အခန်း ၁၃၂၂
Vol. 89 Ch. 1322
အခန်း ( ၁၃၂၂ ) အထူးတာအိုခန္ဓာများဖြင့် ပါရမီရှင်များ။
"ဟုတ်တယ်၊ ဒါက သက်ရောက်မှုရှိတယ်"
ကျွင်းရှောင်ယောက်က တွေးနေမိသည်။
သူက ကျွင်းဧကရာဇ်ခုံရုံး၏ ပွဲတော်တွင် လူများက သူ့အပေါ် ပို၍ ယုံကြည်လေးစားလာစေရန် ပြုလုပ်နိုင်ပေသည်။
အမှန်တရား၏သားတော်ကို သတ်လိုက်ပြီးနောက် သူက ယုံကြည်ခြင်းသဘောကို ပို၍ နားလည်လာခဲ့သည်။
သူက ယုံကြည်ခြင်း၏စွမ်းအင်နှင့်ပတ်သက်သော စူးစမ်းရှာဖွေမှုအချို့ကိုလည်း ပြုလုပ်ခဲ့သေးသည်။
သူ့အတွက်တော့ ယုံကြည်မှုစွမ်းအား ပိုများလာလေ၊ ပိုကောင်းလေ ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤအရာက နတ်ဘုရားဓမ္မခန္ဓာ၏ ယုံကြည်ခြင်းအတွက် စွမ်းအင်ရင်းမြစ်တစ်ခုပင် မဟုတ်လော။
မနီးမဝေးတွင်၊ ဘိုးဘေးဆယ့်ရှစ်နှင့် အခြားသူများက အပြုံးမျက်နှာများဖြင့် လှမ်းကြည့်နေခဲ့ကြသည်။
"ရှောင်ယောက်ရဲ့ နည်းလမ်းတွေက တကယ်ကို အမြဲထူးခြားတယ်"
"ဒါက ကြီးမြတ်တဲ့ ဖြောင့်မတ်မှုအပြင် လူထုရဲ့ ထောက်ခံမှုကိုလည်း ရရှိနိုင်သေးတယ်။ တချို့လူတွေက ကျွင်းဧကရာဇ်ခုံရုံးကို ဖိနှိပ်ချင်ရင်တောင် သူတို့ရဲ့ဂုဏ်သိက္ခာကို ထည့်သွင်းစဉ်းစားရလိမ့်မယ်"
ကျွင်းရှောင်ယောက်မှ စကားအနည်းငယ်ပြောရုံဖြင့် ကျွင်းဧကရာဇ်ခုံရုံးသည် အင်မော်တယ်ခုံရုံးထက် ပို၍ တင့်တယ်ပြီး ဂုဏ်သိက္ခာကြီးမားသော ပုံရိပ်ကို ရရှိခဲ့သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်ကို ကြောင်သူတော်ဟု မည်သူမျှ မပြောနိုင်ပါ။
အကြောင်းမှာ၊ သူသည် ကျွင်းဧကရာဇ်ခုံရုံးကို တည်ထောင်ရခြင်းက အနာဂတ်တွင် အမှောင်ထုကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ချက်ရှိသောကြောင့်ဖြစ်သည်။
ထို့ပြင် သူ့စကားက လူတော်တော်များများကို သွေးများဆူပွက်လာစေခဲ့ပေသည်။
ချက်ချင်းဆိုသလိုပင် စိတ်အားထက်သန်သော ပါရမီရှင်အချို့က ပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။
"နတ်ဘုရားသားတော်၊ ကျွန်တော်က နတ်ဘုရားသားတော်ရဲ့ ဂုဏ်သတင်းကိုကြားပြီး လေးစားနေခဲ့တာကြာပါပြီ။ ဒါကြောင့် ဝေးကွာတဲ့ ကောင်းကင်နတ်ဆိုး အင်မော်တယ်နယ်မြေကြီးကနေ လာရောက်ခဲ့ရတာပါ။ ကျွန်တော်ကို ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ခွင့်ပြုပါ"
လူအုပ်ထဲတွင် ဆိုးသွမ်းသော အငွေ့အသက်တို့ဖြင့် ပြည့်နေသော လူတစ်ယောက် ပေါ်လာခဲ့သည်။
သူ့မျက်နှာမှာတော့ လေးစားမှု အပြည့်ရှိပေသည်။
သူက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ ကောင်းကင်နတ်ဆိုး အင်မော်တယ်နယ်မြေမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်နတ်ဆိုး အင်မော်တယ်နယ်မြေက မိစ္ဆာများ၊ သားရဲများ၊ ဝိညာဉ်များနှင့် အခြား မျိုးနွယ်ဝင်များအတွက် နိဗ္ဗာန်ဘုံပင်။
အဆုံးစွန်ရှေးဟောင်းလမ်းတွင်ရှိစဉ်က၊ ကျွင်းရှောင်ယောက်သည် ပိုးမင်းသမီးနှင့် အတူရှိနေသော ယောင်ယွဲ့ခုန်းအမည်ရှိ ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။
သူ့နောက်ခံက ကောင်းကင်နတ်ဆိုး အင်မော်တယ်နယ်မြေကြီးမှ အင်မော်တယ်အင်အားစုဖြစ်သော ကောင်းကင်နတ်ဆိုး ရှေးနန်းတော်သည်ပင်။
ထိုသူက ငယ်ရွယ်ပြီး အလွန်ဆုံးမှ နှစ်တစ်ထောင်ခန့်သာ ရှိသေးသော်လည်း အဓိပတိနယ်ပယ် ကျင့်ကြံမှု ရှိသည်။
သူက အသက်သုံးဆယ်ခန့်သာရှိသေးသော ကျွင်းရှောင်ယောက်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း...
ထောင်စုနှစ်များစွာ သို့မဟုတ် နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသည့် အဓိပတိများနှင့် နှိုင်းယှဉ်ပါက လူငယ်မျိုးဆက်ဟု ဆိုနိုင်သေးသည်။
"ဟမ်၊ သူက အသက် နှစ်တစ်ထောင်လောက်ပဲ ရှိသေးပုံရပေမဲ့ အဓိပတိနယ်ပယ် ကျင့်ကြံမှုရှိတယ်။ ဒါက သေချာပေါက် ရှားပါး ပါရမီရှင်တစ်ဦးပဲ"
"မဟုတ်သေးဘူး၊ အဲဒီ အငွေ့အသက်တွေက အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုများလား"
လူတချို့က ထူးခြားမှုကို သတိပြုမိသွားသည်။ လူငယ်၏ ခန္ဓာကိုယ်မှ အငွေ့အသက်များက လေထုကိုပင် လှုပ်ရှားစေနိုင်ပေသည်။
သူ့အနီးတစ်ဝိုက်တွင် ပန်းများနှင့် အပင်အချို့ပင် ညှိုးနွမ်းသွားရသည်။
ဒါက အလွန်ထူးဆန်းသည်။
"ဒါက ဒဏ္ဍာရီလာ ပျက်စီးခြင်း နတ်ဆိုးခန္ဓာ ဖြစ်နိုင်မလား။ အဲဒါကို အသက်သွင်းလိုက်တာနဲ့ ရှေးဟောင်းကြယ်စက်ဝိုင်းရဲ့ အနှစ်သာရကိုတောင် ဝါးမျိုပစ်ပြီး ပျက်စီးခြင်းနယ်မြေအဖြစ် ပြောင်းလဲစေနိုင်တယ်"
"ဒါဟာ တကယ့်ကို ပျက်စီးခြင်းနတ်ဆိုးခန္ဓာပဲ။ ဒါက တာအိုခန္ဓာသုံးထောင်မှာ ထိပ်တန်း တာအိုခန္ဓာငါးရာအတွင်း စာရင်းဝင်နိုင်တယ်"
"သူက အသက်တစ်ထောင်မပြည့်ခင်မှာ အဓိပတိနယ်ပယ်ကို ရောက်ရရှိနိုင်ခဲ့တာ အံ့ဩစရာမရှိပါဘူး။ သူ့မှာ ပျက်စီးခြင်းနတ်ဆိုးခန္ဓာရှိတယ်"
ထိုလူငယ်က ပျက်စီးခြင်းနတ်ဆိုးခန္ဓာဖြစ်ကြောင်း သိလိုက်ရပြီးနောက် လူအများ အံ့သြသွားကြလေသည်။
ဤပျက်စီးခြင်းနတ်ဆိုးခန္ဓာက တာအိုခန္ဓာများအနက် ထိပ်တန်းဆယ်ခု သို့မဟုတ် ထိပ်တန်း သုံးဆယ်တွင် မပါဝင်သော်လည်း...
ထိပ်တန်းငါးရာအတွင်း အဆင့်သတ်မှတ်နိုင်ခြင်းက အလွန်ရှားပါးနေပြီဟု ဆိုနိုင်သည်။
စင်စစ်တွင်၊ ကျယ်ပြောလှသော ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးမှာ သန်းပေါင်းများစွာသောလူများ ရှိသည်။
သို့ရာတွင် သူတို့ထဲမှ လူဘယ်လောက်များများက ထိပ်တန်း တာအိုခန္ဓာများရှိလို့လဲ။
"ပျက်စီးခြင်း နတ်ဆိုးခန္ဓာ၊ မင်းနာမည် ဘယ်လိုခေါ်လဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူက သမိုင်းတွင် အသန်မာဆုံး တာအိုခန္ဓာဖြစ်သည့် ဗလာနယ်ကံကြမ္မာ၊ ကစဉ့်ကလျားခန္ဓာ၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့အရိုးကဲ့သို့ ထိပ်သီးခန္ဓာများကို ပိုင်ဆိုင်ထားသော်လည်း...
ထိပ်တန်း ရာဂဏန်းအတွင်းမှ ဤတာအိုခန္ဓာကို လျှော့တွက်မည် မဟုတ်ပါ။
ပျက်စီးခြင်းနတ်ဆိုးခန္ဓာက သူ့အတွက် သာမန်မျှသာ ဖြစ်နိုင်သည်။
သို့သော်လည်း ဤတာအိုခန္ဓာမျိုးကို ပိုင်ဆိုင်ထားသူက ကျင့်ကြံသူ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို သာလွန်နေပြီ။
ကျွင်းရှောင်ယောက်က သူ့ကို စကားပြောနေကြောင်း မြင်လိုက်ရပြီးနောက် ထိုလူ တုန်လှုပ်သွားသည်။ ထို့နောက် သူ အလွန်စိတ်လှုပ်ရှားသွား၏။
"နတ်ဘုရားသားတော်... ကျွန်တော်နာမည်က ယောင်တောက်ကျောင်းပါ။ ကျွန်တော်က ကောင်းကင်နတ်ဆိုး အင်မော်တယ်နယ်မြေကြီးကနေ လာခဲ့တာ... နတ်ဘုရားသားတော်ရဲ့ ဂုဏ်သတင်းကို ရှေးယခင်ကတည်းက ကြားဖူးနေပြီး လေးစားတာကြောင့် နတ်ဘုရားသားတော်ရဲ့အင်အားစုနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်"
ယောင်တောက်ကျောင်း အမည်ရှိသော လူငယ်က ပါးနပ်သည်။
သူ့အရည်အချင်းဖြင့် ကျွင်းရှောင်ယောက်၏ နောက်လိုက်တစ်ယောက် ဖြစ်လာရန်က မလွယ်ပေ။
သူ့တွင် ပျက်စီးခြင်းနတ်ဆိုးခန္ဓာရှိလျှင်ပင် ခက်ခဲနေသေးသည်။
ထို့ကြောင့် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုက ခြေတစ်လှမ်းဆုတ်ကာ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ရန် ဖြစ်သည်။
"ဟုတ်ပြီ၊ သိပ်ကောင်းတယ်။ ငါ့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက တံခါးတွေကို ဖွင့်လှစ်ထားပြီး စိတ်ရင်းမှန်နဲ့ ပါဝင်ချင်တဲ့သူတိုင်းကို ငြင်းပယ်မှာမဟုတ်ဘူး"
"မျိုးနွယ်ပေါင်းစုံက သတ္တဝါအားလုံးမှာ အရည်အချင်းပြည့်မီတယ်ဆိုရင် ရှေးဟောင်းတော်ဝင်မျိုးနွယ်နဲ့ မြင့်မြတ်ဝိညာဉ်တွေဖြစ်ရင်တောင် စိတ်ရင်းမှန်နဲ့ ပါဝင်နေသမျှ ကာလပတ်လုံး ငါငြင်းပယ်မှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"နတ်ဘုရားသားတော်က တကယ်ကို သဘောထားကြီးတာပဲ"
"ပုံရိပ်ဆိုတာက ဘာလဲသိလား၊ ဒါမျိုးကို ပုံရိပ်လို့ခေါ်တာ"
“ရှေးတော်ဝင်မျိုးနွယ်နဲ့ မြင့်မြတ်ဝိညာဉ်မျိုးနွယ်တွေက နတ်ဘုရားသားတော်နဲ့ယှဉ်ရင် အဝေးကြီးပဲ"
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက လူအများ၏ နှလုံးသားကို စိတ်အားထက်သန်မှုတို့ဖြင့် တစ်ဖန် ပြည့်နှက်စေခဲ့သည်။
"နတ်ဘုရားသားတော်၊ ကျွန်မလည်း ကျွင်းဧကရာဇ်ခုံရုံးကို စိတ်ရင်းမှန်နဲ့ ပါဝင်ပြီး နတ်ဘုရားသားတော်ရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ပါဖို့ ဆန္ဒရှိပါတယ်"
ပိုးသားစကတ်ကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကလည်း ကြည်ညိုလေးစားမှုတို့ ပြည့်နှက်နေသော အမူအရာဖြင့် ထရပ်လိုက်သည်။
"အလို၊ ဒီထူးဆန်းတဲ့ အသွင်အပြင်က အသွင်ပြောင်းခြင်းခန္ဓာကိုယ်များလား"
"အသွင်ပြောင်းခြင်းခန္ဓာ စွမ်းအင်အားလုံးကို ပြောင်းလဲနိုင်သလို စွမ်းအင်အားလုံးကို စုပ်ယူနိုင်တယ်လို့ ဆိုကြတယ်။ အဲဒါက ခံစစ်ပိုင်းမှာလည်း အနှိုင်းမဲ့တဲ့ တာအိုခန္ဓာလို့ဆိုနိုင်သေးတယ်"
"ဒီတာအိုခန္ဓာကလည်း ရှားပါးတဲ့ ထိပ်တန်း တာအိုခန္ဓာငါးရာက တစ်ခုအပါအဝင်ပဲ"
ထိပ်တန်းငါးရာ စာရင်းတွင် ပါ၀င်သော ရှားပါး တာအိုခန္ဓာဖြင့် ပါရမီရှင်က ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်လိုသည်။
"ကောင်းတယ်၊ ငါ့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက မင်းလို ပါရမီရှင်တွေကို လိုအပ်တယ်"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်"
အသွင်ပြောင်းခြင်းခန္ဓာဖြင့် အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ကျွင်းရှောင်ယောက်ထံမှ ချီးမွမ်းမှု စကားတစ်ခွန်းကို ရရှိနိုင်ခြင်းသည် အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်တစ်မျိုး ဖြစ်ပုံရသည်။
"နတ်ဘုရားသားတော်၊ ကျွန်တော်လည်း ကျွင်းဧကရာဇ်ခုံရုံးကို ပါဝင်လိုပါတယ်"
ထိုအချိန်တွင် အခြားလူငယ်တစ်ယောက် ထွက်လာသည်။ သူ့ထံမှ သွေးစွန်းနေသော အငွေ့အသက်က အလွန်အားကောင်းသောကြောင့် ပတ်ဝန်းကျင်ရှိ လူများကိုပင် ဆုတ်ခွာသွားစေခဲ့ပေသည်။
"ဟမ်၊ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်လဲ။ ဒါက ဘယ်သူလဲ"
"သူ့ကို ငါသိပုံရတယ်။ သူက ဖရိုဖရဲကြယ်စက်ဝိုင်းရဲ့ သွေးမျှော်စင် နေရာဟောင်းမှာ နေထိုင်သူများလား"
"သူ့နာမည်က ရမ်ကျန့်လျိုလို့ခေါ်တယ်။ သူ့မှာ သွေးမိစ္ဆာမြင့်မြတ်ခန္ဓာရှိတယ်လေ။ ဖရိုဖရဲကြယ်စက်ဝိုင်းမှာ သူ့ကို ဖမ်းဆီးချင်တဲ့ အင်အားစုတွေ အများကြီးပဲ"
သွေးရောင်ဝတ်စုံဝတ် လူငယ်၏ အသွင်အပြင်က ချက်ချင်းပင် ဆွေးနွေးမှုများစွာ ဖြစ်ပေါ်လာစေခဲ့သည်။
အကြောင်းမူ၊ သူက ယခင် ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် အလွန်ကျော်ကြားသောကြောင့်ပင်။
သူက သူ့ဘဝ၏ အစောပိုင်းနှစ်များတွင် ကြီးစွာသောဒုက္ခများနှင့် ကြုံတွေ့ခဲ့ကာ ဖရိုဖရဲကြယ်စက်ဝိုင်းသို့ ထွက်ပြေးခဲ့ရသည်။ ထို့နောက်မှာတော့ သူက တစ်ယောက်တည်းနေခဲ့ပြီး နာမည်တစ်ခု တည်ဆောက်နိုင်ခဲ့ပေသည်။
အဆုံးတွင်၊ သူက မဟာပုဂ္ဂိုလ်များစွာကို အပြစ်ပြုမိခဲ့ပြီး အလိုရှိစာရင်းဝင်ခဲ့ရသည်။
သူက ငယ်ရွယ်သော်လည်း အတွေ့အကြုံကြွယ်ဝပေသည်။
အရေးကြီးဆုံးအချက်မှာ သူ၏ ကျင့်ကြံမှုက ကောင်းကင်အဓိပတိငယ်အဆင့်တွင် ရှိနေခြင်း ဖြစ်သည်။
ထို့ပြင် သူ့အသက်က ရာစုနှစ်အနည်းငယ်သာ ရှိသေးသည်။
"အလို၊ ထိပ်တန်း တာအိုခန္ဓာ တစ်ရာထဲက သွေးမိစ္ဆာမြင့်မြတ်ခန္ဓာပါလား။ ဒါက ပျက်စီးခြင်းနတ်ဆိုးခန္ဓာနဲ့ အသွင်ပြောင်းခြင်းခန္ဓာထက် အများကြီး ပိုပြီးသန်မာတယ်"
"သွေးမိစ္ဆာမြင့်မြတ်ခန္ဓာက သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ ပိုသင့်တော်တယ်။ များများသတ်လေလေ၊ သူ့ရဲ့ ကျင့်ကြံမှုက ပိုပြီးမြန်လာလေပဲ"
"မထင်မှတ်ပဲ၊ ထိပ်တန်း တာအိုခန္ဓာတစ်ရာအတွင်း စာရင်းဝင်သူကတောင် ကျွင်းဧကရာဇ်ခုံရုံးကို ပါဝင်ချင်နေတယ်"
လူများက ဆွေးနွေးပြောဆိုလိုက်ကြသည်။
"သွေးမိစ္ဆာမြင့်မြတ်ခန္ဓာလား"
ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့သြသွားလေသည်။
မြင့်မြတ်ခန္ဓာအမည်ကို ခံယူနိုင်သူများက တာအိုခန္ဓာသုံးထောင်၏ ထိပ်တန်းတစ်ရာ စာရင်းဝင်များ ဖြစ်ကြမည်မှာ သေချာသည်။
တိုက်ခိုက်ရေးမြင့်မြတ်ခန္ဓာ ရှင်းယွီရှန်းနှင့် သူ၏ နောက်လိုက်ဖြစ်သော ပြန်လည်ဝင်စားခြင်း မြင့်မြတ်ခန္ဓာ ဝမ့်ချွမ်တို့သည်လည်း ထိုကဲ့သို့ပင်။
ထို့ပြင် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာကလည်း မြင့်မြတ်ခန္ဓာတစ်ခု ဖြစ်သည်။
ဤကဲ့သို့သော မြင့်မြတ်ခန္ဓာတစ်ခုက ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်လိုမည်ဟု မမျှော်လင့်ထားပေ။
"ရပါတယ်၊ မင်းလို မြင့်မြတ်ခန္ဓာတစ်ခုက ပူးပေါင်းချင်ရင် ကြိုဆိုတယ်။ မင်း အရင်က ဖြစ်ပေါ်ခဲ့ရတဲ့ ဒုက္ခတွေကတော့ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ပြီးတာနဲ့ နောက်ထပ်ရှိတော့မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူ့စကားက ရမ်ကျန့်လျို၏ ဒုက္ခအားလုံးကို ဖယ်ရှားရန် လုံလောက်ပေသည်။
သူက အထူးတလည် လှုပ်ရှားစရာပင်မလိုဘဲ၊ ရမ်ကျန့်လျိုက ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်နေသမျှ ကာလပတ်လုံး သူ့ကို လိုက်လံဖမ်းဆီးလိုသူများမှာ သဘာဝအတိုင်း လက်လျှော့သွားရမည် ဖြစ်သည်။