← Chapters

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အခန်း ၁၃၃၃

Vol. 89 Ch. 1333

အခန်း ( ၁၃၃၃ ) ရှန်းလင်၏ အခြေအနေ။

နတ်သမီးယွင်ထျန်းမေသည် ရေခဲဂူထဲသို့ ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရသည်။

ကောင်းကင်ကိုးပါးအထက်တွင် ကျော်ကြားသော ပါရမီရှင်တစ်ဦးအနေဖြင့် သူမ၏ခွန်အားက အလွန်သန်မာပေသည်။

အင်မော်တယ်နယ်မြေကြီးမှာဆိုလျှင် သူက ထိပ်တန်း ပါရမီရှင်တစ်ယောက်ဖြစ်မည်မှာ သေချာသည်။

ယခုမူ...

ကျွင်းရှောင်ယောက်က လှုပ်ရှားမှုပင်မပြုဘဲ နတ်သမီးယွင်ထျန်းမေ၏ နဖူးတွင် ချွေးစို့လာစေခဲ့ပြီ။

'သန်မာလွန်းတယ်၊ ကျွင်းသခင်လေးရဲ့ ခွန်အားက ထင်သလောက် မရိုးရှင်းနိုင်ဘူး'

နတ်သမီးယွင်ထျန်းမေက အံ့သြသွားသည်။

ကောင်းကင်ကိုးပါးအထက်မှ ပါရမီရှင်များကြားတွင်ပင် ထိုကဲ့သို့သော ခွန်အားက ထူးခြားပေသည်။

ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်းရှိ ထိပ်တန်း သခင်လေးများ၊ ဧကရာဇ်၏သားတော်များနှင့် နတ်ဘုရားမများပင်လျှင် ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

နတ်သမီးယွင်ထျန်းမေကိုယ်တိုင်ကလည်း ကောင်းကင်ကိုးပါး နဂါးနှင့်ဖီးနစ်စာရင်းတွင် စာရင်းဝင်ပြီး ထိပ်တန်းကြယ်ပွင့်တစ်ဦးဟု ဆိုနိုင်သည်။

သို့သော်လည်း နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်၏ အရှိန်အဝါကြောင့် သူ တုန်လှုပ်မိသေးသည်။

ကျွင်းရှောင်ယောက်က တကယ်ကို အင်မော်တယ်နယ်မြေကြီးရှိ မျိုးဆက်သစ်လူငယ် နံပါတ်တစ်ဘွဲ့နှင့် ထိုက်တန်သည်။

"စိတ်မကောင်းပါဘူး"

နတ်သမီးယွင်ထျန်းမေက အပြစ်ရှိဟန်ဖြင့် ပြောလိုက်လေသည်။

ယခင်က ကျန်းလော့လီကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားသောအခါ... သူ့ကို ကောင်းကောင်းဂရုစိုက်ပါမည်ဟု ကျွင်းရှောင်ယောက်ကို ကတိပေးခဲ့ဖူးသည်။

တကယ်လည်း ကျန်းလော့လီက အဆင်ပြေခဲ့ပေသည်။

သို့သော်လည်း အိမ်ထောင်ရေး အစီအစဉ်ကဲ့သို့ ကိစ္စရပ်များက သူ့ကို ခေါင်းကိုက်စေသည်။

ထို့ပြင် ကျန်းလော့လီနှင့် ကျွင်းရှောင်ယောက်၏ ဆက်ဆံရေးက ဘယ်လိုရှိမှန်း သူ သူသိထား၏။

ထိုစဉ်က၊ ကျန်းလော့လီသည် ကောင်းကင်ကိုးပါးအထက်သို့ သွားရောက်ခြင်းမှာ ကျွင်းရှောင်ယောက်က သဘောတူသောကြောင့် ဖြစ်သည်။

မဟုတ်လျှင်၊ ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို ခွဲခွာသွားမည် မဟုတ်ပေ။

"ဘယ်လို... ဒီအိမ်ထောင်ရေးက ဘယ်လိုဖြစ်လာရတာလဲ"

ကျန်းစန်းယီ၏ မျက်နှာမှာလည်း အနည်းငယ် အမူအရာပြောင်းသွားသည်။

ကျန်းလော့လီကို ကောင်းကင်ကိုးပါးအထက်သို့ ခေါ်ဆောင်သွားကြောင်း သူမ သိထားခဲ့ပြီးပြီ။

ထိုအချိန်တွင် သူသည် ကျန်းလော့လီအတွက် ပျော်ရွှင်နေခဲ့သည်။ ယင်းက သူမအတွက် အခွင့်အလမ်းတစ်ခုပင် မဟုတ်လော။

သို့သော်လည်း ယခုအချိန်တွင် ဤသတင်းက မထင်မှတ်ဘဲ ရောက်လာခဲ့သည်။

"ခင်ဗျားတို့ ရှန်းလင်က ကျုပ်ကို အရှက်ရစေချင်တာလား"

ကျွင်းရှောင်ယောက်၏ လေသံက လုံးဝ အေးစက်သွားသည်။

"မဟုတ်ပါဘူး"

ယွင်ထျန်းမေက ကမန်းကတန်း ပြောလိုက်၏။

ကျွင်းရှောင်ယောက်က ယခုအချိန်တွင် ပြိုင်စံရှားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူက ကောင်းကင်ကိုးပါးအထက်မှ ရှန်းလင်၏ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကို လုံးဝ မစော်ကားဝံ့ပေ။

"သိက္ခာဆိုတာ ဘာကိုဆိုလိုမှန်း မသိဘူးဆိုရင် ကျုပ်ကိုယ်တိုင် သင်ပေးရလိမ့်မယ်"

ကျွင်းရှောင်ယောက်၏ လေသံက တည်ငြိမ်သော်လည်း မမြင်နိုင်သော ဩဇာလွှမ်းမိုးမှု ရှိသည်။

"ဒါပေမဲ့ အခြေအနေက ကျွင်းသခင်လေးထင်သလောက် မရိုးရှင်းဘူး"

နတ်သမီး ယွင်ထျန်းမေက သက်ပြင်းချလိုက်လေသည်။

"ရှောင်ယောက်၊ သူ့ကို အရင်ရှင်းပြစေပြီး ရှင်းရှင်းလင်းလင်းပြောပါစေ"

ကျန်းစန်းယီကလည်း ဘေးမှ ဝင်ပြောလိုက်သည်။

ကျန်းလော့လီက ကျွင်းရှောင်ယောက်ကို ဘယ်လောက်ထိချစ်မှန်း သူသိသည်။

သူက အခြားသူနှင့် လက်ထပ်ခြင်းမျိုး လုံးဝ ပြုလုပ်မည် မဟုတ်ပေ။

ဤနောက်ကွယ်တွင် အကြောင်းပြချက် ရှိသင့်သည်။

"ဆက်ပါ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

နတ်သမီး ယွင်ထျန်းမေလည်း သူ၏ အတွေးများကို ရှင်းထုတ်ပြီးနောက် စကားစလိုက်လေသည်။

"ကျွန်မရဲ့ ရှန်းလင်အကြောင်းကို ကျွင်းသခင်လေးက ဘယ်လောက်သိထားလဲ"

"အဲဒီမှာ အင်မော်တယ် အမွေအနှစ်တွေ ကျန်ရှိပုံရပြီး အင်မော်တယ်မျိုးဆက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှေးဟောင်း တားမြစ်နယ်မြေတစ်ခုလို့ ပြောကြတယ်... ဒီလို မဟုတ်ဘူးလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက ကောင်းကင်ကိုးပါးအထက်မှ တားမြစ်နယ်မြေဆယ်ခုအကြောင်းကို များများမသိပေ။

"ဒါက အပြင်လူတွေရဲ့ အသိအမြင်ပါပဲ။ တကယ်တော့၊ ရှန်းလင်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေက သုံးယောက် ရှိတယ်"

"ဒီအင်မော်တယ်ဘိုးဘေးသုံးပါးက ကျန်ရစ်ခဲ့တဲ့ အမွေတွေနဲ့အတူ ကိုင်းခွဲသုံးခုအဖြစ် ကွဲထွက်သွားတယ်"

"ဒါက ချုံးရှောင်းမျိုးရိုး၊ ယွင်ရှောင်းမျိုးရိုးနဲ့ ပိရှောင်းမျိုးရိုးတွေပဲ"

နတ်သမီးယွင်ထျန်းမေက ရှင်းပြလိုက်သည်။

"ဒီလိုပဲ"

ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်၏။

ဒါက ရှေးဒဏ္ဍာရီထဲမှ နတ်သမီးသုံးပါးကို အမှတ်ရစေသည်။

"ကျွန်မက ယွင်ရှောင်းအဆက်အနွယ်ကဖြစ်ပြီး ကျန်းလော့လီ အမွေဆက်ခံတဲ့ ရှေးဦးဝိညာဉ်ကမ္ဘာကတော့ ပိရှောင်းမျိုးရိုးက ရှေးအကျော်အမော်တစ်ဦးရဲ့ဟာပဲ"

"ဒီလိုဆိုရင် လော့လီက ပိရှောင်းမျိုးရိုးကို ရောက်သွားတာပေါ့"

"ဟုတ်ပါတယ်"

နတ်သမီး ယွင်ထျန်းမေက ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။

"ကျန်းလော့လီကိုခေါ်ဖို့ ဆင်းသက်လာတဲ့အခါ ယုမိသားစုရဲ့သဘောထား သိပ်မကောင်းရတာက သူတို့ဟာ ချုံးရှောင်းအဆက်အနွယ်ရဲ့ တားမြစ်မိသားစုဖြစ်နေလို့ပဲ"

"နောက်ဆုံးမှာတော့၊ အင်မော်တယ်သတ်ဓားက ယုမိသားစုကို တိုက်ခိုက်ခဲ့တယ်လေ။ ဒါက ယုမိသားစုကို ပြင်းပြင်းထန်ထန် ပျက်စီးစေပြီး ချုံးရှောင်းမျိုးရိုးကို အရှက်ရစေခဲ့တယ်"

"ဒီအကြောင်းကြောင့် လော့လီကို ပစ်မှတ်ထားခံရတယ်လို့ မပြောနဲ့"

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

ဤအတိုင်းသာမှန်ပါက၊ ရှန်းလင်သည် ရှေးနတ်သမီး၏ အမွေဆက်ခံခဲ့သော ကျန်းလော့လီကို ကောင်းစွာ ဂရုစိုက်မည် မဟုတ်ပေ။

"အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ မျိုးရိုးသုံးခုထဲမှာ ချုံးရှောင်းမျိုးရိုးက အသန်မာဆုံးပဲ"

"ကျွန်မရဲ့ ယွင်ရှောင်းမျိုးရိုးက ဒုတိယဖြစ်ပြီး ပိရှောင်းမျိုးရိုးကတော့ ရှေးနတ်သမီးရဲ့ ကြွေလွင့်မှုကြောင့် ကျဆင်းလာပြီး အားအနည်းဆုံး ဖြစ်ခဲ့တယ်"

ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

ပိရှောင်းမျိုးရိုးမှ ရှေးနတ်သမီး၏ သေဆုံးမှုက ရှုပ်ထွေးမှုတစ်ခုနှင့် ဆက်စပ်နေနိုင်ပေသည်။

ထို့အတွက်ကြောင့် ရှေးဦးဝိညာဉ်ကမ္ဘာက အင်မော်တယ်နယ်မြေကြီးသို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းတွင် ကျန်းလော့လီမှ ရရှိခဲ့ခြင်း ဖြစ်သည်။

"နှစ်များတလျှောက်မှာ ချုံးရှောင်းမျိုးရိုးက အသန်မာဆုံးဖြစ်တာကြောင့် ရှန်းလင်ရဲ့ ခေါင်းဆောင်ဖြစ်လာဖို့တောင် အလားအလာရှိနေပြီ"

"ဒါ‌ကြောင့် ကျွန်မရဲ့ ယွင်ရှောင်းမျိုးရိုးနဲ့ ပိရှောင်းမျိုးရိုးက ချုံးရှောင်းမျိုးရိုးကို ချုပ်ကိုင်ပြီး ရှန်းလင်ကို ဟန်ချက်ညီအောင်ထိန်းသိမ်းဖို့အတွက် ပူးပေါင်းချင်ခဲ့တယ်"

နတ်သမီးယွင်ထျန်းမေက သက်ပြင်းချလိုက်လေသည်။

"အဟက်၊ မြင့်မားပြီး တန်ခိုးကြီးတဲ့ အသက်တားမြစ်နယ်မြေကလည်း သာမန်ပဲဖြစ်ပုံရတယ်"

ကျွင်းရှောင်ယောက်က တစ်ချက်ရယ်လိုက်၏။

နတ်သမီး ယွင်ထျန်းမေလည်း အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဒီကမ္ဘာမှာ ငြိမ်းအေးမှုဆိုတာ အမြဲမရှိနိုင်ဘူးလေ။ အင်မော်တယ်တွေကြားမှာတောင် လျှို့ဝှက်တစ်မျိုး ပွင့်ပွင့်လင်းလင်းတစ်ဖုံ လှည့်စားမှုလေးတွေ ရှိကောင်းရှိနိုင်တယ်"

"ဒီကိစ္စတွေနဲ့ လော့လီရဲ့ အိမ်ထောင်ရေးက ဘယ်လိုပတ်သက်လဲ"

ကျွင်းရှောင်ယောက်က ပြောသည်။

နတ်သမီး ယွင်ထျန်းမေက ပြောလိုက်၏။

"ကျွန်မရဲ့ ရှန်းလင်က အမြဲတမ်းဆိုသလို အမျိုးသမီးတွေပဲ လွှမ်းမိုးထားခဲ့တယ်"

"မျိုးဆက်တွေအတွက်တော့ သူတို့အားလုံးကို ကောင်းကင်ကိုးပါးအထက်က အခြား တားမြစ်နယ်မြေတွေရဲ့ ပါရမီရှင်တွေနဲ့ လက်ဆက်စေတယ်လေ"

"ကလေးက မိန်းကလေးဆိုရင် ရှန်းလင်မှာနေရမယ်။ ယောက်ျားလေးဆိုရင်တော့ အမျိုးသားရဲ့ အင်အားစုမှာ နေရလိမ့်မယ်"

ကျွင်းရှောင်ယောက်က လက်ကာပြလိုက်သည်။

"ရပ်လိုက်ပါ၊ ဒါက လော့လီရဲ့ အိမ်ထောင်ရေးနဲ့ ဘယ်လိုဆိုင်လဲ"

နတ်သမီး ယွင်ထျန်းမေက သက်ပြင်းချလိုက်လေသည်။

"တကယ်တော့ ကျွန်မရဲ့ ရှန်းလင်မှာ အခွင့်အလမ်းနဲ့ ရတနာတွေရှိတဲ့ စန်းရှန်းအင်မော်တယ်ဂူလို့ခေါ်တဲ့ ဘိုးဘွားမြေရှိတယ်"

"ဘိုးဘွားမြေရဲ့ ဖွင့်လှစ်မဲ့အချိန်က မသေချာပေမဲ့ ဖွင့်လှစ်တဲ့အခါတိုင်းမှာ မျိုးရိုးသုံးခုကြားမှာ ကြီးမားတဲ့ ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လိမ့်မယ်"

"ဘာဖြစ်လို့လဲဆိုတော့ အဲဒီအထဲမှာ ရှန်းလင်အတွက် အက်မတန်အရေးကြီးတဲ့ အရာတစ်ခု ရှိနေလို့ပဲ"

"အဲဒီအရာက ရှန်းလင်ကိုတည်ထောင်သူ နတ်သမီးသုံးပါးကနေ ဆင်းသက်လာပြီး ကြိုတင်သတ်မှတ်ထားတဲ့ ကံကြမ္မာရှိသူတွေသာ ရရှိနိုင်တယ်"

"ဒါပေမဲ့ အခုအချိန်အထိ ကျွန်မရဲ့ရှန်းလင်မှာ ဘယ်သူမှ အဲဒီအရာကို မရယူနိုင်သေးဘူး"

"ဒီမျိုးဆက်မှာ အခွင့်အလမ်းအတွက် ပြိုင်ဆိုင်မယ်ဆိုရင် လူသုံးယောက်က အခွင့်အရေးရှိတယ်"

"ချုံးရှောင်းမျိုးရိုးက လျိုချုံးယန်"

"ယွင်ရှောင်းမျိုးရိုးက ကျွန်မ"

"ပိရှောင်းမျိုးရိုးမှာတော့ သဘာဝအတိုင်း ကျန်းလော့လီပဲ"

နတ်သမီး ယွင်ထျန်းမေက တစ်ခုချင်း ပြောပြလိုက်လေသည်။

ဤသည်က ရှန်းလင်၏ လျှို့ဝှက်ချက်များဟု ဆိုနိုင်သည်။

သို့သော်လည်း နတ်သမီး ယွင်ထျန်းမေက ဖုံးကွယ်မထားပေ။

ဒါက ကျွင်းရှောင်ယောက်၏ဒေါသကို လျော့ကျလာစေသည်။

"ဒါဆိုရင် အဲဒီရတနာက ဘာလဲ"

ကျွင်းရှောင်ယောက်က မေးသည်။

"ဟွင်းယွမ်ကျင်းသို"

နတ်သမီး ယွင်ထျန်းမေက ပြောလိုက်၏။

"ဧကရာဇ်လက်နက်လား"

"မဟုတ်ဘူး၊ အဲဒါက အင်မော်တယ်လက်နက်ပဲ"

"ကျွန်မရဲ့ ရှန်းလင်အတွက် ဟွင်းယွမ်ကျင်းသိုရဲ့ အရေးပါမှုက အင်မော်တယ်ခုံရုံးအတွက် ကောင်းကင်ဧကရာဇ်ရဲ့ပလ္လင်နဲ့အတူတူပဲ"

နတ်သမီး ယွင်ထျန်းမေက လေးလေးနက်နက် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့သြသွားလေသည်။

ရှန်းလင်ကိုတည်ထောင်သူ နတ်သမီးသုံးပါးမှ ကျန်ရစ်ခဲ့သော ရတနာက အမှန်တကယ်ပင် ပကတိရတနာ ဖြစ်သည်။

"ဒါပေမဲ့ စန်းရှန်းအင်မော်တယ်ဂူမှာ အကြွင်းအကျန်အစီရင်တွေ၊ အခက်အခဲတွေနဲ့ အန္တရာယ်တွေ ပြည့်နေတယ်"

"ကျွန်မရဲ့ ရှန်းလင်က အမျိုးသမီးတွေပဲ နေထိုင်ကြတာလေ။ ဒါကြောင့် စန်းရှန်းအင်မော်တယ်ဂူကို ဖွင့်လှစ်တဲ့အခါတိုင်း ရှန်းလင်ရဲ့ အမျိုးသမီးတွေက သူတို့ရဲ့ တာအိုလက်တွဲဖော် ဒါမှမဟုတ် နောက်လိုက်တွေနဲ့အတူ ဝင်ရောက်လို့ရတယ်"

"လျိုချုံးယန်က အင်မတန်ထူးချွန်တာကြောင့် ကောင်းကင်ကိုးပါးအထက်မှာ သူ့ကို ဦးညွတ်ချင်တဲ့ ပါရမီရှင်တွေ မနည်းဘူး"

"ဒါကြောင့် ပိရှောင်းမျိုးရိုးက ကျန်းလော့လီကို ဩဇာကြီးတဲ့ ပါရမီရှင်တစ်ဦးနဲ့ လက်ထပ်စေချင်ခဲ့တယ်"

"ပထမအချက်က ပိရှောင်းမျိုးရိုးဟာ မဟာမိတ်တွေ တိုးပွားစေပြီး ကျဆင်းလာမှုကနေ နောက်ပြန်လှည့်နိုင်တယ်"

"ဒုတိယအနေနဲ့ကတော့ ဒါက ကျန်းလော့လီရဲ့ ဟွင်းယွမ်ကျင်းသိုကို အောင်အောင်မြင်မြင် ရယူနိုင်စေဖို့ အခွင့်အလမ်းကို တိုးတက်စေနိုင်တယ်"

နတ်သမီး ယွင်ထျန်းမေက ရှည်လျားစွာ ရှင်းပြလိုက်သည်။

“ဒီလိုပဲ"

ကျန်းစန်းယီလည်း နားလည်သွားခဲ့သည်။ ရှန်းလင်တွင် အခြေအနေက ဤမျှရှုပ်ထွေးနေမည်ဟု မမျှော်လင့်ထားပေ။

"ဒါဆိုရင် ပိရှောင်းမျိုးနွယ်က လော့လီနဲ့လက်ထပ်ဖို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဘယ်သူ့ကိုစီစဥ်ထားတာလဲ"

ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။

သို့သော်လည်း ထိုအပြုံးက အနည်းငယ် အေးစက်၏။

ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ နတ်သမီး ယွင်ထျန်းမေမှာ တုံ့ဆိုင်းသွားပုံရသည်။

တစ်ချိန်တည်းမှာပင်၊ ကျန်းလော့လီနှင့် လက်ထပ်မည့် ပါရမီရှင်အကြောင်းကို တွေးမိသောအခါ သူမ၏ မျက်လုံးများက လေးနက်မှု အရိပ်အယောင်တို့ ပေါ်လာတော့သည်။

All Chapters