အခန်း ၁၃၃၆
Vol. 90 Ch. 1336
အခန်း ( ၁၃၃၆ ) ကျွင်းဧကရာဇ်ခုံရုံးအတွက် တည်နေရာ။
ကျွင်းရှောင်ယောက်က လှပသော အနုပညာလက်ရာတစ်ခုကို ကြည့်နေသကဲ့သို့ လေးနက်သော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
သို့သော်လည်း ယွမ်ချယ်က အနည်းငယ် ရှက်ရွံ့သွားပုံရလေသည်။ သူမ၏ အသားအရေက အနည်းငယ် သွေးရောင်လွှမ်းသွားသည်။
ထို့နောက်၊ ကျွင်းရှောင်ယောက်က ယွမ်ချယ်၏ ခန္ဓာကိုယ်အတွင်းမှ အပြစ်စွမ်းအားကို စတင်စုပ်ယူရန် ပြင်လိုက်သည်။
ဤအပြစ်စွမ်းအားက အငွေ့အသက်လေး ထိမိရုံဖြင့် သေစေနိုင်သော အဆိပ်ကဲ့သို့ပင်။
သို့သော်လည်း ၎င်းကို ထိန်းချုပ်နိုင်လျှင် အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ကျွင်းရှောင်ယောက်ဆိုလျှင်လည်း အပြစ်စွမ်းအားကို စုပ်ယူခြင်းဖြင့် သူ၏ နတ်ဘုရားစွမ်းရည်ကို ပို၍ အစွမ်းထက်လာစေနိုင်ပေသည်။
ဟုတ်သည်၊ သူက ဤအကြောင်းကို ပြောပြမည်တော့ မဟုတ်ပါ။
ယခုအခါ ယွမ်ချယ်က လူများစွာ တိုက်ပွဲဝင်နေရသော အသားတုံးကြီးတစ်ခု ဖြစ်သည်။
ဖူရှီအင်မော်တယ်မျိုးရိုးမှ တိဟောက်ထျန်းနှင့် ဝါဟွမ်အင်မော်တယ်မျိုးရိုးတို့က ယွမ်ချယ်ကို အနိုင်ရရန်အတွက် အစွမ်းကုန် ကြိုးစားနေ၏။
ကျွင်းရှောင်ယောက်ကလည်း သဘာဝအတိုင်း ယွမ်ချယ်ကို အနိုင်ယူရမည် ဖြစ်သည်။
သူက ယွမ်ချယ်၏ ခန္ဓာကိုယ်ထဲမှ အပြစ်စွမ်းအားကို စတင်စုပ်ယူလိုက်သည်။
ကြောက်စရာကောင်းသော နာကြည်းမှု၊ ကျိန်စာနှင့် အပြစ်စွမ်းအားလှိုင်းများက သူ့ခန္ဓာကိုယ်တွင်းသို့ စိမ့်ဝင်လာသည်ကို ခံစားလိုက်ရ၏။
အဆိုးရွားဆုံးနှင့် ကြောက်စရာအကောင်းဆုံး ကျိန်စာများက သူ့အပေါ်သို့ ကျရောက်လာသကဲ့သို့ပင်။
သို့ရာတွင်... ဒါက ကျွင်းရှောင်ယောက်အပေါ်မှာ သက်ရောက်မှုမရှိပါ။
သူဟာ တစ်ချိန်က အပြစ်စွမ်းအားကို ထိန်းချုပ်ပြီး အပြစ်သားနိယာမအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ သွေးမျိုးဆက်က အလွန်ကြောက်စရာကောင်းပြီး အန္တိမကပ်ဘေးကြီး၏ ကျိန်စာသည်ပင် ဘာမျှမလုပ်နိုင်ပေ။
ဤအပြစ်စွမ်းအားက ကျွင်းရှောင်ယောက်၏ သွေးမျိုးဆက်ကို ဖျက်ဆီးရန်ခက်သည်။
တုန်ဟွဧကရာဇ်က ကျွင်းရှောင်ယောက်ကို ယွမ်ချယ်၏ အပြစ်စွမ်းအားများ လွှဲပြောင်းပေးရမည့်သူအဖြစ် ရွေးချယ်ခဲ့ခြင်းမှာလည်း ဤအကြောင်းများကြောင့်ပင်။
ကျွင်းရှောင်ယောက်က ထိုအပြစ်စွမ်းအားကို ကောင်းစွာ လွှဲပြောင်းယူနိုင်သည်။
သို့သော်လည်း သူ့မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင်တို့ စတင်ပေါ်လာသည်။
"ရှောင်ယောက်၊ ရှင်ဘာဖြစ်လို့လဲ"
ကျွင်းရှောင်ယောက်၏ အမူအရာကိုမြင်တော့ ယွမ်ချယ်က စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။
"ရပါတယ်၊ နည်းနည်းနာရုံပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"ဒါဆိုရင် ငါတို့တွေ မြန်မြန်ရပ်လိုက်ရအောင်ပါ"
ယွမ်ချယ်က စိုးရိမ်စွာ ပြောလိုက်လေသည်။
အကယ်၍၊ ကျွင်းရှောင်ယောက်သာ ဤအပြစ်စွမ်းအားကို လွှဲပြောင်းခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်ခဲ့ပါက...
ယွမ်ချယ်မှာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဘဲ အပြစ်ရှိသလို ခံစားနေရလိမ့်မည်။
"ရပါတယ်၊ မင်းသမီးကို ကူညီပေးဖို့ ကတိပေးပြီးပြီမို့ ပြောတဲ့အတိုင်း တည်အောင်လုပ်မယ်"
ကျွင်းရှောင်ယောက်က အခိုင်အမာ ပြောလိုက်သည်။
သို့ရာတွင်... သူက တကယ်တမ်းမှာ ဘာမျှမခံစားရပါ။
ဤအပြစ် စွမ်းအားက ကျွင်းရှောင်ယောက်ကို ထိခိုက်စေရန် မလုံလောက်ပေ။
သူ ဤသို့လုပ်ရခြင်း အကြောင်းရင်းက ယွမ်ချယ်မှ သူ့အား ပို၍ ကျေးဇူးတင်စေရန် ဖြစ်သည်။
ကျွင်းရှောင်ယောက်က နာကျင်မှုကို ခံစားနေရသော်လည်း သူမ၏ အပြစ်စွမ်းအားကို လွှဲပြောင်းယူရန် ကြိုးစားနေဆဲပင်။
ဒါက ယွမ်ချယ်ကို ပို၍ တုန်လှုပ်သွားစေသည်။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာသွားပြီ။
ထိုအချိန်တွင် လွှဲပြောင်းမှု လုပ်ငန်းစဉ်ကို ရပ်တန့်လိုက်သည်။
"တောင်းပန်ပါတယ် မင်းသမီး၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက မဟာအပြစ်စွမ်းအားက ပြင်းထန်လွန်းတယ်"
"ဒါကို တစ်ကြိမ်တည်း အပြီးလွှဲပြောင်းဖို့ မဖြစ်နိုင်ဘူး၊ အကြိမ်ပေါင်းများစွာခွဲပြီး လွှဲပြောင်းရလိမ့်မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
"အဆင်ပြေပါတယ်"
ကျွင်းရှောင်ယောက်၏ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော အမူအရာကိုကြည့်ရင်း ယွမ်ချယ်မှာ အလွန်စိတ်မကောင်းဖြစ်သွားလေသည်။
"ကျေးဇူးတင်ပါတယ် ရှောင်ယောက်"
ယွမ်ချယ်က ရိုးရိုးသားသား ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ပြုံးပြီး ခေါင်းညိတ်လေသည်။
စင်စစ်တွင်၊ သူက အပြစ်စွမ်းအား အားလုံးကို တစ်ကြိမ်တည်းဖြင့် လွှဲပြောင်းနိုင်သည်။
ယွမ်ချယ်ကို ပို၍ ကျေးဇူးတင်စိတ် ဖြစ်ပေါ်လာစေရန် တမင် အချိန်ဆွဲလိုက်ခြင်းပင်။
ယွမ်ချယ်ကို သူ့လက်ထဲတွင် ခိုင်မြဲစွာ ခေါ်ဆောင်ထားနိုင်သရွေ့ အင်မော်တယ်ခုံရုံး၏ ပေါင်းစည်းခြင်းအတွက် စိုးရိမ်စရာ မလိုပေ။
တိဟောက်ထျန်းကလည်း ယွမ်ချယ်ကို လက်ထပ်ခြင်းဖြင့် အင်မော်တယ်ခုံရုံးကို ပေါင်းစည်းခြင်း ပြုလုပ်နိုင်တော့မည် မဟုတ်ပါ။
ဒါက ယွမ်ချယ်ကို အခွင့်အရေးယူခြင်း ဖြစ်သည်။
သို့သော်လည်း ၎င်းက အင်မော်တယ်ခုံရုံးကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုပင်။
သူက သူတော်ကောင်းတစ်ယောက် မဟုတ်ပါ။
သူ့နည်းလမ်းကို အောင်မြင်ရန် ဘာမဆိုလုပ်နိုင်သည်။
ထို့နောက်၊ ယွမ်ချယ်က ထွက်ခွာသွားလေသည်။
ယွမ်ချယ် ထွက်သွားပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်ရှိ ပင်ပန်းနေသော အမူအရာက ပျောက်ကွယ်သွားသည်။ သူ့အမူအရာက တည်ငြိမ်လာ၏။
"ယွမ်ချယ်ကို ထိန်းချုပ်တာက အင်မော်တယ်ခုံရုံးရဲ့ အသက်သွေးကြောကို ထိန်းချုပ်တာနဲ့ ညီမျှတယ်"
"အနည်းဆုံးတော့ အခုချိန်မှာ အင်မော်တယ်ခုံရုံးက အတွင်းရေး အငြင်းပွားမှုတွေနဲ့ အလုပ်ရှုပ်နေပြီး အင်မော်တယ်ခုံရုံးကို ထိန်းနိုင်ဦးမှာ မဟုတ်ဘူး။ ငါ့ကျွင်းဧကရာဇ်ခုံရုံးက ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး နိုးထလာဖို့ ကြိုးစားနိုင်တယ်"
"အခု ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် ကျွင်းမိသားစု၏ အစည်းအဝေးခန်းတစ်ခုတွင် ကျွင်းရှောင်ယောက်က လူတိုင်းကို စုစည်းလိုက်လေသည်။
သူ့နောက်လိုက်များ၊ သူငယ်ချင်းအချို့နှင့် ကျွင်းဧကရာဇ်ခုံရုံး၏ အဆင့်မြင့်ပုဂ္ဂိုလ်များ အားလုံး ရောက်လာခဲ့ကြသည်။
"ကျွင်းဧကရာဇ်ခုံရုံးရဲ့ အရှင်သခင်ကို နှုတ်ခွန်းဆက်ပါတယ်"
ကျွင်းဧကရာဇ်ခုံရုံး၏ အဖွဲ့ဝင်များက ကျွင်းရှောင်ယောက်ကို လေးစားစွာ ဦးညွတ်လိုက်ကြလေသည်။
သူတို့သည် ယခင်က ကျွင်းရှောင်ယောက်နှင့် မတူညီသော ဆက်ဆံရေးအမျိုးမျိုး ရှိဖူးသည်။
ယခုတော့ သူတို့က ကျွင်းရှောင်ယောက်၏ လက်အောက်ခံများ ဖြစ်နေပြီ။
"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။
ကျုပ်က အခု အားလုံးကို ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းကတော့ အစီအစဉ်တစ်ခု အကောင်အထည် ဖော်ချင်လို့ပဲ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရောက်ရှိလာသူအားလုံး အံသြသွား၏။
ကျွင်းဧကရာဇ်ခုံရုံးက ဖွဲ့စည်းလိုက်ပြီးပြီ။
အခု သူက လှုပ်ခတ်မှုတွေ ဖြစ်စေတော့မှာလား။
သို့သော်လည်း ဒါကပင် ကျွင်းရှောင်ယောက်၏ပုံစံ ဖြစ်သည်။
"ခင်ဗျားတို့ အားလုံးမှာ မေးစရာရှိမယ်လို့ ထင်ပါတယ်။ ဒါက ဘာလဲဆိုတော့ ကျုပ်တို့အတွက် အခြေစိုက်ရာပေါ့။ ကြေးအင်မော်တယ်နန်းတော်ကို အခြေစိုက်ထားလို့ရပေမဲ့ မြေပြင်မှာလည်း ဌာနချုပ်တစ်ခု တည်ဆောက်ထားဖို့ လိုအပ်တယ်"
"ဒီအတွက် ခင်ဗျားတို့တင်မကပါဘူး လူအတော်များများက ကျွင်းဧကရာဇ်ခုံရုံးကို ဘယ်နေရာမှာ ရုံးစိုက်မယ်ဆိုတာ ခန့်မှန်းနေကြတယ်"
"လူတော်တော်များများကတော့ ဒီပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး ဒါမှမဟုတ် ကျွင်းမိသားစုနဲ့ မနီးမဝေးမှာ ထားရှိမယ်လို့ ယုံကြည်ကြတယ်"
"ဒါပေမဲ့ ကျုပ်က ဒီလိုမလုပ်ချင်ဘူး"
"ကျွင်းမိသားစုရဲ့ အကာအကွယ်အောက်မှာ ရှိနေမယ်ဆိုရင် ကျွင်းဧကရာဇ်ခုံရုံးက ဘယ်တော့မှ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်နိုင်မှာ မဟုတ်ဘူး"
"ဒါကြောင့် ကျွင်းဧကရာဇ်ခုံရုံးက နာမည်တစ်ခုကို ကိုယ်တိုင် တည်ဆောက်ရမယ်"
ကျွင်းရှောင်ယောက်၏ စကားများက လူတိုင်း၏ သွေးများကို ဆူပွက်စေခဲ့သည်။
ဒါက အမှန်ပင်။
ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတွင် နေထိုင်ရတာက ဖိအားမရှိဘဲ အစစအရာရာ အဆင်ပြေသည်။
သို့ရာတွင်၊ ပြိုင်ဆိုင်မှုနှင့် အခက်အခဲများကို မရင်ဆိုင်ရဘဲ အင်မော်တယ်အင်အားစုတစ်ခုအဖြစ် မည်သို့ ကြီးထွားနိုင်မည်နည်း။
ထို့ပြင် ကျွင်းဧကရာဇ်ခုံရုံးက ကိုယ်ပိုင် တိုက်ပွဲမှတ်တမ်းကောင်း မရှိသေးပါ။
ယခင်က ချီယိုအင်မော်တယ်မျိုးရိုးသည်လည်း ထိုအချက်ကြောင့်ပင် ကျွင်းဧကရာဇ်ခုံရုံးသို့ ဝင်ရောက်ရန် တွန့်ဆုတ်နေခဲ့ကြသည်။
ကျွင်းဧကရာဇ်ခုံရုံးက သန်မာသောအင်အား၏ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားမှသာ ကျွမ်းကျင်သူများကို ပို၍ ပူးပေါင်းလာစေရန် ဆွဲဆောင်နိုင်မည် ဖြစ်သည်။
"အခု ကျုပ်မှာ စီစဉ်ထားတာတစ်ခု ရှိတယ်"
"ကျွင်းဧကရာဇ်ခုံရုံးကို ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာ အခြေမစိုက်ဘူး။ အဲဒီအစား..."
ကျွင်းရှောင်ယောက်က ဤနေရာတွင် ခဏရပ်လိုက်သည်။
ထို့နောက် လူတစ်ယောက်ကို လှမ်းကြည့်လိုက်၏။
"ရီယု"
"ရှိပါတယ် သခင်လေး"
ရီယုက ရှေ့သို့လှမ်းလာပြီး ကျွင်းရှောင်ယောက်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။
"မင်းက ငါ့ရဲ့ ပထမဆုံးနောက်လိုက် မဟုတ်လား"
ကျွင်းရှောင်ယောက်က မေးသည်။
"ဟုတ်ပါတယ်၊ သခင်ကြောင့်သာမဟုတ်ရင် ဒီနေ့ ရီယုက ရှိလာနိုင်မှာ မဟုတ်ပါဘူး"
ရီယုက ရိုးရိုးသားသား ပြောလိုက်၏။
"ရွှမ်ထျန်း(ဆန်းကျယ်ကောင်းကင်)အင်မော်တယ်နယ်မြေကြီးမှာ နေနတ်ဘုရားတောင်ရဲ့ လိုက်လံဖမ်းဆီးမှုကြောင့် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးကို မင်းရောက်လာခဲ့တယ်ဆိုတာ ငါမှတ်မိသေးတယ်"
"အဲဒီတုန်းက ငါမင်းကို ဒီပြဿနာကို အပြီးတိုင်ဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့တယ်"
"အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးနေခဲ့ပေမဲ့ အခု မူလကတိအတိုင်း ဖြည့်ဆည်းဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရီယုက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"သခင်... ခင်ဗျား... ခင်ဗျားပြောတာက..."
ရီယုမှာ စိတ်လှုပ်ရှားမှုကြောင့် စကားကိုပင် ဖြောင့်အောင်မပြောနိုင်တော့ပေ။
"ပြီးတော့ မင်း ယွိချန်ကျွမ့်... မင်းရဲ့ လနတ်ဘုရားနန်းတော်ကလည်း ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရဲ့ အင်အားစုတစ်ခုပဲ"
"ဒါပေမဲ့ အရင်က ရွှေကျီးကန်းဒသမမင်းသားဟာ မင်းရဲ့ထိုက်ယင်မြင့်မြတ်ခန္ဓာကို သိမ်းပိုက်ပြီး ကစဉ့်ကလျားခန္ဓာကို လေ့ကျင့်နိုင်ဖို့အတွက် နေနတ်ဘုရားတောင်ကို ဦးဆောင်ပြီး လနတ်ဘုရားတောင်ကို တိုက်ခိုက်ခဲ့တယ်"
“ဒါကလည်း ကြီးကျယ်တဲ့ ပြစ်မှုတစ်ခုပဲ"
ယွိချန်ကျွမ့်က ရှေ့သို့ထွက်လာခဲ့သည်။
သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လနန်းတော်မှ နတ်သမီးကဲ့သို့ လှပသော မျက်နှာလေးနှင့် ဆွဲဆောင်မှုအားကောင်းသော ခန္ဓာကိုယ်အချိုးအစား ရှိ၏။
ဤအခိုက်တွင်၊ သူ့မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နေတော့သည်။
"သခင်လေး ဆိုလိုချင်တာက..."
ယွိချန်ကျွမ့်၏ မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် တောက်ပလာခဲ့သည်။
"မှန်တယ်၊ ကျွင်းဧကရာဇ်ခုံရုံးကို ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှာ တည်ထောင်မယ်"
"ပြီးတော့ ကျုပ်အစီအစဥ်က နေနတ်ဘုရားတောင်ကို ဖျက်ဆီးဖို့ပဲ"