← Chapters

အခန်း ၁၃၃၁

Vol. 89 Ch. 1331

အခန်း ၁၃၃၁

Vol. 89 Ch. 1331

အခန်း ( ၁၃၃၁ ) ကံကြမ္မာနတ်ဘုရားဂိုဏ်း၏ ခေါင်းဆောင်။

ကျွင်းဧကရာဇ်ခုံရုံး၏ ပွဲတော်အပြီးတွင်...

ကျွင်းရှောင်ယောက်က အချို့ကိစ္စရပ်များကို ဆက်လက်ဖြေရှင်းခဲ့သည်။

ဥပမာအားဖြင့် ဟော်တုဧကရာဇ်...

ကျွင်းရှောင်ယောက်က သူ့ကို ကျွင်းမိသားစုတွင် ယာယီနေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

သူက ကျွင်းမိသားစု၏ ဘိုးဘေးများနှင့် တာအိုအကြောင်း ဆွေးနွေးနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ ကျွင်းရှောင်ယောက်က အရာအားလုံး၏မိချင်ချီ ဒယ်စောက်အိုးကို သူ့ထံသို့ ယာယီလွှဲပြောင်းပေးခဲ့ပေသည်။

"ကောင်လေး၊ နင် ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ"

ဟော်တုဧကရာဇ်က ပြုံးလျက် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျုပ်က လူတွေကို ရိုးရိုးသားသားပဲ ဆက်ဆံတယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်၏။

သူ့လက်ထဲတွင် ကျားအဆောင်တစ်ဝက်ကို ကိုင်ထားသော်လည်း ဟော်တုဧကရာဇ်ကိုတော့ မထိန်းချုပ်နိုင်တာ သေချာသည်။

သူမ၏ အဆင့်အတန်းနှင့် ခွန်အားက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ စစ်သူကြီးများထက် များစွာ မြင့်မားပေသည်။

"ကောင်းပြီလေ၊ ဘာပဲဖြစ်ဖြစ် ငါလည်း အခုလောလောဆယ် သွားစရာနေရာမရှိဘူး။ အင်မော်တယ်ခုံရုံးမှာလည်း နေစရာမရှိဘူးလေ"

ဟော်တုဧကရာဇ်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

အမှန်အတိုင်းဆိုရလျှင်၊ မျက်မှောက်ခေတ် အင်မော်တယ်ခုံရုံးကို တွေ့ရပြီးနောက် သူ စိတ်ပျက်မိသည်။

၎င်းက ရှေးခေတ်အင်မော်တယ်ခုံရုံးကဲ့သို့ မကြွယ်ဝသည့်အပြင် ပြည်တွင်းစစ်နှင့် ပြဿနာများလည်း ပြည့်နေသေးသည်။

ဤအင်မော်တယ်ခုံရုံးက ရှေးခေတ်အင်မော်တယ်ခုံရုံးနှင့် ဝေးကွာလွန်းလှသည်။

ဟော်တုဧကရာဇ်က ကလေးထိန်းသူ မဟုတ်ပါ။ ထိုသို့သော အင်မော်တယ်ခုံရုံးကို ပံ့ပိုးရန် မလိုပေ။

သူ့အမြင်တွင် ကျွင်းဧကရာဇ်ခုံရုံးကမှ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ရှေ့ပြေးပုံစံနှင့် ကျက်သရေ အရိပ်အမြွက်တို့ ရှိသည်။

ထို့ပြင် မင်းသမီးယွမ်ချယ်ကလည်း ထွက်ခွာမသွားသေးပါ။

"ရှောင်ယောက်၊ နင် ငါ့ရဲ့ အပြစ်စွမ်းအားကို ဘယ်အချိန်မှာ လွှဲပြောင်းမှာလဲ"

ယွမ်ချယ်က ပြောသည်။

ပြောမဲ့သာပြောရသော်လည်း၊ သူ့အမူအရာကိုကြည့်ရုံဖြင့် ယွမ်ချယ်သည် ဤကိစ္စကို စိတ်မဝင်စားကြောင်း သူသိသည်။

အပြစ်စွမ်းအားကို ချေဖျက်ရန်က စကားသက်သက်ပင်။

ကျွင်းရှောင်ယောက်၏အနားတွင် ဆက်လက်နေနိုင်ရန်က သူ၏ ရည်ရွယ်ချက်အမှန် ဖြစ်သည်။

ထို့ပြင်၊ ကျန်းစန်းယီက သူ့အား ဖိအားများစွာကို ပေးခဲ့ပေသည်။

ဤအတိုင်း ထွက်သွားခဲ့လျှင် သူ စိတ်ဖြောင့်မည် မဟုတ်ပေ။

"မင်းသမီး စိတ်မရှိဘူးဆိုရင် ခဏလောက်နေလို့ရပါတယ်။ အချိန်တန်ရင် ငါမင်းကို အသိပေးမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"အင်း၊ ဒါဆိုရင် ငါ အခု ကျွင်းမိသားစုမှာနေမယ်"

ယွမ်ချယ်က သူ့အစီအစဥ် အောင်မြင်သွားသကဲ့သို့ ကျေနပ်စွာဖြင့် ပြုံးလိုက်လေသည်။

ကျွင်းရှောင်ယောက် ဆွံ့အသွားသည်။

ယွမ်ချယ်က တကယ်ကို ပြတ်သား၏။

အင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုတို့က ရန်ဘက်များ ဖြစ်သည်။

သို့သော်လည်း၊ ရှေးခေတ်အင်မော်တယ်ခုံရုံး၏ မင်းသမီးတစ်ပါးအနေဖြင့် သူက ကျွင်းမိသားစုတွင် အမှန်တကယ် နေထိုင်ခဲ့ပေသည်။

ဒါက ရန်သူ့အိမ်တွင် တက်နေသကဲ့သို့ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကြောင့် သူမကို မည်သူမျှ အခက်တွေ့အောင်လုပ်မည် မဟုတ်ပေ။

"ကောင်းပြီ"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြလိုက်ရသည်။

ထို့နောက် ကျွင်းမိသားစု၏ အခြား အဆောင်တစ်ခုတွင်...

ကျွင်းရှောင်ယောက်က အခြားလူများနှင့် တွေ့ဆုံခဲ့သည်။

သူတို့က ထိုပါ့ယွိ၊ ထိုပါ့လန်နှင့် အခြားသူများပင်။

သူတို့၏ တာဝန်က ဆွယ်တရားဟော်ရန် ဖြစ်သည်။

ထို့ပြင်၊ ကမ္ဘာကြီးက ကျွင်းရှောင်ယောက်သည် ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုကို တည်ထောင်ခဲ့ကြောင်းသာ သိသည်။

တကယ်တမ်း သူ့တွင် မည်သူမျှမသိသေးသော အရာတစ်ခု ရှိသေးသည်။

ဒါက ကံကြမ္မာနတ်ဘုရားဂိုဏ်း ဖြစ်သည်။

ထိုပါ့ယွိနှင့် အခြားသူများက ကြိုးကြိုးစားစားဖြင့် တရားဟောခြင်းပြုကြပြီး တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို ဖြန့်ကျက်ကြလေသည်။

ကျွင်းရှောင်ယောက်က သူ၏ အတွင်းစကြာဝဠာထဲသို့ စိမ့်ဝင်နေသည့် ကြီးမားသော ယုံကြည်ခြင်းစွမ်းအားကို ခံစားနိုင်သည်။

ယုံကြည်သူများက သူ့ကို ရိုသေလေးစားသူများနှင့် မတူပေ။

ဥပမာဆိုရလျှင်...

လူတစ်ယောက်က ကျွင်းရှောင်ယောက်ကို အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦးဟု ယုံကြည်လေးစားနိုင်သည်။

ဒါက ယုံကြည်ခြင်းစွမ်းအင်ကို ထုတ်ပေးနိုင်သော်လည်း အများကြီးမဟုတ်ပေ။

ဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ယုံကြည်ပါက ကျွင်းရှောင်ယောက်ကို ခိုင်မာစွာယုံကြည်သူ ဖြစ်သည်။

ထိုသို့သောသူမှ ရရှိလာသော ယုံကြည်ခြင်းစွမ်းအားက အလွန်သန့်ရှင်းပြီး စွမ်းအားကြီးလိမ့်မည်။

ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်၏ ယုံကြည်သူက သန်းပေါင်းများစွာရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို ရိုသေလေးစားသူများကတော့ ဘီလီယံနှင့်ချီ ရှိ၏။

အင်မော်တယ်နယ်မြေကြီးတွင် နေထိုင်ကြသူများက ရေတွက်၍ပင် မလွယ်ပေ။

ယခုအခါ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို ကျင့်သုံးသူက သန်းတစ်ရာကျော် ရှိသည်။

ကျွင်းရှောင်ယောက်က သူတို့၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အလွယ်တကူ ထိန်းချုပ်နိုင်သည်ဟု ခံစားရ၏။

သို့သော်လည်း အများစုက သူတော်စင်နယ်ပယ် အဆင့်ကိုးတွင် ရှိသည်။

အဓိပတိနယ်ပယ်ခုနစ်ခုမှ လူတချို့လည်း ရှိကြသော်လည်း အများအပြား မရှိပါ။

သူ့အထက်မှလူများဆိုလျှင် တစ်ဦးမျှပင် မရှိသေးပေ။

နောက်ဆုံးမှာတော့ ထိုအဆင့် ကျွမ်းကျင်သူများက လှည့်စားနိုင်ရန် ခက်ခဲသည်။

"ကောင်းတယ်၊ မင်း ကောင်းကောင်းကြိုးစားခဲ့ကြတာပဲ"

“အခု ကမ္ဘာကြီးက ကျွင်းဧကရာဇ်ခုံရုံးအကြောင်းပဲ သိတယ်"

"ဒါပေမဲ့ အနာဂတ်မှာ သူတို့က ကံတရားရဲ့ ကြီးမြတ်မှုကိုလည်း နားလည်လာလိမ့်မယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူ၏ အလေ့အကျင့်တစ်ခုက ကြိုစီစဉ်ထားခြင်းပင်။

ယခင်ကလည်း သူသည် ရှမိသားစုကို အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်ကို အုပ်ချုပ်နိုင်စေရန် ထောက်ပံ့ပေးခဲ့သည်။

ယခုအခါ၊ ကံကြမ္မာဂိုဏ်းက တိတ်တဆိတ် လှုပ်ရှားနေပြီ။

အနာဂတ်တွင်၊ ၎င်းက အနောက်ဘက်နိဗ္ဗာန်ဘုံနှင့် ကုရ်အာန်သူတော်စင်ဂိုဏ်းကဲ့သို့ ထိပ်တန်းအင်အားစုများနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ရိုးရိုးရှင်းရှင်း အဝတ်အစားကို ဝတ်ဆင်ထားပြီး ရေပြာရောင်ဆံပင်ရှည်ရှည်နှင့် လှပသော အမျိုးသမီးတစ်ဦး ရောက်လာသည်။

"ရှန်းလင်၊ ဘာကိစ္စရှိလို့လဲ"

ကျွင်းရှောင်ယောက်က မေးလိုက်၏။

ဤအမျိုးသမီးက သဘာဝအတိုင်း လော့ရှန်းလင် ဖြစ်သည်။

လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကိုကြည့်ကာ သူမ၏ နှုတ်ခမ်းဖူးဖူးကို အနည်းငယ်ကိုက်လိုက်ပြီး ပြောလိုက်လေသည်။

"ရှောင်ယောက်၊ ငါ ကံကြမ္မာနတ်ဘုရားဂိုဏ်းမှာ ပါဝင်ချင်တယ်"

"ဟင်၊ ဘာဖြစ်လို့လဲ"

ကျွင်းရှောင်ယောက်က အံ့သြသွားသည်။

ကျွင်းရှောင်ယောက်၏ ခေါ်ဆောင်မှုဖြင့် တိုင်းတပါးမှ ရောက်လာပြီးနောက်...

လော့ရှန်းလင်သည် အင်မော်တယ်အကယ်ဒမီတွင် အကြာကြီးနေခဲ့သည်။

ထို့နောက် ကျွင်းမိသားစုတွင်လည်း အချိန်အတော်ကြာနေထိုင်ခဲ့သေးသည်။

ယခု ဘာများဖြစ်သနည်း။

"မိသားစုထဲက တစ်ယောက်ယောက်က မင်းကို စော်ကားတာ ဒါမှမဟုတ် အခက်တွေ့အောင်လုပ်လို့လား"

ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

တိုင်းတစ်ပါးတွင်၊ လော့ရှန်းလင်က သူ့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခဲ့ပေသည်။

သူ ဖက်တွယ်ထားသော ပေါင်လုံးကြီးပင် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ လော့ရှန်းလင်က အင်မော်တယ်နယ်မြေကြီးကို ရောက်လာပြီဖြစ်သောကြောင့်...

လော့ရှန်းလင်ကို သဘာဝအတိုင်း ပြန်လည်စောင့်ရှောက်ရလိမ့်မည်။

"မဟုတ်ပါဘူး၊ မိသားစုထဲကလူတိုင်းက ငါ့အပေါ်အရမ်းကောင်းကြတယ်။ ဒါပေမဲ့ ငါ... ငါက မင်းကို ကူညီချင်လို့"

လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို မရဲတရဲ တစ်ချက်ခိုးကြည့်လိုက်သည်။

ကျန်းစန်းယီကို မြင်လိုက်ရပြီးနောက် လော့ရှန်းလင်မှာ အတော်လေး နားလည်သွားသည်။

သူက ကျွင်းရှောင်ယောက်အပေါ်တွင် မည်သည့်အရာကိုမျှ ထပ်မတောင်းခဲ့ပေ။

သူ တတ်နိုင်သမျှ ကူညီပေးရန်သာ စိတ်ကူးရှိသည်။

"ရှန်းလင်၊ မင်းဒီလိုလုပ်စရာမလိုပါဘူး။ မင်းကို ကျွန်တော်အတွက် တစ်ခုခုလုပ်ပေးစေချင်လို့ အင်မော်တယ်နယ်မြေကြီးကို ခေါ်လာခဲ့တာ မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက လော့ရှန်းလင်ကို ခေါ်လာခြင်းမှာ အေးချမ်းစွာ နေထိုင်နိုင်စေရန်စိတ်ကူးသာ ရှိသည်။

သို့သော်လည်း ဤအခိုက်တွင်၊ လော့ရှန်းလင်က ခေါင်းမာမှုတို့ကို လှစ်ဟလာကာ ပြောလိုက်သည်။

"မဟုတ်ဘူး ရှောင်ယောက်၊ ငါ ဒီအတိုင်းထိုင်နေလို့တော့ မရဘူးလေ"

ကျွင်းရှောင်ယောက်လည်း အနည်းငယ် ပြုံးပြီး ခေါင်းကို ခါယမ်းလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ ကျွန်တော်က မင်းကိုတော့ ကောင်းကောင်းတင်ကြွေးထားနိုင်ပါသေးတယ်"

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လော့ရှန်းလင်၏ လှပသော မျက်နှာလေးက နီရဲသွားသည်။

ဒီစကားက ဘာကိုဆိုလိုတာလဲ။

သို့သော်လည်း သူက လက်မလျှော့ဘဲ ဆက်ပြောလိုက်သည်။

"နောက်ပြီးတော့ ရှောင်ယောက်၊ ကံကြမ္မာနတ်ဘုရားဂိုဏ်းက ကျွင်းဧကရာဇ်ခုံရုံးနဲ့မတူဘူး။ အခုချိန်ထိ သူတို့ကို တာဝန်ခံဖို့ အကျော်အမော်တစ်ဦးမှ မရှိသေးဘူး"

"ငါကတော့ ဧကရာဇ်တစ်ပိုင်းဖြစ်တာကြောင့် ကောင်းကောင်း ထောက်ပံ့နိုင်လိမ့်မယ်"

လော့ရှန်းလင်၏ ခေါင်းမာသောအမူအရာကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း နှုတ်ဆိတ်သွားလေသည်။

ရှန်းလင်က အသက်မငယ်တော့သော်လည်း အလွန်အပြစ်ကင်းသည်။ သူက ကလေးလေးတစ်ဦးကဲ့သို့ပင်။

"ဒီလိုဆိုရင် မင်းက ကံကြမ္မာနဲ့ဖန်ဆင်းခြင်း နတ်ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ကံကြမ္မာနတ်ဘုရားဂိုဏ်းကို ခေါင်းဆောင်ပါ"

"ထိုပါ့ယွိ၊ မင်းက လက်ထောက်ခေါင်းဆောင်ဖြစ်ပြီး မင်းတို့အားလုံး သူ့အမိန့်ကို နာခံကြရမယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ကောင်းပါပြီ"

ထိုပါ့ယွိနှင့် အခြားသူများကလည်း လေးလေးစားစား ပြောဆိုလိုက်ကြလေသည်။

ထို့နောကတွင် ထိုပါ့ယွိနှင့် အခြားသူများ ဆုတ်ခွာသွားကြသည်။

လော့ရှန်းလင်လည်း ပြန်လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။

ရုတ်တရက်၊ သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။

ကျွင်းရှောင်ယောက်က လော့ရှန်းလင်ကို အနောက်ဘက်မှ ညင်သာစွာ ပွေ့ဖက်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ရှန်းလင်၊ မင်းရဲ့ကြိုးစားမှုအားလုံးကို ကျွန်တော်သိပါတယ်"

ကျွင်းရှောင်ယောက်က ရိုးရိုးသားသား ပြောလိုက်သည်။

လော့ရှန်းလင်၏ သိမ်မွေ့သော ခန္ဓာကိုယ်ကလေးက တုန်လှုပ်သွားသည်။

သူကိုယ်တိုင်က မြစ်၏ဝိညာဉ်ဖြစ်ပြီး ယခုအချိန်တွင် ရေအိုင်ထဲသို့ ရောက်သွားသလို ခံစားလိုက်ရ၏။။

သူ၏ ပါးပြင်မို့မို့က သွေးရောင်လွှမ်းသွားပြီး နှုတ်ခမ်းလေးများ တွန့်ကွေးကာ ပြုံးလိုက်ကြလေသည်။

သူ ကျေနပ်သွားပြီ ဖြစ်သည်။

လော့ရှန်းလင် ထွက်သွားပြီးနောက် ကျွင်းရှောင်ယောက်လည်း အနည်းငယ် ပြုံးလိုက်သည်။

လော့ရှန်းလင်နှင့်အတူ ကံကြမ္မာနတ်ဘုရားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုက ပိုမိုချောမွေ့လာမည်မှာ သေချာပေသည်။

နတ်ဘုရားဓမ္မခန္ဓာကလည်း ယုံကြည်ခြင်း၏ စွမ်းအားကို ပိုမိုလျင်မြန်စွာ စုဆောင်းနိုင်သည်။

ထိုအခိုက်တွင်၊ ကျွင်းရှောင်ယောက်က အနောက်မှ အကြည့်တစ်ခုကို ခံစားလိုက်ရသည်။

သူလှည့်ကြည့်လိုက်သောအခါ... အဖြူရောင်ဆံနွယ်များနှင့် အမျိုးသမီးတစ်ဦးက သူ့အား ပြုံးပြုံးလေးဖြင့် ကြည့်နေတာကို တွေ့လိုက်ရ၏။

ထိုအပြုံးက လှပသော်လည်း အဓိပ္ပါယ် အများကြီးရှိနေပုံရသည်

"မမစန်းယီ..."

All Chapters