အခန်း ၁၃၃၂
Vol. 89 Ch. 1332
အခန်း ( ၁၃၃၂ ) လျှို့ဝှက်ချက်များ။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်က ကြောက်တတတ်လွန်းသူ မဟုတ်ပေ။
သူက ရှေ့သို့လှမ်းကာ ကျန်းစန်းယီ၏ နူးညံ့သွယ်လျသောခါးကို သိုင်းဖက်လိုက်သည်။
ကျန်းစန်းယီကလည်း မရုန်းကန်သလို ငြင်းဆန်ခြင်းလည်း မပြုပေ။
"သူက တကယ်ကို မိန်းမကောင်းတစ်ယောက်ပါ"
ကျန်းစန်းယီက သူမ၏ အနီရောင် နှုတ်ခမ်းများကိုဟကာ ရုတ်တရက် ပြောလိုက်သည်။
"ဒါဆိုရင် မမစန်းယီက မနာလိုဘူးလား"
ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို တစ်ချက်နမ်းရှိုက်ရင်း ပြောလိုက်၏။
ကျန်းစန်းယီက တိတ်ဆိတ်နေပြီး ဘာမျှမပြောသေးပေ။
ကျွင်းရှောင်ယောက်က တခြားမိန်းမတစ်ဦးကို ပွေ့ဖက်ထးကြောင်း သူကိုယ်တိုင် မြင်လိုက်ရသည်။
သူက ယဉ်ကျေးသိမ်မွေ့စွာ ပွေ့ဖက်ထားခြင်းဖြစ်သော်လည်း...
မနာလိုဘူးဟုပြောရန် မဖြစ်နိုင်ပေ။
မည်သည့်အမျိုးသမီးမဆို၊ အနည်းနှင့်အများတော့ ခံစားရမည် ဖြစ်သည်။
သို့သော်လည်း ကျန်းစန်းယီက ဤခံစားချက်ကို ကောင်းစွာဖုံးကွယ်ထားလေသည်။
ကျွင်းရှောင်ယောက်က သူ့ကို မသိနားမလည်သော မိန်းမတစ်ယောက်ဟု မထင်စေချင်ပေ။
ကျန်းလော့လီက ငယ်ရွယ်သေးပြီး အလိုလိုက်ခံရသူဖြစ်သောကြောင့် ဤအခြေအနေမျိုးတွင် တစ်စုံတစ်ခု ပြုလုပ်နိုင်သည်။
သို့သော်လည်း ကျန်းစန်းယီကတော့ မလုပ်နိုင်ပေ။
သူက နူးညံ့သိမ်မွေ့ပြီး စာနာတတ်သည့် ဘေးအိမ်က အစ်မကြီးနှင့် ပိုတူသည်။
ဟုတ်ပေသည်၊ ဤနူးညံ့သိမ်မွေ့သော နှလုံးသားက လူတစ်ယောက်အတွက်သာ ဖြစ်သည်။
"မပြောတာက ဝန်ခံတာလား"
ကျွင်းရှောင်ယောက်က စနောက်လိုက်သည်။
ကျန်းစန်းယီလည်း အနည်းငယ်ရှက်ရွံ့သွားပြီး ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကိုသာ ခေါင်းမှီကာနေလိုက်တော့သည်။
သူတို့နှစ်ဦးက ဤရှားပါးတိတ်ဆိတ်မှုနှင့် နူးညံ့သိမ်မွေ့သောအခိုက်အတန့်ကို တိတ်ဆိတ်စွာ ခံစားခဲ့ကြသည်။
"ဒါနဲ့လေ၊ မမစန်းယီ... မင်းရဲ့ ကျင့်ကြံမှုက အခု ဘယ်လိုလဲ"
ကျွင်းရှောင်ယောက်က ရုတ်တရက် မေးလိုက်သည်။
သူကိုယ်တိုင်ကလည်း မြင့်မြတ်ခန္ဓာတာအိုသန္ဓေဖြစ်သောကြောင့်...
ကျန်းစန်းယီမှာ ဤကာလအတွင်း များစွာ တိုးတက်လာခဲ့သည်ဟု ခံစားခဲ့ရပေသည်။
"အင်း၊ ငါက ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို အောင်အောင်မြင်မြင် လေ့ကျင့်ခဲ့ပြီးပြီ။ ဒါပေမဲ့ အဲဒါကို ပိုပြီး ခိုင်မာအောင်လုပ်ဖို့လိုသေးတယ်"
ကျန်းစန်းယီက ခပ်တိုးတိုး ပြောလိုက်သည်။
ထိုစကားကိုကြားရပြီးနောက် ကျွင်းရှောင်ယောက်က ရုတ်တရက် တုန်လှုပ်သွားသည်။
ကျန်းစန်းယီ၏ အင်အားက တိုးတက်လာသော်လည်း သူ မမြင်နိုင်ပေ။
အကြောင်းမှာ၊ တစ်ချိန်က သူမြင်ခဲ့ရသော အနာဂတ်၏ပုံရိပ်ယောင်များကို ပြန်လည်သတိရမိသောကြောင့်ပင်။
ပျက်စီးနေသော စကြာဝဠာနှင့် ကပ်ဘေးကြီးကြားတွင် ကျန်းစန်းယီက သူမ၏နှလုံးသားကို ကိုယ်တိုင် ထုတ်ယူခဲ့သော မြင်ကွင်းတစ်ခု...
ထိုမြင်ကွင်းကြောင့်ပင် သူ မပျော်ရွှင်နိုင် ဖြစ်နေရခြင်း ဖြစ်သည်။
"ဘာဖြစ်လို့လဲ ရှောင်ယောက်၊ မင်း မပျော်ဘူးလား"
ကျွင်းရှောင်ယောက်၏ အမူအရာကို သတိပြုမိဟန်ဖြင့် ကျန်းစန်းယီက မေးလိုက်သည်။
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ခေါင်းယမ်းလိုက်သည်။
ထိုအနာဂတ်အကြောင်းကို မပြောပြတာက ပိုကောင်းလိမ့်မည်။
သို့သော်၊ ကျွင်းရှောင်ယောက် မသိခဲ့သောအချက်မှာ...
ကျန်းစန်းယီမှာလည်း သူ့ကို မပြောဘူးသော လျှို့ဝှက်ချက်တစ်ခု ရှိသည်။
ကျန်းစန်းယီက အနောက်တိုင်း မယ်တော်ဘုရင်မ၏ အမွေကို အမွေဆက်ခံခဲ့စဉ်...
အနောက်တိုင်း၏ မယ်တော်ဘုရင်မသည် သူချစ်ရသူအတွက် စွန့်လွှတ်အနစ်နာခံရန် ဆန္ဒရှိမရှိ မေးမြန်းခဲ့ဖူးသည်။
ကျန်းစန်းယီ၏ကလည်း မငြင်းပယ်ခဲ့ပေ။
ဤလူနှစ်ယောက်က တစ်ဦးအပေါ်တစ်ဦး အလွန်ရိုးသားသည်။
သို့သော်လည်း တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိခဲ့ကြပေသည်။
ထို့ပြင်၊ ဤလျှို့ဝှက်ချက်ကလည်း တစ်ဖက်လူ၏ ကောင်းကျိုးအတွက် ဖြစ်သည်။
အားလုံးက ကံကြမ္မာဟုသာ ပြောရလိမ့်မည်။
"မမစန်းယီ၊ မင်း သိပ်ကြီးကြိုးစားနေစရာမလိုပါဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူက ကျန်းစန်းယီ၏ နှင်းသားပမာ ဖြူဖွေးနူးညံ့သော ဆံနွယ်များကို လက်တစ်ဖက်ဖြင့် ပွတ်သပ်လိုက်၏။
ဤဆံပင်များကို မြင်လိုက်ရတိုင်း၊ ကျန်းစန်းယီ၏ ဆံပင်များက သူ့ကြောင့် ညတွင်းချင်း ဖြူသွားသည့်အချိန်ကို ပြန်လည်သတိရမိသည်။
"ရှောင်ယောက်၊ ငါမပင်ပန်းပါဘူး"
ကျန်းစန်းယီက ချိုသာစွာ ပြုံးလိုက်လေသည်။
"ကိုယ်ချစ်တဲ့လူအတွက် ကြိုးစားရတာက ကောင်းမွန်ပါတယ်"
"ပြီးတော့လေ ရှောင်ယောက်... ငါက အရမ်းလောဘကြီးတယ်"
"ငါက မင်းနဲ့ ခဏတာ အတူနေချင်တာ မဟုတ်ဘူး"
"ငါ မင်းနဲ့အတူ ထာဝရရှိနေချင်တယ်၊ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို အတူတူ ကြည့်ချင်တယ်"
"ပန်းတွေပွင့်လန်းလာပြီး ကြွေကျတာကိုလည်း မင်းနဲ့အတူ ထိုင်ကြည့်ချင်တယ်"
"ဒါပေမဲ့ ဒါတွေအားလုံးအတွက် လုံလောက်တဲ့အင်အားကို လိုအပ်တယ်"
ကျန်းစန်းယီ၏ လေသံက နူးညံ့သော်လည်း ခိုင်မာသည်။
သူက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်၏။
ဤစကားများက ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ကြီးကျယ်ခမ်းနားသည့် စကားများမဟုတ်ပါ။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်၏ နှလုံးသားကိုတော့ အမှန်တကယ် တုန်လှုပ်စေခဲ့သည်။
"မမစန်းယီ၊ ဒီကိစ္စတွေပြီးသွားရင် စေ့စပ်ပွဲကို ကျင်းပတော့မယ်"
ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းစန်းယီ၏ လှပသော မျက်နှာလေးက ရှက်ရွံ့မှု၊ ပျော်ရွှင်မှုတို့ဖြင့် နီမြန်းသွားလေသည်။
ဤအမူအရာလေးက တကယ်ကို ဆွဲဆောင်မှုရှိသည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းငုံ့ကာ ကျန်းစန်းယီ၏ နူးညံ့သော နှုတ်ခမ်းဖူးဖူးကို နမ်းလိုက်တော့သည်။
ကျန်းစန်းယီမှာလည်း ခပ်တိုးတိုး ညည်းညူရင်း ပျော်ရွှင်မှု ခံစားချက်တွင် နစ်မြုပ်သွားသည်။
ဤအချိန်တွင် လေထုက နွေးထွေးပေသည်။
ပျော်ရွှင်မှု ခံစားချက်တို့သာ ပြည့်နေသည်။
အချိန်မည်မျှကုန်သွားပြီ မသိ။
နှစ်ယောက်စလုံး မခွဲခွာကြသေးပေ။
သို့သော်လည်း နောက်အခိုက်တွင် ကျွင်းရှောင်ယောက်က ရုတ်တရက် ရပ်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။
"ဘယ်သူလဲ"
သူ့စကားအဆုံးတွင် လှပသော ရုပ်သွင်တစ်ခု ပေါ်လာလေသည်။
"နှစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်"
ဤရုပ်သွင်က အမှန်တကယ်ပင် နတ်သမီး ယွင်ထျန်းမေ ဖြစ်သည်။
ကျွင်းဧကရာဇ်ခုံရုံး၏ ပွဲတော်ပြီးသွားသော်လည်း နတ်သမီး ယွင်ထျန်းမေက ထွက်မသွားပေ။
သူက ကျွင်းရှောင်ယောက်ကိုတွေ့ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင်၊ မမျှော်လင့်ဘဲ ဤမြင်ကွင်းကို မြင်လိုက်ရလေသည်။
ကျန်းစန်းယီ၏ လှပသော မျက်နှာလေးက ရှက်စိတ်ဖြင့် နီရဲလာပြီး နှုတ်ခမ်းရဲရဲလေးကို သွားဖြင့်ကိုက်လိုက်မိသည်။
အမှန်အတိုင်းဆိုရလျှင်၊ သူမ၏ နှုတ်ခမ်းနှင့် လျှာက ထုံကျင်လုနီးပါး ဖြစ်သည်။
တစ်ဖက်မှာတော့ ကျွင်းရှောင်ယောက်၏ အမူအရာက အေးဆေးတည်ငြိမ်ပြီး ဘာမျှမပြောပေ။ သို့သော်လည်း ဤအခိုက်တွင် သူ့မျက်လုံးများက အလိုမကျသော အမူအရာတို့ ဖြစ်ပေါ်နေသည်။
ဤအခြေအနေမျိုးတွင် နှောင့်ယှက်ခြင်းကို ခံရပါက မည်သူမဆို ပျော်ရွှင်နိုင်မည် မဟုတ်ပေ။
"နတ်သမီးထျန်းမေ၊ အခု ငါဘာလုပ်ချင်လဲ မင်းသိလား"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောသည်။
"ဘာလုပ်ချင်နေလဲ"
"ငါ မင်းကို ပိတ်ရိုက်လိုက်ချင်တယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
နတ်သမီးယွင်ထျန်းမေ၏ မျက်နှာက ချက်ချင်း နီရဲသွားသည်။
သူက ကောင်းကင်ကိုးပါးအထက်မှာပင် သူ့ကို ဤကဲ့သို့ မည်သူမျှမပြောဝံ့ကြပေ။
သို့သော်လည်း ယခုတစ်ကြိမ်မှာ သူ့အမှား ဖြစ်သည်။
"ရှောင်ယောက်..."
ဘေးတွင်၊ ကျန်းစန်းယီက ဝင်ဟန့်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း ကိုယ်ရှိန်သတ်ပြီး ကျန်းစန်းယီကို လှည့်ပြောလိုက်လေသည်။
"ကျွန်တော်တို့ ဒီည ဆက်လုပ်လို့ရမလား"
ထိုစကားကြောင့် ကျန်းစန်းယီမှာ အံ့အားသင့်သွားသည်။ သူ အလွန်လည်း ရှက်ရွံ့သွား၏။
မူလက ဖြူစင်ပြီး အပြစ်ကင်းစင်သော နတ်သမီး၏ မျက်လုံးများက ယခုအခါ ရှုပ်ထွေးမှုတို့ ပေါ်လာပြီ။
သူနှင့် ကျွင်းရှောင်ယောက်ဟာ အတွေ့အကြုံများစွာရှိနေပြီ ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးအဆင့်တော့ မပြီးမြောက်သေးပေ။
"နောက်တာပါ၊ ဟာသတွေ မပြောတော့ဘူး"
"နတ်သမီးထျန်းမေလည်း စိတ်မရှိပါနဲ့၊ ကျုပ် နည်းနည်းစိတ်မြန်သွားတယ်"
ကျွင်းရှောင်ယောက်၏ အမူအရာက ပြန်တည်ငြိမ်လာကာ ပြောလိုက်သည်။
နတ်သမီးထျန်းမေလည်း သက်ပြင်းချလိုက်လေသည်။
ကျွင်းရှောင်ယောက်က သူ့ကို ရိုက်လိုက်မည်အား သူမ တကယ်ကြောက်မိသည်။
"နတ်သမီးထျန်းမေ၊ ခင်ဗျားမှာ ပြောစရာရှိရင် ပြောသာပြောပါ၊ ဒါက လော့လီအကြောင်းပဲ မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
နတ်သမီးယွင်ထျန်းမေက မျက်လုံးအရောင်လက်သွားပြီး ပြောလိုက်၏။
"ရှင်က နတ်ဘုရားလား၊ ဗေဒင်ဆရာလား"
"ဒါက ခန့်မှန်းရမခက်ပါဘူး"
ကျွင်းရှောင်ယောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ယွင်ထျန်းမေသည် သူရောက်လာကတည်းက ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေသည်ကို သူ သတိပြုမိသည်။
အမှန်အတိုင်းဆိုရလျှင်၊ ဤပွဲကို တက်ရောက်လာခြင်းက မရိုးရှင်းပေ။
နတ်သမီးယွင်ထျန်းမေက အနည်းငယ် တုံ့ဆိုင်းနေဟန်ဖြင့် ကျန်းစန်းယီကို ကြည့်လိုက်သည်။
"ကျုပ်တို့က မိသားစုဝင်တွေပါ၊ ပြောစရာရှိတာကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကျန်းစန်းယီလည်း ပြုံးလိုက်လေသည်။
ဤခြွင်းချက်မရှိသော ယုံကြည်မှုမျိုးက အဖိုးတန်ဆုံးအရာ ဖြစ်သည်။
နတ်သမီးယွင်ထျန်းမေက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
"ကျွင်းသခင်လေး၊ ဒီသတင်းကိုကြားရင် ရှင် စိတ်မဆိုးဖို့ မျှော်လင့်တယ်"
"ဟမ်"
ကျွင်းရှောင်ယောက်၏ အမူအရာက ပြောင်းသွားသည်။
ကျန်းစန်းယီ၏ မျက်နှာပေါ်ရှိ ရှက်ရွံ့မှုအရိပ်အယောင်များလည်း အနည်းငယ် မှိန်ဖျော့သွားပြီး တစ်ဖန် လေးနက်လာ၏။
သူက လော့လီ၏ အရေးကိစ္စများကို အမြဲဂရုစိုက်သည်။
"လော့လီမှာ တစ်ခုခုဖြစ်ခဲ့တယ်လို့တော့ မပြောနဲ့"
ကျွင်းရှောင်ယောက်၏ လေသံက အေးစက်လာသည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး၊ လော့လီကို ဘယ်သူမှ ထိခိုက်စေမှာ မဟုတ်ဘူး။ သူက ရှန်းလင်မှာ ကောင်းကောင်း လေ့ကျင့်နေပြီး ရှန်းလင်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်များစွာရဲ့ တန်ဖိုးထားမှုကိုလည်း ခံထားရပါတယ်"
နတ်သမီးယွင်ထျန်းမေက ပြောလိုက်သည်။
"ဒါဆိုရင် ခင်ဗျားဘာပြောချင်တာလဲ"
နောက်ဆုံးတွင် နတ်သမီးယွင်ထျန်းမေက သတ္တိမွေးပြီး ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
"တကယ်တော့ လော့လီက တခြားတားမြစ်နယ်မြေက တစ်ယောက်ယောက်ကို လက်ထပ်ဖို့ စီစဉ်ခံရတာ"
စကားတစ်ခွန်းသာ ပြောလိုက်ရသည်။
နတ်သမီးယွင်ထျန်းမေသည် အဆောင်တစ်လုံ၏ အပူချိန် ရေခဲမှတ်အထိ ကျဆင်းသွားပုံရကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
သူ ရုတ်တရက် တုန်လှုပ်သွား၏။
ကျွင်းရှောင်ယောက်၏ မျက်နှာအမူအရာက ခံစားချက်မဲ့ပြီး သူ့မျက်လုံးများမှာလည်း အေးစက်သွားတော့သည်။