အခန်း ၁၃၁၅
Vol. 88 Ch. 1315
အခန်း ( ၁၃၁၅ ) အင်မော်တယ်ခုံရုံးအတွင်းမှ ကွဲလွဲမှုများ။
ကျွင်းရှောင်ယောက်၏ အစီအစဉ်ကိုမြင်တော့ အင်မော်တယ်ခုံရုံးမှ လူတိုင်း ဒေါသထွက်ကုန်သည်။
သို့သော်၊ ဘာမျှမတတ်နိုင်ပေ။
ဤအချိန်တွင် မေ့ပျောက်ခြင်းမြေက လုံးဝ ပြီးဆုံးသွားပြီဟု ဆိုနိုင်သည်။
၎င်းက အင်မော်တယ်ခုံရုံး၏ အခွင့်အလမ်းတစ်ခုဟု ဆိုသော်လည်း ကျွင်းရှောင်ယောက်၏ အခွင့်အလမ်းဟုဆိုလျှင် ပိုမှန်လိမ့်မည်။
အကြောင်းမှာ၊ အကောင်းဆုံးအရာများ အကုန်လုံးကို သူက ယူဆောင်သွားသောကြောင့် ဖြစ်သည်။
ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာ၊ ကျိုးလီပန်းချီကား၊ အပြစ်သားကွပ်မျက် ခေါင်းဖြတ်စက်၊ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ပိုင်း၊ မင်းသမီးယွမ်ချယ်၏ မျက်နှာသာ စသည်ဖြင့်...
ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်အဆင့်သို့ ဖြတ်ကျော်သွားပြီး ထာဝရကွဲလွဲမှုများ၏ဘုရင်လည်း ဖြစ်လာခဲ့သေးသည်။
ကျွင်းရှောင်ယောက်က ဤတစ်ကြိမ်တွင် တကယ်ကို အကျိုးအမြတ်များခဲ့သည်။
သူက ချီယိုမျိုးရိုးကိုပင် ဆွဲယူသွားခဲ့၏။
ချီယိုမျိုးရိုးက ယခုအခါ အင်မော်တယ်ခုံရုံးတွင် အညံ့ဆုံးမျိုးရိုး ဖြစ်သည်။
သို့သော်လည်း ၎င်း၏ စွမ်းအားက လျှော့မတွက်သင့်ပေ။ ၎င်းက အင်မော်တယ်အင်အားစုများစွာထက် များစွာ အားကောင်းသည်။
၎င်းက အင်မော်တယ်ခုံရုံး၏ အသားတစ်ပိုင်းကို လှီးယူသွားသကဲ့သို့ပင်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က အန္တရာယ်မရှိဘဲ အေးအေးဆေးဆေး ထွက်သွားနိုင်နေသည်။
ဒါက ဒေါသထွက်စရာကောင်းပေသည်။
ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးသည် အင်မော်တယ်ခုံရုံး၏ နယ်မြေ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အင်မော်တယ်ခုံရုံးတွင် စိတ်ရှိလက်ရှိ မွေနှောက်ခဲ့ပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ပေသည်။
ဒါက အင်မော်တယ်ခုံရုံး၏ ဦးခေါင်းကို တက်နင်းသွားခဲ့ခြင်းပင်။
"ကောင်းပြီ၊ ငါတို့ ကိစ္စပြီးပြီမို့ ထွက်ခွာဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက အင်မော်တယ်ခုံရုံးကို လုံလောက်စွာ ဆုံးရှုံးမှုများ ခံစားစေခဲ့ပြီးပြိမို့ ဆက်လက် အရှက်ခွဲရန် သို့မဟုတ် ဒေါသဆွပေးနေရန် မလိုတော့ပေ။
ထို့ပြင်၊ သူက ဤနေရာကို လာရောက်ခြင်း၏ အဓိကရည်ရွယ်ချက်ကလည်း ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
သူက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ပိုင်းကို လက်မှတ်ထိုးဝင်ရရှိပြီး ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာကို ပြန်ယူသည်။
တိဟောက်ထျန်း၏ အသေအကြေ ကြိုးစားအားထုတ်မှုနှင့် အကြံအစည်များကိုလည်း ဖျက်ဆီးခဲ့သေးသည်။
လုံးဝပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က ယခုအချိန်တွင် အင်မော်တယ်ခုံရုံးနှင့် သူသေကိုသေ မတိုက်ချင်ပေ။
ထိုမျှသာမကဘဲ သူ၏ ကိုယ်ပိုင်အင်အားစုဖြစ်သော ကျွင်းဧကရာဇ်ခုံရုံးကိုလည်း ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေသည်။
အနာဂတ်တွင် ဖြစ်လာနိုင်သည့် အလွန်ကြီးမားသော မငြိမ်မသက်မှုများအတွက် ပြင်ဆင်ထားရမည်။
ထို့ကြောင့် ယခုအချိန်သည် စစ်ပွဲစတင်ရန် အချိန်မဟုတ်ပေ။
ဒါကို အင်မော်တယ်ခုံရုံးကလည်း ကောင်းကောင်းသိသည်။ ထို့ကြောင့် သူတို့က ဒေါသထွက်နေသော်လည်း ရူးသွပ်စွာ မလှုပ်ရှားခဲ့ကြပေ။
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး သူ့လူများနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
ယွမ်ချယ်ကတော့ ကျွင်းရှောင်ယောက်ကို ကြည့်နေသည့်တိုင် လိုက်ပါခြင်းမပြုပေ။
သူက ယခုမှ နိုးထလာသောကြောင့် အင်မော်တယ်နန်းတော်တွင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော ကိစ္စများစွာ ရှိနေဆဲဖြစ်သည်။
သူက ချစ်ခြင်းမေတ္တာကိုသာ ဂရုစိုက်သော နုံအသောသူတစ်ယောက်မဟုတ်ပါ။
ဧကရာဇ်မင်း၏ သမီးတော်အနေဖြင့် သူ့တွင် လုပ်စရာအချို့ရှိသေးသည်။
ထို့ပြင်၊ လင်ယွမ်ကလည်း ကျွင်းရှောင်ယောက်၏နောက်ကို မလိုက်ခဲ့ပါ။
သူက လိုက်ပါလိုသော်လည်း ကျွင်းရှောင်ယောက်ကိုကူညီရန် အကောင်းဆုံးနည်းလမ်းက ဝါဟွမ်အင်မော်တယ်မျိုးရိုးတွင် ဆက်လက်နေထိုင်ရန်ဖြစ်ကြောင်း သူသိသည်။
ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့ကို တစ်ခုနှင့်တစ်ခု လုံးဝ ဆန့်ကျင်ဘက်ပြုနေစေရမည်။
ထိုစဉ်၊ တိဟောက်ထျန်းက ရှေ့ကိုတိုးလာပြီး ပြောလိုက်သည်။
"ခဏနေဦး"
ကျွင်းရှောင်ယောက်က ခေတ္တရပ်လိုက်သော်လည်း တိဟောက်ထျန်းကို လှည့်မကြည့်ပေ။
လူအားလုံး၏ အကြည့်များက သူတို့နှစ်ယောက်အပေါ်တွင် တစ်လှည့်စီ လှည့်ပတ်လာကြသည်။
"တိဟောက်ထျန်းက အရှုံးမပေးဘဲ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကိုရ ရင်ဆိုင်ချင်နေတာ ဖြစ်နိုင်မလား"
"မဖြစ်နိုင်ဘူး၊ အင်မော်တယ်ခုံရုံးက ဒီဆုံးရှုံးမှုကို ဒီတစ်ကြိမ် မျိုသိပ်ထားရုံပဲ ရှိလိမ့်မယ်။ မဟုတ်ရင် အင်မော်တယ်စစ်ပွဲကို စတင်ရမှာလား"
ကျင့်ကြံသူတချို့က ဆွေးနွေးလိုက်ကြသည်။
လူသတ်ဘုရင်နှင့် ပိုင်သို့ဧကရာဇ်က ဤနေရာတွင် ရှိသည်။
အင်မော်တယ်ခုံရုံးက ကျွင်းရှောင်ယောက်ကို ဤနေရာတွင် ဆွဲခေါ်ထားရန် မလွယ်ကူပေ။
"ကျွင်းရှောင်ယောက်၊ မင်းက ဒီအတိုင်း အနိုင်ရသွားပြီလို့ ထင်နေတာလား"
"မဟုတ်ဘူး၊ မပြီးသေးဘူးကွ"
"ဒါတွေအားလုံးက အခုမှစပြီလို့ပြောလို့ရတယ်"
တိဟောက်ထျန်းက ကျွင်းရှောင်ယောက်၏ နောက်ကျောကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။
သူက လုံးဝ မရှုံးနိမ့်သေးပေ။
သူက ပြန်လည်မွေးဖွားလာသူဖြစ်ပြီး အနာဂတ်မှ အခွင့်အလမ်းများနှင့် ကြီးကျယ်သော အပြောင်းအလဲများအားလုံးကို မှတ်မိသည်။
သူက ဤကဲ့သို့ ကျရှုံးမည်မဟုတ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ တစ်ချက်မျှပင် လှည့်မကြည့်ပါ။
"တိဟောက်ထျန်း၊ ငါမင်းကို ပြောနိုင်တာက... မင်း ငါ့ကို စိတ်ပျက်စေတယ်"
"ငါ့ခြေထောက်အောက်က ပုရွက်ဆိတ်တွေ လုပ်နိုင်တာက ငါ့ရဲ့ ကျောပြင်ကို မော့ကြည့်ဖို့ပဲ"
ဤစကားသံကို ပေါ့ပေါ့ပါးပါး ချန်ထားရစ်ခဲ့ပြီးနောက် ကျွင်းရှောင်ယောက်က နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်။
သူတကယ်ကို နည်းနည်း စိတ်ပျက်သွား၏။
ပြန်လည်မွေးဖွားလာသူအနေဖြင့် တိဟောက်ထျန်းက သူ့ကို ပို၍ ပျော်ရွှင်စေနိုင်မည်ဟု ယူဆမိခဲ့သည်။
သို့သော်၊ ဤမျှသာ...
သူသည် ယခင်က ကြက်သွန်မြိတ်များထက် အနည်းငယ် ပိုအားကောင်းသော်လည်း အခြေခံကျသော ပြောင်းလဲမှုမရှိပေ။
ကျွင်းရှောင်ယောက်..."
တိဟောက်ထျန်းက အံကိုတင်းတင်းကြိတ်ထားသည်။ သူ၏ နဖူးသွေးကြောများကလည်း ထောင်ထနေပြီး ပေါက်ထွက်တော့မည်။
ဤအရှက်တရားမျိုးက အင်မော်တယ်သတ်ဓားဖြင့် ဒူးထောက်ခိုင်းခြင်းထက် မနည်းပေ။
သူ့ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ထူးဆန်းသောအကြည့်များက တိဟောက်ထျန်း၏ နှလုံးသားကို နက်နဲစွာ ထိုးဖောက်သွားသော ဆူးများကဲ့သို့ပင်။
သူ့ကို အလွန်လေးစားသည့် ပုလော့ရွယ်၏ မျက်လုံးအကြည့်များသည်ပင် အနည်းငယ် ပြောင်းလဲသွားပုံရသည်။
တိဟောက်ထျန်းက သူမ စိတ်ကူးထားသလောက် အစွမ်းထက်ပြီး ပြီးပြည့်စုံသည် မဟုတ်ပေ။
"ကျုပ်တို့ သူ့ကို လွှတ်ပေးလိုက်ရတော့မှာလား"
ဖူရှီအင်မော်တယ်မျိုးရိုးမှ အကျော်အမော်တချို့က လက်မခံနိုင်စွာ ပြောလိုက်သည်။
"ကျုပ်တို့ ဘာလုပ်နိုင်မှာလဲ။ အင်မော်တယ်စစ်ပွဲကို စတင်ရမှာလား"
"ကျွင်းမိသားစုက မပေါ်လာပေမဲ့ ဒါဟာ သူတို့က ဒီအခြေအနေတွေကို ဂရုမစိုက်ဘူးလို့ မဆိုလိုဘူး"
"ချီးတဲ့မှပဲ၊ ဒါက ဝါဟွမ်အင်မော်တယ်မျိုးရိုးက လင်ယွမ်ရဲ့စနက်ပဲ။ သူသာ ကျွင်းရှောင်ယောက်ကို ဝင်ခွင့်မပြုခဲ့ရင် ကျုပ်တို့က ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးကို ဘယ်လို ရင်ဆိုင်နိုင်မှာလဲ"
ဖူရှီအင်မော်တယ်မျိုးရိုးမှ အကျော်အမော်တချို့က လင်ယွမ်ကို ချက်ချင်း အာရုံစိုက်လာကြသည်။
မမှားပေ။
အကယ်၍ လင်ယွမ်သာ အင်မော်တယ်ခုံရုံးကို လျှို့ဝှက်ထားပြီး ကျွင်းရှောင်ယောက်ကို ဝင်ခွင့်မပြုခဲ့ပါက ဒါတွေအားလုံး ဖြစ်မလာနိုင်ပါ။
"လင်ယွမ်၊ မင်း ခွေးမ"
တိဟောက်ထျန်း၏ မျက်လုံးများတွင် ဒေါသများ ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက်ကို သူမုန်းသည်။
သို့သော်လည်း လင်ယွမ်ကို ပိုမုန်းတီးပေသည်။
တိဟောက်ထျန်း၏ ကျိန်ဆဲသံကိုကြားသော်လည်း လင်ယွမ်က ဂရုမစိုက်ဘဲ လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။
"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဧကရာဇ်ငယ်က အခုတော့ အလဲအကွဲ ရှုံးနိမ့်မှုတွေကြုံရပြီး အခြား မိန်းကလေးတစ်ယောက်ကိုပဲ ဒေါသပေါက်ကွဲပြနိုင်ရှာတယ်"
"မင်း..."
တိဟောက်ထျန်း၏ မျက်နှာက မည်းမှောင်သွားတော့သည်။
"တိဟောက်ထျန်း၊ နင့်ရဲ့စကားတွေကို သတိထားပါ"
ယွမ်ချယ်လည်း မျက်မှောင်ကြုတ်သွားသည်။
အတိုင်းအတာတစ်ခုထိ လင်ယွမ်ဟာ သူမကိုယ်တိုင်ပင်။
တိဟောက်ထျန်းက လင်ယွမ်ကို ကျိန်ဆဲခြင်းမှာ သူမကို စော်ကားခြင်း ဖြစ်သည်။
"ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီးအနေနဲ့ မင်းက စိတ်ခံစားမှုတွေနဲ့ ကစားခံနေရတယ်။ ဒါတွေအားလုံးက ကျွင်းရှောင်ယောက်ရဲ့ အစီအစဉ်တွေဆိုတာ မင်းမသိဘူးလား"
ယွမ်ချယ်နှင့် စကားပြောဆိုရာမှာတော့ တိဟောက်ထျန်းက သူ့စကားများကို ပို၍ ထိန်းထားခဲ့သည်။
"ဒါက နင့်ရဲ့အတွေးနဲ့ အတူတူပဲ မဟုတ်လား။ အိပ်မက်ထဲမှာ ငါနဲ့ လက်ထပ်ပြီး နှောင်ကြိုးဖွဲ့ချင်တာ မဟုတ်ဘူးလား"
ယွမ်ချယ်၏ လှပသော မျက်လုံးများတွင် ထေ့ငေါ့ခြင်းအရိပ်အမြွက်တစ်ခု ပေါ်လာသည်။
သူက မမိုက်မဲပေ။
တိဟောက်ထျန်းကိုယ်တိုင်က ဤကဲ့သို့ လုပ်ချင်မှတော့ ကျွင်းရှောင်ယောက်ကို အပြစ်တင်ရန် မည်ကဲ့သို့ အရည်အချင်းရှိမည်နည်း။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူမ၏ ကြီးလေးသော အပြစ်ကြီးကို လွှဲပြောင်းယူရန်အတွက် အမှန်တကယ် ဆန္ဒရှိခဲ့သည်။
ဤတစ်ခုတည်းမှာပင် ကျွင်းရှောင်ယောက်က သူမအတွက် အများကြီးပေးဆပ်ခဲ့ပေသည်။
ဟုတ်သည်၊ ဤမဟာအပြစ်များက ကျွင်းရှောင်ယောက်အတွက် အကျိုးရှိမှန်းတော့ ယွမ်ချယ် မသိခဲ့ပါ။
တိဟောက်ထျန်းက ဆွံ့အသွားသည်။
"ဘာပဲဖြစ်ဖြစ် အတိုချုပ်ပြောရရင် ဒါက လင်ယွမ်ရဲ့ အပြစ်ပဲ။ သူမကို အပြစ်ပေးသင့်တယ်။ ကျုပ်တို့ရဲ့ ဖူရှီအင်မော်တယ်မျိုးရိုးက သူ့ကို ပြစ်ဒဏ်ပေးသင့်တယ်လို့ ထင်တယ်"
ဖူရှီအင်မော်တယ်မျိုးရိုးမှ လင်ယွမ်ကို ရန်ငြိုးထားသူများက ပြောလိုက်သည်။
"ဘယ်သူတွေ လုပ်ဝံ့လဲ"
အဘွားလန်နှင့် ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ အခြားသူများက ချက်ချင်း ထရပ်လိုက်၏။
လင်ယွမ်က ဝါဟွမ်အင်မော်တယ်မျိုးရိုးအတွက် အလွန်အရေးကြီးသည်။ လင်ယွမ်အား ဖူရှီအင်မော်တယ်မျိုးရိုးကို မည်သို့ပေးအပ်ရန် ဆန္ဒရှိနိုင်မည်နည်း။
"နောက်ပြီးတော့ ရှင်းထျန်းအင်မော်တယ်မျိုးရိုးက ဧကရာဇ်လက်နက်လည်း သိမ်းယူခံခဲ့ရတယ်။ ဝါဟွမ်အင်မော်တယ်မျိုးရိုးက ဒါကို သည်းခံနိုင်ပါ့မလား"
ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ လူတချို့ကလည်း ပြောကြသည်။
ထိုအခါ၊ ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ အကျော်အမော်က ချက်ချင်း ပြောလိုက်၏။
"ကျုပ်တို့ ဝါဟွမ်အင်မော်တယ်မျိုးရိုးက မင်းသမီးယွမ်ချယ်ကို ထောက်ပံ့ပြီး သူ့ကို အင်မော်တယ်ခုံရုံးရဲ့သခင်ဖြစ်လာအောင် ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်"
ယွမ်ချယ်က အင်မော်တယ်ခုံရုံး၏သခင် ဖြစ်လာခြင်းမှာ လင်ယွမ်က အင်မော်တယ်ခုံရုံး၏သခင် ဖြစ်လာခြင်းနှင့် ညီမျှသည်။
ဒါက ဝါဟွမ်အင်မော်တယ်မျိုးရိုး မြင်လိုသောအရာပင်။
"အမှန်ပဲ၊ မင်းသမီးယွမ်ချယ်က ဧကရာဇ်ရဲ့သွေးမျိုးဆက်ပိုင်ရှင်ဖြစ်ပြီး ကျားအဆောင်တစ်ဝက်ကိုလည်း ပိုင်ဆိုင်ထားတယ်။ သူက အင်မော်တယ်ခုံရုံးရဲ့သခင်ဖြစ်လာဖို့ အသင့်လျော်ဆုံးပါပဲ"
ကျင်းဝေအင်မော်တယ်မျိုးရိုးမှ အကျော်အမော်ကလည်း ပြောလိုက်သည်။
ဖူရှီအင်မော်တယ်မျိုးရိုးမှ အကျော်အမော်များ၏ မျက်နှာများက မှုန်ကုပ်သွားသည်။
သူတို့က တိဟောက်ထျန်းကို အင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်လာစေရန် ကူညီလိုကြသည် မဟုတ်လော။
"ကျုပ်တို့ ဒီကိစ္စကို ထပ်ပြီး ဆွေးနွေးဖို့ လိုတယ်။ နောက်ဆုံးတော့ လင်ယွမ်နဲ့ မင်းသမီး ယွမ်ချယ်တို့ နှစ်ယောက်စလုံးက ကျွင်းရှောင်ယောက်နဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်"
"မဟုတ်ရင် အင်မော်တယ်ခုံရုံးက နောင်အခါမှာ ကျွင်းရှောင်ယောက်ရဲ့လက်ထဲကို ကျရောက်သွားလိမ့်မယ်"
ရှင်းထျန်းအင်မော်တယ်မျိုးရိုးမှ လူများကလည်း ကန့်ကွက်ပြောဆိုကြသည်။
ဤအခြေအနေများကိုကြည့်ရင်း တိဟောက်ထျန်းမှာ သွေးအန်ချင်စိတ်ပင် ဖြစ်လာတော့သည်။
'ကျွင်းရှောင်ယောက်၊ မင်းက တကယ်ရက်စက်တာပဲ'
ကျွင်းရှောင်ယောက်က လင်ယွမ်ကို အဘယ်ကြောင့် နေရစ်စေခဲ့ကြောင်း နောက်ဆုံးတွင် သူနားလည်ခဲ့သည်။
ဒါက ဆက်ထုံးဟု ဆိုနိုင်ပေသည်။
ဤသို့ဖြင့်၊ အင်မော်တယ်ခုံရုံးက ယခုအချိန်တွင် လုံးလုံးလျားလျား ပေါင်းစည်းရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။