← Chapters

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း ( ၁၃၂၈ ) အင်အားကြီးသော စစ်ရေးဌာနနှင့် တရားစီရင်ရေးဌာန။

ကျွင်းဧကရာဇ်ခုံရုံး၏ သန့်စင်ခြင်းဌာနနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးဌာနတို့ တစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက် လူတိုင်း တုန်လှုပ်သွားကြသည်။

သို့သော်လည်း ဒါက အဆုံးသတ်နှင့် ဝေးကွာသေးသည်။

တကယ့် တုန်လှုပ်ချောက်ချားမှုက မလာသေးပါ။

"စစ်ရေးဌာနက ဘယ်မှာလဲ"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

"ဝုန်း"

ကြေးနန်းတော်တစ်ခုက ကောင်းကင်တွင် တိတ်တဆိတ် ထွက်ပေါ်လာ၏။

"ဒါက ကြေးအင်မော်တယ်နန်းတော်ပဲ"

"အင်မော်တယ်နယ်မြေကြီးရဲ့ အံ့ဖွယ်ခုနစ်ပါးထဲက တစ်ခုက ကျွင်းဧကရာဇ်ခုံရုံးရဲ့ အခြေခံတစ်ခုဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

ရောက်ရှိလာသော ဧည့်သည်များက ကြေးအင်မော်တယ်နန်းတော်နှင့် မရင်းနှီးသူများမဟုတ်ပေ။

ယခုတော့‌ ကြေးအင်မော်တယ်နန်းတော်ဟာ ကျွင်းဧကရာဇ်ခုံရုံး၏ အခြေခံတစ်ခု ဖြစ်လုနီးပါးပင် ဖြစ်သည်။

‌ကြေးအင်မော်တယ်နန်းတော်၏ အတွင်းပိုင်းက ကမ္ဘာငယ်လေးတစ်ခုကဲ့သို့ဖြစ်ပြီး အလွန်ကျယ်ဝန်းပေသည်။

ကျိုးလီပန်းချီကားကဲ့သို့ပင်၊ ၎င်းကို သိုလှောင်ခြင်းမှော်ရတနာအဖြစ် အသုံးပြုနိုင်ပြီး စစ်သည်များနှင့် မြင်းများစွာကို ထည့်သွင်းထားနိုင်သည်။

တကယ်တမ်းတွင်၊ ကြေးအင်မော်တယ်နန်းတော်၏ အတွင်းပိုင်းနေရာက ကျိုးလီပန်းချီကားထက်ပင် ပိုကျယ်သေးသည်။

ထို့နောက် လူရိပ်များစွာတို့ ထွက်ပေါ်လာသည်။

ခေါင်းဆောင်များမှာ မျက်ကန်းအဘိုးကြီး၊ ဖန့်ရှို့နျန်း၊ ဒုက္ခိတနှင့် ကြက်တူရွေးတို့ပင်။

သူတို့က ကြေးအင်မော်တယ်နန်းတော်၏ အုပ်ထိန်းသူများ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကြေးအင်မော်တယ်နန်းတော်ကို ပထမဆုံး ဖြတ်ကျော်ခဲ့ချိန်တွင်...

သူတို့၏ ကျင့်ကြံမှုက နတ်ဖန်ဆင်းခြင်းအဓိပတိအဆင့် ဖြစ်သည်။

ယခုအခါ၊ သူတို့အားလုံးက ပျက်စီးခြင်းတာအိုသခင်အဆင့်သို့ ချိုးဖြတ်သွားပြီ။

ပျက်စီးခြင်းတာအိုသခင်အဆင့်ကို ဖြတ်ကျော်ရန်က မလွယ်ကူသော်လည်း...

သူတို့၏ နှစ်ပေါင်းများစွာ ဉာဏ်အလင်းစုဆောင်းမှုနှင့် ကျွင်းမိသားစုမှ အရင်းအမြစ်မျိုးစုံ၏ အကူအညီဖြင့် သဘာဝအတိုင်း အောင်မြင်မှုများ ရရှိခဲ့ကြသည်။

သူတို့အပြင် အခြား ရှန်းကုမျိုးနွယ်များ၏ ခေါင်းဆောင်များလည်း ရှိသေးသည်။

ဥပမာအားဖြင့်၊ ရှန်းကုကမ္ဘာရှိ အဓိကမျိုးနွယ်စုလေးခုဖြစ်သော နဂါးမျိုးနွယ်၊ မျက်စိသုံးလုံး သူတော်စင် မျိုးနွယ်၊ ရှေးဟောင်းမှော်မျိုးနွယ်နှင့် ဗျူတီမျိုးနွယ်တို့ ဖြစ်၏။

သူတို့အပြင် အခြား ရှန်းကုမျိုးနွယ်များစွာလည်း ရှိသေးသည်။

အရေအတွက်က များပြား လွန်းလှသည်။

ဤသည်က ကျွင်းဧကရာဇ်ခုံရုံး၏ စစ်အင်အားပင်။

ထို့နောက် လှပပြီး ဆွဲဆောင်မှုရှိသော လူရိပ်တစ်ခု ပေါ်လာသည်။

သူက မြွေလူသားမျိုးနွယ်စု၏ ဘုရင်မ မီဒူဇာ ဖြစ်၏။

ပိလင်သည်လည်း ဘုရင်မမီဒူဇာ၏နောက်မှ လိုက်ပါလာသည်။

မြွေလူသားမျိုးနွယ်က ရှေးဟောင်းမျိုးနွယ်စု မဟုတ်ပေ။

အဆုံးစွန်ရှေးဟောင်းလမ်းတွင် တွေ့ဆုံခဲ့သည့် မျိုးနွယ်စုတစ်ခုသာ ဖြစ်သည်။

နောက်ပိုင်းတွင် မြွေလူသားမျိုးနွယ်စုတစ်ခုလုံးကို ကျွင်းဧကရာဇ်ခုံရုံးသို့ ထည့်သွင်းခဲ့ပြီး ကျွင်းဧကရာဇ်ခုံရုံး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့သည်။

ထို့ပြင်၊ ရှေးယခင်က ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်လာခဲ့သည့် ပျက်စီးခြင်း‌ကောင်းကင် အင်မော်တယ်နယ်မြေကြီးမှ အင်အားစုတချို့ ရှိသေးသည်။

ဥပမာအားဖြင့် ပန်ဝူနတ်ဘုရားမင်းဆက်၊ မဟာရှန်မင်းဆက် စသည်တို့ ဖြစ်သည်။

"ကျွင်းဧကရာဇ်ခုံရုံးရဲ့ စစ်ရေးဌာနက မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

"ဒါက ထိပ်တန်း အင်မော်တယ်အင်အားစုတွေနဲ့ ယှဉ်လို့မရပေမဲ့ အများကြီး နိမ့်ကျတာ မဟုတ်တော့ဘူး"

လူတော်တော်များများက ဆွေးနွေးလိုက်ကြသည်။

သို့သော်...

ဒါက ကျွင်းဧကရာဇ်ခုံရုံး၏ စစ်ရေးဌာန အပြည့်အဝ ဟုတ်ရဲ့လား။

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားသည်။

ထိုအချိန်တွင် လူတိုင်းက မြေပြင်တုန်လှုပ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ထောင်နှင့်ချီသော စစ်တပ်ကြီးက ချီတက်လာသကဲ့သို့ ခံစားကြရသည်။

ထို့နောက်၊ အဝေးမှ ရေစီးကြောင်းကဲ့သို့ ပုံရိပ်များစွာကို မြင်လိုက်ရလေသည်။

၎င်းတို့၏ အရှိန်အဟုန်က ကမ္ဘာကြီးကို တုန်ခါစေသည်။

သူတို့က အဆုံးမဲ့ ပုရွက်ဆိတ်တန်းကြီးကဲ့သို့ ဖြစ်သည်။

သူတို့ကို ဦးဆောင်လာသူ လူလေးဦးထံမှ ဧကရာဇ်တစ်ပိုင်း အရှိန်အဝါများ ထွက်ပေါ်နေ၏။

သူတို့က နတ်စစ်သူကြီး ကျောက်ရှန့်၊ နတ်စစ်သူကြီး ထျန်းကွမ်၊ နတ်စစ်သူကြီး တုန်ယွဲ့နှင့် နတ်စစ်သူကြီး ဟွမ်ကွမ်းတို့ပင်။

ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နတ်စစ်သူကြီးများအနေဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်က ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိကြသည်။

သူတို့၏နောက်မှာ ရှိနေသည်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ သြဇာအရှိဆုံးစစ်တပ်ဖြစ်သည့် တော်ဝင်‌အစောင့်တပ် ဖြစ်၏။

၎င်းက စစ်မှန်သော အဓိပတိစစ်တပ်ဖြစ်ပြီး ၎င်း၏အရေအတွက်မှာ သောင်းနှင့်ချီ ရှိသည်။

"ဒါက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ တပ်မဟာပဲ"

လူတိုင်းက အံ့သြသွားပြီး အနည်းငယ် ထိတ်လန့်သွားကြသည်။

ယခင်က၊ ကျွင်းရှောင်ယောက်သည် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ကျားအဆောင်တစ်ပိုင်းကို ရယူခဲ့ပြီး ရှေးခေတ်အင်မော်တယ်ခုံရုံး၏စစ်အင်အား တစ်စိတ်တစ်ပိုင်းကို အမိန့်ပေးနိုင်သူဟုတော့ သူတို့ ကြားဖူးသည်။

သို့သော်လည်း လက်တွေ့ မြင်လိုက်ရပြီးနောက် တုန်လှုပ်နေမိဆဲပင်။

ဧကရာဇ်တစ်ပိုင်းအဆင့် နတ်စစ်သူကြီးလေးဦးနှင့် အဓိပတိအဆင့် စစ်သည်များ...

ဒါက လုံးဝ ကြောက်စရာကောင်းသော အင်အားတစ်ခု ဖြစ်သည်။

သို့သော်လည်း ဒါက အဆုံးသတ် မဟုတ်သေးပေ။

ထို့နောက် လေထဲတွင် ရင့်ကျက်စွာ ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက တိတ်တဆိတ် ပေါ်လာခဲ့၏။

သူမ၏ ခေါင်းပေါ်တွင် ရွှေရောင်ဆေးစိမ်ထားသော ကျောက်စိမ်းသရဖူကို‌ ဆောင်းထားသည်။ လှပသော ဖီးနစ်မျက်လုံး၊ ပတ္တမြားကဲ့သို့ နီစွေးသော နှုတ်ခမ်းနှင့် ဖြူဖွေးနုဖက်နေသော အသားအရည်ရှိ၏။

သူမက ပြိုင်စံရှားသော အသွင်ပြင်ကို ပိုင်ဆိုင်ထားသည့်အပြင် ခွန်အားကလည်း ထူးကဲသည်။

သူကား ရှေးခေတ်အင်မော်တယ်ခုံရုံး၏ "ဧကရာဇ်အစောင့်လေးပါး" ထဲမှ တစ်ဦးသော ဟော်တုဧကရာဇ်ပင်။

ဟုတ်သည်၊ ယခုအချိန်တွင် သူက မူလခန္ဓာမဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ။

သို့သော်လည်း ဒါက ဟော်တုဧကရာဇ်၏ ရိုးသားမှုကို သက်သေပြရန် လုံလောက်သည်။

သူက ကျွင်းဧကရာဇ်ခုံရုံးသို့ တိုက်ရိုက်ဝင်မည် မဟုတ်ပေ။

သို့သော်လည်း ကျားအဆောင်ကြောင့် ကျွင်းရှောင်ယောက်က အကူအညီလိုလျှင် ဟော်တုဧကရာဇ်မှ ကူညီပေးနိုင်သည်။

သို့သော်လည်း ဟော်တုဧကရာဇ်ကို ဘေးဖယ်ထားလျှင်ပင်...

နတ်စစ်သူကြီးလေးယောက်နှင့် တော်ဝင်အစောင့်တပ်များက တိုက်ပွဲကြီးများကို ဆင်နွှဲရန် လုံလောက်သည်။

"ဒီအင်အားက ကြီးမားလွန်းတယ်"

"ကျွင်းဧကရာဇ်ခုံရုံးရဲ့ စစ်ရေးဌာနက တကယ်ကို အင်အားအကြီးဆုံးနဲ့ သြဇာအရှိဆုံးဌာနပဲ"

လူတော်တော်များများက ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်ကြလေသည်။

ကြေးအင်မော်တယ်နန်းတော်၏ ပျက်စီးခြင်းတာအိုသခင် လေးပါး၊ မြောက်များစွာသော ရှန်းကုမျိုးနွယ်များ၊ မြွေလူသားမျိုးနွယ်၊ ပန်ဝူနတ်ဘုရားမင်းဆက်၊ မဟာရှန်မင်းဆက် စသည်တို့အပြင်...

ယခုအခါတွင် ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နတ်စစ်သူကြီးလေးဦးနှင့် တော်ဝင်အစောင့်တပ်များ ပါဝင်လာကြပြီ ဖြစ်သည်။

အလွန်စွမ်းအားကြီးပြီး လွှမ်းမိုးထားသည့် ဘုရင်မတစ်ပါးလည်း ရှိသေးသည်။

ကျွင်းဧကရာဇ်ခုံရုံး၏ စစ်ရေးဌာနက အမှန်ပင် အင်အား အကြီးဆုံးနှင့် ဩဇာအရှိဆုံးဌာန ဖြစ်သည်။

"ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"

စစ်ရေးဌာန၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက သံပြိုင်အော်ဟစ်လိုက်ရာ မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်စွာ ‌ထွက်ပေါ်လာခဲ့သည်။

"စစ်ရေးဌာတက ကျွင်းဧကရာဇ်ခုံရုံးရဲ့ ကျောရိုးပဲ။ ဒါက အမှုထမ်းဦးရေ အများဆုံးရှိတဲ့ အကြီးဆုံးနဲ့ ဩဇာအာဏာအရှိဆုံးဌာနလည်း ဖြစ်တယ်"

"မင်းတို့ဟာ ကျွင်းဧကရာဇ်ခုံရုံးတစ်ခုလုံးရဲ့ အဓိက ကျောရိုးဖြစ်လို့ ဧကရာဇ်ခုံရုံးက အားလုံးနဲ့အတူ ဘုန်းကြီးလာနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ကျွင်းရှောင်ယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ကမ္ဘာက ဘုရင်၊ စကြာဝဠာက ဧကရာဇ်၊ အင်မော်တယ်ကောင်းကင်"

စစ်ရေးဌာနမှ ကျင့်ကြံသူများက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြတော့သည်။

ဒါက ကျွင်းဧကရာဇ်ခုံရုံး၏ မူလ ဖြစ်သည်။

ကျွင်းဧကရာဇ်ခုံရုံးအတွက် ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်လည်း ဖြစ်၏။

အင်မော်နန်းတော်ကိုကျော်လွန်းပြီး စစ်မှန်သော ဒဏ္ဍာရီလာ ကောင်းကင်ဘုံနန်းတော် ဖြစ်လာစေရန်...

ဒါက သူ၏ မျှော်လင့်ချက် ဖြစ်သည်။

ယခုအခါ ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုအနက် သုံးခု ပေါ်လာပြီ။

သန့်စင်ခြင်းဌာနက ကျွင်းဧကရာဇ်ခုံရုံး၏ အထက်ဆုံးလှံ ဖြစ်သည်။

စစ်ရေးဌာနက ကျွင်းဧကရာဇ်ခုံရုံး၏ ကျောရိုးဖြစ်ပြီး လူအရေအတွက် အများဆုံး ရှိ၏။

စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနရ ကျွင်းဧကရာဇ်ခုံရုံး လည်ပတ်မှုအတွက် စွမ်းအင်အရင်းအမြစ် ဖြစ်သည်။

သို့ဆိုလျှင်၊ ကျန်သော ဌာနသုံးခုက မည်သို့ဖြစ်မည်နည်း။

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

"တရားစီရင်ရေးဌာနက ဘယ်မှာလဲ"

"ဝုန်း"

လူရိပ်များစွာတို့ ထွက်ပေါ်လာကြသည်။

ထိုလူများကို မြင်သောအခါ လူတိုင်း အံ့ဩသွားကြ၏။

သူတို့က ချီယိုမျိုးရိုးမှ ဆင်းသက်လာသူများဖြစ်ကြောင်း ထင်ရှားသည်။

"ဒါ... ဒါက တကယ်ကို ချီယိုမျိုးရိုးပဲ"

"‌တကယ်ကို... နတ်ဘုရားသားတော်က ချီယိုအင်မော်တယ်မျိုးရိုးကို သိမ်းယူသွားခဲ့ပြီ"

"သူက တကယ်ကို နတ်ဘုရားလိုပါပဲ။ အင်မော်တယ်ခုံရုံးရဲ့ ဖွဲ့စည်းပုံကို ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်တစ်ဦးတည်းသာ ကိုင်လှုပ်နိုင်တယ်"

ချီယိုမျိုးရိုး၏ တည်ရှိမှုက ဤနေရာ၌ ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်မှာ သေချာသည်။

"ဧကရာဇ်ခုံရုံးရဲ့အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"

ချီယိုမျိုးရိုးမှ လူများက အော်ဟစ်လိုက်ကြသည်။ ချီလုံ၊ ချီယုနှင့် အခြားသူများကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ကြ၏။

သူတို့အားလုံး၏ မျက်လုံးများက စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့ဖြင့် တောက်ပနေတော့သည်။

မူလက၊ ကျွင်းရှောင်ယောက်သည် သူတို့ကို ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်ရန် စုဆောင်းခဲ့ခြင်းက... သူတို့ကို သာမန်အဖွဲ့ဝင်များအဖြစ် ပြောင်းလဲပစ်ရန်ဟုသာ တွေးမိခဲ့သည်။

ကျွင်းရှောင်ယောက်က ချီယိုမျိုးရိုးတစ်ခုလုံးကို တရားစီရင်ရေးဌာန ဖြစ်လာစေမည်ဟု မည်သူထင်မည်နည်း။

ဒါက သာမန်ဌာနတစ်ခု မဟုတ်ပေ။

နာမည်အတိုင်း တရားစီရင်ရေးဌာနက ကျွင်းဧကရာဇ်ခုံရုံး၏ ပြစ်ဒဏ်စီရင်ပိုင်ခွင့်အာဏာကို ဆုပ်ကိုင်ထားသည်။

ဒါက အင်မော်တယ်ခုံရုံးရှိ ရှင်းထျန်းအင်မော်တယ်မျိုးရိုးနှင့် ခပ်ဆင်ဆင်တူပေသည်။

ကျွင်းရှောင်ယောက်က ချီယိုမျိုးရိုးအပေါ် အလွန်အလေးအနက်ထားဆဲဖြစ်ကြောင်း ထင်ရှားသည်။

နောက်ဆုံးမှာတော့၊ ပိန်သော ကုလားအုတ်က မြင်းထက် ကြီး‌သေးသည်။

ချီယိုမျိုးရိုး၏ မူလရင်းမြစ်ဖြစ်သော ကျိုးလီနတ်ဆိုးတိုင်းပြည်က အင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေခဲ့သည့် နတ်ဆိုးလမ်းစဉ်၏ မူလအစ ဖြစ်ခဲ့သည်။

All Chapters