← Chapters

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အခန်း ၁၃၁၄

Vol. 88 Ch. 1314

အခန်း ( ၁၃၁၄ ) ငြင်းခုန်ခြင်းများ ပြီးဆုံးပြီ။

ယွမ်ချယ်၏ ဘဝ‌တွင် မွေးဖွားချိန်မှစ၍ ယခုအချိန်အထိ သူ့ကို နွေးထွေးစေဖူးသူ နှစ်ယောက်သာ ရှိသည်။

ယင်းက သူမ၏ဖခင် တုန်ဟွဧကရာဇ်နှင့် ကျွင်းရှောင်ယောက်တို့ပင်။

အိပ်မက်တစ်ခုပင် ဖြစ်ခဲ့သော်ငြား ယွမ်ချယ်အတွက်တော့ အဖိုးတန်အမှတ်တရတစ်ခု ဖြစ်သည်။

ထို့ပြင် ထိုအိပ်မက်ထဲတွင် ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ကောင်းစွာသိသည်။

ထိုမျှသာမကဘဲ ကျွင်းရှောင်ယောက်က ကျားအဆောင်တစ်ပိုင်းကို ပိုင်ဆိုင်ထား၏။ ဒါက သူမနှင့် ရေစက်တစ်မျိုးကဲ့သို့ပင်။

နှစ်ယောက်သား အိပ်မက်ထဲတွင် ဆုံတွေ့ပြီးကတည်းက ရေစက်ကြိုး ငြိတွယ်ခဲ့ကြပြီဟု ဆိုနိုင်သည်။

ယွမ်ချယ်၏ ကံကြမ္မာက ကျွင်းရှောင်ယောက်နှင့် ရောယှက်နေပြီ။

ဤအဖြစ်မျိုး မဖြစ်ခဲ့လျှင်ပင် လင်ယွမ်နှင့် ကျွင်းရှောင်ယောက်တို့၏ ဆက်ဆံရေးက ‌ကံကြမ္မာတစ်မျိုးဟု ဆိုနိုင်သည်။

ထို့ကြောင့် ကျွင်းရှောင်ယောက်ကို ဖယ်ရှားရန် မဖြစ်နိုင်တော့ပေ။

"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီးဆိုတဲ့အတိုင်း တကယ်ကို ရဲရင့်တာပဲ"

လူများစွာက ဆွေးနွေးလိုက်ကြသည်။

အကယ်၍ ၎င်းသည် အခြားသော အမျိုးသား ပါရမီရှင်များ ဖြစ်ပါက၊ ယွမ်ချယ်၏ ရွေးချယ်ခံရခြင်းသည် သုံးဘဝစာ ကံကောင်းခြင်းနှင့် မခြားပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ အထောက်အထား၊ ခွန်အားနှင့် ဝိသေသလက္ခဏာတွင် မည်သည့်နေရာတွင်မှ ယွမ်ချယ်ထက် မနိမ့်ကျပါ။

ထို့ကြောင့် ဤကိစ္စမှာ ရွှေရွှေချင်းထပ်မည့် အခြေအနေမျိုး ဖြစ်သည်။

"မင်းသမီး ဘာဖြစ်လို့ ဒီလောက်ပြင်းထန်နေရတာလဲ"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။

"နင် ငါ့ကိုလက်ထပ်ရင် နင်က အနာဂတ်မှာ အင်မော်တယ်ခုံရုံးရဲ့သခင် ဖြစ်လာလိမ့်မယ်"

"ငါ့ကိုလက်ထပ်တာနဲ့ ငါတို့က မိသားစုတစ်ခုဖြစ်လာပြီး ကျားအဆောင်တစ်ခုလုံးကို အတူတူ ကိုင်ထားနိုင်မှာပဲလေ။ အဲဒါကြောင့် ကိစ္စမရှိဘူး"

ယွမ်ချယ်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အကူအညီမဲ့စွာ ပြုံးလိုက်မိလေသည်။

ဒါက တိဟောက်ထျန်း အမြဲ အိပ်မက်မက်ခဲ့ရသော အခြေအနေ ဖြစ်သည်။

ရလဒ်အနေဖြင့် သူ့အပေါ် ကျရောက်လာပြီး သူကလည်း သဘောမတူနိုင်ခဲ့ပေ။

ယွမ်ချယ်ကို လက်ထပ်လိုက်လျှင်ပင် ကျန်းစန်းယီနှင့် ကျန်းလော့လီတို့က ကန့်ကွက်ကြမည်မဟုတ်ကြောင်း သူသိသည်။

သို့သော်လည်း သူတို့၏စိတ်ထဲမှာတော့ အဆင်မပြေ ဖြစ်ကြလိမ့်မည်။

ဤအခြေအနေက ကျွင်းရှောင်ယောက်အတွက် အကောင်းဆုံးဖြစ်ကြောင်း ထင်ရှားသည်။

ယွမ်ချယ်ကို သဘောတူဟန်ဆောင်ပြီး ကျားအဆောင်ကို ဦးစွာယူဆောင်နိုင်ပေသည်။

သို့ရာတွင်၊ ကျွင်းရှောင်ယောက်မှာလည်း အကန့်အသတ်ရှိသည်။

သူက အကျင့်စာရိတ္တနှင့် တရားမျှတမှုအကြောင်း ပြောဆိုတတ်သော ကြောင်သူတော်မဟုတ်ပါ။ သို့ရာတွင်၊ ဤအတိုင်းအတာအထိတော့ အရှက်မဲ့သူမဟုတ်ပါချေ။

ယွမ်ချယ်၏ လက်ထဲမှ ကျားအဆောင်တစ်ပိုင်းကို သူ အမှန်တကယ် လိုချင်သည်။ သို့သော်လည်း ဤနည်းကိုတော့ သူ သေချာပေါက် အသုံးပြုမည် မဟုတ်ပေ။

သူ့အနားတွင် လင်ယွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"နင်က ရူးနေတာပဲ"

ယွမ်ချယ်က လင်ယွမ်ကိုကြည့်ပြီး ပြောလိုက်၏။

"သူ ငါနဲ့လက်ထပ်တာက နင့်ကိုလက်ထပ်တာပဲ မဟုတ်လား"

မြေဝိညာဉ်နှင့် လူသားဝိညာဉ်တို့က ၎င်းတို့၏ ကိုယ်ပိုင်တွေးခေါ်မှု အသိစိတ်ကို မွေးဖွားခဲ့ကြသော်လည်း...

သူမ၏ မျက်လုံးထဲတွင် လင်ယွမ်က အခြားသူမဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကသာ မတားဆီးခဲ့လျှင် သူက လင်ယွမ်ကို ပေါင်းစည်းပြီးတာ ကြာခဲ့ပြီ။

"ဘာလဲ၊ နင့်ကို လက်ထပ်တာက ငါနဲ့လက်ထပ်တာပဲလား"

လင်ယွမ်က ထိုစကားကိုကြားသောအခါတွင် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

ကျွင်းရှောင်ယောက်က သူမကို လက်ထပ်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

"မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် မင်းသမီး၊ ဒါပေမဲ့ အခုမဖြစ်နိုင်တာ စိတ်မကောင်းပါဘူး"

ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို ခံနိုင်ရည်မြင့်မားတာပဲ။ ဒီလိုအခွင့်အလမ်းမျိုးကိုတောင် စွန့်လွှတ်နိုင်တယ်"

"မင်းသမီးယွမ်ချယ်က လှပပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က မိန်းမလှလေးတွေ ရှားပါးမှုမရှိဘူးလေ"

"ကျန်းမိသားစုရဲ့ နတ်သမီးနှစ်ပါးဖြစ်တဲ့ ကျန်းစန်းယီနဲ့ ကျန်းလော့လီတို့ဆိုရင်လည်း ရှာမှရှားအောင် ချစ်စရာကောင်းကြတဲ့ အမျိုးသမီးတွေပဲ"

လူတော်တော်များများက ကျွင်းရှောင်ယောက်၏ သဘောထားကို နားလည်ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အတွက်ကြောင့် အမျိုးသမီး ကျင့်ကြံသူများ၏ မျက်လုံးများမှာတော့ တောက်ပလာပြီး ကျွင်းရှောင်ယောက်ကို ပို၍ပင် သဘောကျလာတော့သည်။

ဤကဲ့သို့ သစ္စာရှိသော ယောက်ျားတစ်ယောက်ကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။

"အခု မဖြစ်နိုင်ဘူးဆိုတော့ အနာဂတ်မှာ ဖြစ်နိုင်မလား"

ယွမ်ချယ်၏ မျက်လုံးများ တောက်ပလာသည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါက ဒီလိုမဆိုလိုဘူး"

ကျွင်းရှောင်ယောက်က ကမန်းကတန်း ငြင်းလိုက်သည်။

ယွမ်ချယ်က သူမ၏ နှုတ်ခမ်းများကို တွန့်ကွေးပြီး ပြုံးလိုက်လေသည်။

လက်ရှိအခြေအနေမှာတော့...

အင်မော်တယ်ခုံရုံးက လုံးဝနီးပါး ရှုံးနိမ့်ခဲ့ကာ အသာစီးမရနိုင်တော့ပေ။

ကျွင်းရှောင်ယောက်ကို အတင်းခေါ်ထားမည်ဆိုလျှင် ပိုင်သို့ဧကရာဇ်နှင့် လူသတ်ဘုရင်က ရပ်ကြည့်နေမည် မဟုတ်ပါ။ ဟော်တုဧကရာဇ်၏ သဘောထားကလည်း မရှင်းလင်းပါ။

ထို့ကြောင့် အင်မော်တယ်ခုံရုံးက ကျွင်းရှောင်ယောက်ကို ဆွဲခေါ်ထားရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

ကျွင်းရှောင်ယောက်ထံမှ ကျားအဆောင်၊ ကျိုးလီပန်းချီကားနှင့် အပြစ်သားကွပ်မျက်ခေါင်းဖြတ်စက်တို့ကို သိမ်းပိုက်ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ပြင် ချီယိုအင်မော်တယ်မျိုးရိုးကလည်း ထွက်ခွာသွားပြီ ဖြစ်သည်။

တိဟောက်ထျန်းက အလဲလဲအကွဲကွဲ ရှုံးနိမ့်ခဲ့ပေသည်။

တိုက်ခိုက်ရာတွင်ဖြစ်စေ၊ နည်းဗျူဟာတွင်ဖြစ်စေ ကျွင်းရှောင်ယောက်ကို လုံးဝ ရှုံးနိမ့်ခဲ့သည်။

တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သလို အကြံအစည်ကလည်း မအောင်မြင်ပေ။ သူ့အစီအစဥ်က လုံးဝ ပျက်သွားသည်။

ယခုအခါတွင်၊ တိဟောက်ထျန်းက သူ့စိတ်ကို ထိန်းချုပ်ထားနိုင်သော်လည်း သူ့မျက်နှာက ထားစရာမရှိအောင် ပျက်ခဲ့ရတော့သည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် တစ်ယောက်တည်းက အင်မော်တယ်ခုံရုံး တစ်ခုလုံးကို ဗြောင်းဆန်စေခဲ့မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

"အမှန်ပဲ၊ အင်မော်တယ်ခုံရုံးရဲ့ ဂုဏ်သိက္ခာက အင်မတန်ကြီးမားတယ်။ ဒါပေမဲ့ အခုတော့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို သူတို့ ဘာမှ မလုပ်နိုင်ကြဘူး"

လူအတော်များများက တိတ်တဆိတ် ဆွေးနွေးပြောဆိုရင်း သက်ပြင်းချလိုက်ကြသည်။

နောက်ဆုံးအကြိမ်က ရှန်းထျန်းကို တိုက်ခိုက်သောအခါ ထျန်းအဘိုးအို၏ ဝန်ခံမှုဖြင့် အင်မော်တယ်ခုံရုံး၏ ကြီးကျယ်ခမ်းနားသော ပုံရိပ်က ထိခိုက်နေပြီ ဖြစ်သည်။

ယခုလည်း ကျွင်းရှောင်ယောက်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အင်မော်တယ်ခုံရုံး၏ ဂုဏ်သိက္ခာက နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီ။

ကျွင်းရှောင်ယောက်က ပြုံးပြီး ထွက်ခွာရန် ပြင်လိုက်သည်။

သူက ပထမဦးစွာ ယွမ်ချယ်ကိုကြည့်ပြီး ပြောလိုက်၏။

"မင်းသမီးရဲ့ အပြစ်ကြီးတွေနဲ့ ပတ်သက်ပြီး အချိန်ကျရင် ငါကိုယ်တိုင်လာရောက်ပြီး ဒီကိစ္စကို အသေးစိတ်ဆွေးနွေးမှာပါ"

ထို့နောက် သူက ဆက်ပြောသည်။

"ချီယိုအင်မော်တယ်မျိုးရိုး... မဟုတ်သေးဘူး၊ အခု ငါတို့က မင်းကို ချီယိုမျိုးနွယ်လို့ ခေါ်သင့်တယ်။ ထွက်ခွာဖို့အတွက်လည်း ပြင်ဆင်မှုတွေ လုပ်ကြပါ"

"အခု မင်းတို့ကို ဘယ်သူတားရဲမလဲဆိုတာ ကြည့်ချင်တယ်"

ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။

ချီလုံ၊ ချီယုနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ပေါ်လာခဲ့လေသည်။

အင်မော်တယ်ခုံရုံးရှိ အခြားသော အကျော်အမော်များမှာတော့ ခွေးအီးပုံ လက်ထောက်မိသလို မသက်မသာ ခံစားရကာ မျက်နှာများ ပြာနှမ်းသွားခဲ့ကြသည်။

အထူးသဖြင့်၊ ရှင်းထျန်းအင်မော်တယ်မျိုးရိုး...

သူတို့၏မျိုးရိုးမှ အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်ကို ကျွင်းရှောင်ယောက်က ချီယိုမျိုးနွယ်သို့ ပေးအပ်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်... မဟုတ်သေးဘူး၊ ကျေးဇူးတင်ပါတယ် ဧကရာဇ်ခုံရုံးရဲ့သခင်"

ချီလုံနှင့် အခြားသူများက လေးလေးစားစား ပြောဆိုလိုက်ကြသည်။

သူတို့က ကျွင်းမိသားစုတွင်မပါဝင်ဘဲ အင်မော်တယ်ခုံရုံးသို့ ဝင်ရောက်သောကြောင့် ကျွင်းရှောင်ယောက်ကို ဧကရာဇ်ခုံရုံး၏သခင်ဟု ခေါ်ဆိုသင့်သည်။

"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ လူတိုင်းပဲ... ခင်ဗျားတို့တွေက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို သွားနိုင်ပါတယ်။ နောက်ပြီးတော့ အင်မော်တယ်ခုံရုံးကို ဝင်ရောက်ဖို့ မျှော်လင့်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နတ်စစ်သူကြီးကျောက်ရှန့်နှင့် အခြား နတ်စစ်သူကြီးလေးဦးက တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။

"ငါတို့က ကျားအဆောင်ကိုပဲ နာခံတယ်"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ယွမ်ချယ်က သူမ၏ ကျားအဆောင်ကို အသုံးမပြုသရွေ့၊ တော်ဝင်အစောင့်တပ်များ အပါအဝင် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သူကြီးများက သူ့အမိန့်ကို နာခံရုံသာ ရှိလိမ့်မည်။

ဟုတ်သည်၊ ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျန်ရှိသောအင်အား အစိတ်အပိုင်းတစ်ခုမျှသာ။

ပြီးပြည့်စုံသော ကျားအဆောင်မှသာလျှင် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စွမ်းအား အပြည့်အဝကို နိုးထစေနိုင်သည်။

ဥပမာအားဖြင့်...

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ "တော်ဝင်ဧကရာဇ်လေးပါး'မှ အခြားသော ဧကရာဇ်ကြီးသုံးပါး ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဟော်တုဧကရာဇ်ကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။

"အကြီးအကဲဟော်တုက စိတ်ထဲမထားဘူးဆိုရင် ကျုပ်တို့အိမ်ကို ဧည့်သည်တော်အဖြစ် လာရောက်နိုင်ပါတယ် လေးနက်နက် ဖလှယ်လို့ရတယ်"

ကျားအဆောင်တစ်ဝက်တည်းက ဟော်တုဧကရာဇ်အပေါ်တွင် စည်းနှောင်မှုများစွာ မရှိပါ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က စိတ်ဓာတ်ကို အနိုင်ယူရန် အဓိက အာရုံစိုက်ခဲ့သည်။

"အင်း၊ ငါကန့်ကွက်စရာမရှိပါဘူး"

ဟော်တုဧကရာဇ်က ပြုံးလိုက်လေသည်။

နောက်ဆုံးတွင်၊ သူက လက်ရှိ အင်မော်တယ်ခုံရုံးနှင့် ပတ်သက်မှု မရှိပေ။

ကျွင်းရှောင်ယောက် မရှိခဲ့လျှင်ပင် သူက အင်မော်တယ်ခုံရုံးနှင့် သိပ်ပြီး ပတ်သက်နေမည် မဟုတ်ပါ။

All Chapters