← Chapters

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း ( ၁၃၂၄ ) ကျန်းစန်းယီ ရောက်လာပြီ။

တိတ်ဆိတ်သည်။

တစ်နေရာလုံး တိတ်ဆိတ်သွား၏။

ပွဲတစ်ခုလုံးနှင့် ဆူညံသံများ အားလုံး ပျောက်ကွယ်သွားပုံရသည်။

ရတနာများကိုကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်ကာ ခေါင်းထဲမှာလည်း မူးဝေနေကြတော့သည်။

ဤအရာအားလုံးက ကျွင်းဧကရာဇ်ခုံရုံးအတွက် လက်ဆောင်များ ဖြစ်သည်။

"ဘုရား...ဘုရား၊ ငါတို့က အင်မော်တယ်အရင်းမြစ်တစ်ခုကိုတောင် မနည်းကြံရပေမဲ့ သူကတော့ ပေါင်ချိန်နဲ့တောင် ပေးလိုက်တယ်"

"အဓိပတိအဆင့် ရုပ်သေးရုပ်ကလည်း ငါးရာတောင်ကွ။ အဓိပတိအဆင့်ဆိုတာက တော်ရုံအင်အားစုတစ်ခုမှာတောင် ဘိုးဘေးအဆင့် တည်ရှိမှုတစ်ခု ဖြစ်နိုင်တယ်"

"နောက်ပြီး သူတော်စင်ဆေး ငါးရာတဲ့၊ သူက လမ်းဘေးက ဂေါ်ဖီထုပ်တွေကို ပေးနေတယ်များ ထင်နေတာလား"

"ဒါတွေက ဘာဟုတ်သေးလို့လဲ၊ သူပေးလိုက်တဲ့ အင်မော်တယ်ကျမ်းကမှ အမိုက်ဆုံးပဲဟ"

"ပြီးပြည့်စုံတဲ့ အင်မော်တယ်ကျမ်းက အင်မော်တယ်အင်အားစုတွေအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုဖို့ လုံလောက်တယ်"

ထိုသို့သော လက်ဆောင်များကို မြင်လိုက်ရသူတိုင်း မျက်လုံးများ နီရဲသွားကြသည်။

သာမန်အင်အားစုများ၏ ခေါင်းဆောင်များကို မဆိုထားဘိ...

ရဲမိသားစုနှင့် ကျိမိသားစုကဲ့သို့ ရှေးမင်းမျိုးမင်းနွယ်အင်အားစုများ၏ ခေါင်းဆောင်များကပင် တအံ့တဩဖြင့် ကြည့်နေရတော့သည်။

ဤအရင်းအမြစ်များကို သူတို့က ထုတ်ပေးနိုင်သော်လည်း အလွန်နာကျင်ရမည် ဖြစ်သည်။

သို့သော်လည်း ယွမ်ချယ်က ဂရုမစိုက်ဘဲ တိုက်ရိုက်ပေးပို့ခဲ့ပေသည်။

"ချမ်းသာတဲ့မိန်းမ၊ လုံးဝကို ချမ်းသာတဲ့မိန်းမပဲ"

ကျင့်ကြံသူ အမျိုးသားများစွာက အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

သူက လှပသလောက် ကြွယ်ဝချမ်းသာသော သူဌေးမလေးတစ်ယောက် ဖြစ်၏။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် ဆွံ့အသွားမိသည်။

ယွမ်ချယ်သည် တုန်ဟွဧကရာဇ်၏ တစ်ဦးတည်းသောသမီးတော်ဖြစ်သောကြောင့် အရင်းအမြစ်များစွာကို ရရှိထားနိုင်ကြောင်း သူသိသည်။

သို့သော်လည်း ဒါက သူမျှော်လင့်ထားတာထက် ကျော်လွန်နေသေးသည်။

ယွမ်ချယ်၏ ကြွယ်ဝမှုနှင့် အရင်းအမြစ်များက သာမန် အင်မော်တယ်အင်အားစုများစွာထက် သာလွန်သည်ဟု ခန့်မှန်းရသည်။

"မင်းရဲ့ ကြင်နာမှု အတွက် ကျေးဇူးအများကြီးတင်ပါတယ် မင်းသမီး၊ ဒီလိုဆိုရင် ငါ မယဉ်ကျေးတော့ဘူး"

ကျွင်းရှောင်ယောက်က မငြင်းပယ်ပေ။ အခွင့်ကောင်းကို မဆုပ်ကိုင်ထားပါက မိုက်မဲရာကျမည်။

"တကယ်တော့လေ ရှောင်ယောက်... နင်ငါ့ကိုလက်ထပ်မယ်ဆိုရင် ငါတို့ရဲ့ ကျားအဆောင်က ပေါင်းစည်းသွားနိုင်တယ်၊ ပြီးတော့ ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်အားလုံးကို စုဆောင်းနိုင်လိမ့်မယ်"

"ဒါက အခုပေးနေတဲ့ လက်ဆောင်ထက် အဆပေါင်း ထောင်ချီ ပိုချမ်းသာတယ်လေ"

"ဒီနည်းနဲ့ဆိုရင် နင့်ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက ဘယ်လောက်တောင် အားကောင်းလာမလဲ မတွေးတတ်ဘူး"

ယွမ်ချယ်က လက်မလျှော့သေးပေ။

ယခုဆိုလျှင် သူက ကျွင်းရှောင်ယောက်ကို အိပ်မက်ကြောင့်ချည်း စိတ်ဝင်စားနေခြင်း မဟုတ်တော့ပါ။

ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် အထူးချွန်ဆုံး ပါရမီရှင် ဖြစ်သည်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ မင်းသမီးယွမ်ချယ်နှင့် ထိုက်တန်သောသူ တစ်စုံတစ်ယောက် ရှိမည်ဆိုပါက...

လူတိုင်းနီးပါးက ကျွင်းရှောင်ယောက်ဟု တညီတညွတ်တည်း ပြောကြလိမ့်မည်။

သူက အမှန်ပင် အလိုက်ဖက်ဆုံးသူ ဖြစ်သည်။

"ဒါ..."

ကျွင်းရှောင်ယောက်က ငြင်းဆိုရန် စကားလုံးစဉ်းစားလိုက်ချိန်...

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

"ယောက်ချီမြင့်မြတ်နယ်မြေက ဧည့်သည်တွေ ရောက်လာပါပြီ"

အားလုံး၏ မျက်လုံးအကြည့်များက ချက်ချင်း နေရာရွေ့သွား၏။

လေထဲတွင် ပန်းပွင့်များက လွင့်နေသည်။

နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော ရုပ်သွင်တစ်ခု ပေါ်လာ၏။

သူမ၏ ဆံပင်များက အဖြူရောင် တိမ်တိုက်များကဲ့သို့ လေထဲတွင် လွင့်နေ၏။

အဖြူရောင်ဆံချည်မျှဉ်တချို့ကမူ သူ၏ မျက်နှာရှေ့တွင် ဝဲကျနေသည်။

သူက လှပသောမျက်နှာသွင်ပြင်၊ အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်အချိုးအစားရှိပြီး အရပ်မြင့်မြင့်ဖြင့် နတ်သမီးတစ်ပါးကဲ့သို့ ချောမောလှပသည်။

သူမက ထျန်းရှန်တောင်ပေါ်တွင် ပွင့်လန်းနေသော နှင်းကြာပန်း သို့မဟုတ် ကောင်းကင်နန်းတော်တွင် ပွင့်လန်းနေသော နတ်ပန်းပွင့်ကဲ့သို့ပင်။

သူမ၏ ခြေဖဝါးများက ဖုန်မှုန်ကင်းစင်ကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အဖြူရောင်ကြာပန်းများ ပွင့်လန်းလာရသည်။

သူမ၏ လမ်းတစ်လျှောက်တွင် အဖြူရောင်ပန်းများက ပျံ့လွင့်နေခဲ့လေသည်။

ထိုသို့သော ကိုယ်ရောင်ကိုယ်ဝါ၊ လှပမှုတို့နှင့် အမှန်တကယ်ပင် သေမျိုးလောကထဲသို့ ဆင်းသက်လာသော နတ်သမီးလေးကဲ့သို့ပင် ဖြစ်သည်။

ရောက်လာကြသော ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြလေသည်။

မင်းသမီးယွမ်ချယ် ပေါ်လာသောအခါ၊ သူမက ကမ္ဘာကြီးကို နောက်ခံထားပြီး အားလုံးကို အံ့အားသင့်စေခဲ့သည်။

သို့သော်လည်း ယခုပေါ်လာသော နှင်းဖြူဝတ်စုံဝတ် အမျိုးသမီး၏ အသွင်အပြင်ကိုတော့ ယွမ်ချယ်က လုံးဝ မထိခိုက်စေနိုင်ပေ။

ထိုအမျိုးသမီးကို မြင်လိုက်ရပြီးနောက် ကျွင်းရှောင်ယောက်က အလိုအလျောက် ပြုံးလိုက်မိသည်။

မည်မျှပင် ဝေးဝေး ရွက်လွှင့်နေသော သင်္ဘောတစ်စီးဖြစ်ပါစေ...

နောက်ဆုံးမှာတော့ ပြန်သွားရမည့် နွေးထွေးသောဆိပ်ကမ်းတစ်ခု ရှိလိမ့်မည်။

"လက်ဆောင်အတွက် မင်းသမီးယွမ်ချယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ငါ့ရှောင်ယောက်ကိုယ်စား လက်ဆောင်အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်"

နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားသော ဤအမျိုးသမီးက သဘာဝအတိုင်း မတွေ့ရတာကြာပြီဖြစ်သော ကျန်းစန်းယီပင်။

သူမ၏ မျက်လုံးများက ဆောင်းဦးရေစက်ကဲ့သို့ ကြည်လင်သည်။ ရှည်လျားသော မျက်တောင်ကော့များရှိပြီး အနီရဲရဲ ပတ္တမြားသဖွယ် နှုတ်ခမ်းအစုံ ရှိ၏။

ယခုအချိန်မှာတော့ သူမက အလွန်တည်ငြိမ်နေသည်။

ကျွင်းရှောင်ယောက်ကို သူမကိုလက်ထပ်စေချင်နေသော မိန်းကလေးကို မြင်ရသော်လည်း ကျန်းစန်းယီ၏ အမူအရာက မပြောင်းလဲသွားပေ။

သူမ၏စိတ်က ကြည်လင်သော သူ့မျက်လုံးများကဲ့သို့ပင် ငြိမ်သက်နေသည်။

"နင်က ကျန်းစန်းယီလား"

ကျန်းစန်းယီကို မြင်လိုက်ရပြီးနောက် မင်းသမီးယွမ်ချယ်၏ မျက်လုံးများက အံ့အားသင့်မှုတို့ ပေါ်လာသည်။

ကျန်းစန်းယီ၏စကားကို သူ သတိထားမိ၏။

ငါ့ရှောင်ယောက်...

ဒါက အချုပ်အခြာအာဏာကို ကြေငြာလိုက်တာလား။

ဤကာလအတွင်း၌ မင်းသမီးယွမ်ချယ်သည် ကျွင်းရှောင်ယောက်အကြောင်းကို သဘာဝအတိုင်း စုံစမ်းထားခဲ့သည်။

ဥပမာအားဖြင့် ကျွင်းရှောင်ယောက်နှင့် ပတ်သက်မှုရှိနေသော အမျိုးသမီးများ...

ကျန်းစန်းယီက အရေးအကြီးဆုံးသူများထဲမှ တစ်ယောက်ဖြစ်မည်မှာ သေချာသည်။

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် စတင် ပေါ်ထွန်းလာချိန်ကတည်းက...

ကျန်းစန်းယီမှာ ကျွင်းရှောင်ယောက်၏ဘေးတွင် ရှိနေပြီ။

သူက ရှားပါးသော သန္တောစွမ်းအင်တာအိုသန္ဓေကိုလည်း ပိုင်ဆိုင်ထားသည်

ယခင်ကတော့ ယွမ်ချယ်ဟာ သူ့ကို သိပ်အလေးအနက်မထားပေ။

နောက်ဆုံးတွင်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၌ သူမနှင့် နှိုင်းယှဉ်နိုင်သည့် အမျိုးသမီးက အလွန်နည်းပါးသည်။

တစ်ဖက်လူက မည်သူမည်ဝါဖြစ်ပါစေ၊ ရုပ်ရည်သွင်ပြင်အရ သူသည် ထိပ်တန်းအဆင့် တည်ရှိမှုဖြစ်သည်မှာ သေချာသည်။

ယခုမူကား ကျန်းစန်းယီကို တွေ့လိုက်ရပြီးနောက် ယွမ်ချယ်ပင် အနည်းငယ် အံ့သြသွားမိသည်။

အမျိုးသမီးများအတွက် အရေးကြီးဆုံး ဆွေးနွေးမှုမှာ ကျင့်ကြံမှုအခြေခံ မဟုတ်ပေ။

ရုပ်ရည် အသွင်အပြင် ဖြစ်သည်။

သူ့ရှေ့မှ နှင်းဖြူဝတ်စုံ ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်နှင့် အမျိုးသမီးက အသွင်အပြင်အရ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ထိပ်တန်းအဆင့် ရှိနေသည်မှာ သေချာသည်။

သို့သော်လည်း အရေးကြီးဆုံးအရာက သူ၏ ရုပ်ရည်အသွင်အပြင် မဟုတ်ပါ။

တာအိုနှင့် ပံ့တင်ထပ်နေပြီး နောက်အခိုက်တွင် ကောင်းကင်သို့ ပျံတက်သွားတော့မည်ကဲ့သို့ နတ်သမီးတစ်ပါး၏ စိတ်နေစိတ်ထား ဖြစ်သည်။

ဟုတ်ပေသည်၊ ဒါက သန္တောစွမ်းအင်တာအိုသန္ဓေ၏ သဘာဝနှင့် လိုက်လျောညီထွေဖြစ်သော ကိုယ်ရောင်ကိုယ်ဝါမျိုး ဖြစ်သည်။

"မင်းသမီးယွမ်ချယ်က ရှောင်ယောက်ရဲ့ပွဲကို ကိုယ်တိုင် တက်ရောက်လာပေးတာကို စန်းယီက ကြိုဆိုပါတယ်"

ကျန်းစန်းယီက ချိုသာစွာပြုံးရင်း အပြစ်အနာအဆာကင်း၍ နုဖက်နေသော လက်တစ်ဖက်ကို ကမ်းပေးလိုက်သည်။

မင်းသမီးယွမ်ချယ်က အနည်းငယ် အံ့ဩသွား၏။

ရိုးရိုးသားသားပြောရလျှင် သူက အမျိုးမျိုးသော အခြေအနေများကို တွေးနေမိသည်။

ပုံမှန်အားဖြင့် ကျန်းစန်းယီသည် စိတ်ဆိုးခြင်း၊ သဝန်တိုခြင်း သို့မဟုတ် ကျွင်းရှောင်ယောက်ကိုပင် စိတ်ကောက်နိုင်သည်။

သို့သော်လည်း တစ်ခုကိုမျှမလုပ်ပေ။

သူက သူမ၏ လက်တစ်ဖက်ကိုပင် ဆန့်ထုတ်ပေးထားသည်။

ယွမ်ချယ်လည်း သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူက အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။

ဒါက နောက်ခံ ခွန်အားတို့နှင့် မသက်ဆိုင်ပေ။

ထိုအစား ကျွင်းရှောင်ယောက်ကို လိုက်စားရာတွင် သူ၏ အဓိကပြိုင်ဘက်ကဲ့သို့ ခံစားမိခြင်း ဖြစ်သည်။

ဤမြင်ကွင်းကြောင့် အမျိုးသားကျင့်ကြံသူတချို့မှာ မနာလိုဖြစ်သွားကြလေသည်။

ကျန်းစန်းယီနှင့် မင်းသမီးယွမ်ချယ်တို့က ခေါင်းဆောင်အဆင့် မိန်းမလှလေးများ ဖြစ်ကြသည်။

သူတို့တစ်ဦးစီက နတ်သမီးများကဲ့သို့ လှပသည့်အပြင် အလွန်ထူးချွန်ကြ၏။

ယခုမူကား သွေးအေးတိုက်ပွဲတစ်ခုကို တိတ်တဆိတ် ဆင်နွှဲနေကြပြီ။

တိုက်ပွဲ၏အလယ်ဗဟိုတွင်ရှိသော ကျွင်းရှောင်ယောက်က တိတ်ဆိတ်နေခဲ့သည်။

တစ်ဖက်တွင်၊ ကျန်းစန်းယီက ယောက်ချီမြင့်မြတ်နယ်မြေမှ ထွက်ခွာပြီး ကျွင်းဧကရာဇ်ခုံရုံး၏ အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် အလွန်ပျော်ရွှင်လေသည်။

တစ်ဖက်မှာတော့ ယွမ်ချယ်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

ဒါက သူ့ကို အနည်းငယ် စိတ်အိုက်စေခဲ့ပေသည်။

"ကြည့်ကြစမ်း၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ကို အားကိုးရာမဲ့တဲ့ အရိပ်အယောင်တွေ ပြနေတယ်"

"အေးဟ၊ တိဟောက်ထျန်းကို ရင်ဆိုင်ရရင်တောင် နတ်ဘုရားသားတော်ရဲ့ မျက်နှာအမူအရာက လုံးဝ ပြောင်းလဲမသွားခဲ့ဘူး"

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူရဲကောင်းတွေတောင် မိန်းမလှလေးတွေရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ခက်ခဲတယ်"

လူများစွာက အပျော်သဘောဖြင့် ပြောဆိုလိုက်ကြသည်။

ကျွင်းရှောင်ယောက်က တိဟောက်ထျန်းကို ရင်ဆိုင်ခဲ့ပြီး အန္တိမကပ်ဘေးကြီးကဲ့သို့ ခက်ခဲသော အရာများကိုပင် ကျော်ဖြတ်နိုင်သည်။

သို့သော်လည်း သူ့အမူအရာက မပြောင်းလဲဘဲ ကောင်းကင်ပြိုကျလျှင်ပင် ရင်ဆိုင်နိုင်သေးသည်။

သူ အကြောက်ဆုံးအရာက ဤသို့သော သွေးအေးတိုက်ပွဲမျိုး ဖြစ်သည်။

သို့ပေသော်ငြား၊ ယခုအချိန်တွင် ကျန်းလော့လီ မရှိသည့်အတွက် သူ တစ်မျိုးတစ်ဖုံ ဝမ်းသာမိလေသည်။ ကျန်းလော့လီက ကောင်းကင်ကိုးပါးအထက်တွင် ရှိနေဆဲဖြစ်ပြီး ပြန်မရောက်လာသေးပေ။

မဟုတ်လျှင်၊ ကျန်းလော့လီ၏ စိတ်ဆတ်သော အကျင့်စရိုက်ဖြင့် ယွမ်ချယ်နှင့် တိုက်ခိုက်မည်မှာ‌ သေချာသည်။

All Chapters