← Chapters

အခန်း ၁၃၃၇

Vol. 90 Ch. 1337

အခန်း ၁၃၃၇

Vol. 90 Ch. 1337

အခန်း ( ၁၃၃၇ ) လျှပ်တပြက် တိုက်ပွဲ။

ကျွင်းရှောင်ယောက်၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားခဲ့ရသည်။

လူတော်တော်များများက ကြောင်တက်တက်ဖြစ်နေပြီး ချက်ချင်း မတုံ့ပြန်နိုင်ကြတော့ပေ။

နေနတ်ဘုရားတောင်က ရှေးဟောင်းတော်ဝင်မျိုးနွယ်များကြားတွင် အသန်မာဆုံးမဟုတ်သော်လည်း အလွန်ကျော်ကြားသည်။

သူတို့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးရှင် ဖြစ်၏။

မဟုတ်ပါက ရီမျိုးနွယ်နှင့် လနတ်ဘုရားနန်းတော်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ဤရှေးဟောင်းတော်ဝင်မျိုးနွယ်က သာမန်အင်အားစုများ ထိပါးနိုင်သောအရာ မဟုတ်သည်မှာ သေချာသည်။

ကျွင်းရှောင်ယောက်၏ အစီအစဉ်က လူတိုင်း၏ မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့ပေသည်။

သို့သော်လည်း ကျွင်းဧကရာဇ်ခုံရုံး၏ အဆင့်မြင့်ပုဂ္ဂိုလ်များက အံ့ဩရုံမျှသာ ဖြစ်သည်။ သူတို့က ကြောက်ရွံ့မှု အရိပ်အယောင်ပင် မရှိပေ။

ကျွင်းဧကရာဇ်ခုံရုံး၏ ရည်မှန်းချက်က အနာဂတ်မှာ ကမ္ဘာကြီးကို အုပ်စိုးရန် ဖြစ်သည်။

နေနတ်ဘုရားတောင်ကို ရင်ဆိုင်ရန်ပင် ကြောက်ရွံ့နေသည်ဆိုပါက ရယ်စရာကောင်းလွန်းလှသည် မဟုတ်လော။

အားလုံးက အနည်းငယ် အံ့သြရုံသာဖြစ်ပြီး လုံးဝ မကြောက်တာကို တွေ့ရသောအခါ ကျွင်းရှောင်ယောက်လည်း အတော်လေး ကျေနပ်သွားသည်။

"တကယ်တော့ နေနတ်ဘုရားတောင်ကို ရွေးချယ်ရတဲ့အကြောင်းရင်းက အများကြီးရှိတယ်"

"ပထမအချက်က ရီယုနဲ့ ယွိချန်ကျွမ့်အတွက် လက်စားချေပြီး နေနတ်ဘုရားတောင်ကို ဖျက်ဆီးမယ်လို့ ကတိပေးထားတာကြောင့်ပဲ"

"နောက်ပြီးတော့၊ အရင်က နေနတ်ဘုရားတောင်နဲ့ ကျုပ်ကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးတယ်။ ရွှေကျီးကန်း မင်းသားဆယ်ပါးအပြင် ရွှေကျီးကန်းသူတော်စင်ဘုရင် အားလုံးကလည်း ကျုပ်လက်ထဲမှာ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်မှုနည်းနဲ့တစ်ဖုံ သေခဲ့ကြတယ်လေ"

"ဒီအမုန်းတရားက ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်တော့ဘူး။ နေနတ်ဘုရားတောင်နဲ့ ကျုပ်က ထာဝရရန်သူတွေ ဖြစ်နေကြပြီမို့ လက်ဦးမှုရယူပြီး တိုက်ခိုက်တာက ပိုကောင်းတယ်"

"ဒုတိယအနေနဲ့ ရီမျိုးနွယ်နဲ့ လနတ်ဘုရားနန်းတော်ကို နေနတ်ဘုရားတောင်က ဖြိုခွင်းခဲ့ပေမဲ့ သူတို့မှာ အကြွင်းအကျန်တွေ ရှိနေဆဲပဲ။ ဒါက လျှော့တွက်လို့မရတဲ့ အင်အားစုတစ်ခုဖြစ်တာကြောင့် နောက်ပိုင်းမှာ ကျွင်းဧကရာဇ်ခုံရုံးကို ခေါ်ယူလာနိုင်တယ်"

"တတိယအချက်ကတော့ ကျုပ်က ရှေးဟောင်းတော်ဝင်မျိုးနွယ်အပေါ် ကောင်းမွန်တဲ့အမြင်မျိုး တစ်ခါမှ မခံစားဖူးဘူး။ နယ်စပ်မှာရှိစဉ်တုန်းကလည်း ရှေးဟောင်းတော်ဝင်မျိုးနွယ်တချို့ဟာ တိုင်းတပါးနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို သိခဲ့ရတယ်"

"ဒါပေမဲ့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ လက်ရှိအင်အားက ရှေးဟောင်းတော်ဝင်မျိုးနွယ်လုံးကို စစ်ကြေညာဖို့ မလုံလောက်ဘူး၊ ဒါကြောင့် လေ့ကျင့်ဖို့အတွက် နေနတ်ဘုရားတောင်ကနေ စတင်မယ်"

"ဒီနည်းနဲ့ ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဂုဏ်သတင်းကိုလည်း မြှင့်တင်နိုင်မယ်"

"စတုတ္ထအနေနဲ့၊ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးနဲ့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးက နီးစပ်တာကြောင့် နေရာကောင်းတစ်ခုလို့ ဆိုနိုင်တယ်"

"နောက်ပိုင်းမှာ ကျုပ်ရဲ့ ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်ရဲ့ နယ်မြေနဲ့ အရင်းအမြစ်တွေကို ဝါးမျိုပြီး ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှာ နယ်မြေချဲ့ထွင်လာနိုင်တယ်"

"နောက်ဆုံးမှာတော့ ကျုပ်တို့မှာ ကျွင်းမိသားစုနဲ့ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရဲ့ အခြား အစွမ်းထက် အင်အားစု မဟာမိတ်တွေရှိထားတယ်"

ကျွင်းရှောင်ယောက်က အစီအစဉ်ကို ခပ်အေးအေး ရှင်းပြလိုက်သည်။

သူ ဤကဲ့သို့ ရွေးချယ်ရခြင်း၏ အကြောင်းရင်းက စိတ်မြန်လက်မြန်ဖြင့် စွတ်လုပ်နေခြင်း မဟုတ်ပေ။

သူက သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ကျွင်းဧကရာဇ်ခုံရုံး၏ ခေါင်းဆောင် ဖြစ်သည်။

သူက ဘာကိုမျှ ရှင်းပြချက်မပေးဘဲ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ကျွင်းဧကရာဇ်ခုံရုံး၏ သက်ဦးဆံပိုင် ဘုရင်တစ်ပါးအဖြစ် မနေလိုပေ။

ကျွင်းရှောင်ယောက်၏ ရှင်းပြချက်အပြီးတွင်...

ကျွင်းဧကရာဇ်ခုံရုံး၏ အဆင့်မြင့်ပုဂ္ဂိုလ်အားလုံး နားလည်သွားကြပြီး ချီးကျူးစကားပြောဆိုလိုက်ကြသည်။

"ဧကရာဇ်အရှင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ တကယ်ကို ဉာဏ်အမြော်အမြင်ကြီးလွန်းတယ်။ တကယ်လည်း ဒါက ကျွင်းဧကရာဇ်ခုံရုံးရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ရမဲ့အချိန်ပါပဲ"

ချီလုံ၊ ချီယုနှင့် တရားစီရင်ရေးဌာနမှ အခြား ပါရမီရှင်များလည်း စိတ်လှုပ်ရှားသွားကြလေသည်။

ချီယိုမျိုးနွယ်က ကျွင်းဧကရာဇ်ခုံရုံးကို မကြာသေးမီက ဝင်ရောက်ခဲ့ခြင်းဖြစ်သောကြောင့် အောင်မြင်မှုများနှင့် ဂုဏ်သိက္ခာကို ရယူပေးလိုသည်မှာ သဘာဝ ဖြစ်သည်။

သူတို့က အင်မော်တယ်ခုံရုံးကိုလည်း မြင်စေချင်ကြ၏။

သူတို့ ချီယိုမျိုးရိုးက အင်မော်တယ်ခုံရုံးမှ ထွက်သွားလျှင်ပင် အင်မော်တယ်နယ်မြေကြီးတွင် နာမည်ကျော်ကြားနိုင်သေးသည်။

"ဒါဆိုရင် ဧကရာဇ်အရှင်ရဲ့ အစီအစဉ်က ဘယ်လိုလဲ"

စီးပွားရေးနှင့် ကုန်သွယ်ရေးဌာနမှ ရှပင်းယွင်က မေးလိုက်သည်။

သူတို့၏ လုပ်ငန်းဌာနက စစ်မြေပြင်ကို ကိုယ်တိုင်သွားစရာ မလိုပေ။

သို့ရာတွင်၊ နေနတ်ဘုရားတောင်နှင့် စစ်ဖြစ်ပါက အင်မော်တယ်စစ်ပွဲဖြစ်လိမ့်မည်။

အင်မော်တယ်စစ်ပွဲတစ်ခုအတွက် လိုအပ်သော အရင်းအမြစ်မျိုးစုံက အလွန်များပြားမည် ဖြစ်သည်။

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"လျှပ်တပြက် တိုက်ပွဲ"

"လျှပ်တပြက် တိုက်ပွဲလား"

လူတိုင်း စိတ်ရှုပ်သွား၏။

"ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ပဏာမအစီအစဉ်အရ ကျုပ်တို့ကို အနာဂတ်မှာ အေးအေးချမ်းချမ်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ လူတိုင်းက ယုံကြည်ထားကြတယ်"

"ဒီလိုအချိန်မျိုးမှာ ကျုပ်တို့က အင်မော်တယ်စစ်ပွဲကို တိုက်ရိုက်ဆင်နွှဲမယ်လို့ ဘယ်သူမှ ထင်ထူးမှာမဟုတ်ဘူး"

"ဒါ‌ကြောင့် တပ်ဖွဲ့ကိုစုစည်းပြီး ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးကို လျှို့ဝှက်စွာ ဝင်ရောက်ပြီး လျှပ်စီးလက်သလို တိုက်ခိုက်ရမယ်"

"ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ လက်ရှိ အခြေခံအုတ်မြစ်က နေနတ်ဘုရားတောင်တစ်ခုလုံးကို တိုက်ရိုက်ချေမှုန်းနိုင်လောက်အောင် အားနည်းနေသေးတယ်"

"ဒီအတွက် နေနတ်ဘုရားတောင်က သတိပေါ့လျော့နေချိန်မှာ အခွင့်ကောင်းယူပြီး တိုက်ရိုက်တိုက်ခိုက်ရမယ်"

ကျွင်းရှောင်ယောက်၏ စိတ်ကူးက လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားပြီး နေနတ်ဘုရားတောင်ကို တရှိန်ထိုး ချေမှုန်းရန် ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်လက်သွားကြလေသည်။

ကျွင်းရှောင်ယောက်၏ နည်းလမ်းက ဤမျှထက်မြတ်ပြီး ပြတ်သားရန် မမျှော်လင့်ထားပေ။

ဤလှုပ်ရှားမှုကို မည်သူက တားဆီးနိုင်မည်နည်း။

"ဟုတ်တာပေါ့၊ ဒီမတိုင်ခင်မှာ ကျန်ရှိနေတဲ့ ရီမျိုးနွယ်နဲ့ လနတ်ဘုရားနန်းတော်ရဲ့ လူတွေနဲ့ ဆက်သွယ်ဖို့ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးကို လူတွေ စေလွှတ်ရမယ်"

"နောက်ဆုံးမှာတော့ သူတို့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရဲ့ ဒေသခံတွေဖြစ်ပြီး နေနတ်ဘုရားတောင်ရဲ့ အခြေအနေအမျိုးမျိုးကို ပိုရင်းနှီးကြတယ်"

"သူတို့နဲ့ ပူးပေါင်းပြီး အချိန်ကိုက် လှုပ်ရှားမယ်ဆိုရင် အောင်မြင်ဖို့ အခွင့်အလမ်းက တစ်ရာရာခိုင်နှုန်းနီးပါး ရှိလိမ့်မယ်"

"သခင်လေး၊ ဒီကိစ္စကို ကျုပ်တို့ဆီမှာ ထားခဲ့ပါ"

ရီယုနှင့် ယွိချန်ကျွမ့်တို့က တစ်ချိန်တည်းမှာ ပြောလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားဖြင့် တောက်ပနေ၏။

နောက်ဆုံးတွင်၊ သူ၏ရန်သူများကို ချေမှုန်းနိုင်တော့မည်။

ယနေ့ကို သူတို့ ဘယ်​​လောက်​ကြာကြာ ​စောင့်​​နေခဲ့ရသလဲဆိုတာ ဘုရားမှသာသိမည်။

"အားလုံးပဲ ဒါက ကျုပ်တို့ ကျွင်းဧကရာဇ်ခုံရုံးရဲ့ ပထမဆုံး အင်မော်တယ်စစ်ပွဲပဲ။ ဒါကြောင့် ပြီးပြည့်စုံတဲ့ အောင်ပွဲကိုပဲ ကျုပ်လိုချင်တယ်"

ကျွင်းရှောင်ယောက်က ဧကရာဇ်တစ်ပါး၏ ကြီးစိုးသော အမူအရာဖြင့် ပြောဆိုရင်း သူ့အင်္ကျီလက်စကို ခါယမ်းလိုက်သည်။

"ဧကရာဇ်အရှင်ရဲ့ ယုံကြည်မှုအတိုင်း ကျုပ်တို့ သေချာပေါက် လုပ်ပါမယ်"

ကျွင်းဧကရာဇ်ခုံရုံး၏ အဆင့်မြင့်အရာရှိများ အားလုံးက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်ကြသည်။

အကြာမီ၊ ကျွင်းဧကရာဇ်ခုံရုံး၏ စစ်အင်အားက စတင်လှုပ်ရှားလာသည်။

သို့သော်လည်း အပြင်ဘက်မှကြည့်လျှင်တော့ ကျွင်းမိသားစုထဲတွင် အရာအားလုံးက ငြိမ်သက်နေကာ ဘာမျှထူးခြားမှုမရှိပါ။

လူများစွာက ကျွင်းဧကရာဇ်ခုံရုံးသည် ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ မည်သည့်ပြည်နယ်တွင် အခြေစိုက်မည်ကို သိချင်နေကြဆဲ ဖြစ်သည်။

ကျွင်းဧကရာဇ်ခုံရုံးက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ စူးစမ်းလေ့လာရန် လျှို့ဝှက်စီစဉ်ထားပြီးဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။

ဤသတင်းထွက်လာပါက အားလုံး တုန်လှုပ်သွားကြမည်မှာ သေချာသည်။

သို့သော်လည်း ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစု၏ နယ်မြေဖြစ်သည်။

ကျွင်းရှောင်ယောက်က ဆန္ဒမရှိလျှင် သတင်းပေါက်ကြားမည် မဟုတ်ပါ။

ကျွင်းဧကရာဇ်ခုံရုံးက စစ်အင်အားကို လျှို့ဝှက်ပြင်ဆင်နေချိန်...

ရီယုနှင့် ယွိချန်ကျွမ့်တို့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးသို့ ဦးစွာ တိတ်တဆိတ်သွားခဲ့ကြသည်။

သူတို့က ရီမျိုးနွယ်နှင့် လနတ်ဘုရားနန်းတော်၏ အကြွင်းအကျန်များကို ဆက်သွယ်ရန် လိုအပ်သည်။

ဤအင်အားစုနှစ်ခုကို နေနတ်ဘုရားတောင်က ဖျက်ဆီးပစ်ခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူများ ရှိနေကြသေးသည်။

..........

ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးနှင့် နီးစပ်သော နယ်မြေကြီးတစ်ခု ရှိသည်။

ဤအင်မော်တယ်နယ်မြေကြီးတွင် အင်မော်တယ်အင်အားစုများ အများကြီး ရှိ၏။

သို့သော်လည်း ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးနှင့် မတူညီသောအချက်မှာ...

ရွှမ်ထျန်း အင်မော်တယ်နယ်မြေကြီးတွင် စစ်မှန်သော အုပ်စိုးရှင်မရှိပါ။

၎င်းတို့က သက်ဆိုင်ရာ နယ်မြေကြီးတစ်ခုလုံးကို စိုးမိုးထားနိုင်သည့် အင်မော်တယ်ခုံရုံးတို့ ကျွင်းမိသားစုတို့နှင့် မတူပေ။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အင်အားစုအားလုံးက တိုးတက်မှုအတွက် ယှဉ်ပြိုင်နေကြသည်။

၎င်းတို့အထဲတွင် အသန်မာဆုံးနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်ဆုံးဖြစ်သော အင်အားစုကတော့ နေနတ်ဘုရားတောင်ပင်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုအနေဖြင့် နေနတ်ဘုရားတောင်၏ အင်အားက သံသယဖြစ်ဖွယ်မရှိပါ။

နေနတ်ဘုရားတောင်ရှိ ခေါင်းဆောင် ရွှေကျီးကန်းဘုရင်ကလည်း လွန်စွာ အစွမ်းထက်ပြီး နာမည်ကျော်ကြားသည်။

ကောလဟာလများအရ သူသည် ရှေးယခင်ကပင် ကပ်ဘေးကိုးခု ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ဦး ဖြစ်ခဲ့ပြီ။

ယခုဆိုလျှင်၊ သူက မည်မျှသန်မာသလဲဆိုတာ မည်သူမျှမသိနိုင်တော့ပါ။

သို့ရာတွင် ရွှေကျီးကန်း မင်းသားဆယ်ပါးစလုံးက ကျွင်းရှောင်ယောက်၏လက်၌ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍တစ်ဖုံ သေဆုံးခဲ့ကြသည်။

နယ်စပ်အတွေ့အကြုံတွင် ကျွင်းရှောင်ယောက်၏လက်၌ သေဆုံးသွားသော နေနတ်ဘုရားတောင်၏ မျိုးစေ့အဆင့် ပါရမီရှင်တစ်ဦးပင် ရှိခဲ့သေးသည်။

ရှေးဟောင်းတော်ဝင်မျိုးနွယ်များတွင် နေနတ်ဘုရားတောင်က ကျွင်းရှောင်ယောက်နှင့် အာဃာတ အနက်ရှိုင်းဆုံးဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်၏ အထူးအဆင့်အတန်းကြောင့်သာမဟုတ်လျှင် နေနတ်ဘုရားတောင်က ရှေးယခင်ကပင် လှုပ်ရှားခဲ့ပြီး ဖြစ်လိမ့်မည်။

ထို့ပြင် ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ နေနတ်ဘုရားတောင်၏ ဂုဏ်သိက္ခာက ကျဆင်းသွားခြင်းကြောင့်...

ကြီးစိုးသော စရိုက်ရှိသည့် နေနတ်ဘုရားတောင်က သည်းခံနေခြင်းဖြစ်မည်ဟု အင်အားစုများစွာက ခန့်မှန်းခဲ့ကြသည်။

All Chapters