← Chapters

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အခန်း ၁၃၁၉

Vol. 88 Ch. 1319

အခန်း ( ၁၃၁၉ ) ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံအသစ်။

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်လှုပ်သွား၏။

အင်မော်တယ်အင်အားစုအားလုံးမှ လူများက စူးစမ်းရန် ရောက်လာကြတော့သည်။

ဟွင်းထျန်းအင်မော်တယ်နယ်မြေကြီးမှ သတင်းက ပျံ့နှံ့နေပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်က သူ၏ အထောက်အထားကို ဖုံးကွယ်ပြီး မေ့ပျောက်ခြင်းမြေသို့ ဝင်ရောက်ကာ အကျိုးကျေးဇူးအားလုံးကို ရရှိခဲ့ပေသည်။

လူတစ်ယောက်၏ စွမ်းအားကြောင့် အင်မော်တယ်ခုံရုံးတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှစ်ခြမ်းကွဲသွား၏။

ချီယိုမျိုးရိုးကလည်း ထွက်ခွာသွားခဲ့ပြီ။

သူက တိဟောက်ထျန်းကိုပင် အလွယ်တကူ အနိုင်ယူပြီး ရှေးခေတ်အင်မော်တယ်ခုံရုံး၏ တပ်ဖွဲ့ဝင်တစ်စုကိုလည်း ရယူခဲ့သည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နောက်ဆုံးမင်းသမီး ယွမ်ချယ်ပင်လျှင် သူ့ကို အလွန်နှစ်သက်နေပေသည်။

ထိုသို့သော အမှုမျိုးက အံ့ဖွယ်သရဲ ဖြစ်သည်။

ထို့ကြောင့် အရပ်ရပ်မှ ကြည့်ရှုသူများကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့ပေသည်

"ဟားဟားဟား၊ ရှောင်ယောက်... မင်းက မျှော်လင့်ထားသလိုပဲ။ ဒီတစ်ခါတော့ ငါတကယ်စိတ်သက်သာရာရပြီ"

ကျွင်းကျန်းထျန်းက ထွက်လာပြီး ရယ်မောလိုက်သည်။

"ရှောင်ယောက်က တကယ်ကို ငါတို့ရဲ့မျှော်လင့်ချက်အတိုင်း ရှင်သန်ခဲ့တာပဲ"

ဘိုး‌ဘေးဆယ့်ရှစ်၊ ဘိုးဘေးဆယ့်ခြောက်နှင့် အခြားသူများကလည်း ကျွင်းရှောင်ယောက်ကို ကြိုဆိုရန် ကိုယ်တိုင်ထွက်လာခဲ့လေသည်။

သူ့မိခင် ကျန်းရို့ကတော့ ရှေ့ဆုံးမှ ဖြစ်သည်။။

"ရှောင်ယောက်..."

လော့ရှန်းလင်ကလည်း တည်ငြိမ်စွာပြုံးရင်း ပေါ်လာလေ၏။

ကျွင်းလင်းလုံ၊ ကျွင်းရင်အာ၊ ဝူမင်ယွဲ့၊ စုဇီချုံနှင့် နာလန်လော်ရှီးတို့ မိန်းကလေးများလည်း ရှိသည်။

ကျွင်းလုံခန်း၊ ကျွင်းမော့ရှောင်နှင့် အခြားသူများ အပါအဝင် သူ၏ နောက်လိုက်များမှာတော့ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီတွင် လေ့ကျင့်နေဆဲဖြစ်ကာ ပြန်မရောက်လာကြသေးပေ။

"နတ်ဘုရားသားတော်က ငါတို့မျိုးဆက်အတွက် စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ။ သူက တိဟောက်ထျန်းကိုတောင် အလွယ်တကူ ချေမှုန်းခဲ့တယ်"

"‌ဒါပဲလေ၊ အရင်က တိဟောက်ထျန်းနဲ့ ငါတို့ရဲ့ နတ်ဘုရားသားတော်ကို နှိုင်းယှဉ်သူတွေ အမြဲရှိခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ တိဟောက်ထျန်းဆိုတာ နတ်ဘုရားသားတော်အတွက် စာဖွဲ့စရာတောင်မလိုဘူး"

ကျွင်းမိသားစုမှ လူငယ်တော်တော်များများလည်း ပေါ်လာကြပြီး စိတ်လှုပ်ရှားခြင်း၊ ဂုဏ်ယူဝံ့ကြွားခြင်းတို့ဖြင့် ပြောဆိုလိုက်ကြသည်။

၎င်းက ရှေးခေတ်အင်မော်တယ်ခုံရုံးတွင် ထိပ်တန်းမကောင်းဆိုးရွားဖြစ်သော်လည်း သူ့ကို ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး အနိုင်ယူခဲ့သည်။

နောက်ပိုင်းကတော့ အတိတ်ကို ပြန်အောက်မေ့ရန် ရိုးရှင်းသော စားသောက်ပွဲတစ်ခု ကျင်းပခြင်းပင်။

"ရှောင်ယောက်၊ မင်းက ချီတစ်ခုကို သန့်စင်ခြင်းသုံးခုပြောင်းလဲခြင်းကျင့်စဉ်ကို လေ့ကျင့်တာက ဝူဟွေ့ထက်တောင် သာတယ်"

"အစက မင်းအသတ်ခံရတယ်လို့ ငါတကယ်ထင်ခဲ့တာ" ဘိုးဘေးဆယ့်ရှစ်က ပြုံးလျက် ပြောလိုက်သည်။

ချီတစ်ခုကို သန့်စင်ခြင်းသုံးခုပြောင်းလဲခြင်းကျင့်စဉ်က အစွမ်းထက်ပြီး ကောင်းကင်ကို ဆန့်ကျင်နေသော်လည်း လေ့ကျင့်ရန် အလွန်ခက်ခဲသည်။

ထို့ပြင်၊ အစပိုင်းမှာ မူလခန္ဓာနှင့်တူညီသော အစွမ်းထက် ကိုယ်ပွားနှစ်ခုကို လေ့ကျင့်ရန် မဖြစ်နိုင်ပေ။

ယခင်က ကျွင်းဝူဟွေ့သည်ပင် အဆင့်ဆင့် တဖြည်းဖြည်းသာ လေ့ကျင့်ခဲ့ရသည်။

"ဒါက ကျွန်တော်ရဲ့ ရုပ်ခန္ဓာကြောင့် ဖြစ်နိုင်ပေမဲ့ အဖေ့ထက် သာလွန်တယ်လို့ပြောရင်တော့ စောလွန်းပါသေးတယ်"

ကျွင်းရှောင်ယောက်က နှိမ့်ချပြီး ပြောလိုက်သည်။

သူက သူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်သာ ကျွင်းဝူဟွေ့ထက် ပိုမြန်ခြင်း ဖြစ်သည်။

ထို့ပြင်၊ ကျွင်းဝူဟွေ့က ချီတစ်ခုကိုသန့်စင်ခြင်းသုံးခုပြောင်းကျင့်စဉ်အား ပြီးပြည့်စုံသွားပြီ။

သူ၏ ကိုယ်ပွားတစ်ခုက ချီရှောင်းဘုရင်ကို သတ်နိုင်ခဲ့ပြီး အန္တိမကပ်ဘေးကြီးကိုပင် ရင်ဆိုင်နိုင်ခဲ့သည်။

ကျွင်းဝူဟွေ့၏ စွမ်းအားအစစ်အမှန်က မှန်းဆ၍မရဘဲ ကျွင်းရှောင်ယောက်သည်ပင် မသိသေးပေ။

ထို့ပြင်၊ ထိုစဉ်က ကျွင်းဝူဟွေ့သည် တာအိုကို သက်သေမပြရသေးပါ။

တာအိုကို သက်သေပြပြီး ခန္ဓာသုံးခုကို တစ်ခုတည်းအဖြစ်‌ ပေါင်းလိုက်ပါက မည်မျှအစွမ်းထက်လာမည်ကို တွေးကြည့်ရန်ပင် ခက်ခဲသည်။

"ဝူဟွေ့မှာ သူ့ကိုယ်ပိုင် အစီအစဉ်တွေပါတယ်။ ဒါပေမဲ့ အင်မော်တယ်သတ်ဓားဟာ အရင်က အဆုံးမဲ့ကြယ်ကောင်းကင်ကိုဖြတ်ပြီး လူယုတ်မာတစ်စုကို ဟန့်တားပေးခဲ့တယ်"

ဘိုးဘေးဆယ့်ခြောက်က ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

မမှားပေ။

ကျွင်းဝူဟွေ့ဟာ အခြေခံအားဖြင့် သူ့ဘေးတွင် ကြာကြာ မနေခဲ့ဖူးပါ။

သို့သော်လည်း ကျွင်းဝူဟွေ့၏ ဖခင်မေတ္တာကို သူ သိသာစွာ ခံစားရသည်။

သူက ကျွင်းရှောင်ယောက်၏ တိုးတက်မှုကို အမြဲအာရုံစိုက်နေခဲ့ပေသည်။

"မင်းနဲ့ ဝူဟွေ့ကြားမှာ တစ်ခုတည်းသော ခြားနားချက်က အချိန်ပါပဲ"

"ဝူဟွေ့သာ တာအိုကိုသက်သေပြပြီးရင် နောက်ထပ် ကောင်းကင်စွန့်ခွာဧကရာဇ်ကြီး ဖြစ်လာနိုင်ပြီး မိသားစုရဲ့ကံကြမ္မာကို တစ်ဖန် တိုးတက်စေနိုင်လိမ့်မယ်"

"ဒါပေမဲ့ မင်းကတော့ တာအိုကိုသက်သေပြပြီးတဲ့ခါ ကမ္ဘာကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို လုံးဝပြောင်းလဲပစ်နိုင်လိမ့်မယ်"

ဘိုးဘေးဆယ့်ရှစ်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဒီစကားတွေက ကျွန်တော်နဲ့ မထိုက်တန်ပါဘူး။ ကျွန်တော်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က မိသားစုကို ကာကွယ်ပြီး ကျွန်တော်ပတ်ဝန်းကျင်က အားလုံးကို လုံခြုံအောင် ထားဖို့ပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ့တွင် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက် မရှိပါ။

အမြင့်မားဆုံး တည်ရှိမှုဖြစ်လာရန် သူ၏ပန်းတိုင်ကလည်း ပြောင်းလဲမည် မဟုတ်ပေ။

အမှန်တကယ် သန်မာသူသာလျှင် သူတို့ပတ်ဝန်းကျင်ရှိလူတိုင်းကို အကာအကွယ်ပေးနိုင်သည်။

စားသောက်ပွဲအပြီးတွင်...

ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ ဘိုးဘွားခန်းမ နက်နဲရာသို့ ရောက်လာသည်။

မူလက ဤနေရာသည် ကျွင်းမိသားစု၏ ဘိုးဘေးများအား အိပ်စက်ရာနေရာ ဖြစ်သည်။

ယေဘူယျအားဖြင့် ကျွင်းမိသားစုမှ အဖွဲ့ဝင်အများစုက ဝင်ခွင့်အရည်အချင်းမပြည့်မီပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ ဤနေရာမှာပင် လေ့ကျင့်နိုင်သည်။

ကျွင်းရှောင်ယောက်က ယခုအခါ ကျွင်းမိသားစု၏ ရတနာတစ်ပါး ဖြစ်နေပြီ။

ဘိုးဘွားခန်းမ၏ နက်နဲရာအရပ်မှ စွမ်းအင်ပြည့်ဝသော နေရာတစ်ခုတွင် ဖြစ်သည်။

ဝတ်စုံဖြူဝတ် လူငယ်တစ်ယောက်က သူ့ပတ်ဝန်းကျင်မှ ကစဉ့်ကလျားစွမ်းအင်များကို စုပ်ယူကာ လေ့ကျင့်နေသည်။

သူ့ဘေးမှာလည်း ရှေးဟောင်း ကစဉ့်ကလျားသစ်ပင်ကြီးတစ်ပင် ရှိသေးသည်။

ဒါက ကျွင်းရှောင်ယောက်၏ ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

သူ့ဘေးမှာလည်း နတ်သူငယ်မ‌လေးကဲ့သို့ လှပသော လော့လီလေးတစ်ယောက် ရှိသေးသည်။

သူမ၏ ငွေရောင်ဆံပင်များက ကြယ်များကဲ့သို့ တောက်ပနေပြီး သူမ၏အသားအရေကလည်း ဖြူဖွေးနုဖက်နေသည်။

ကျောက်စိမ်းဖြင့် ထွင်းထုထားသကဲ့သို့ လှပသော မျက်နှာက နူးညံ့သိမ်မွေ့ပြီး မျက်လုံးဝိုင်းဝိုင်းလေးကမူ ဖန်နှင့် ကျောက်မျက်များကဲ့သို့ ကြည်လင်နေသည်။

ထိုကြွေရုပ်လေးပမာ လှပသော‌ ကောင်မလေးက သဘာဝအတိုင်း ရှောင်ချမ်ရွယ်ပင်။

သူက နိုးနေပြီ ဖြစ်သည်။

သို့သော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါး၏ ဧကရာဇ်တစ်ပိုင်း လူသတ်သမားများကို သတ်ဖြတ်ခဲ့သည့် အကြောင်းရာများကို မမှတ်မိတော့ပေ။

သူ့အတွက် ဒါဟာ ပေါ့ပါးသော အိပ်မက်တစ်ခုကဲ့သို့ပင် ဖြစ်သည်။

ထိုအချိန်တွင်၊ မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း ကျွင်းရှောင်ယောက်က ဤနေရာသို့ ရောက်ရှိလာသည်။

"ဟင်၊ ဘယ်လိုဖြစ်တာလဲ"

ရှောင်ချမ်ရွယ်၏ မျက်လုံးလေးများက ပြူးကျယ်သွားသည်။

"ဖေဖေ နှစ်ယောက်လား"

သူမ၏ မျက်လုံးကြီးများက စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာလေသည်။

ကျွင်းရှောင်ယောက်က ရှေ့သို့တိုးလာပြီး ရှောင်ချမ်ရွယ်၏ ဦးခေါင်းထိပ်ကို ညင်သာစွာပွတ်လိုက်သည်။

ရှောင်ချမ်ရွယ်က အလွန်သန်မာသော ခံစားနိုင်စွမ်းရှိပြီး သူ့ရှေ့မှ လူငယ်ကလည်း ကျွင်းရှောင်ယောက်ဖြစ်ကြောင်း ခံစားနိုင်ပေသည်။

ထို့နောက် မြင့်မြတ်ခန္ဓာကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာကို ကြည့်လိုက်သည်။

ကစဉ့်ကလျားခန္ဓာ ကျွင်းရှောင်ယောက်က ပြောလာသည်။

"တိဟောက်ထျန်းရဲ့ အင်အားက ငါထင်ထားတာထက် ပိုအားနည်းနေပုံရတယ်"

"ငါစောစောကသိခဲ့ရင် ငါ့ကစဉ့်ကလျားခန္ဓာကိုပဲ စမ်းသပ်ဖို့ သုံးခဲ့လိမ့်မယ်"

မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းနှင့် ကစဉ့်ကလျားခန္ဓာတို့တွင် ကိုယ်ပွားနှင့် မူလခန္ဓာဟု ကွာခြားမှုမရှိပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ခန္ဓာနှစ်ခုက တိုက်ခိုက်မည်ဆိုလျှင်...

မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းက အသာစီးရနိုင်သည်။

သို့သော်လည်း ဒါက အသာစီးရရုံပင်။

ကစဉ့်ကလျားခန္ဓာ၏ ကြံ့ခိုင်မှုမှာလည်း ထိပ်တန်းဖြစ်သည်။

တာအိုနှင့် စွမ်းရည်ပိုင်းတွင် ၎င်းက မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းထက် အနည်းငယ် အားနည်းနေရုံပင်။

"ကိစ္စမရှိပါဘူး၊ အနာဂတ်မှာ အခွင့်အလမ်းတွေ အများကြီးရှိလိမ့်မယ်"

မြင့်မြတ်ခန္ဓာ ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကာလအတွင်းမှာ ငါလည်း အလကားမဖြစ်ခဲ့ပါဘူး။ ရှေးဟောင်း ကစဉ့်ကလျားသစ်ပင်ရဲ့ ကစဉ့်ကလျားအနှစ်သာရကို စုပ်ယူပြီးတော့ ကစဉ့်ကလျားခန္ဓာရဲ့ ရူပါရုံအသစ်ကို နားလည်လာခဲ့တယ်"

ကစဉ့်ကလျားခန္ဓာ ကျွင်းရှောင်ယောက်က ပြောလိုက်၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာတွင် ရူပါရုံခြောက်ခု ရှိသည်။

ကစဉ့်ကလျားခန္ဓာက ကစဉ့်ကလျားကောင်းကင်ကိုဖွင့်ခြင်း ရူပါရုံတစ်ခုတည်း မဖြစ်နိုင်ပေ။

ရှေးဟောင်း ကစဉ့်ကလျားသစ်ပင်၏ စွမ်းအင်ကို စုပ်ယူပြီးနောက်၊ ကစဉ့်ကလျားခန္ဓာ ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံအသစ်ကို နားလည်လာခဲ့သည်။

"အမှန်ပါပဲ၊ ငါ ဘာလို့ ဒီလိုမစဉ်းစားမိပါလိမ့်... ငါတို့အချင်းချင်းလည်း တိုက်ခိုက်လို့ရတာပဲ။ ဒီလိုဆိုရင် တိဟောက်ထျန်းကို တိုက်ခိုက်တာထက် အများကြီး ပိုထိရောက်လိမ့်မယ်"

ကျွင်းရှောင်ယောက် ခန္ဓာနှစ်ခုစလုံးက ရယ်မောလိုက်ကြသည်။

အမှန်မှာ၊ ၎င်းတို့က တစ်ဦးတည်းဖြစ်သောကြောင့် ၎င်းတို့ကြားတွင် ဆက်သွယ်ရန် စကားလုံးများ မလိုအပ်ပါ။

အတွေးတစ်ခုဖြင့် စိတ်က နားလည်နိုင်သည်။

သို့သော် စကားပြောဆိုခြင်းက ဓလေ့တစ်ခု ဖြစ်ပေသည်။

"ရူပါရုံအသစ်ကို ထုတ်ဖော်အသုံးပြုဖို့ အချိန်တန်ပြီ"

ကစဉ့်ကလျားခန္ဓာ ကျွင်းရှောင်ယောက်က ကောင်းကင်သို့ ထိုးတက်သွားသည်။ ကစဉ့်ကလျားစွမ်းအင်က လေထဲတွင်ပြည့်ပြီး ပုံရိပ်များ ပေါ်လာကြ၏။

မိုးပြာနဂါး၊ ကျားဖြူ၊ မီးငှက်၊ လိပ်နက်၊ ချီလင်၊ ခွန်ပန် စသည်ဖြင့်...

ကစဉ့်ကလျားက လမ်းပေါင်း မရေမတွက်နိုင်အောင် ဖြစ်စေနိုင်သည်။

ဤသည်မှာ ကစဉ့်ကလျားခန္ဓာမှ သိရှိနားလည်ထားသော ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံအသစ် 'နတ်ဘုရားတစ်သောင်း'ပင်။

"စိတ်ဝင်စားစရာ... စိတ်ဝင်စားစရာပဲ"

မြင့်မြတ်ခန္ဓကျွင်းရှောင်ယောက်ကလည်း လှုပ်ရှားလိုက်သည်။ မိုးမြေဆန်းကျယ်တံခါး ထွက်လာသည်နှင့်တံပြိုင်နက် ကြီးကျယ်ခမ်းနားသော အရှိန်အဝါက ရှေးတောင်တန်းကဲ့သို့ ဖိချလိုက်၏။

မိုးနှင့်မြေ၏ဆန်းကျယ်တံခါးနှင့် နတ်ဘုရားတစ်သောင်း...

အသန်မာဆုံး တာအိုခန္ဓာနှစ်ခု၏ အစွမ်းထက်ဆုံး ရူပါရုံနှစ်ခုက အတူတကွ တိုက်မိသွားကြသည်။

"အာ၊ ဖေဖေနှစ်ယောက် တိုက်ခိုက်နေကြတယ်။ ချမ်ရွယ်က ဘယ်သူ့ကို အားပေးရတော့မှာလဲ"

ရှောင်ချမ်ရွယ်က စိတ်လှုပ်ရှားလာ၏။

ဒါက ပျော်ရွှင်မှု နှစ်ဆတိုးခြင်း၏ ဒုက္ခပင် ဖြစ်သည်။

"ဒါပေမဲ့ ဖေဖေက ဖေဖေပါပဲ။ ဖေဖေ... ကြိုးစား"

ရှောင်ချမ်ရွယ်က လက်သီးလေးဆုပ်ကာ အော်ဟစ်လိုက်လေသည်။

All Chapters