← Chapters

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း ( ၁၃၂၃ ) မင်းသမီးယွမ်ချယ် ရောက်ရှိလာခြင်း။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်၊ ဒါပေမဲ့ ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိတယ်"

ရမ်ကျန့်လျိုက ကျွင်းရှောင်ယောက်ဆီသို့ အနည်းငယ် လက်ယှက်ပြလိုက်သည်။

"ဘယ်လို၊ မင်းက နောက်ထပ် တောင်းဆိုချင်သေးတာလား"

ရမ်ကျန့်လျို၏စကားကို ကြားသောအခါ လူတိုင်း အံ့သြသွားကြသည်။

ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်ခွင့်ရခြင်းက ဂုဏ်ယူစရာဖြစ်နေပြီ။

ရမ်ကျန့်လျိုက အခြေအနေတွေကို ထည့်သွင်းရဲသေးတာလား။

"ပြောပါ"

ကျွင်းရှောင်ယောက်က‌ ပြောလိုက်သည်။

“နတ်ဘုရားသားတော်ကို တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ဒါပေမဲ့ ဒါက ရန်စတာမဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင်နဲ့ နတ်ဘုရားသားတော်ကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာ သိချင်ရုံသက်သက်ပါ"

ရမ်ကျန့်လျိုက ကျွင်းရှောင်ယောက်နားလည်မှုလွဲမည်ကို စိုးရိမ်သကဲ့သို့ နောက်ထပ် ဆက်ပြောလိုက်လေသည်။

သူက ကျွင်းရှောင်ယောက်၏ပြိုင်ဘက် ဘယ်တော့မှမဖြစ်နိုင်မှန်း သူသိသည်။

ဒါက သူတို့ကြားမှ ခြားနားချက်ကို သိချင်ရုံပင်။

"ကောင်းပြီ၊ မင်းရဲ့တောင်းဆိုမှုကို ငါဖြည့်ဆည်းပေးမယ်"

ကျွင်းရှောင်ယောက်ကလည်း မငြင်းပယ်တော့ပေ။

ထိပ်တန်းတစ်ရာတွင် အဆင့်သတ်မှတ်ထားသော မြင့်မြတ်ခန္ဓာက တန်ဖိုးထားရန် ထိုက်တန်သည်။

"ဒီလိုဆိုရင် သင်ကြားပေးဖို့ နတ်ဘုရားသားတော်ကို တောင်းဆိုပါတယ်"

ရမ်ကျန့်လျိုက ပြောလိုက်သည်။ သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုအရှိန်အဝါဖြင့် သွေးစွမ်းအင်က ပေါက်ကွဲထွက်ပေါ်လာ၏။

ကောင်းကင်ကိုတောင် သွေးအလွှာများက လွှမ်းခြုံလာတော့သည်။

သူ၏ ကောင်းကင်အဓိပတိငယ် ကျင့်ကြံမှုအဆင့် ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ...

ဤဖိအားက လူတချို့ကို ချက်ချင်းပင် စိတ်မသက်မသာဖြစ်စေခဲ့သည်။

"သွေးမိစ္ဆာမြင့်မြတ်ခန္ဓာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ဒါက အင်မော်တယ်အင်အားစုတွေရဲ့ ထိပ်တန်းမျိုးဆက်အချို့ထက် ပိုပြီး အစွမ်းထက်တယ်"

"သူက မျိုးစေ့အဆင့် တည်ရှိမှုတွေနဲ့တောင် နှိုင်းယှဉ်နိုင်လောက်တယ်"

လူများစွာက မှတ်ချက်ပေးလိုက်ကြလေသည်။

သွေးမိစ္ဆာစွမ်းအားက တိမ်တိုက်များကို လွင့်စဉ်သွားစေခဲ့သည်။

ရမ်ကျန့်လျိုက သူ၏ သွေးမိစ္ဆာမြင့်မြတ်ခန္ဓာကို အကောင်းဆုံး အသုံးချနေပြီ။

ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ချိန်တွင် သူက အနည်းငယ်မျှ မပေါ့လျော့ဝံ့ပေ။

ထို့ကြောင့် တိုက်ပွဲစတင်သည်နှင့် အစွမ်းကုန် ထုတ်ဖော်ခဲ့သည်။

တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်က ငြိမ်သက်နေပြီး အနည်းငယ်မျှ မလှုပ်မရှားခဲ့ပေ။

ရမ်ကျန့်လျိုက တိုက်ခိုက်မှု ထုတ်ဖော်လိုက်သောအခါမှ သူ့လက်ကို ညင်သာစွာမြှောက်ပြီး လက်ညိုးညွှန်ပြလိုက်သည်။

သို့သော် ထိုလက်ချောင်းက ကစဉ့်ကလျားစွမ်းအင်များဖြင့် ရစ်ပတ်ထား၏။

ရမ်ကျန့်လျို၏ မျက်လုံးများက ပြူးကျယ်သွားသည်။

ရထားကို လက်ဗလာနှင့် ရင်ဆိုင်တွန်းမိသကဲ့သို့...

သူဟာ အနည်းငယ်မျှ မခုခံနိုင်ခဲ့ပေ။

"ဝုန်း"

ရမ်ကျန့်လျိုက ညည်းတွားပြီး မီတာတစ်ရာခန့်အထိ ဆုတ်သွားရသည်။ သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေတော့သည်။

တိတ်ဆိတ်သွားခဲ့သည်။

ထိပ်တန်းတစ်ရာ စာရင်းဝင် သွေးမိစ္ဆာမြင့်မြတ်ခန္ဓာကို ကျွင်းရှောင်ယောက်က လက်တစ်ချောင်းဖြင့် တွန်းထုတ်ခဲ့၏။

လူအများက အံ့ဩသွားကြလေသည်။

ကျွင်းရှောင်ယောက်ကတော့ တည်ငြိမ်သည်။

ယခုအခါ သူ၏ ခန္ဓာနှစ်ခုက တစ်သားတည်း ပေါင်းစပ်ခြင်းမရှိသေးသော်လည်း ခန္ဓာတစ်ခုတည်းထက် များစွာ ပိုအားကောင်းသေးသည်။

ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ သူတော်စင်ဆေးတစ်လုံးက ရမ်ကျန့်လျို၏ လက်ထဲသို့ ကျရောက်သွားသည်။

"ကျေးဇူးတင်ပါတယ် နတ်ဘုရားသားတော်၊ ကျုပ်က နတ်ဘုရားသားတော်နဲ့ ကျွင်းဧကရာဇ်ခုံရုံးအပေါ်မှာ ရိုးသားပြီး နတ်ဘုရားသားတော်အတွက် မီးနဲ့ရေကို ဖြတ်သန်းသွားဖို့ ဆန္ဒရှိပါတယ်"

ရမ်ကျန့်လျိုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ တိုက်ရိုက် ဒူးထောက်လိုက်သည်။

ကျွင်းရှောင်ယောက်က လွန်စွာ သက်ညှာပေးထားခြင်းဖြစ်ကြောင်း သူသိ၏။

သူ့ကို လူဘုံအလယ်မှာ အရမ်းအရှက်မရစေချင်ပေ။

မဟုတ်လျှင်၊ ကျွင်းရှောင်ယောက်၏အင်အားဖြင့် သူ့ကို လက်တစ်ချောင်းတည်းဖြင့်သတ်ရန် ခက်ခဲမည်မဟုတ်ပါ။

"ထပါ၊ မင်းက ကျွင်းဧကရာဇ်ခုံရုံးကို စိတ်ရင်းမှန်နဲ့ ပါဝင်လိုတဲ့အတွက်၊ မင်းဟာ ငါတို့ထဲက တစ်ယောက်ပဲ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"နတ်ဘုရားသားတော်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ..."

အသွင်ပြောင်းခြင်းခန္ဓာနှင့် အမျိုးသမီး၏ မျက်လုံးများက တောက်ပနေခဲ့သည်။

သွေးမိစ္ဆာမြင့်မြတ်ခန္ဓာက သူ့ထက် များစွာ သန်မာနေသော်လည်း ကျွင်းရှောင်ယောက်ကတော့ လက်တစ်ချောင်းဖြင့် အနိုင်ယူခဲ့သေးသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တိဟောက်ထျန်းကို တိုက်ခိုက်ခဲ့ချိန်ကထက် အများကြီး ပိုသန်မာလာတယ်လို့ ဘာဖြစ်လို့ ခံစားရတာလဲ"

တစ်ယောက်က သံသယဖြင့် မေးလိုက်သည်။

"မင်း မေ့နေပြီလား။ အဲဒီအချိန်တုန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဟာ ကိုယ်ပွားသုံးခုထဲက တစ်ခုပဲ။ လက်ရှိ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကတော့ အင်အားအပြည့် ဖြစ်သင့်တယ်"

"ငါနားလည်ပါပြီ၊ ကြည့်ရတာ တိဟောက်ထျန်းနဲ့ တိုက်ပွဲမှာ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သူ့ရဲ့ခွန်အားတစ်ဝက်လောက်ကိုပဲ အသုံးပြုခဲ့သင့်တယ်"

ထိုအကြောင်းကို တွေးမိသောအခါ ကျင့်ကြံသူများစွာတို့က တံတွေးတစ်လုပ်ကို မျိုချလိုက်မိသည်။

ကျွင်းရှောင်ယောက်ရဲ့ ခွန်အားက အကန့်အသတ်မဲ့ပဲလား။

ရမ်ကျန့်လျို၏ ပါဝင်မှုက ကျွင်းရှောင်ယောက်ကို အလွန်ကျေနပ်စေသည်။

လူသတ်ဘုရင်ကလည်း ရမ်ကျန့်လျိုကို အနည်းငယ် စိတ်ဝင်စားပေမည်။

နောက်ဆုံးတွင်၊ သူတို့အားလုံးက သတ်ဖြတ်ခြင်းလမ်းကို လိုက်စားနေကြသည်။

ထို့နောက် အခြားသော အရည်အချင်းရှိသူများလည်း ပါဝင်ခဲ့ကြလေသည်။

ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ချင်သော ပါရမီရှင်များက အများကြီးရှိသည်။

သူတို့အထဲတွင် အထူးတာအိုခန္ဓာရှိသူများလည်း အများကြီးရှိသေးသည်။

ဤမြင်ကွင်းက အားလုံးကို အံ့သြစေသည်။

အင်အားစုများအတွက် အလိုအပ်ဆုံးက မည်သို့သောအရာ ဖြစ်သနည်း။

သွေးသစ်လောင်းခြင်း ဖြစ်သည်။

ရမ်ကျန့်လျိုကဲ့သို့ ထူးချွန်ထက်မြက်သော လူငယ်များ၏ ပူးပေါင်းခြင်းက ကျွင်းဧကရာဇ်ခုံရုံးအတွက် အလွန်ကောင်းမွန်ပေသည်။

ဤပါရမီရှင်များက ကျွင်းဧကရာဇ်ခုံရုံး၏ အနာဂတ်မဏ္ဍိုင်များ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ လွှမ်းမိုးမှုကြောင့် သူတို့အားလုံး ပူးပေါင်းခဲ့ကြခြင်း ဖြစ်၏။

အနာဂတ်တွင် ပါရမီရှင်များက ကျွင်းဧကရာဇ်ခုံရုံးသို့ ပိုမိုဝင်ရောက်လာမည်မှာ သေချာသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ အလားအလာက စိတ်ကူးမယဉ်နိုင်တော့ပေ။

"ဒီနေ့မှာတော့ အေးအေးဆေးဆေး စားကြသောက်ကြပါ။

"ဒီနေ့ ညစာ စားကြ၊ သောက်ကြ။ မကြာခင်မှာ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဖွဲ့စည်းပုံကို ကြေညာပါ့မယ်"

ကျွင်းရှောင်ယောက်၏ စကားက လူတိုင်း၏ စိတ်ဝင်စားမှုကို မြင့်တက်စေသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ ဖွဲ့စည်းပုံက မည်သို့ရှိမည်နည်း။

အင်အားစုတစ်ခုက ပိုအားကောင်းလေလေ၊ အခြေအနေများ ပိုရှုပ်ထွေးလေလေပင်။

ဥပမာအားဖြင့်၊ တချိန်က အင်မော်တယ်ခုံရုံးသည် အင်မော်တယ်မျိုးရိုးကြီး ကိုးခုအဖြစ် ကွဲထွက်ခဲ့ရသည်။

အမှောင်ကမ္ဘာမှာလည်း မရဏခန်းမ ဆယ်ခုအဖြစ် ပိုင်းခြားထားသေးသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ ဖွဲ့စည်းပုံက မည်သို့ရှိမည်နည်း။

အားလုံးက စိတ်ဝင်စားနေခဲ့ကြသည်။

နောက်ပိုင်းမှာတော့ သဘာဝအတိုင်း ပျော်ပျော်ပါးပါး စားသောက်ပွဲကို ဆက်လက်ကျင်းပခဲ့ခြင်းပင်။

အင်အားစုကြီးများစွာ၏ ဧည့်သည်တော်များကလည်း ကျွင်းရှောင်ယောက်ကို ချီးကျုးဂုဏ်ပြုစကားများ ပြောဆိုကြသည်။

ကျွင်းရှောင်ယောက်က မျိုးဆက်သစ် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် အကြီးအကဲတစ်စု၏ လေးစားမှုဖြင့် ဆက်ဆံခံနေရပေပြီ။

အကြောင်းမှာ၊ ထိုအင်အားစုများ၏ ခေါင်းဆောင်အများအပြားက ကျွင်းဧကရာဇ်ခုံရုံးတွင် ပါဝင်လိုသောကြောင့် ဖြစ်သည်။

‌နောက်ဆုံးမှာတော့ ကပ်ဘေးများနှင့် ဖရိုဖရဲခေတ်က မဝေးနိုင်တော့ပေ။

ဤအင်အားစုများကို မဆိုထားဘိ၊ အင်မော်တယ်အင်အားစုများပင်လျှင် မုန်တိုင်းကြားမှာ ပျောက်ကွယ်သွားနိုင်သည်။

ထို့ကြောင့် ပေါင်လုံးကြီးကြီးကို ကြိုရှာထားရမည်။

မုန်တိုင်းတိုက်ခတ်သည့်အခါ အခိုင်မာဆုံးအပင်ကိုရှာပြီး တင်းတင်းကြပ်ကြပ်ဖက်ထားရန် လိုသည်။

ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်ခြင်းက ကျွင်းမိသားစုသို့ သွယ်ဝိုက်သောနည်းဖြင့် ပါဝင်ခြင်းနှင့် ညီမျှပေသည်။

ကျွင်းရှောင်ယောက်ကလည်း နှိမ့်ချမှု၊ မောက်မာမှုမရှိဘဲ အေးအေးဆေးဆေး စကားပြောခဲ့သည်။

ယင်းက အင်အားစုခေါင်းဆောင်များစွာ၏ မျက်နှာများကို ပို၍ပင် ပြုံးစေခဲ့ပေသည်။

လေထုက သက်တောင့်သက်သာရှိပြီး ပျော်ရွှင်စွာ စားသောက်နေချိန်...

လေထဲတွင် ကျောက်စိမ်းနဂါး မြင်းဖြူကိုးကောင်က ရုတ်တရက် ပေါ်လာပြီး လှပသော သလင်းကျောက်ရထားကို ဆွဲလာသည်။

ဘေးမှာလည်း ကောင်းကင်စစ်သည်များနှင့် တပ်မှူးများ ရှိနေသေးသည်။

"အဲဒါက... အင်မော်တယ်ခုံရုံးရဲ့ ကောင်းကင်စစ်သည်တွေနဲ့ တပ်မှူးတွေလား"

"မဟုတ်မှလွဲ၊ ဒါက သူများလား"

ပွဲတော်တစ်ခုလုံးမှ ဆူညံသံများ ရုတ်တရက် ရပ်တန့်သွားသည်။

"ရှောင်ယောက်၊ နင်က အင်အားစုတစ်ခု တည်ထောင်ပြီး ပွဲကြီးတစ်ခုကျင်းပတာတောင် ဘာလို့ ငါ့ကို မဖိတ်တာလဲ"

သလင်းကျောက်ရထားအတွင်းမှ ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရထားလုံးတံခါးက ပွင့်သွား၏။

ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။

သူမ၏ ပြိုင်စံရှားသော အသွင်အပြင်က တစ်ကမ္ဘာလုံးကို သူမ၏ နောက်ခံအဖြစ် ဖြစ်လာစေသည်။

သူ၏ ရှည်လျားသော အနက်ရောင်ဆံနွယ်များက ရေတံခွန်ကဲ့သို့ နောက်ဘက်တွင် ဖြန့်ချထား၏။

ကြည်လင်တောက်ပသော မျက်လုံးတစ်စုံက နေနှင့်လ၏ တောက်ပမှုကို ရောင်ပြန်ဟပ်နေပုံရသည်။

ထို့ပြင်၊ တမင်ထုတ်ဖော်ထားခြင်းမရှိသည့်တိုင် ဧကရာဇ်၏ သွေးမျိုးဆက်က သူ့အား မွန်မြတ်ပြီး တုနှိုင်းမရသည့် ကိုယ်ရောင်ကိုယ်ဝါတို့ကို ပေးစွမ်းနေသေးသည်။

သာမန်လူများအတွက် ဤသည်မှာ လက်လှမ်းမမီသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။

ထိုမိန်းကလေးက ယွမ်ချယ်မဟုတ်လျှင် မည်သူဖြစ်ဦးမည်နည်း။

"ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ နောက်ဆုံးမင်းသမီးပဲလား"

"ဒီနေ့မှာ သူပေါ်လာဖို့ မမျှော်လင့်ထားဘူး"

"ကျွတ်...ကျွတ်၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က စွမ်းနိုင်လွန်းတယ်"

"မဟုတ်တာတွေမပြောနဲ့၊ နတ်ဘုရားသားတော်က သစ္စာရှိပြီး လူကောင်းတစ်ယောက်"

ယွမ်ချယ် ရောက်ရှိလာခြင်းက ပွဲအခမ်းအနားအား သက်ဝင်စေခဲ့သည်။

သူမက အင်မော်တယ်ခုံရုံးဘက်မှဖြစ်သော်လည်း ကျွင်းရှောင်ယောက်နှင့် သူ့ကြားမှ ဇာတ်လမ်းများက ဟုတ်တာရော မဟုတ်တာများပါ ပျံ့နှံ့နေခဲ့တာကြာပြီ။

"မင်းသမီးက တံဆိပ်ကို ချိုးဖောက်ခါစဆိုတော့ ကိုင်တွယ်ဖြေရှင်းစရာတွေ အများကြီးရှိနိုင်တယ်လေ။ ဒါကြောင့်မို့ပဲ မင်းကို မဖိတ်တော့တာပါ။ မင်း ငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ယွမ်ချယ်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို တကယ်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နောက်ဆုံးတွင်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးနှင့် ဟွင်းထျန်းအင်မော်တယ်‌နယ်မြေကြီးကြားတွင် အကွာအဝေးတစ်ခု ရှိသည်။

"ရှောင်ယောက်ရယ်... နင်နဲ့ပတ်သက်နေသရွေ့တော့ အားလုံးက အသေးအဖွဲတွေပဲ။ လာကြစမ်း"

မင်းသမီးယွမ်ချယ်က ပြောလိုက်သည်။ ထို့နောက် လက်ခုပ်တစ်ချက်တီးလိုက်၏။

ကောင်းကင်စစ်သည်များနှင့် တပ်မှူးများက သိုလှောင်ခြင်းရတနာများအတွင်းမှ လက်ဆောင်မျိုးစုံကို ထုတ်ယူလာတော့သည်။

"အင်မော်တယ်ရင်းမြစ် တစ်သောင်း"

"အဓိပတိအဆင့် ရုပ်သေးငါးရာ"

"အဓိပတိလက်နက် တစ်ရာ"

"သူတော်စင်ဆေး ငါးရာ"

"အင်မော်တယ်ဆေး ဆယ်လုံး"

"လျှို့ဝှက်ပညာရပ် အုပ်ရေငါးဆယ်"

"ဧကရာဇ်အဆင့် ပညာရပ်နဲ့ မှတ်စု အုပ်ရေနှစ်ဆယ်"

"ပြီးပြည့်စုံတဲ့ အင်မော်တယ်ကျမ်း တစ်အုပ်"

All Chapters