အခန်း ၁၃၁၃
Vol. 88 Ch. 1313
အခန်း ( ၁၃၁၃ ) အင်မော်တယ်ခုံရုံးကို အောင်မြင်စွာ ခွဲထုတ်ခြင်း။
ချီယိုအင်မော်တယ်မျိုးရိုး၏ ရှေးဘိုးဘေး ချီရှောင်ထျန်းက မပေါ်လာပေ။
သို့ရာတွင်၊ သူ့စကားမှတဆင့် သူ၏သဘောထားက ထင်ရှားနေပြီ ဖြစ်သည်။
ယခုအချိန်က ချီယိုအင်မော်တယ်မျိုးရိုးအတွက် အင်မော်တယ်ခုံရုံးမှ ထွက်ခွာရန်အချိန်ကောင်းပင်။
တကယ်တမ်းတွင်၊ ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးမှ ထွက်ခွာလိုတာ ကြာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ပထမအချက်က အင်မော်တယ်ခုံရုံးမှ ထွက်ခွာရန် မလွယ်ပေ။
ဒုတိယအနေဖြင့် ၎င်းတို့က ခွဲခွာပြီး သီးခြားရပ်တည်မည်ဆိုလျှင် အင်မော်တယ်ခုံရုံး၏ အနှောင့်အယှက်ပြုခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ကို သေချာပေါက် ခံကြရမည် ဖြစ်သည်။
ထို့ပြင် အခြား အင်အားစုထံ ခိုလှုံလျှင်လည်း အင်မော်တယ်ခုံရုံးကို ရင်ဆိုင်နိုင်သော အင်အားက အနည်းငယ်သာ ရှိသည်။
အမှောင်ကမ္ဘာကဲ့သို့သော မြေအောက်အင်အားများကို ဝင်ရောက်ရန်တော့ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
ကျွင်းမိသားစုကလည်း ချီယိုအင်မော်တယ်မျိုးရိုးကို လုံးဝ ဂရုစိုက်ပုံမရပါ။
ကျွင်းရှောင်ယောက်ကတော့ ချီယိုအင်မော်တယ်မျိုးရိုးကို ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်စေလိုသည်။
သို့ရာတွင်၊ ကျွင်းဧကရာဇ်ခုံရုံးက နောက်ပေါက်ကလေးမျှသာ။
သူတို့က ကျွင်းမိသားစုနှင့်လည်း ကင်းကွာသည်။
သို့သော်လည်း ကျွင်းရှောင်ယောက် ရှိနေသရွေ့ ကျွင်းမိသားစုက ကျွင်းဧကရာဇ်ခုံရုံးကို အမြဲတမ်း ကျောထောက်နောက်ခံပြုကာ ပံ့ပိုးပေးလိမ့်မည်။
ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သည်တစ်စုကိုလည်း ရရှိနေပြီ ဖြစ်သည်။
ပိုင်သို့ဧကရာဇ်နှင့် လူသတ်ဘုရင်ကဲ့သို့ သြဇာကြီးသော ဧကရာဇ်များလည်း ရှိ၏။
အလွန်ကြောက်စရာကောင်းသည့် စွမ်းအားရှိသော အနီရောင်လီလီပန်းလေးများ၏မိခင်သည်ပင် ကျွင်းရှောင်ယောက်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။
ကျွင်းဧကရာဇ်ခုံရုံးက ချက်ချင်းပင် လျှော့တွက်၍မရသော အင်အားစုတစ်ခု ဖြစ်လာခဲ့ပေသည်။
ထို့ကြောင့် ချီယိုအင်မော်တယ်မျိုးရိုးက လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
"ချီရှောင်ထျန်း၊ ဒီအကျိုးဆက်ကို မင်း ခံနိုင်ပါ့မလား"
အရှိန်အဝါကြီးသော အသံတစ်ခုကို ကြားလိုက်ရသည်။ ဒါက ဖူရှီအင်မော်တယ်မျိုးရိုးမှ ဧကရာဇ်ကြီး၏ အသံပင်။
"ကျွင်းရှောင်ယောက်က နတ်ဆိုးဧကရာဇ်သခင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ၊ ဒါက နတ်ဆိုးဧကရာဇ်သခင်ရဲ့ အစီအစဉ်ပဲ"
ချီရှောင်ထျန်း၏ လေသံက တည်ငြိမ်သည်။
ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်ကြီးလည်း နောက်ထပ် မပြောတော့ပေ။
ချီယိုအင်မော်တယ်မျိုးရိုးက ထွက်ခွာချင်လျှင် သူတို့က ထိန်းထားနိုင်မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်ကလည်း ဒါကို မျက်ကွယ်ပြုထားမှာ မဟုတ်ပါချေ။
"ဧကရာဇ်ခုံရုံးရဲ့သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ချီလုံ၊ ချီယုနှင့် အခြားသူများက ရှေ့သို့ တိုးလာကာ လက်ယှက်ပြလိုက်ကြသည်။
သူတို့၏ မျက်နှာများမှာလည်း စိတ်လှုပ်ရှားမှုတို့ ရှိနေကြ၏။
ချီယိုအင်မော်တယ်မျိုးရိုးက နောက်ဆုံးတွင် ၎င်းတို့ကို ခွဲခြားဆက်ဆံသည့် အင်မော်တယ်ခုံရုံးမှ လွတ်မြောက်နိုင်တော့မည်။
"ယဉ်ကျေးနေဖို့ မလိုပါဘူး။ အင်မော်တယ်ခုံရုံးမှာ စွမ်းဆောင်ရည်နဲ့ အရည်အချင်းအပေါ်မူတည်ပြီး အဆင့်သတ်မှတ်တယ်။ အခြား ခွဲခြားဆက်ဆံမှုတွေက ရှိနေမှာမဟုတ်သလို ဒီလိုတည်ရှိမှုလည်း မရှိစေရဘူး"
"ခင်ဗျားတို့ အမှောင်ကနေ အလင်းကို ကူးပြောင်းနိုင်တာ အင်မတန်ကောင်းပါတယ်။ ဒါက ချီယိုအင်မော်တယ်မျိုးရိုးအတွက် လက်ဆောင်ပါ"
ကျွင်းရှောင်ယောက်က တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းက ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ပင်။
ဒါက အားလုံးကို နှုတ်ဆိတ်စေခဲ့သည်။
ဤသည်မှာ ထိပ်တန်းအဆင့် ဧကရာဇ်လက်နက် ဖြစ်၏။
၎င်းက အင်မော်တယ်တစ်ပိုင်း လက်နက်အဖြစ်သို့ ပြောင်းလဲရန် အလားအလာပင် ရှိသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မျက်တောင်ပင်မခတ်ဘဲ ချီယိုအင်မော်တယ်မျိုးရိုးကို ပေးပစ်ခဲ့ပေသည်။
ကျွင်းမိသားစုက ကြွယ်ချမ်းသာပြီး အင်မော်တယ်တစ်ပိုင်း လက်နက်များ ပြတ်တောက်မှု မရှိသော်လည်း၊ ဤလက်ဆောင်မှာ အနည်းငယ် ရက်ရောလွန်းသည် မဟုတ်လော။
သို့သော်လည်း အချို့သော အကျော်အမော်များက ပို၍လေးနက်စွာ တွေးတောမိခဲ့သည်။
ကျွင်းရှောင်ယောက်၏ အတွေးများကို ခန့်မှန်းမိပြီးနောက် သူတို့၏ မျက်လုံးများက အရောင်လက်သွားပြီး သက်ပြင်းချလိုက်ကြလေသည်။
ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ဦးတွင် တစ်ခုတည်းသော ဦးနှောက်ဖြစ်သော ပုလော့ရွယ်လည်း သက်ပြင်းချလိုက်မိသည်။
'ကျွင်းရှောင်ယောက်ရဲ့ တွက်ချက်မှုတွေက အရမ်းနက်နဲတယ်'
ပုလော့ရွယ်က အံ့သြသွားသည်။
အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ကို ချီယိုအင်မော်တယ်မျိုးရိုးထံ ပေးအပ်ခြင်းဖြင့် ချီယိုအင်မော်တယ်မျိုးရိုးနှင့် ရှင်းထျန်းအင်မော်တယ်မျိုးရိုးကြားတွင် ကွဲလွဲမှုများ ဖြစ်စေသည်။
နောင်တွင်၊ ချီယိုအင်မော်တယ်မျိုးရိုးက အင်မော်တယ်ခုံရုံးသို့ ပြန်ရောက်လျှင်ပင် ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ ရန်လိုမှုနှင့် ဖိနှိပ်မှုများကို ရင်ဆိုင်ရဦးမည်။
ဒါက ချီယိုအင်မော်တယ်မျိုးရိုး၏ နောက်ဆုတ်ရန် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ချီယိုအင်မော်တယ်မျိုးရိုးက မငြင်းနိုင်ပေ။ အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က ၎င်းတို့အား ကြီးမားသော အကျိုးကျေးဇူးများ ပေးဆောင်နေသောကြောင့် ဖြစ်သည်။
အင်မော်တယ်တစ်ပိုင်းလက်နက်ဖြစ်လာရန် အလားအလာရှိသော ထိပ်တန်း ဧကရာဇ်လက်နက်မျိုးက လမ်းဘေးမှ ဂေါ်ဖီထုပ်မဟုတ်ပါ။
ဒါက ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်ချက်ချစေခြင်း ဖြစ်သည်။
သူလက်ခံပါက အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်သော်လည်း နောင်တမရနိုင်သည့်အပြင် နောင်တရရန်အခွင့်အရေးလည်း မရှိပါ။
ဒါကို လက်မခံလျှင်တော့ သူတို့တွင် အခြားစိတ်ကူးများ ရှိနေသေးသည်။ သူတို့၏ ရိုးသားမှုက မပြည့်ဝဘူးဟု အဓိပ္ပာယ်ရသည်။
တွေးခေါ်မှု ပညာရှင်တစ်ယောက်အနေဖြင့် ပုလော့ရွယ်သည် သူ့ကိုယ်သူ ဉာဏ်ကောင်းပြီဟု အမြဲထင်ခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အကြံအစည်နှင့် နည်းပရိယာယ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် သူက သုံးနှစ်အရွယ် ကလေးတစ်ယောက်လို ခံစားခဲ့ရလေသည်။
တိဟောက်ထျန်းကဲ့သို့ အလွန်အကြံဥာဏ်ကောင်းသူပင် ကျွင်းရှောင်ယောက်၏ရှေ့တွင် အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်။
ဒါကိုတွေးရင်း ပုလော့ရွယ်က အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရလေသည်။
သူက တိဟောက်ထျန်း၏ခေတ်တွင် မဖွေးခဲ့လျှင် သို့မဟုတ် ဤခေတ်တွင် မွေးဖွားခဲ့လျှင်...
ကျွင်းရှောင်ယောက်က သူမအလေးစားရဆုံးလူ ဖြစ်လာနိုင်သည်။
ချီယိုအင်မော်တယ်မျိုးရိုးမှ အကျော်အမော်များကလည်း မိုက်မဲခြင်း မရှိသည်မှာ ထင်ရှားလှပေသည်။
ကျွင်းရှောင်ယောက်က ဘာကိုဆိုလိုမှန်း သိသည်။
သူလိုချင်တာက အပေါ်ယံစကားများမဟုတ်ဘဲ အကြွင်းမဲ့ သစ္စာရှိခြင်းမျိုးပင်။
အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်က အာလူးပူပူတစ်လုံး ဖြစ်သည်။
သို့ရာတွင်၊ သူတို့က လုံးဝ မတုံ့ဆိုင်းတော့ပါ။
ကျွင်းဧကရာဇ်ခုံရုံးမှ ထွက်ခွာရန် အဆိုပြုသည့် အချိန်မှစ၍ နောက်ကြောင်းပြန်လှည့်ရန် အကြောင်းအရှိတော့ပေ။
"ဒီလိုဆိုရင် ဧကရာဇ်ခုံရုံးသခင်ရဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်တစ်ဦးက အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ကို ယူရန် ခြေလှမ်းပြင်လိုက်သည်။
"ချီယိုအင်မော်တယ်မျိုးရိုး၊ မင်းတို့ လုပ်ဝံ့လား"
ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ အကျော်အမော်တစ်ဦးက အေးစက်စက် အော်လိုက်၏။
၎င်းက သူတို့ ရှင်းထျန်းအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်လက်နက်ဖြစ်ကြောင်း ထင်ရှားသည်။ ယခုတော့ ကျွင်းရှောင်ယောက်က ချီယိုအင်မော်တယ်မျိုးရိုးကို ပေးလိုက်ပြီ။
ဤသည်မှာ မသာလက်ဖက်နှင့် မျက်နှာလုပ်ခြင်းဖြစ်ပြီးရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ လူများစွာကို အလွန်ဒေါသထွက်စေခဲ့သည်။
ရှင်းယွီရှန်း၏ အမူအရာမှာလည်း အလွန်အကြည့်ရပြီး ပိုလည်း ရှက်ရွံ့လာတော့သည်။
"ဟမ့်...ဘာလို့မဝံ့ရဲရမှာလဲ"
ချီယိုအင်မော်တယ်မျိုးရိုး၏ အကျော်အမော်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ကို တိုက်ရိုက် ယူဆောင်သွားသည်။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုသည် အင်မော်တယ်ခုံရုံး၏ အဓိက အင်မော်တယ်မျိုးရိုးကိုးခုကို အင်မော်တယ်မျိုးရိုး ရှစ်ခု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲစေခဲ့သည်။
'စိတ်ဝင်စားစရာကောင်းလိုက်တဲ့ ကောင်လေးပဲ'
ဟော်တုဧကရာဇ်က စောင့်ကြည့်နေသော်လည်း ဝင်ရောက်မစွက်ဖက်ခဲ့ပေ။
စင်စစ်တွင်၊ ရှေးခေတ်အင်မော်တယ်ခုံရုံးနှင့် လက်ရှိ အဓိပတိအင်မော်တယ်ခုံရုံးကြား ကွာခြားချက်တချို့ ရှိသည်။
ထို့ပြင်၊ ရှေးခေတ်အင်မော်တယ်ခုံရုံးတွင် ချီယိုအင်မော်တယ်မျိုးရိုးက မရှိသောကြောင့် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ အကျော်အမော်များက ဤမြင်ကွင်းကို အေးတိအေးစက် အမူအရာဖြင့် ကြည့်နေခဲ့ကြသည်။
ယွမ်ချယ်ကလည်း လှုပ်ရှားမှုမရှိပေ။
သူမ၏ ကြီးမားသော အပြစ်များကြောင့် လက်ရှိ အင်မော်တယ်ခုံရုံးကို မဆိုထားဘိ၊ ရှေးခေတ် အင်မော်တယ်ခုံရုံးနှင့်ပင် ရင်းနှီးမှုသိပ်မရှိခဲ့ပါ။
သူ့ကို နွေးထွေးစေခဲ့သည့် တစ်ဦးတည်းသောသူက သူမ၏ ဖခင် တုန်ဟွဧကရာဇ် ဖြစ်သည်။
အခြားတစ်ယောက်ကတော့ ကျွင်းရှောင်ယောက်သာ ရှိပေသည်။
"ရှောင်ယောက်၊ နင် ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ စွမ်းအားကို တကယ်ရယူချင်တာလား"
ယွမ်ချယ်က တောက်ပသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မင်းသမီး...၊ မင်း ဘာကိုဆိုလိုတာလဲ..."
ကျွင်းရှောင်ယောက်က တစ်ချက်ကြည့်လိုက်၏။
ယွမ်ချယ်က ချစ်စဖွယ်ပြုံးပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
သူ့လက်ဖဝါးထဲတွင် တစ်စုံတစ်ခု ပေါ်လာခဲ့သည်။
၎င်းက ကျားအဆောင်တစ်ပိုင်းပင်။
'မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူ့လက်ထဲမှာ ရှိတယ်'
တိဟောက်ထျန်း၏ အမူအရာမှာ အေးခဲသွားသည်။
အခြားသော အကျော်အမော်များလည်း မျက်လုံးများ အရောင်လက်သွားကြ၏။
ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ဝက်က ကျွင်းရှောင်ယောက်၏ လက်တွင်ရှိပြီး ကျန်တစ်ဝက်မှာ ယွမ်ချယ်၏လက်ထဲတွင် ဖြစ်သည်။
'အိုး၊ အင်မော်တယ်ခုံရုံးရဲ့ဧကရာဇ်က သူ့သမီးကို အတော်အလိုလိုက်ထားပုံရတယ်'
ဟော်တုဧကရာဇ်ကလည်း မျက်ခုံးပင့်လိုက်သည်။
"ကျန်တဲ့တစ်ဝက်က မင်းလက်ထဲမှာ ရှိတယ်"
ကျွင်းရှောင်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။
ပြန်လည်ဝင်စားခြင်း မှတ်ဉာဏ်များဖြင့် တိဟောက်ထျန်းသည် ကျားအဆောင်၏ အခြားတစ်ဝက်က ယွမ်ချယ်၏လက်ထဲတွင်ရှိကြောင်း သိရှိထားပြီး ဖြစ်ပုံရသည်။
သူက အလွန်ကြိုးစားနေတာ မဆန်းတော့ပေ။
"အရှင်မင်းသမီး၊ ဒီကျားအဆောင်ရဲ့တစ်ဝက်ကို ငါ့ကိုပေးမှာတော့ မဟုတ်ဘူး မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ယွမ်ချယ်က သူ့ကို အလွန်သဘောကျသော်လည်း...
ကျားအဆောင်က အလွန်အရေးကြီးပြီး ရှေးခေတ်အင်မော်တယ်ခုံရုံးရှိ တန်ခိုးကြီးသော အကျော်အမော်များ၏ ကံကြမ္မာကိုပင် ထိန်းနိုင်သည်။
ယွမ်ချယ်က မည်သို့ပင်ဆိုစေကာမူ၊ ကျားအဆောင်တစ်ဝက်ကိုတော့ မပေးတန်ရာပေ။
"ဒါက အတိအကျတော့ မဟုတ်ပါဘူး"
ယွမ်ချယ်၏ မျက်လုံးများက တောက်ပနေသည်။
ယင်းက အင်မော်တယ်ခုံရုံးမှ လူများကို တုန်လှုပ်သွားစေခဲ့ပေသည်။
"မင်းသမီး၊ ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပါဦး။ ဒါက မင်းသမီးကို ဧကရာဇ်က ပေးထားတဲ့ အခွင့်အရေးပါ။ ဒါကို အပြင်လူတစ်ဦးကို ဘယ်လိုလုပ်ပြီး လွှဲပေးနိုင်မှာလဲ"
မဟာနေမင်း သူတော်စင်သားတော်၊ တောက်ပသောလ သူတော်စင်သားတော်နှင့် အခြားသူများ၏ အမူအရာများလည်း ပြောင်းလဲသွားကြသည်။
ကျွင်းရှောင်ယောက်က သူတို့ထဲမှ တစ်ယောက်ကို သတ်လိုက်သည့်အတွက် ယခုအချိန်အထိ ရန်ငြိုးထားနေသေးသည်။
သို့သော်လည်း ယွမ်ချယ်က သူတို့ကို လျစ်လျူရှုပြီး ကျွင်းရှောင်ယောက်ကိုသာ ကြည့်လိုက်သည်။
"ပြောပါ၊ မင်းသမီးက ဘာကိုလိုချင်လဲ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ဖြစ်နိုင်လျှင်၊ သူက ယွမ်ချယ်၏လက်ထဲမှ ကျားအဆောင်တစ်ဝက်ကို အမှန်တကယ် ရယူလိုပေသည်။
"ဒါက ရိုးရှင်းပါတယ်။ ငါ နင့်ကို လိုချင်တယ်"
ယွမ်ချယ်က အံ့ဖွယ်ကောင်းသော အဖြေစကားများကို ပြောလိုက်သည်။