အခန်း ၁၃၃၀
Vol. 89 Ch. 1330
အခန်း ( ၁၃၃၀ ) ကျွင်းဧကရာဇ်ခုံရုံးကို အပြည့်အဝ ဖွဲ့စည်းလိုက်ပြီ။
"လုမိသားစု"
"မော့မိသားစု"
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
မော့ယန်းယုနှင့် လုဖူးကွေ့အပါအဝင် မိသားစုနှစ်စုမှ ကျင့်ကြံသူများက အသံကျယ်ကျယ်ဖြင့် ပြောဆိုကာ ဦးညွတ်လိုက်ကြသည်။
သူတို့က ကျွင်းရှောင်ယောက်ကို အလွန်လေးစား၏။
ဤမိသားစုနှစ်စုက ကျွင်းဧကရာဇ်ခုံရုံး၏ တရားစီရင်ခြင်းနှင့် တိုက်ရိုက် ပတ်သက်မှုမရှိပေ။
ကြားကောင်းအောင်ပြောရလျှင် ပူးပေါင်းဆောင်ရွက်မှုဟု ခေါ်သည်။
အမှန်အတိုင်းဆိုရလျှင်တော့ သူတို့က ကျွင်းဧကရာဇ်ခုံရုံးအတွက် အလုပ်လုပ်နေခြင်းပင်။
အခြားလူများ သို့မဟုတ် အင်အားစုဝင်များဖြစ်လျှင် ဤမိသားစုနှစ်စုက တစ်ချက်ကြည့်ရန်ပင် စိတ်ကူးမရှိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်နေသောအခါ အများကြီးမပြောဘဲ သဘောတူခဲ့ကြသည်။
ဤမိသားစုနှစ်စုက ကျွင်းဧကရာဇ်ခုံရုံးမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် မဟုတ်ပါ။
သူတို့ အဓိက တန်ဖိုးထားတာက ကျွင်းရှောင်ယောက် ဖြစ်သည်။
သူ့နောက်ကွယ်မှ ကျွင်းမိသားစုကို ထည့်မတွက်လျှင်ပင်...
ကျွင်းရှောင်ယောက်သည် ငယ်ရွယ်စဉ်တွင် မသေဆုံးခဲ့ပါက ဧကရာဇ်ကြီးတစ်ပါး ဖြစ်လာမည်မှာ သေချာသည်။
သူက ဒဏ္ဍာရီလာတည်ရှိမှုတစ်ခုပင် ဖြစ်လာနိုင်သေးသည်။
ထိုသို့သောသူနှင့် ပေါင်းသင်းခြင်းက များစွာအကျိုးရှိမည် ဖြစ်သည်။
ထိုအကျိုးကျေးဇူးမျိုးက ဤသေးငယ်သော အမြတ်နှင့် ယှဉ်၍မရပေ။
မိသားစုနှစ်စု၏ အကြီးအကဲများကလည်း အလွန်လိမ္မာပါးနပ်ကြသည်။
ဤသည်မှာ အခြေခံအားဖြင့် အမြတ်အစွန်းသေချာသော သဘောတူညီချက်တစ်ခုဖြစ်သောကြောင့် သဘာဝအတိုင်း ပျော်ရွှင်စွာ သဘောတူခဲ့ကြပေသည်။
ထို့ပြင်၊ သူတို့က ကျွင်းဧကရာဇ်ခုံရုံး၏ လည်ပတ်မှုနှင့် ပို့ဆောင်မှုကို ကိုင်တွယ်ရာတွင် ကူညီရန်အတွက် ပန်းပဲပညာရှင်များနှင့် လက်နက်ပစ္စည်း အမြောက်အမြားကိုလည်း ခွဲဝေပေးမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူတို့ကိုကြည့်ပြီး ပြောလိုက်သည်။
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ စက်မှုလက်မှုဌာနက လက်နက်သန့်စင်ခြင်း၊ ဆေးဖော်စပ်ခြင်း၊ အဆောင်ရေးဆွဲခြင်း စတာတွေကို အထူးပြုတဲ့ ဌာနတစ်ခု ဖြစ်တယ်"
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ ကျင့်ကြံသူတွေအတွက် လိုအပ်လာမဲ့ လက်နက်တွေနဲ့ ဆေးဝါးတွေက သေးငယ်မှာမဟုတ်ဘူး"
"ဧကရာဇ်လက်နက်တွေ၊ အင်မော်တယ်တစ်ပိုင်းလက်နက်၊ အင်မော်တယ်စစ်သင်္ဘောတွေ အစရှိတဲ့ အရာအားလုံးက စက်မှုလက်မှုဌာနရဲ့ ခန့်ခွဲမှုအောက်မှာ ရှိမယ်"
"လက်ရှိမှာတော့ စက်မှုလက်မှုဌာနကို မော့မိသားစုနဲ့ လုမိသားစုက ယာယီတာဝန်ယူထားပြီး အနာဂတ်မှာ ဆေးဝါးနဲ့ အဆောင်ပြုလုပ်ခြင်း ကျွမ်းကျင်သူတွေက စက်မှုလက်မှုဌာနကို ထပ်မံပေါင်းစည်းလာမှာ ဖြစ်တယ်"
"အခု နောက်ဆုံးအနေနဲ့ ပြောချင်တာက..."
"အားလုံး အခု မြင်နေရတာဟာ ကျွင်းဧကရာဇ်ခုံရုံးရဲ့ အစမှတ်ပဲ။ ဒါက ကျွင်းဧကရာဇ်ခုံရုံးရဲ့ အဆုံးသတ်မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းလိုက်သည်။ သူ့လေသံက မြင့်မားပြီး ကြီးစိုး၏။
သူက ကမ္ဘာအထက်တွင် ဝံ့ကြွားစွာ ရပ်နေသော အဖြူရောင်ဝတ်စုံဝတ် နတ်ဘုရားဘုရင်ကဲ့သို့ပင်။
"ကမ္ဘာက ဘုရင်၊ စကြာဝဠာက ဧကရာဇ်၊ အင်မော်တယ်ကောင်းကင်"
ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုမှ လူအားလုံးက တညီတညွတ်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အသံက ကျယ်လောင်လွန်းသဖြင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး တုန်လှုပ်သွားစေပုံရ၏။
တက်ရောက်လာသူ ဧည့်သည်များအားလုံးလည်း အံ့သြတုန်လှုပ်သွားတော့သည်။
"အံ့ဩစရာပါလား၊ ဒါကိုတောင် ကျွင်းဧကရာဇ်ခုံရုံးရဲ့ အစမှတ်လို့ပြောနေတယ်"
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ အစမှတ်ဟာ အင်မော်တယ်အင်အားစုများစွာရဲ့ အဆုံးမှတ်လိုတောင် ဖြစ်နေပြီ"
သို့သော်လည်း သူတို့ စိတ်လှုပ်ရှားသွားတာ မဆန်းပါ။
အင်အားစုတစ်ခုတွင် အခြေခံအုတ်မြစ်အနေဖြင့် ဧကရာဇ်လက်နက်တစ်ခုရှိခြင်း...
ဧကရာဇ်အဆင့် အကျော်အမော်များ ရှိခြင်း သို့မဟုတ် ယခင်က ဧကရာဇ်အဆင့် အကျော်အမော်များ ထွက်ပေါ်လာဖူးပါက အင်မော်တယ်အင်အားစုဟုခေါ်ရန် အရည်အချင်းပြည့်မီသည်။
ယခုမူ၊ ကျွင်းဧကရာဇ်ခုံရုံးကို တရားဝင် ပေါင်းစည်းလိုက်ပြီးနောက်...
ပိုင်သို့ဧကရာဇ်၊ လူသတ်ဘုရင်၊ ချီရှောင်ထျန်းနှင့် ဧကရာဇ်နယ်ပယ်မှ အခြား အကျော်အမော်များ ရှိလာသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများလည်း ရှိ၏။
ထို့ပြင် အလွန်စွမ်းအားကြီးသော အကူအညီများလည်း ရှိသေးသည်။
ဟော်တုဧကရာဇ်နှင့် ပိအန်းမျိုးနွယ်စုမှ အနီရောင်လီလီပန်းလေးများ၏မိခင် စသည်တို့ ဖြစ်သည်။
ဧကရာဇ်လက်နက် အမျိုးအစားများစွာအပြင် အင်မော်တယ်ကျမ်းများ စသည်တို့လည်း ရှိ၏။
ကျွင်းမိသားစုနှင့် ကျန်းမိသားစုကို ထည့်မတွက်လျှင်ပင်...
ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်အင်အားစုများကြားတွင် အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
"ရှောင်ယောက်ကို ကောင်းကင်ဘုံပေါ် ပျံတက်နိုင်ပြီဖြစ်တဲ့ လင်းယုန်တစ်ကောင်အဖြစ် ဆိုနိုင်ပြီ"
"အင်း၊ တကယ်ခံစားရပါတယ်"
ဘိုးဘေးဆယ့်ရှစ်၊ ဘိုးဘေးဆယ့်ခြောက်နှင့် အခြားသူများက ဧကရာဇ်မင်းတစ်ပါး၏အသွင်အပြင်ကို စတင်ခံယူမည့် ကျွင်းရှောင်ယောက်ကိုကြည့်ရင်း သက်ပြင်းချလိုက်ကြလေသည်။
ကျွင်းရှောင်ယောက်သည် သူ့မိသားစု၏ အကာအကွယ်ကို လိုအပ်သေးသော ပါရမီရှင်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရာမှ...
ယခုအခါ ကိုယ်ပိုင်အင်မော်တယ်အင်အားစုကို တည်ထောင်နိုင်ပြီး ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင် ဖြစ်လာပြီ ဖြစ်သည်။
ဒါက တကယ်ကို သက်ပြင်းချစရာပင်။
"ငါတို့ရဲ့ သင်ကြားရေးမူဝါဒက မှန်ကန်ပုံရတယ်။ သူရဲကောင်းတွေကို ဖန်လုံအိမ်ထဲမှာ မွေးထုတ်လို့မရဘူး"
မိသားစု၏ ဘိုးဘေးအချို့က အချင်းချင်း ဆက်သွယ်ပြောဆိုလိုက်ကြသည်။
ကျွင်းရှောင်ယောက်ကို သူတို့၏ ပြုစုပျိုးထောင်ပုံက သူ့ကို လွတ်လွတ်လပ်လပ် လွှတ်ထားလိုက်ခြင်းပင်။
သူတို့က အခြေခံအားဖြင့် ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုများကို လုံးဝ ဝင်ရောက်စွတ်ဖက်ခြင်း မပြုခဲ့ပါ။
အစတွင်၊ ကျွင်းရှောင်ယောက်အတွက် လျှို့ဝှက်ကာကွယ်ပေးသော ဓမ္မကာကွယ်သူ အားကျိုး ရှိခဲ့သည်။
သို့သော်လည်း နောက်ပိုင်းမှာတော့ ဓမ္မကာကွယ်သူကိုပင် မလိုအပ်တော့ပေ။
ကျွင်းမိသားစုက ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး၊ ရှန်းရွှီကမ္ဘာ၊ တိုင်းတပါးပြည် အစရှိသည်တို့မှာလည်း ပါဝင်ခြင်းမပြုခဲ့ပါ။
အားလုံးကို ကျွင်းရှောင်ယောက်ဘာသာ ကျော်ဖြတ်စေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ဤနည်းလမ်းက မှန်ကန်ပုံရသည်။
မဟုတ်လျှင်၊ ကျွင်းရှောင်ယောက်က ဤအဆင့်ထိ မြန်မြန်ဆန်ဆန် တိုးတက်လာမည် မဟုတ်ပေ။
သူတို့အားလုံး သိချင်မိခဲ့သည်။
အဆုံးတွင် ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံးကို မည်သည့်အဆင့်ထိ ဆွဲခေါ်သွားနိုင်မလဲဆိုတာကို သိချင်မိ၏။
ဒါက ကျွင်းမိသားစုနှင့် နှ်ိုင်းယှဉ်နိုင်မည်လော။
ဘိုးဘေးများအားလုံးက မျှော်လင့်ချက်များဖြင့် တစ်ယောက်ကိုတစ်ယောက် ပြုံးကာ ကြည့်လိုက်ကြသည်။
ဟုတ်ပေသည်၊ သူတို့က ပေါ့ပေါ့ပါးပါးတွေးခြင်းသာဖြစ်သည်။
ကျွင်းမိသားစုနှင့် တန်းတူဖြစ်ချင်လျှင် ဤမျှမလွယ်ပေ။
ယခုအချိန်မှာတော့ ကျွင်းဧကရာဇ်ခုံရုံးက ဌာနခြောက်ခုစလုံးကို အပြည့်အဝ ထူထောင်ပြီး ဖြစ်သည်။
သန့်စင်ခြင်းဌာန၊ စစ်ရေးဌာန၊ တရားစီရင်ခြင်းဌာန၊ အမှောင်ရိပ်ဌာန၊ စက်မှုလက်မှုဌာနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးဌာန...
ဌာနတစ်ခုစီက မတူညီသော တာဝန်များကို ထမ်းဆောင်ကြရသည်။
အနာဂတ်တွင် အပြောင်းအလဲများ ဖြစ်လာမလားဆိုတာကတော့ နောက်ဆက်တွဲ တိုးတက်မှုတွေအပေါ် မူတည်သည်။
အရေးကြီးဆုံးအချက်မှာ ဌာနခြောက်ခု၏ စွမ်းအားက ကျွင်းရှောင်ယောက်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းပင်။
ဌာနခြောက်ခုကို အမှီအခိုကင်းစွာ ရပ်တည်စေမည်ဆိုပါက အင်မော်တယ်ခုံရုံးကဲ့သို့ ဖြစ်လာလိမ့်မည်။
ကျွင်းရှောင်ယောက်က ဤအမှားမျိုးကို ပြုလုပ်မည် မဟုတ်ပေ။
ထို့ကြောင့် ကျွင်းရှောင်ယောက်က ဌာနခြောက်ခု၏ ခေါင်းဆောင်များကို ဂရုတစိုက် ရွေးချယ်ရမည် ဖြစ်သည်။
"ကျွင်းဧကရာဇ်ခုံရုံးက ဘယ်တော့မှ ပြိုပျက်မသွားဘဲ ထာဝရ စည်းလုံးညီညွတ်ဖို့ ကျုပ်တို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်"
ဧည့်သည်တော်များစွာက မတ်တပ်ထရပ်ပြီး ပြောဆိုလိုက်ကြသည်။
ယခုအခါ သူတို့မျက်လုံးထဲတွင် ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ နတ်ဘုရားသားတော်တစ်ဦးထက် သာလွန်နေပြီ။
သူက ကျွင်းဧကရာဇ်ခုံရုံး၏ အရှင်သခင် ဖြစ်သည်။
ဤပွဲက ခုနစ်ရက်နှင့် ခုနစ်ည ကြာမြင့်ခဲ့ပေသည်။
ခုနစ်ရက်ကြာပြီးနောက် လူများက တဖြည်းဖြည်း ထွက်ခွာသွားကြသည်။
ကျွင်းဧကရာဇ်ခုံရုံးနှင့် ပတ်သက်သော သတင်းအမျိုးမျိုး ပျံ့နှံ့သွား၏။
အချက်အလက် တစ်ခုစီတိုင်းက လူတိုင်းကို တုန်လှုပ်စေသည်။
ကျွင်းဧကရာဇ်ခုံရုံး၏ ဂုဏ်သိက္ခာကလည်း မြင့်တက်လာတော့သည်။
သို့သော်လည်း ပြဿနာတစ်ခုရှိသည်။
ကျွင်းဧကရာဇ်ခုံရုံးက ထင်ရှားသော အောင်မြင်မှုများ မရှိသေးပေ။
နောက်ဆုံး အင်မော်တယ်စစ်ပွဲမှာပင် ကျွင်းဧကရာဇ်ခုံရုံးက ပါဝင်ရုံမျှသာ ဖြစ်သည်။
နောက်တစ်ချက်ကတော့ ကျွင်းဧကရာဇ်ခုံရုံး၏ တည်နေရာကိုပင်။
ကျွင်းဧကရာဇ်ခုံရုံးက ကြေးအင်မော်တယ်နန်းတော်ကို အခြေခံအဖြစ် ထားရှိနိုင်သည်။
သို့သော်လည်း အမှန်တကယ် အခြေခံရန် နေရာတစ်ခု လိုအပ်နေသေးသည်။
လူအများကတော့ ကျွင်းဧကရာဇ်ခုံရုံးသည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် တည်ရှိသင့်သည်ဟု ယုံကြည်ကြသည်။
သူတို့က ဟွမ်ပြည်နယ်ရှိ ကျွင်းမိသားစုနှင့် မနီးမဝေးတွင် ရှိလိမ့်မည်။
ဤနည်းဖြင့် ကျွင်းဧကရာဇ်ခုံရုံးက ကျွင်းမိသားစု၏ အတောင်ပံများအောက်တွင် ကောင်းမွန်စွာ ဖွံ့ဖြိုးလာနိုင်သည်။
သို့သော် မည်သူမျှ မမျှော်လင့်ထားသည့်အရာမှာ...
ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင် အစီအစဉ် ရှိပြီးသား ဖြစ်သည်။
ဤအစီအစဥ်ဖြင့် ကျွင်းဧကရာဇ်ခုံရုံးက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို တုန်လှုပ်စေလိမ့်မည်။
သို့သော် ဤအစီအစဥ်က လျှို့ဝှက်စီစဉ်ရန် လိုအပ်သည်။
ထို့ကြောင့် အချိန်အနည်းငယ်တော့ လိုနေသေးသည်။