အခန်း ၁၃၂၉
Vol. 89 Ch. 1329
အခန်း ( ၁၃၂၉ ) လူတစ်ဦးတည်းသာရှိသော ဌာန။
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဌာနခြောက်ခုအနက် တစ်ခုဖြစ်တဲ့ တရားစီရင်ရေးဌာနဟာ တရားစီရင်ခြင်းအတွက် တာဝန်ရှိတယ်"
"ကျွင်းဧကရာဇ်ခုံရုံးအတွင်းက အမှားအယွင်းတွေ၊ သစ္စာဖောက်မှု၊ သူလျှိုတွေ၊ အငြင်းပွားမှုတွေ စတာတွေအတွက် ပြစ်မှုမျိုးစုံကို တရားစီရင်ရေးဌာနက ကိုင်တွယ်ရမယ်"
"မင်းတို့ဟာ ဧကရာဇ်ခုံရုံးရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ထိန်းသိမ်းသူတွေပဲ"
"အကြီးအကဲ နတ်ဆိုးဧကရာဇ်ကို ငါ ကတိပေးထားတယ်၊ ဒါ့အပြင် မင်းတို့ကိုလည်း ယုံကြည်လို့ ဒီအာဏာပေးအပ်ခြင်း ဖြစ်တယ်"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာ၊ ကျွင်းသားစုရဲ့ နတ်ဘုရားသားတော်က နတ်ဆိုးဧကရာဇ် ချီယိုကို တကယ်တွေ့ခဲ့တာလား"
"ဒါက ကျိုးလီပန်းချီကားကြောင့် ဖြစ်နိုင်မလား"
"နတ်ဘုရားသားတော်က တကယ်ကို နတ်ဘုရားတွေရွေးချယ်ထားသူပဲ။ အဇူရာဧကရာဇ်၊ လွမ်ကုဧကရာဇ်နဲ့ ချီယို နတ်ဆိုးဧကရာဇ်တို့ အားလုံးက နတ်ဘုရားသားတော်နဲ့ ပတ်သက်မှုရှိနေကြတယ်"
ဧည့်သည်အားလုံး ဆွံ့အသွားကြသည်။
ကျွင်းရှောင်ယောက်က ဤရှေးဧကရာဇ်များနှင့် မည်မျှရင်းနှီးနေသနည်း။
သာမာန် ပါရမီရှင်များအတွက် မဟာဧကရာဇ်တစ်ပါး၏ အမွေကို ဆက်ခံရန်မှာ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းထက် ပို၍ခက်ခဲသည်။
ကျွင်းရှောင်ယောက်ကတော့ ရှေးသမိုင်းတွင် မှတ်တမ်းတင်ထားသော ဒဏ္ဍာရီလာ ဧကရာဇ်များစွာနှင့် ပတ်သက်မှုရှိနေခဲ့ပေသည်။
သူက ဧကရာဇ်များ၏ အမွေဆက်ခံခြင်းအတွက် ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်မည်။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ချီယိုမျိုးရိုးမှ မျိုးနွယ်ဝင်များ၏ နှလုံးသားတွင် ခံစားချက်တို့ ပြည့်သွားသည်။
အင်မော်တယ်ခုံရုံးက သူတို့ ချီယိုမျိုးရိုးကို လူသားများအဖြစ်ပင် မမှတ်ယူခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူတို့ကို အလွန်တန်ဖိုးထားသည်။
ကျွင်းရှောင်ယောက်က အပြစ်သားကွပ်မျက်ခေါင်းဖြတ်စက်နှင့် သံမဏိလူရိုင်းမြင်းတပ်ကိုပင် သူတို့ကို ပေးအပ်ခဲ့သေးသည်။
သံမဏိလူရိုင်းမြင်းတပ် ငါးထောင်ဖြင့် တရားစီရင်ရာတွင် သူတို့အတွက် ပိုမိုလွယ်ကူမည် ဖြစ်သည်။
အပြစ်သားကွပ်မျက်ခေါင်းဖြတ်စက်က သူတို့၏ တရားစီရင်ရေးဌာနအတွက် အရေးကြီးဆုံးသော ပြစ်ဒဏ်ပေးလက်နက်ပင်။
ထိုအချိန်တွင်...
လေထဲမှာ နောက်ထပ် ကိုယ်ပွား ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းက အကန့်အသတ်မဲ့ နတ်ဆိုးစွမ်းအင်များထဲတွင် လွင့်မျောနေသည့် ကြီးကျယ်ခမ်းနားသော ရုပ်သွင်တစ်ခု ဖြစ်၏။
တမင်တကာထုတ်ဖော်ထားခြင်း မဟုတ်သည့်တိုင်၊ သူ၏ ဧကရာဇ်အဆင့်ဖိအားက လူတိုင်းကို တုန်ခါစေသည်။
"ဘိုးဘေး"
ချီယိုမျိုးရိုးမှ လူအားလုံးက လက်ယှက်ပြလိုက်ကြလေသည်။
ဤကိုယ်ပွားပုံရိပ်က ချီယိုအမျိုးရိုး၏ ဧကရာဇ်အဆင့် ဘိုးဘေးကြီး ချီရှောင်ထျန်း ဖြစ်သည်။
ချီယိုမျိုးရိုးက အလွန်ကျဆင်းသွားပြီး အင်မော်တယ်ခုံရုံး၏ မျိုးရိုးကိုးခုအနက် အောက်ခြေတွင်သာ ရှိခဲ့သော်လည်း...
ဒါက လူငယ်လူရွယ်များနှင့် မျိုးဆက်ဟောင်းတချို့မှာပင်။
သူတို့တွင် ဧကရာဇ်အဆင့် အကျော်အမော် ရှိနေဆဲ ဖြစ်သည်။
"နတ်ဘုရားသားတော်ကို ချီယို နတ်ဆိုးဧကရာဇ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့တဲ့အပြင် ငါ့ရဲ့ ချီယိုမျိုးရိုးကိုလည်း အင်မတန်တန်ဖိုးထားတာကြောင့်၊ ငါတို့ကလည်း ဧကရာဇ်ခုံရုံးကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်သင့်ပါတယ်"
ချီယိုမျိုးရိုး၏ ဘိုးဘေးကြီး ချီရှောင်ထျန်းက ပြောလိုက်သည်။
ချီယိုမျိုးရိုး၏ သစ္စာစောင့်သိမှုကတော့ မေးခွန်းထုတ်စရာ မလိုတော့ပါ။
"စိတ်မပူပါနဲ့၊ ငါ့ရဲ့ ဧကရာဇ်ခုံရုံးက အင်မော်တယ်ခုံရုံးလို အမှားတွေကို ထပ်ခါတလဲလဲလုပ်မှာမဟုတ်ဘူး။ ဧကရာဇ်ခုံရုံးရဲ့ ဌာနခြောက်ခုမှာ တစ်ခုစီက မရှိမဖြစ်လိုအပ်တယ်"
"ကျွင်းဧကရာဇ်ခုံရုံးမှာတော့ အရာအားလုံးက ကောင်းကျိုးဆောင်ခြင်းအပေါ်မှာ မူတည်ပါတယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
တရားစီရင်ရေးဌာန ပေါ်ပေါက်လာပြီးနောက် ကျွင်းဧကရာဇ်ခုံရုံးတွင် ဌာနလေးခု ပေါ်လာပြီ။
နောက်ဆုံးနှစ်ခုသာ ကျန်သည်။
ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
"အမှောင်ရိပ်ဌာန ဘယ်မှာလဲ"
ဤတစ်ကြိမ်မှာတော့ လူတိုင်း စိတ်ကူးထားသလို မဖြစ်တော့ပေ။
အရှိန်အဝါကြီးသော လူသူအင်အားလည်း မရှိပါ။
လေထဲတွင် လွင့်မျောနေသော သွေးရောင်ဆံပင်ရှည်များနှင့် လူရိပ်တစ်ခုသာ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။
သူ့ဘေးတွင် သွေးရောင်နတ်ဆိုးလက်စွပ်ကွင်းက ပေါ်လာသော်လည်း ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။
သူက မည်သူ့ကိုမျှ မနှောင့်ယှက်ဘဲ တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ကောင်းကင်တွင် ပေါ်လာခြင်း ဖြစ်သည်။
လူတိုင်းက သေချာကြည့်ရှုပြီးမှ ထိုသူကို အသိအမှတ်ပြုမိတော့သည်။
"ဒါက လူသတ်ဘုရင်ပဲ"
ရောက်လာသူမှာ သဘာဝအတိုင်း လူသတ်ဘုရင် ကုံးရှန့်ဧကရာဇ် ဖြစ်သည်။
"အမှောင်ရိပ်ဌာနရဲ့ခေါင်းဆောင်... ကုံးရှန့်က ဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
လူသတ်ဘုရင်က ကျွင်းရှောင်ယောက်ဆီသို့ အနည်းငယ် လက်ယှက်ပြလိုက်သည်။
သို့သော်လည်း သူ့ကိုယ်သူ လူသတ်ဘုရင်ဟု မခေါ်တော့ပေ။
တစ်နည်းဆိုရသော်၊ လူသတ်ဘုရင်က သူ၏အတိတ်ကို လွှတ်ချလိုက်ပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ 'သူရဲကောင်းတွေကို ဘယ်ကလာသလဲလို့ မမေးဘူး'ဆိုသော စကားက သူ့စိတ်ထဲမှ ကြိုးထုံးကို လုံးဝ ပြတ်တောက်သွားစေခဲ့ပေသည်။
"ကောလဟာလတွေက အမှန်ပဲ၊ သွေးမျှော်စင်ရဲ့ အရှင်သခင်ဟောင်းက ကျွင်းဧကရာဇ်ခုံရုံးရဲ့ အမှောင်ရိပ်ဌာနခေါင်းဆောင် ဖြစ်လာပြီ"
"ဒါပေမဲ့ အမှောင်ရိပ်ဌာနမှာ သူတစ်ယောက်တည်းပဲ ရှိတာလား"
လူအများက တီးတိုးပြောဆိုကြလေသည်။
တခြားဌာနများက အင်အားအပြည့်ဖြင့် ထွက်ပေါ်လာကြသည်။
လူဦးရေအနည်းဆုံးရှိသည့် သန့်စင်ခြင်းဌာနပင်လျှင် အရှိန်အဝါတို့ ပြည့်နေသေးသည်။
ရလဒ်အနေဖြင့်၊ အမှောင်ရိပ်ဌာနမှာတော့ လူသတ်ဘုရင်တစ်ဦးသာလျှင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း အမှောင်ရိပ်ဌာနကို မည်သူမျှ လျှော့မတွက်ဝံ့ပေ။
အမှောင်ရိပ်ဌာနတွင် လူတစ်ဦးတည်းသာရှိသည်။ သို့သော်လည်း ဤလူက စစ်သည်အင်အားသောင်းချီနှင့် နှိုင်းယှဉ်နိုင်ပြီး လူတိုင်းကို ခြိမ်းခြောက်နိုင်ပေသည်။
နောက်ဆုံးတွင်၊ လူသတ်ဘုရင်က မည်သို့သောတည်ရှိမှုမျိုး ဖြစ်သနည်း။
သူက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များကိုပင် လုပ်ကြံသတ်ဖြတ်ခဲ့သူ ဖြစ်သည်။
ဧကရာဇ်တစ်ပါးကို လုပ်ကြံသတ်ဖြတ်နိုင်သော ဧကရာဇ်က ကြောက်စရာအကောင်းဆုံးပင်။
“အမှောင်ရိပ်ဌာနက လုပ်ကြံသတ်ဖြတ်မှုမှာ အထူးပြုတဲ့ ငါ့အင်မော်တယ်ခုံရုံးရဲ့ အချွန်ဆုံးဓားတစ်လက်၊ အမှောင်ရိပ်ထဲက ဓားမြှောင်ပဲ"
"ငါ့ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်ခုံရုံးလို အရေခြုံပြီး လျှို့ဝှက်ထားမှာမဟုတ်ဘူး"
ကျွင်းရှောင်ယောက်၏ စကားကြောင့် လူအများက ခေါင်းညိတ်လိုက်ကြသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသုံးပါးအနက် ကောင်းကင်ဘုံက အင်မော်တယ်ခုံရုံးနှင့် မရှင်းလင်းသောဆက်ဆံရေး ရှိသည်။
သို့သော်လည်း ထိုအကြောင်းကို လျှို့ဝှက်ထား၏။
ကျွင်းရှောင်ယောက်ကတော့ လူသတ်အဖွဲ့အစည်းတစ်ခုကို ထူထောင်မည်ဟု ပွင့်ပွင့်လင်းလင်း ကြေညာခဲ့သည်။
ထို့ပြင် လူသတ်ဘုရင်က အခိုင်အမာ ရပ်တည်နေခဲ့ပေသည်။
"အရှင်မင်းကြီး၊ ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်"
ရုတ်တရက်၊ လူသတ်ဘုရင်က ပြောလိုက်သည်။
ဧကရာဇ်ခုံရုံး၏သခင်ကို အရှင်မင်းကြီးဟုလည်း ခေါ်ဆိုနိုင်ပေသည်။
"ပြောပါ"
"ငါ့အမှောင်ရိပ်က ဒီလူကို လိုချင်တယ်"
လူသတ်ဘုရင်က လူတစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်သည်။
၎င်းက သွေးမိစ္ဆာမြင့်မြတ်ခန္ဓာဖြင့် ပါရမီရှင် ရမ်ကျန့်လျို ဖြစ်၏။
ရမ်ကျန့်လျိုလည်း အနည်းငယ် တုန်လှုပ်သွားပြီးနောက် စိတ်လှုပ်ရှားလာတော့သည်။
သူက ဖရိုဖရဲကြယ်စက်ဝိုင်းတွင် ကြာရှည်စွာနေခဲ့ပြီးဖြစ်သောကြောင့် သွေးမျှော်စင်၏ ဂုဏ်သတင်းကို သဘာဝအတိုင်းသိသည်။
ဤတစ်ကြိမ်တွင်၊ ရမ်ကျန့်လျိုက ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်ရန် လာခဲ့ခြင်းမှာ ကျွင်းရှောင်ယောက်ကို အလွန်လေးစားသောကြောင့် ဖြစ်သည်။
နောက်တစ်ချက်ကတော့ လူသတ်ဘုရင်ကြောင့်ပင်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
ဒါက သူစိတ်ကူးထားသည့်အတိုင်းပင်။ သူကိုယ်တိုင်ကလည်း လူသတ်ဘုရင်ကို ရမ်ကျန့်လျိုအား လေ့ကျင့်ပေးစေလိုသည်။
နောက်ဆုံးမှာတော့ နှစ်ယောက်စလုံးက သတ်ဖြတ်ခြင်းလမ်းကို လိုက်စားကြသည် မဟုတ်လော။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ကျေးဇူးတင်ပါတယ် လူသတ်ဘုရင်"
ရမ်ကျန့်လျိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ယခုတော့ ရမ်ကျန့်လျို၏ ပါဝင်မှုဖြင့် အမှောင်ရိပ်ဌာနတွင် နှစ်ဦးဖြစ်သွားပြီ။
ထိုလူနှစ်ယောက်တွင် တစ်ယောက်က ဧကရာဇ်တစ်ပါးကို လုပ်ကြံသတ်ဖြတ်နိုင်သည့် လူသတ်ဘုရင်တစ်ပါး ဖြစ်သည်။
ကျန်တစ်ဦးမှာတော့ တာအိုခန္ဓာသုံးထောင်တွင် ထိပ်တန်းတစ်ရာ စာရင်းဝင်ပြီး အကန့်အသတ်မဲ့ အလားအလာရှိသော သွေးမိစ္ဆာမြင့်မြတ်ခန္ဓာပင်။
ဤလူနှစ်ယောက်တည်းက ဧကရာဇ်ခုံရုံး၏ အမှောင်ရိပ်ဌာနကို တစ်ကမ္ဘာလုံးမှ ကြောက်လန့်စေရန် လုံလောက်သည်။
"လူနှစ်ယောက်နဲ့ အဖွဲ့တစ်ခုက အင်အားစုများစွာကို ခြိမ်းခြောက်နိုင်တယ်တဲ့လား"
လူများစွာက တအံ့တဩဖြင့် ရေရွတ်လိုက်ကြလေသည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"စက်မှုလက်မှုဌာန ဘယ်မှာလဲ"
လူတစ်စု ပေါ်လာကြ၏။
ခေါင်းဆောင်များက မော့ယန်းယုနှင့် လုဖူးကွေ့မှတပါး အခြားမရှိပေ။
"ဟင်၊ သူတို့က လုမိသားစုရဲ့ သခင်လေးနဲ့ မော့မိသားစုရဲ့ သခင်မလေးများလား"
မိသားစုနှစ်စု ရောက်လာတာကို မြင်လိုက်ရပြီးနောက် လူအများက အတော်လေး အံ့ဩကုန်သည်။
ဤမိသားစုနှစ်စုစလုံးက အလွန်ကျော်ကြားသော ပန်းပဲဆရာမိသားစုများ ဖြစ်၏။ သူတို့၏ နောက်ခံသမိုင်းကြောင်းမှာလည်း အခြားရှေးဟောင်းမိသားစုများထက် များစွာ ခိုင်မာသည်။
"မဖြစ်နိုင်တာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဒီမိသားစုနှစ်စုကို တကယ်'မ'လာခဲ့တာလား"
"ဒါကြီးက နည်းနည်း ကြောက်စရာကောင်းသွားပြီ"
"နတ်ဘုရားသားတော်က အင်မော်တယ်နယ်မြေကြီးရဲ့ ပန်းပဲဆရာမိသားစုသုံးစုထဲက နှစ်ခုကို တကယ်အောင်မြင်ခဲ့တယ်။ ဒီလိုနည်းလမ်းမျိုးက..."
လုမိသားစုနှင့် မော့မိသားစုမှ ကျင့်ကြံသူများ၏ တည်ရှိမှုက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။
နောက်ဆုံးမှာတော့ ဤပန်းပဲဆရာမိသားစုက သာမန်အင်အားစုများက အနိုင်ယူနိုင်သော အရာမဟုတ်ပေ။
အင်မော်တယ်ခုံရုံးက အခြား ပန်းပဲဆရာမိသားစုနှင့် ပူးပေါင်းမှု ဆက်ဆံရေးရှိရန် အချိန်နှင့် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသည်။
ရလဒ်အနေဖြင့် ကျွင်းရှောင်ယောက်ကတော့ အခြားမိသားစုနှစ်စုအပေါ် မသိလိုက်ဘဲ အနိုင်ရခဲ့ပြီ။
ဤနည်းလမ်းက တကယ်ကို လေးစားဖို့ကောင်းသည်။