← Chapters

အခန်း ၁၃၁၆

Vol. 88 Ch. 1316

အခန်း ၁၃၁၆

Vol. 88 Ch. 1316

အခန်း ( ၁၃၁၆ ) ကျောက်ချပ်ပြားအတွင်းမှ လျှို့ဝှက်ဆန်းကျယ်သော အဘိုးအို။

ခြေလှမ်းတိုင်း၌ ကြံစည်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။

ခြေလှမ်းတိုင်း၌ တွက်ချက်နေခြင်းဟူသည် အဘယ်နည်း။

တိဟောက်ထျန်းက သူ့ကိုယ်သူ အတွက်ချက်နိုင်ဆုံးဖြစ်ပြီး တည်ငြိမ်ပြီဟု ထင်ခဲ့သည်။

ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်၏ နည်းလမ်းများက သူ့ကို ပို၍ အသိအမြင်တိုးစေခဲ့ပေသည်။

တိဟောက်ထျန်းက ကြီးမြတ်ပြီး ရိုးဖြောင့်သည့် ကံကောင်းခြင်း၏သားတော်များကိုပင် မကြောက်ပါ။

သူကဲ့သို့ အကြံအစည်များပြားပြီး လှည့်ဖြားတတ်သည့် ကျွင်းရှောင်ယောက်ကဲ့သို့ လူများကိုသာ ကြောက်သည်။

ဤလူမျိုးက မည်သည့် လူကြီးလူကောင်း သို့မဟုတ် ဇာတ်ဆောင်များထက် အဆတစ်ထောင် ပိုကြောက်စရာကောင်းပေသည်။

သူက သူ့အဖေ ကျွင်းဝူဟွေ့ကဲ့သို့ သူရဲကောင်းတစ်ဦး မဟုတ်ပေ။

သူက သူ့ရည်မှန်းချက်ကိုရောက်ရန် မည်သည့်အရာကိုမဆိုလုပ်မည့် မရိုးဖြောင့်သူတစ်ဦး ဖြစ်သည်။

ယခုတော့၊ မရိုးဖြောင့်သော နှလုံးသားရှိသူနှစ်ဦး တွေ့ဆုံရာတွင် ကျွင်းရှောင်ယောက်က အနိုင်ရခဲ့ပြီ။

မေ့ပျောက်ခြင်းမြေက ဤနည်းဖြင့် ပြီးဆုံးမည်ဟု မည်သူမျှ မတွေးမိတန်ရာပေ။

မူလက အင်မော်တယ်ခုံရုံး၏ အခွင့်အရေးတစ်ခုဖြစ်သော်လည်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အကုန်ယူသွားခဲ့သည်။

တိဟောက်ထျန်းနှင့် အင်မော်တယ်ခုံရုံး တစ်ခုလုံးက ဟာသတစ်ခု ဖြစ်ခဲ့ပေသည်။

ထို့ပြင် ချီယိုမျိုးရိုး ခွဲထွက်ခြင်းကြောင့် အင်မော်တယ်ခုံရုံး၏ ဂုဏ်သိက္ခာက ကြီးမားသောဆုတ်ယုတ်မှုကို ခံစားခဲ့ရသည်။

ယခုအချိန်တွင်၊ ဤကိစ္စက ‌လတ်တလော ပြီးဆုံးသွားပြီဖြစ်သော်လည်း...

အင်မော်တယ်ခုံရုံးမှ ပဋိပက္ခများကတော့ ပို၍ ပြင်းထန်လာပြီ။

ဧကရာဇ်၏သွေးမျိုးဆက်ကို သယ်ဆောင်ထားသော မင်းသမီးယွမ်ချယ် ဖွားမြင်ခြင်းက အင်မော်တယ်ခုံရုံး၏ အခြေအနေအား ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

ဝါဟွမ်အင်မော်တယ်မျိုးရိုး၊ ကျင်းဝေအင်မော်တယ်မျိုးရိုးနှင့် ရှန်းနွန်အင်မော်တယ်မျိုးရိုးတို့က ပူးပေါင်းပြီး ယွမ်ချယ်ကို နန်းတက်ရန် ကူညီလိုကြသည်။

သူတို့၏အမြင်တွင် လင်ယွမ်က ယွမ်ချယ်နှင့် အနှေးနှင့်အမြန် ပေါင်းစည်းလိမ့်မည်ဖြစ်သောကြောင့် ၎င်းတို့ကို တစ်သားတည်းဟု မှတ်ယူထားပြီးပြီ။

ဖူရှီအင်မော်တယ်မျိုးရိုးနှင့် စန်းကျဲအင်မော်တယ်မျိုးရိုးတို့ကတော့ တိဟောက်ထျန်းကို နန်း‌တက်စေလိုသည်။

တစ်ဖက်တွင်၊ ရှင်းထျန်းအင်မော်တယ်မျိုးရိုးသည် မူလက မည်သည့်အင်အားစုသို့မျှ မှီခိုခြင်းမရှိပေ။

သို့သော်လည်း ဤအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပြီးနောက် ဝါဟွမ်အင်မော်တယ်မျိုးရိုးကို တော်တော်လေး မကျေမနပ်ဖြစ်ခဲ့ကြပြီး ဖူရှီအင်မော်တယ်မျိုးရိုးဘက်သို့ ပူးပေါင်းသွားခဲ့သည်။

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးနှင့် ကျူးရုန်အင်မော်တယ်မျိုးရိုးကမူ စောင့်ကြည့်နေဆဲဖြစ်ပြီး မည်သည့်ဘက်ကိုမျှ ထောက်ပံ့ပေးမည် မဟုတ်ပေ။

အဆုံးတွင် အနိုင်ရသူဘက်မှ ရပ်တည်ကြမည် ဖြစ်သည်။

ဤသို့ဖြင့်...

ယခုအခါ၊ အင်မော်တယ်ခုံရုံး တစ်ခုလုံးတွင် ချီယိုမျိုးရိုး ထွက်သွားပြီးနောက် အင်မော်တယ်မျိုးရိုးကြီးရှစ်ခုက အင်အားသုံးခုအဖြစ် ဖွဲ့စည်းသွားခဲ့သည်။

ဝါဟွမ်အင်မော်တယ်မျိုးရိုး၊ ကျင်းဝေအင်မော်တယ်မျိုးရိုးနှင့် ရှန်းနွန်အင်မော်တယ်မျိုးရိုးတို့ပါဝင်သော ယွမ်ချယ်ကို ထောက်ခံသူက တစ်ဖွဲ့...

ဖူရှီအင်မော်တယ်မျိုးရိုး၊ စန်းကျဲအင်မော်တယ်မျိုးရိုးနှင့် ရှင်းထျန်းအင်မော်တယ်မျိုးရိုးပါဝင်သော တိဟောက်ထျန်းကို ထောက်ခံသူက တစ်ဖွဲ့...

ဂုန်ဂွန်းအင်မော်တယ်မျိုးရိုးနှင့် ကျူးရုန်အင်မော်တယ်မျိုးရိုးကဲ့သို့ ကြားနေမျိုးရိုးများက တစ်ဖွဲ့...

ဤမျှကြီးမားသော အုပ်စိုးသူအင်အားစုကြီးဖြစ်သည့် အင်မော်တယ်ခုံရုံးက ယခုအခါ အဓိက အင်အားစုကြီး သုံးခုအဖြစ် ကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။

ဒါကို မည်သူမျှ ကြိုတွေးမိခဲ့ကြမည် မဟုတ်ပေ။

ဤကိစ္စများကို ဖြစ်စေခဲ့သည့် လက်သည်ကတော့ ကျွင်းရှောင်ယောက် ဖြစ်သည်။

ကျွင်းရှောင်ယောက် တိုင်းတပါးမှ ပြန်ရောက်သည်နှင့် ပထမဆုံး အင်မော်တယ်ခုံရုံးကို ခွဲထုတ်ရန် စီစဉ်ခဲ့သည်။

လက်ရှိအခြေအနေအားလုံးက ကျွင်းရှောင်ယောက်ကြောင့်ဖြစ်ရသည်ဟု ဆိုနိုင်ပေသည်။

ဒါကလည်း သူ့မျှော်လင့်ချက်ထဲမှာပဲ ရှိသည်။

ကျွင်းရှောင်ယောက်က အင်မော်တယ်ခုံရုံးကို ဤအချိန်တွင် အဘယ်ကြောင့် ခွဲထုတ်ချင်သနည်း။

ပထမအချက်မှာ၊ အချိန်မှန်၊ နေရာမှန်နှင့် မှန်ကန်သောလူများ အားလုံးက နေရာယူထားသောကြောင့် ဖြစ်သည်။

ဒုတိယအကြောင်းရင်းကတော့ ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးအတွက် လမ်းခင်းလိုသောကြောင့်ပင်။

အင်မော်တယ်ခုံရုံးကဲ့သို့ ဘီလူးတစ်ကောင်၏ လမ်းပိတ်ထားမှုအောက်တွင် ကျွင်းဧကရာဇ်ခုံရုံးကို မည်သို့တည်ဆောက်နိုင်မည်နည်း။

အင်မော်တယ်ခုံရုံး၏ ဖိနှိပ်ချုပ်ချယ်ခံရမည် ဖြစ်သည်။

ယခုမူ၊ အင်မော်တယ်ခုံရုံးက အုပ်စုများကွဲနေပြီဖြစ်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ကျွင်းဧကရာဇ်ခုံရုံးက သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးတစ်ခု ရရှိခဲ့သည်။

ဒါက ကျွင်းရှောင်ယောက်အတွက် နောက်ထပ် ခြေလှမ်းတစ်ခုပင်။

မေ့ပျောက်ခြင်းမြေ ပြီးဆုံးသွားပြီးနောက်...

အပျော်အပါး လာကြည့်ကြသော ကျင့်ကြံသူများလည်း တဖြည်းဖြည်း လူစုခွဲသွားကြသည်။

ဤတစ်ကြိမ်တွင် သူတို့ရရှိခဲ့သည့် သတင်းအချက်အလက် ပမာဏက အလွန်ကြီးမား၏။

ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှက မကြာမီ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ပျံ့နှံ့သွားစေကာ တုန်ခါစေလိမ့်မည်။

အင်မော်တယ်ခုံရုံးမှ လူများကတော့ မျက်စိမျက်နှာပျက်စွာဖြင့် ကျန်ရစ်ခဲ့ပေသည်။

ထို့နောက်တွင်၊ ယွမ်ချယ်ကို ဝါဟွမ်အင်မော်တယ်မျိုးရိုးက ခေါ်ဆောင်သွားခဲ့သည်။

သို့ရာတွင်၊ ယွမ်ချယ်က လင်ယွမ်ကို ဘာမျှမလုပ်ခဲ့ပါ။

အကြောင်းမှာ၊ ကျွင်းရှောင်ယောက်ကို စိတ်အနှောင့်အယှက်မဖြစ်စေသောကြောင့် ဖြစ်သည်။

လင်ယွမ်ကလည်း ယွမ်ချယ်ကို သဘောမကျသည့်တိုင် သူ့ကိုယ်သူ ထိန်းချုပ်ပြီး နေထိုင်ခဲ့ပေသည်။

သူတို့နှစ်ယောက်က ယခုအချိန်မှာတော့ ပဋိပက္ခိမရှိဘဲ ရှိနေခဲ့ကြသည်။

တစ်ဖက်တွင်၊ တိဟောက်ထျန်းက အေးတိအေးစက်ဖြင့် ထွက်ခွာသွားသည်။

ဤတစ်ကြိမ်တွင်၊ မယားရော စစ်တပ်ပါ ဆုံးရှုံးသွား၏။

ကူတိကျစ်သည်ပင် အချည်းနှီး သေဆုံးသွားခဲ့ရသည်။

ထို့အတွက်ကြောင့် ဖူရှီအင်မော်တယ်မျိုးရိုးရှိ ကူတိကျစ်၏မျိုးရိုးမှ လူများသည်လည်း သူ့ကိုအတော်လေးမကျေမနပ် ဖြစ်ခဲ့ကြသည်။‌

တိဟောက်ထျန်းက အရာအားလုံးကို ဆုံးရှုံးခဲ့ပေသည်။

ထို့နောက်တွင်၊ သူက ရွှေနန်းတော်သို့ ပြန်လာခဲ့သည်။

သူက ထိုင်ခုံအမြင့်တွင် ထိုင်နေသော်လည်း အောက်ဘက်တွင် မည်သူမျှမရှိပေ။

ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ဦးအနက် အများစုက သေဆုံးခဲ့ကြသည်။

ကျန်ရှိသော ပုလော့ရွယ်နှင့် အခြားသူများကလည်း သိတတ်ပြီး တိဟောက်ထျန်းကို လာရောက်‌မနှောင့်ယှက်ခဲ့ကြပေ။

"ဟားဟားဟား၊ ငါက တိဟောက်ထျန်းပဲ၊ ငါက ဘယ်လိုလုပ်ပြီး သနားစရာကောင်းလောက်အောင် ရှုံးနိမ့်နိုင်မှာလဲ။ ငါက ကံကြမ္မာရဲ့သားတော်... ကမ္ဘာကြီးကို စိုးမိုးထားတဲ့သူပဲ"

တိဟောက်ထျန်းက ရူးသွပ်စွာ ရယ်မောလိုက်သည်။

သူ မွေးလာကတည်းက ရှောင်ချမ်ရွယ်နှင့် ယွမ်ချယ်အပါအဝင် အခွင့်အရေးအားလုံးကို ကျွင်းရှောင်ယောက်မှ လုယူသွားခဲ့၏။

သူက တပါးသူကို ရိတ်သိမ်းရမှာလား၊ တပါးသူက သူ့ကို ရိတ်သိမ်းနေတာလား။

သူက အကြံအစည်များတွင် မအောင်မြင်သလို အင်အားသုံး၍လည်း ကျွင်းရှောင်ယောက်ကို အနိုင်မယူနိုင်ပေ။

ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ မြင့်မြတ်ခန္ဓာတာအိုသန္ဓေ တစ်ခုတည်းကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ကစဉ့်ကလျားခန္ဓာက တိုက်ပွဲတွင် မပါဝင်ခဲ့ပေ။

ဒါက တိဟောက်ထျန်းကို ပိုစိတ်ပျက်စေသည်။

"အား...."

တိဟောက်ထျန်းက ဒေါသတကြီး အော်ဟစ်နေပြီး နန်းတော်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရပေသည်။

စိတ်ရှိလက်ရှိ ပေါက်ကွဲပြီးနောက် တိဟောက်ထျန်းက မောဟိုက်ကာ ပြန်လည်ငြိမ်သက်သွားသည်။

"မဟုတ်ဘူး၊ ငါစိတ်အေးအေးထားရမယ်။ ငါ မရှုံးနိမ့်သေးဘူး"

"ငါ့မှာ အမှတ်တရတွေ ရှိနေတုန်းပဲ။ အနာဂတ်မှာ ဘယ်လိုအခြေအနေတွေ ပြောင်းလဲလာမယ်ဆိုတာ ငါ သိတယ်"

"နောက်ပြီးတော့ ဒီအရာ...”

တိဟောက်ထျန်းက အင်မော်တယ်ကျောက်ချပ်ပြား၏ အပိုင်းအစကို ထုတ်ယူခဲ့သည်။

၎င်းက သူ့ကို ပြန်လည်မွေးဖွားရန် ကူညီပေးခဲ့သော ရွှေလက်ချောင်းပင်။

၎င်းက သူ၏ ဝှက်ဖဲများထဲမှ တစ်ခုလည်း ဖြစ်သည်။

ထို့ပြင်၊ ဒါက ဘယ်တော့မှ ပေါက်ကြားခွင့်မပြုနိုင်သော လျှို့ဝှက်ချက် ဖြစ်၏။

အကြောင်းမှာ၊ ဤအချက်က ပေါက်ကြားသွားသည်နှင့် သူ့အတွက် မထင်မှတ်ထားသော အပြောင်းအလဲများ ဖြစ်လာ‌နိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင်၊ သူက ဟောက်ထျန်းနဂါးဧကရာဇ်၏ စစ်မှန်သောအမွေကို ရှာဖွေရန်လည်း ရှိသေးသည်။

ယခု မေ့ပျောက်ခြင်းမြေ၌ သူရခဲ့သော အရာက ဟောက်ထျန်းနဂါးဧကရာဇ်၏ စွမ်းအင်ပုံရိပ်မျှသာ ဖြစ်သည်။

ဖြစ်ကောင်းဖြစ်နိုင်သည်က၊ ဟောက်ထျန်းနဂါးဧကရာဇ်၏ စစ်မှန်သောအမွေမှာ နဂါးဧကရာဇ်၏ ရွှေခန္ဓာပင်။

နဂါးဧကရာဇ်၏ ရွှေခန္ဓာဖြင့်သာ တိဟောက်ထျန်းက နောက်ဆုံး လှိုင်းလုံးကြီးတွင် ပါဝင်နိုင်ပြီး ဤဘဝတွင် ပိုမိုမြင့်မားသောနယ်ပယ်များသို့ တက်လှမ်းခွင့်ရှိနိုင်သည်။

"ငါမရှုံးသေးဘူး၊ ငါမရှုံးဘူး"

တိဟောက်ထျန်း၏ မျက်လုံးများက တောက်ပလာသည်။

"ဟားဟားဟား၊ မင်းက ငါရွေးထားတဲ့သူ ဖြစ်ထိုက်ပါပေတယ်။ မင်းက တကယ် ရည်မှန်းချက်ကြီးတယ်"

အသံတစ်ခုကို ကြားလိုက်ရ၏။

"ဟမ်၊ ဘယ်သူလဲ"

တိဟောကိထျန်း အံ့အားသင့်သွားသည်။

သူက ကမန်းကတန်း လှည့်ပတ်ကြည့်လိုက်သော်လည်း ခန်းမထဲတွင် မည်သူမျှမရှိပေ။

ဤသည်မှာ သူနေထိုင်ရာနေရာဖြစ်ပြီး မည်သူမျှ သူ့အမိန့်မပါဘဲ ဝင်ခွင့်မရှိပါ။

သို့ဆိုလျှင်၊ ဤအသံက...

တိဟောက်ထျန်း၏ အကြည့်က သူ့လက်ထဲရှိ အင်မော်တယ်ကျောက်ချပ်ပြား အပိုင်းအစအပေါ်သို့ ကျရောက်လာသည်။

"ဒီကလာတာလား"

"ဟုတ်တယ်၊ ငါပဲ"

အင်မော်တယ်ကျောက်ချပ်ပြားအတွင်းမှ အိုမင်းသော အသံတစ်တစ်ခု ထွက်ပေါ်လာ၏။

"ခင်ဗျားက..."

တိဟောက်ထျန်းက ဇဝေဇဝါဖြစ်သွားသည်။

အင်မော်တယ်ကျောက်ချပ်ပြား၏ အပိုင်းအစကို သူရရှိထားတာကြာပြီ။

ဤကျောက်ချပ်ပြား အပိုင်းအစအတွင်းမှ အသိစိတ်လှိုင်းများ တကယ်ထွက်လာနိုင်သလား။

"မင်းငါ့ကို ဝူလောင်လို့ ခေါ်လို့ရတယ်"

အိုးမင်းသော အသံက ပြောလိုက်သည်။

"ခင်ဗျားက ကျုပ်ကို ဒီရွှေခေတ်မှာ ပြန်မွေးဖွားခွင့်ပေးလိုက်သူလား"

တိဟောက်ထျန်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"ဟားဟားဟား"

အဘိုးအိုက ဘာမှပြန်မပြောဘဲ ရယ်မောပြီး အသိစိတ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။

"မင်း အများကြီးသိနေဖို့ မလိုပါဘူး၊ ငါ မင်းကို ရွေးချယ်ခဲ့တယ် ဆိုတာကို သိထားရင်ရပြီ"

"မင်းကို ဒီရွှေခေတ်ရဲ့ အရှင်သခင်ဖြစ်လာအောင် ငါကူညီပေးနိုင်တယ်"

'တကယ်ပဲ ဘာတွေဖြစ်နေတာလဲ'

တိဟောက်ထျန်း နားမလည်တော့ပေ။

ထိုအသိစိတ်လှိုင်းက အင်မော်တယ်ကျောက်ချပ်ပြား၏ အပိုင်းအစအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

သူ့ကိုလည်း အရွေးခံရသည်ဟု ပြော၏။

သို့သော်လည်း တိဟောက်ထျန်းက နက်နဲသော အကြံအစည်ရှိသူဖြစ်သောကြောင့် ဤအဘိုးအိုပြောသောစကားကို အလွယ်တကူ ယုံရန် မဖြစ်နိုင်ပေ။

မူလက အင်မော်တယ်ကျောက်ချပ်ပြား အပိုင်းအစနှင့် ပြန်လည်မွေးဖွားခြင်းတို့သည် သူတစ်ယောက်တည်းပိုင်သော လျှို့ဝှက်ချက်များဖြစ်သည်ဟု ထင်ခဲ့သည်။

ရလဒ်အနေဖြင့်၊ ယခုတော့ ဤအဘိုးအိုက အရာအားလုံးကို စီစဉ်နေပုံပင်။

"မင်းငါ့ကိုမယုံသေးဘူးထင်တယ်၊ ဒီလိုဆိုရင် ငါ မင်းကိုလက်ဆောင်အရင်ပေးလိုက်မယ်"

"တစ်ခု မင်းသိထားရမှာက ငါ့မှာ မင်းကို ရန်လိုတဲ့စိတ်မရှိဘူး"

ဝူလောင်၏ စကားသံအဆုံးတွင် များပြားသော အချက်အလက်များက တိဟောက်ထျန်း၏ စိတ်ထဲကို တိုက်ရိုက် စိမ့်ဝင်သွားသည်။

တိဟောက်ထျန်း၏ မျက်လုံးများက တောက်ပသွား၏။ အံ့အားသင့်မှုတို့လည်း ပေါ်လာတော့သည်။

"ဒါက အင်မော်တယ်ကျမ်းတစ်ခုပဲ၊ နောက်ပြီးတော့ အင်မတန် ရှေးကျတဲ့ ကျမ်းတစ်ခုဖြစ်ပုံရတယ်။ သူ့ရဲ့တန်ဖိုးက စိတ်ကူးမယဉ်နိုင်ဘူး"

တိဟောက်ထျန်း အလွန် အံ့အားသင့်သွားသည်။

အနှီဝူလောင်က မည်သို့သော တည်ရှိမှုမျိုး ဖြစ်သနည်း။

All Chapters