အခန်း ၁၃၂၀
Vol. 88 Ch. 1320
အခန်း ( ၁၃၂၀ ) ကောင်းကင်ကို ဆန့်ကျင်နေသော ကျင့်စဉ် စွမ်းရည်။
ကစဉ့်ကလျားခန္ဓာ၏ ရူပါရုံအသစ် နတ်ဘုရားတစ်သောင်းက အလွန်ကြောက်စရာကောင်းသည်ဟု ဆိုရမည်။
လှုပ်ရှားမှုတိုင်းတွင် လမ်းစဉ်တစ်သောင်းက လိုက်ပါနေပြီး နတ်ဘုရား အမျိုးမျိုးတို့က ဟိန်းဟောက်နေကြသည်။
ဟုတ်ပေသည်၊ မိုးနှင့်မြေ၏ ဆန်းကျယ်တံခါးကလည်း အလွန်အစွမ်းထက်ပြီး ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ရူပါရုံခြောက်ခုအနက် အဓိကဗဟို ဖြစ်သည်။
လူနှစ်ယောက်က ယှဉ်ပြိုင်သောအခါ နတ်ဘုရင်နှစ်ပါး ထိပ်တိုက်တွေ့ဆုံသကဲ့သို့ပင်...
ထိုသို့သော အတက်အကျများက ပါရမီရှင်များကြားမှ တိုက်ပွဲများထက် များစွာ ပိုကြောက်စရာကောင်းသည်။
ကျွင်းရှောင်ယောက်ပြောတာက မမှားပေ။
တိဟောက်ထျန်းနှင့် ယှဉ်ပြိုင်မည့်အစား...
သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်ခြင်းဖြင့် အကျိုးသက်ရောက်မှုက ပိုကောင်းနိုင်သည်။
ထိုစကားကို တိဟောက်ထျန်းကြားရပါက မျက်ရည်မကျဘဲ ငိုကြွေးမလား မပြောတတ်ပေ။
သူ့ကို ဓားသွေးကျောက်အဖြစ် အသုံးပြုရန်ပင် ကျွင်းရှောင်ယောက်က မထီမဲ့မြင်ပြုထားသည်။
ဤတိုက်ပွဲက အချိန်ခဏလေးဖြစ်ပြီး မကြာလိုက်ပေ။
နောက်ဆုံးတွင် ဒါက သာမန် ဆွေးနွေးမှုတစ်ခုသာ ဖြစ်သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်ပေ။
ရလဒ်အနေဖြင့် သားရေဖြစ်ခဲ့သည်။
အဆုံးတွင်၊ ခန္ဓာကိုယ်နှစ်ခုက မီးတောင်ပေါက်ကွဲသကဲ့သို့ အချင်းချင်း တိုက်မိသွားသည်။
တောက်ပသော အလင်းများ၊ မြင့်မြတ်ခန္ဓာ၏စွမ်းအင်နှင့် ကစဉ့်ကလျားစွမ်းအင်တို့က ရောနှောပြီး ပေါင်းစပ်သွား၏။
နောက်ဆုံးမှာတော့ တောက်ပသော အလင်းရောင်များကြားတွင် အဖြူရောင်ဝတ်စုံဝတ် ကျွင်းရှောင်ယောက် တစ်ဦးတည်း ထွက်ပေါ်လာတော့သည်။
သူ၏ အရှိန်အဝါကလည်း အလွန်အားကောင်းသည်။
"ဟင်၊ ဖေဖေနှစ်ယောက်က ဖေဖေတစ်ယောက်တည်း ဖြစ်သွားပြန်ပြီ"
ရှောင်ချမ်ရွယ်က သူ၏ လက်ချောင်းလေးကိုကိုက်ပြီး တအံ့တဩ ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်လေသည်။ သူ့ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့စွမ်းအင်များ တက်လာသည်ကို ခံစားရသည်။
သန့်စင်သောကိုယ်ပွားသုံးခုကို တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများကို နောက်ဆုံးတွင် သူနားလည်ခဲ့ပြီ။
ကိုယ်ပွားသုံးခုသည် အမှီအခိုကင်းစွာ လေ့ကျင့်နိုင်သော်လည်း သူတို့၏နားလည်မှုက အတူတူပင် ဖြစ်သည်။
ဥပမာအားဖြင့် မေ့ပျောက်ခြင်းမြေတွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အဆင့်အထိ ဖြတ်သွားခဲ့ပြီး သူ၏အရည်အချင်းများသည်လည်း ထာဝရကွဲလွဲမှုများ၏ဘုရင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအခါ ကစဉ့်ကလျားခန္ဓာကလည်း ထာဝရသဲအဆင့် ရှေးဦးဝိညာဉ်နှင့် ထာဝရကွဲလွဲမှုများ၏ဘုရင် အရည်အချင်းများကို သဘာဝအတိုင်း ပိုင်ဆိုင်ခဲ့ပေသည်။
တစ်နည်းဆိုရသော် ကိုယ်ပွားသုံးခုက သီးခြားစီ လေ့ကျင့်နိုင်သည်။
သို့သော်လည်း ကျင့်ကြံမှု၏ ရလဒ်ကို မျှဝေနိုင်ပေသည်။
ဒါက တစ်ချိန်တည်းမှာ လူသုံးယောက်က လေ့ကျင့်နေခြင်းနှင့် ညီမျှသည်။
ကျွင်းရှောင်ယောက်အတွက်တော့ ၎င်းက ထာဝရကွဲလွဲမှုများ၏ဘုရင်အဆင့် လူသုံးဦးက တစ်ချိန်တည်း လေ့ကျင့်နေသလိုပင်။
ဟုတ်သည်၊ ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က ကိုယ်ပွားနှစ်ခုကိုသာ လေ့ကျင့်နိုင်သေးသည်။
သို့သော်လည်း ဒါက အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောက်က သိသွားသည်။
သူ့အဖေ ကျွင်းဝူဟွေ့က အဘယ်ကြောင့် ဤမျှမြန်ဆန်စွာ လေ့ကျင့်နိုင်သနည်း။
အကြောင်းမှာ ကိုယ်ပွားသုံးခုကို တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုကြောင့်လည်းဖြစ်သည်။
ဒါက ချီတစ်ခုကို သန့်စင်ခြင်းသုံးခုပြောင်းလဲခြင်းကျင့်စဉ်၏ အကျိုးကျေးဇူးကြောင့် ဖြစ်သည်။
"ဒီလိုဆိုရင် ပိုပြီး လွယ်ကူလာလိမ့်မယ်။ ငါကိုယ်တိုင် တစ်ခုခုလုပ်ရမယ်ဆိုရင်တောင် ခန္ဓာတစ်ခုကို အသုံးချဖို့ပဲလိုတယ်"
"အခြားကိုယ်ခန္ဓာက လေ့ကျင့်မှုအပေါ် အာရုံစိုက်နေပြီး အမျိုးမျိုးသော ကျင့်ကြံမှုဆိုင်ရာ ထိုးထွင်းသိမြင်မှုနဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်တယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ယခုအချိန်မှာတော့ သူက ခန္ဓာကိုယ်နှစ်ခုကို ရိုးရိုးလေးသာ ပေါင်းစပ်စေသေးသည်။
အကယ်၍ စစ်မှန်သော ပါဝါပေါင်းစပ်မှုဖြစ်လျှင်...
ကျွင်းရှောင်ယောက်၏ ခွန်အားက ယခုထက် အများကြီး ပိုကြောက်စရာကောင်းလာနိုင်သည်။
ဒါကို ကျွင်းရှောင်ယောက်၏ ကြီးမားသော ဝှက်ဖဲအဖြစ် မှတ်ယူနိုင်ပေသည်။
"အနာဂတ်မှာ တိဟောက်ထျန်းထက် ပိုအစွမ်းထက်တဲ့သူတစ်ယောက် ပေါ်လာလိမ့်မယ်လို့ ငါ မျှော်လင့်တယ်၊ ဒါမှ ပျင်းစရာမကောင်းမှာ"
"ဒါပေမဲ့... ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေက လူတချို့နဲ့ ဧကရာဇ်သားတော်တွေက အင်မော်တယ်နယ်မြေကြီးရဲ့ ပါရမီရှင်တွေထက် အရည်အချင်းပိုရှိပုံရတယ်"
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးပါးအထက် တားမြစ်နယ်မြေအကြောင်းကို တွေးလိုက်မိသည်။
ကောင်းကင်ကိုးပါးအထက်မှ ထူးခြားသော ပတ်ဝန်းကျင်ကြောင့်...
တားမြစ်နယ်မြေရှိ မင်းသားငယ်များနှင့် ဧကရာဇ်သားတော်များ၏ ခွန်အားက အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များထက် များစွာ အားကောင်းသည်။
သို့မဟုတ်ပါက၊ အင်မော်တယ်နယ်မြေကြီးရှိ ပါရမီရှင်အချို့သည် ကောင်းကင်ကိုးပါးအထက်သို့သွားရန် စိတ်ကူးရှိမည် မဟုတ်ပေ။
ဥပမာအားဖြင့် ကျိချင်းရီ၊ ရှောင်ရှစ်ဟွမ်(ကျောက်ဧကရာဇ်လေး)၊ ဟွမ်နျဲ့တောက်နှင့် အခြားသူများအားလုံးကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ကျန်းလော့လီကိုပင် ကောင်းကင်ကိုးပါးအထက်က ခေါ်ဆောင်သွားပေသည်။
"အဲဒီကောင်မလေး အခု ဘယ်လိုနေမလဲ မသိဘူး"
ကျွင်းရှောင်ယောက်က အချိန်ယူပြီး ကောင်းကိုးပါးအထက်သို့သွားရန် စဉ်းစားလိုက်သည်။
ထို့ပြင် ကောင်းကင်ကိုးပါးအထက်ကို တစ်ကြိမ် သတိပေးခဲ့ဖူးသည် မဟုတ်လော။
သူအဲဒီကိုသွားလျှင်ပင် အရေးမကြီးဘူး မဟုတ်လား။
ဤအခိုက်အတန့်တွင် စနစ်၏ အသံက ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ကောင်းကင်ကိုးပါးအထက်မှာ လက်မှတ်ထိုးဝင်ပါ"
ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးသွား၏။
အခွင့်အရေးတစ်ခု ပေါ်လာပြန်ပြီ။
သို့သော်လည်း၊ ကျွင်းရှောင်ယောက်ဟာ ယခုအချိန်တွင် ကောင်းကင်ကိုးပါးအထက်သို့ မသွားနိုင်သေးပေ။
အကြောင်းမှာ၊ သူ့တွင် ပိုအရေးကြီးသော လုပ်စရာများ ရှိနေသောကြောင့် ဖြစ်သည်။
ကျွင်းဧကရာဇ်ခုံရုံးကို တည်ဆောက်ရမည်။
နောက်ပိုင်းတွင် ကျွင်းရှောင်ယောက်က ဘိုးဘွားခန်းမတွင် လေ့ကျင့်နေခဲ့သည်။
သူ့ခန္ဓာကိုယ်ကလည်း ကိုယ်ပွားနှစ်ခုအဖြစ် ပြန်လည် ပြောင်းလဲသွား၏။
ကစဉ့်ကလျားခန္ဓာက ထာဝရသဲအဆင့်ဝိညာဉ်ကို စုစည်းရန်အတွက် ကျွမ်းရှောင်မုံ့ထံမှရရှိသော ပုလဲများကို သန့်စင်သည်။
မြင့်မြတ်ခန္ဓာတာအိုသန္ဓေကမူ ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာ အကူအညီဖြင့် လေ့ကျင့်ပေသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏စွမ်းအင်ဖြင့် သူ့ခန္ဓာကိုယ်အတွင်း၌ မေယုကမ္ဘာများကို ဆက်လက်ဖွဲ့စည်းခဲ့သည်။
လူခန္ဓာတွင် ဆဲလ်ပေါင်း သန်းနှင့်ချီရှိသည်။
ကျွင်းရှောင်ယောက်က ယခုအချိန်ထိ မေယုကမ္ဘာသုံးထောင်ကိုသာ လေ့ကျင့်နိုင်သေးသည်။
ဒါက အလွန်ခက်ခဲမည်ဖြစ်သော်လည်း ပျက်စီးခြင်းဧကရာဇ်၏ ဓမ္မခန္ဓာဖြင့် ပို၍ လွယ်ကူလာသင့်သည်။
ဒါက ပြီးမြောက်မှုနှင့် ဝေးကွာသော်လည်း ဤအဆင့်တွင် အနည်းဆုံး နှစ်ဆတိုးခြင်းသည် ပြဿနာ မဟုတ်ပေ။
ပျက်စီးခြင်းဧကရာဇ်က မည်သို့သော ဖြစ်တည်မှုမျိုး ဖြစ်သနည်း။ သူ၏စွမ်းအားက ကျွင်းရှောင်ယောက်အတွက် အလွန်ကြီးမားသော အားဆေး ဖြစ်သည်။
ထို့ပြင် ကျွင်းရှောင်ယောက်က သတင်းတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပေသည်။
သုံးလအကြာတွင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၌ ကျွင်းဧကရာဇ်ခုံရုံးက ခမ်းနားသောပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး အင်အားစုအားလုံးကို ဖိတ်ကြားမည် ဖြစ်သည်။
ဤသတင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးတွင် ကြီးမားသော လှိုင်းလုံးကြီးများ ဖြစ်စေခဲ့ပေသည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ကျွင်းဧကရာဇ်ခုံရုံးရဲ့ တည်ရှိမှုကို အမှန်တကယ် ထုတ်ဖော်ပြတော့မှာလား"
"အရင်က ကျွင်းဧကရာဇ်ခုံရုံးကို ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အပျင်းပြေ ဖန်တီးခဲ့တဲ့ အရာတစ်ခုလို့ပဲ ထင်နေခဲ့တာ။ အခုကြည့်ရတာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ပဲ အစီအစဉ်တစ်ခုရှိနေပုံရတယ်"
"ငါတကယ်ကို စောင့်မျှော်နေမိတယ်။ ကျွင်းဧကရာဇ်ခုံရုံးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ"
"ကျွင်းမိသားစု၊ ကျန်းမိသားစုနဲ့ နောက်ကွယ်က အခြားအင်အားစုတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျွင်းဧကရာဇ်ခုံရုံးက ဘယ်တော့မှ နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငယ်ငယ်ရွယ်ရွယ်နဲ့ အင်မော်တယ်အင်အားစုတစ်ခုကို ဖန်တီးမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။ ဒါက ရိုးရိုးရှင်းရှင်း တွေးကြည့်လို့တောင် မရဘူး"
"အမှန်ပဲ၊ အင်မော်တယ်အင်အားစုအားလုံးကို ဧကရာဇ်အဆင့် အကျော်အမော်တွေက တည်ဆောက်ခဲ့ကြတာ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကတော့ ကောင်းကင်အဓိပတိငယ်အဆင့်နဲ့ ဒီလိုအင်အားစုမျိုးကို ဖန်တီးနေပြီ။ ဒါက တကယ့်ကို ဒဏ္ဍာရီပါပဲ"
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်လျှောက်တွင် ဆွေးနွေးမှုများစွာ ရှိခဲ့သည်။
အားလုံးက ကျွင်းရှောင်ယောက် ဖန်တီးထားသည့် ကျွင်းဧကရာဇ်ခုံရုံးအကြောင်း သိချင်နေကြပေသည်။
ဟုတ်သည်၊ လူတိုင်းကတော့ ဒီလိုမဟုတ်ပါ။
မြင့်မြတ်ဝိညာဉ်မျိုးရိုးနှင့် ရှေးဟောင်းတော်ဝင်မိသားစုကဲ့သို့ အခြားအင်အားစုများက အေးစက်သောမျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။
"ဒီခေတ်မှာ အင်မော်တယ်အင်အားစုကို ဖန်တီးရတာ အရမ်းလွယ်ကူနေပြီလား"
"ပြန့်ကျဲနေတဲ့ စစ်သားအနည်းငယ်ကို ကောက်ယူပြီး အင်မော်တယ်အင်အားစုလို့ခေါ်ဖို့ ပေါင်းစည်းလိုက်ရုံပါပဲ"
"ကျွင်းဧကရာဇ်ခုံရုံးက ဘယ်လောက်ထိ သန်မာမယ်ဆိုတာ မသိရသေးဘူး။ ဒါပေမဲ့ ကျွင်းမိသားစုကိုပဲ အားကိုးနေရဦးမယ်ဆိုရင် အင်အားစုတည်ဆောက်တာက ဘာများထူးခြားဦးမှာလဲ"
၎င်းတို့က လှောင်ပြောင်ပြောဆိုခဲ့ကြသည်။
ကျွင်းရှောင်ယောက်က သူ့လမ်းခရီးတွင် ရှေးဟောင်း တော်ဝင်မိသားစုများစွာကို ရန်စမိခဲ့ပေသည်။
ထို့ပြင် ရှေးဟောင်းတော်ဝင်မိသားစုများက ကျွင်းရှောင်ယောက်အပြင် ကျွင်းမိသားစုကိုလည်း ရန်လိုခဲ့သည်။
သို့သော်လည်း မျောက်ကိုခြောက်ရန် ကြက်များကိုသတ်ဘိသကဲ့သို့၊ ကျွင်းမိသားစုက သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးကို ချေမှုန်းပြခဲ့၏။
ထိုမှသာ ရှေးဟောင်းတော်ဝင်မိသားစုက အနည်းငယ် ပို၍ ထိန်းထိန်းသိန်းသိန်း ရှိလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ကျွင်းဧကရာဇ်ခုံရုံး၏ ဖိတ်ကြားချက်က တုံ့ပြန်မှုအများအပြားရရှိနေဆဲပင်။
အင်အားများစွာမှ ကျင့်ကြံသူများဆိုလျှင် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ စတင်ထွက်ခွာနေပြီ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားပြီ။
ကျွင်းဧကရာဇ်ခုံရုံး၏ ခမ်းနားသော ဧည့်ခံပွဲအချိန် ကျရောက်လာခဲ့ပြီ ဖြစ်သည်။