"ဒီလိုဆိုရင် နောင်မှာ ဧကရာဇ်နဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆက်ဆံနိုင်ပြီပေါ့"
ဤသည်ဖြင့် အခြေအနေပ ပြေလည်သွားပြီ။
အင်မော်တယ်ခုံရုံးသည် ကျွင်းရှောင်ယောက်ထံမှ ကျားအဆောင်ကို လုယူခြင်းမပြုနိုင်ပါက...
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ဤစစ်သည်များနှင့် မြင်းများကို ပြန်ယူရန် မဖြစ်နိုင်သလောက်ပင်။
ဤမြင်ကွင်းများက လူသတ်ဘုရင်ကိုလည်း စိတ်လှုပ်ရှားစေခဲ့သည်။
ယခင်က ကျွင်းဧကရာဇ်ခုံရုံးသည် တစ်နေ့တွင် အင်မော်တယ်ခုံရုံးကို သာလွန်နိုင်သည်ဟု ကျွင်းရှောင်ယောက်က ပြောခဲ့သော်လည်း သူ လုံးဝမယုံခဲ့ပေ။
သို့သော်လည်း ယခုအချိန်မှာတော့ သူ လုံးဝ ယုံကြည်သွားပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က တကယ်ကို နတ်ဘုရားအလားပင်။
သူနှင့်အတူ ကျွင်းဧကရာဇ်ခုံရုံးက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်များနှင့် မြင်းများ၏ စွမ်းအားကို ရရှိထားသည်။
ဤနည်းဖြင့် သူက အမှန်တကယ် ကြီးကျယ်သော အရာများကို ရရှိနိုင်ပေသည်။
"ကျွင်းရှောင်ယောက်၊ မင်း ကျားအဆောင်ကို လွှဲပြောင်းပေးမယ်ဆိုရင် အင်မော်တယ်ခုံရုံးနဲ့ ကျွင်းမိသားစုက ရန်လိုမုန်းတီးမှုတွေကို ခင်မင်ရင်းနှီးမှုအဖြစ် ပြောင်းလဲနိုင်ပြီး အနာဂတ်မှာ ကပ်ဆိုးကြီးကို အတူတကွ ရင်ဆိုင်နိုင်လိမ့်မယ်"
ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်တစ်ပိုင်းက စကားပြောလာသည်။
"ဒါက အားနည်းချက်ကို ပြသနေတာလား"
လူများစွာ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
အင်မော်တယ်ခုံရုံးက ကျွင်းရှောင်ယောက်ကို ကိုင်တွယ်ရန် နည်းလမ်းမရှိတော့ကြောင်း ထင်ရှားပေသည်။
သူတို့က ကျွင်းရှောင်ယောက်ကို သတ်မရနိုင်သလို သွေးဆောင်ဖြားယောင်းရန်လည်း မဖြစ်နိုင်ပေ။
ကျွင်းရှောင်ယောက်က နှုတ်ခမ်းတွန့်ရုံပြုံးပြီး ပြောလိုက်သည်။
"တကယ်တော့ အင်မော်တယ်ခုံရုံးရဲ့ ငါ့အပေါ်ထားတဲ့ သဘောထားကို ငါက သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ငါက အနာဂတ်မှာ အင်မော်တယ်ခုံရုံးထက် ပိုအင်အားကြီးမားတဲ့ အင်အားစုတစ်ခုကို ထူထောင်မှာဖြစ်လို့ပဲ"
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်အဖြစ် ငါ့ရဲ့နာမည်က အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင်ထက် ပို၍ အရှိန်အဝါကြီးလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ အသံက ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားပုံရသည်။
တိဟောက်ထျန်း၏ မျက်နှာက ချက်ချင်းပင် ဘီလူးမ သံပုရာသီးစားမိသလို ရှုံ့မဲ့သွား၏။
သူက ဤရွှေခေတ်တွင် အင်မော်တယ်ခုံရုံး၏ အရှင်သခင်ဖြစ်လာရန် အမြဲကြံစည်နေခဲ့သည်။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်က အင်မော်တယ်ခုံရုံး၏ အရှင်သခင်ထက် များစွာပို၍ ဩဇာကြီးလိုခဲ့ပေသည်။
ဒါက တိဟောက်ထျန်းကို ဖြတ်ရိုက်ချလိုက်ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က တိဟောက်ထျန်း၏ အာရုံအပြည့်ဖြင့် လိုက်စားနေသောအရာကို လုံးဝ ဂရုမစိုက်ပေ။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က ချီယိုအင်မော်တယ်မျိုးရိုးမှလူများကို ကြည့်လိုက်သည်။
"ချီယိုအင်မော်တယ်မျိုးရိုးက လူတိုင်းပဲ... အခုထိ ချီတုံချတုံ ဖြစ်နေသေးတာလား"
ကျွင်းရှောင်ယောက်၏ စကားများက ချီယိုအင်မော်တယ်မျိုးရိုးရှိ လူငယ်များစွာ၏ သွေးများကို ဆူပွက်သွားစေခဲ့သည်။
အင်မော်တယ်ခုံရုံး၏ အရှင်သခင်ကို ကျော်လွန်ခြင်းက အရှိန်အဝါကြီးလှပေသည်။
"ကျွန်မတို့တွေ သည်းခံလာခဲ့ရတာကြာပြီ၊ ဘာဖြစ်လို့ အင်မော်တယ်ခုံရုံးကို ဆက်ပြီးတော့ ခယနေရဦးမှာလဲ"
ချီလုံက အော်ဟစ်လိုက်သည်။
"အမှန်ပဲ၊ အင်မော်တယ်ခုံရုံးမှာထိုင်နေပြီး ကံဆိုးမှုတွေကို ခံယူနေရမဲ့အစား ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နောက်ကို လိုက်ပြီး အင်မော်တယ် အခြေခံအုတ်မြစ်ကို တည်ဆောက်တာက ပိုကောင်းတယ်"
ချီယုကလည်း အော်ဟစ်လိုက်၏။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဘာပဲဖြစ်ဖြစ်... သူဟာ နတ်ဆိုးဧကရာဇ်ရဲ့ အသိအမှတ်ပြုခံရသူပဲ"
"သူက ကျုပ်တို့ကို ဘယ်လို ဆက်ဆံပါစေ၊ အနည်းဆုံးတော့ အင်မော်တယ်ခုံရုံးလိုမျိုး ကျုပ်တို့ကို နှိမ့်ချမှာ မဟုတ်ဘူး"
ချီယိုအင်မော်တယ်မျိုးရိုး၏ ပါရမီရှင်များက ပို၍ စိတ်လှုပ်ရှားလာခဲ့ကြသည်။
ချီယိုအင်မော်တယ်မျိုးရိုးမှ အကြီးအကဲများလည်း စိတ်လှုပ်ရှားခဲ့ကြပေသည်။
ကျွင်းရှောင်ယောက်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်များနှင့် မြင်းများကိုပင် သူ့အမိန့်အရ ယူဆောင်လာနိုင်သည်။
အနာဂတ်တွင်၊ ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်ခုံရုံးကို အမှန်တကယ် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
"မကြာခင်မှာ၊ ငါတို့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးကို တရားဝင် ဖွဲ့စည်းတော့မယ်။ အဲဒီအချိန်မှာ၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးမှ ရှိတဲ့ အင်အားစုအားလုံးကို ဖိတ်ခေါ်မှာပါ"
"ချီယိုအင်မော်တယ်မျိုးရိုးက ဒီအခွင့်အရေးကို လက်လွတ်မခံချင်ဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်က ထပ်ပြောလိုက်၏။
သူက ကျွင်းဧကရာဇ်ခုံရုံးကို တရားဝင်ပေါင်းစည်းပြီး ကျွင်းဧကရာဇ်ခုံရုံး၏ တည်ရှိမှုကို လောကကြီးသို့ ကြေငြာရန်အတွက် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ကျင်းပလိုသည်။
ထိုအချိန်တွင် နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးကနေ တရားဝင်ထွက်လိုက်ပြီ"
"ဒီအသံက ရှေးဘိုးဘေးပဲ"
ထိုအသံကို ကြားရပြီးနောက် ချီယိုအင်မော်တယ်မျိုးရိုးမှ လူတိုင်း အလွန်စိတ်လှုပ်ရှားသွားကြ၏။
"ချီရှောင်ထျန်း၊ မင်း..."
ဖူရှီအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်တစ်ပိုင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
ဤအသံက ချီယိုအင်မော်တယ်မျိုးရိုး၏ ရှေးဘိုးဘေး ချီရှောင်ထျန်း၏အသံ ဖြစ်ချေတော့သည်။