← Chapters

အခန်း ၁၃၃၈

Vol. 90 Ch. 1338

အခန်း ၁၃၃၈

Vol. 90 Ch. 1338

အခန်း ( ၁၃၃၈ ) နေနတ်ဘုရားတောင်၏ ဧကရာဇ်တစ်ပိုင်း လေးပါး။

ရန်ချန်မြို့သည် ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ လူဦးရေ တစ်သန်းကျော်ရှိသော မြို့ဖြစ်သည်။

ယခုအချိန်တွင် ထူးခြားသော ငှက်သားရဲများက လှောင်အိမ်မျိုးစုံကို တစ်ခုပြီးတစ်ခု ဆွဲယူပြီး ထွက်ခွာရန် ပြင်ဆင်နေကြ၏။

ထိုအဖွဲ့မှ ကျင့်ကြံသူအားလုံးက‌ ရွှေရောင်ဝတ်စုံများကို ၀တ်ဆင်ထားပြီး မောက်မာပုံပေါ်သည်။

၎င်းတို့အားလုံးက နေနတ်ဘုရားတောင်မှ သတ္တဝါများပင်။

ထို့အတူ၊ လှောင်အိမ်ထဲမှာတော့ ကျင့်ကြံသူများစွာကို ချုပ်နှောင်ထားကြသည်။

"နောက်ဆုံးတော့၊ ရီမျိုးနွယ်ရဲ့ အခြား သူပုန်အဖွဲ့ကို ဖမ်းမိသွားပါပြီ။ အဲဒီ အကြွင်းအကျန်တွေက ကျုပ်တို့ နေနတ်ဘုရားတောင်ရဲ့ နေရာတိုင်းကို နှောင့်ယှက်နေပြီး ငါတို့ကို ဒုက္ခဖြစ်စေတယ်"

နေနတ်ဘုရားတောင်မှ သတ္တဝါတစ်ကောင်က အေးစက်စက် ပြောလိုက်သည်။

"ဒါပေမယ့် ဒီကလေးမလေးက တော်တော်လှတယ်နော်၊ ရဲလည်းရဲရင့်တယ်။ တကယ်ကို စိတ်ဝင်စားစရာပဲ"

နေနတ်ဘုရားတောင်မှ နောက်ထပ် သတ္တဝါတစ်ကောင်က လှောင်အိမ်တစ်ခုကို လှမ်းကြည့်လိုက်သည်။

ဤလှောင်အိမ်များအတွင်း၌ ရီမျိုးနွယ်၏ အကြွင်းအကျန်များစွာကို အကျဉ်းချထားသည်။

၎င်းတို့ထဲတွင် တင်းကျပ်သော သားရေစကတ်ကို ၀တ်ဆင်ထားပြီး ဂျုံရောင်အသားအရေတို့ကို လှစ်ဟထားသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်၏။

သူ၏ ဆံပင်များကို ကျစ်ဆံမြီးကျစ်ထားသောကြောင့် တစ်မျိုး ကြည့်ကောင်းလေသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် သူက နာကြည်းမှုအပြည့်နှင့် နေနတ်ဘုရားတောင်၏ သတ္တဝါများကို ကြည့်နေသည်။

"ဟားဟားဟား၊ သူတို့အားလုံးကို နောက်ဆုံးမှာ သေဒဏ်ပေးမှာပဲလေ။ ဒါပေမဲ့ သူတို့ကို မသတ်ခင်မှာ ဒီမိန်းကလေးရဲ့ အရသာကို ကျုပ်တို့ခံစားရလိမ့်မယ်"

နေနတ်ဘုရားတောင်မှ သတ္တဝါနှစ်ကောင်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။

"နင်တို့ ရွံ့စရာအကောင်တွေ"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။

သူက ရီမျိုးနွယ်မှဖြစ်ပြီး သူ့နာမည်က 'ရီထင်'ပင်။

သူ့မိဘများနှင့် မွေးချင်းများစွာတို့က နေနတ်ဘုရားတောင်တွင် သေဆုံးသွားကြသည်။

နေနတ်ဘုရားတောင်မှ သတ္တဝါများကတော့ ရီထင်၏ ကျိန်ဆဲခြင်းကို လုံးဝ ဂရုမစိုက်ပေ။

"ဒါနဲ့ စကားမစပ်၊ ချူယွင်နန်းတော်က သူတော်စင်သမီးတော်လည်း ရှိသေးတယ်။ ကျုပ်‌တို့တွေ သူ့ကို သခင်လေးဝူမော့ဆီကို ပို့ပေးရမယ်၊ နောက်ထပ် အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး"

နေနတ်ဘုရားတောင်မှ သတ္တဝါတစ်ကောင်က နောက်ဆုံးမှ အကျဉ်းသားကို လှမ်းကြည့်လိုက်သည်။

ထိုအထဲတွင် လှပသော မျက်နှာနှင့် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက တိုးတိတ်စွာ ရှိုက်ငိုနေလေသည်။

သူက ချူယွင်နန်းတော်၏ သူတော်စင်သမီးတော် ဖြစ်သည်။

ချူယွင်နန်းတော်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အဓိကအင်အားစုတစ်ခု ဖြစ်၏။ ၎င်းက ထိပ်တန်းမဟုတ်သော်လည်း ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ရှိနေသေးသည်။

တစ်ချိန်က၊ နေနတ်ဘုရားတောင်မှ မဟာအကြီးအကဲ၏ မြေးဖြစ်သူသည် ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်ကို မတော်တဆ တွေ့လိုက်ရသည်။

သူက သူမကို ဇနီးသည်အဖြစ် ခေါ်သွားမည်ဟု တိုက်ရိုက်ပြောဆိုခဲ့၏။

သို့သော်လည်း ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်က သဘာဝအတိုင်း လက်မခံလိုပါ။

နောက်ဆုံးတွင်၊ သခင်လေးဝူမော့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အပျော်ကြူးသူအဖြစ် လူသိများသည်။

အရေးအကြီးဆုံးကတော့ သူ၏ ပင်ကိုယ်စရိုက်က ရက်စက်ပြီး ဆိုးသွမ်းခြင်းပင်။

သူ၏ အပျော်မယား အများအပြားကို သေသည်အထိ နှိပ်စက်ခဲ့ဖူးသည်။

သို့သော်လည်း ထိုသခင်လေးဝူမော့က နေနတ်ဘုရားတောင်မှ မဟာအကြီးအကဲ၏ မြေးဖြစ်သည်။

နေနတ်ဘုရားတောင်၏ အကြီးအကဲလေးပါးစလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များဖြစ်ကြောင်း လူတိုင်းသိ၏။

ယင်းက နေနတ်ဘုရားတောင်သည် ခိုင်မာသော အခြေခံအုတ်မြစ်ရှိကြောင်း ပြသနေသည်။

နေနတ်ဘုရားတောင်၏ မဟာအကြီးအကဲက ရွှေကျီးကန်းဘုရင်ပြီးလျှင်၊ အကြီးအကဲလေးဦးမှာ ဒုတိယ တန်ခိုးအကြီးဆုံးပင်။

ထို့ကြောင့် သူ၏မြေးဖြစ်သူ၊ သခင်လေးဝူမော့က သဘာဝအတိုင်း မောက်မာရိုင်းစိုင်းသော စရိုက်ရှိခဲ့သည်။

သူက စကားတစ်ခွန်းမှ မပြောတော့ဘဲ ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်ကိုခေါ်ဆောင်ရန် လူများကို တိုက်ရိုက် စေလွှတ်လိုက်၏။

ချူယွင်နန်းတော်က သဘာဝအတိုင်း ဒေါသထွက်နေသော်လည်း မတုံ့ပြန်ဝံ့ပေ။

နောက်ဆုံးတွင်၊ အရှက်ရမှုကို သည်းခံပြီး ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်ကို လွှဲပြောင်းပေးအပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပါ။

အကြောင်းမှာ၊ ချူယွင်နန်းတော်၏ အသန်မာဆုံးပုဂ္ဂိုလ်ပင်လျှင် နေနတ်ဘုရားတောင်၏ မဟာအကြီးအကဲကို မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

ချူယွင်နန်းတော်က ခုခံဝံ့လျှင်ပင် ကြက်ဥနှင့် ကျောက်တုံးကို ရိုက်ခွဲရန် ကြိုးစားစလိုပင်။

ထိုအချိန်တွင်၊ ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်က ငိုကြွေးနေသည်။

သူ့ကို သခင်လေးဝူမော့၏လက်ထဲသို့ ပို့လိုက်ပါက ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်ဦးမလဲ မသိနိုင်ပါချေ။

ချူယွင်နန်းတော်၏ သူတော်စင်သမီးတော် ငိုကြွေးနေတာကိုမြင်တော့ ပတ်ဝန်းကျင်မှ ဝိုင်းကြည့်နေကြသည့် ကျင့်ကြံသူများလည်း သက်ပြင်းချလိုက်ကြသည်။

"ဒီနေနတ်ဘုရားတောင်က တကယ့်ကို မောက်မာလွန်းတာပဲ"

"သူတို့က ရီမျိုးနွယ်ကို ဖမ်းလိုက်တာ မမှားပါဘူး။ နောက်ဆုံးမှာတော့ ရီမျိုးနွယ်နဲ့ နေနတ်ဘုရားတောင်က ပြေလည်မှုမရှိနိုင်တဲ့ ရန်သူတွေဖြစ်နေပြီ"

"ဒါပေမဲ့ ချူယွင်နန်းတော်ရဲ့ သူတော်စင်သမီးတော်ကိုတောင် သခင်လေးဝူမော့ ကစားဖို့အတွက် ‌အလိုရှိသလို ခေါ်ဆောင်သွားတာက နိုင်စားလွန်းအားကြီးတယ်"

"နေနတ်ဘုရားတောင်က လူတွေကို ထိခိုက်စေတာ မလုံလောက်သေးဘူးလား။ အရင်က လနတ်ဘုရားနန်းတော်ဆိုရင်လည်း နေနတ်ဘုရားတောင်နဲ့ ဘာမှမသက်ဆိုင်ဘူး"

"ဒါပေမဲ့ လနတ်ဘုရားနန်းတော်ရဲ့ သူတော်စင်သမီးတော်က ထိုက်ယင်မြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ထားတာကြောင့် နေနတ်ဘုရားတောင်ရဲ့ ရွှေကျီးကန်းမင်းသားရဲ့ စိတ်ဝင်စားမှုခံခဲ့ရတယ်။ ဒါကြောင့်ပဲ လနတ်ဘုရားနန်းတော်တစ်ခုလုံး ဆိုးရွားတဲ့ ဘေးဒုက္ခကို ခံစားခဲ့ကြရတာပဲ"

တီးတိုး‌ ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။

"တော်ကြစမ်း၊ မင်းတို့ဘာတွေပြောနေတာလဲ"

နေနတ်ဘုရားတောင်မှ သတ္တဝါတစ်ကောင်က အေးစက်စက်နှင့် မောက်မာစွာ အော်လိုက်သည်။

ကျင့်ကြံသူတချို့က သည်းမခံနိုင်ဘဲ အသံတိုးတိုးဖြင့် ပြန်ပြောကြ၏။

"ဟမ့်၊ ခင်ဗျားတို့က ဘာကို ဂုဏ်ယူနေတာလဲ၊ ခင်ဗျားတို့က အားနည်းသူကို အနိုင်ကျင့်တတ်တာကလွဲရင် ဘာမှမရှိဘူး"

"ခင်ဗျားတို့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို စာရင်းသွားရှင်းကြပါလား။ သူက မင်းသားဆယ်ပါးကိုတောင် သတ်ပစ်လိုက်ပေမဲ့ ဒါကိုကျတော့ ခင်ဗျားတို့ မတုံ့ပြန်ဝံ့ကြဘူး"

"ဟမ့်"

ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံတစ်ခုကို ကြားလိုက်ရသည်။

နေနတ်ဘုရားတောင်မှ အဓိပတိတစ်ပိုင်းအဆင့် သတ္တဝါက လူအုပ်ဆီသို့ လှမ်းကြည့်လိုက်၏။

သူ့မျက်လုံးများမှ နေမီးတောက်များ တောက်လောင်လာပြီး ထိုဒေသရှိ ကျင့်ကြံသူများအားလုံး မီးလောင်ပြာကျသွားတော့သည်။

စောင့်ကြည့်နေသော တခြားကျင့်ကြံသူများလည်း ကမန်းကတန်း ပြန်ဆုတ်သွားကြသည်။

"ငါ့ရဲ့ နေနတ်ဘုရားတောင်က ပုရွက်ဆိတ်တွေ မှတ်ချက်ပြုနိုင်တဲ့အရာ မဟုတ်ဘူး"

အဓိပတိတစ်ပိုင်းက အေးစက်စက် ပြောလိုက်သည်။

သူသည် အလွန်အမင်း မပျော်မရွှင်ဖြစ်မိ၏။

မမှားပေ။

ကျွင်းရှောင်ယောက်က နေနတ်ဘုရားတောင်ကို အလွန်ထိခိုက်စေခဲ့သည်။

သို့သော်လည်း နေနတ်ဘုရားတောင်က ကျွင်းရှောင်ယောက်ကို ဘာမျှမလုပ်နိုင်ခဲ့ပေ။

ဤသည်မှာ နေနတ်ဘုရားတောင်ရှိ သတ္တဝါအားလုံး၏ နှလုံးသားထဲမှ ဆူးပင် ဖြစ်သည်။

"သွားကြစို့"

အဓိပတိတစ်ပိုင်းက အော်လိုက်သည်။

သူတို့၏အဖွဲ့က လေထဲသို့ ပျံတက်ပြီး နေနတ်ဘုရားတောင်ကို ပြန်လည်ပျံသန်းသွားတော့သည်။

သူတို့အဖွဲ့က အကွာအဝေးတစ်ခုသို့ ရောက်သွားသည်နှင့် မြို့ထဲရှိ ကျင့်ကြံသူများက စတင် ကျိန်ဆဲလိုက်ကြသည်။

"ချီးပဲ၊ သောက်ရေးမပါတဲ့ ငှက်တွေ"

"ပိုစွမ်းအားကြီးတဲ့ အင်အားစုတစ်ခုပေါ်လာပြီး နေနတ်ဘုရားတောင်ကို ဖျက်ဆီးပစ်ဖို့ ကျုပ် တကယ်ပဲ မျှော်လင့်မိတယ်"

ကျင့်ကြံသူများစွာက ကျိန်ဆဲလိုက်ကြ၏။

နေနတ်ဘုရားတောင်ကို လူများက ဘယ်လောက်မုန်းတီးနေမှန်း သိနိုင်သည်။

ကောင်းကင်အမြင့်တွင်... ယန်ချန်မြို့မှ ထွက်လာသောအဖွဲ့က ပျံသန်းနေသည်။

သူတို့ထဲမှာတော့ အစွမ်းထက်သူ မရှိပေ။

အကြောင်းမှာ သူတို့က နေနတ်ဘုရားတောင်မှ သတ္တဝါများဖြစ်နေသောကြောင့်ပင်။ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် လူတိုင်းက နေနတ်ဘုရားတောင်ကို မပစ်မှားနိုင်ပါ။

ထို့ကြောင့် ဤအသင်းတွင် အသန်မာဆုံးက အဓိပတိတစ်ပိုင်းသာ ဖြစ်ခဲ့သည်။

ထိုစဉ်...

‌

လေဟာနယ်က အပေါက်များစွာ ပေါ်လာသည်။

မြှားများစွာတို့က တယ်လီပို့သကဲ့သို့ ရောက်ရှိလာပြီး နေနတ်ဘုရားတောင်မှ သတ္တဝါများစွာ၏ ခန္ဓာကိုယ်များကို တိကျစွာ ဖောက်ထွင်းဝင်ရောက်သွား၏။

"အတင့်ရဲလိုက်တာ၊ ဘယ်သူလဲ"

အဓိပတိတစ်ပိုင်း ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာဖြစ်ပြီး လေးတစ်လက်ကိုကိုင်ထားသော လူငယ်တစ်ယောက် ပေါ်လာတော့သည်။ သူက ၎င်းတို့ကို အေးစက်စက် ကြည့်နေသည်။

“မင်း... မင်းက..."

အဓိပဓိတစ်ပိုင်း‌ ခေါင်းဆောင်က လူငယ်ကို မြင်ဖူးသလိုရှိသောကြောင့် သူ့စိတ်ထဲမှ အမြန်တွေးလိုက်သည်။

ထို့နောက် ရုတ်တရက် အံ့အားသင့်သွားသည့်အကြည့်ဖြင့် အော်ဟစ်လိုက်၏။

"မင်းက... ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ဘေးက..."

သို့သော်လည်း သူ့စကားပင် မဆုံးသေး...

မြှားတစ်စင်းက သူ့ဦးခေါင်းကို ထိုးဖောက်ပြီး သူ့ဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

ပေါ်လာသူကတော့ သဘာဝအတိုင်း ရီယုပင်။

"တကယ်ကို အစ်ကိုရီယုပဲ"

ရီထင်နှင့် တခြား ရီမျိုးနွယ်စုဝင်များက ရီယုကို မြင်လိုက်ရပြီးနောက် အံ့ဩသွားသည်။

နောက်ဆုံးမှာတော့ ရီယုက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ လွတ်မြောက်သွားချိန်မှစ၍ ယခုအချိန်ထိ အချိန်များစွာမကြာသေးပေ။

"အားလုံးပဲ တောင်းပန်ပါတယ်၊ ကျုပ်လာတာ နောက်ကျသွားတယ်"

ရီယုက ပြောလိုက်သည်။

သူက ရန်သူကို သတိမပေးလိုသောကြောင့် နေနတ်ဘုရားတောင်၏ သတ္တဝါအားလုံးကို သတ်ပစ်လိုက်၏။

ဤအဖွဲ့ ပျောက်ဆုံးသွားတာက ကြီးမားသော လှိုင်းတံပိုးများကို ဖြစ်လာစေမည် မဟုတ်ပေ။ အများစုမှာ နေနတ်ဘုရားတောင်က ရှာဖွေရန် တပ်ဖွဲ့ဝင်အချို့ကို စေလွှတ်လိုက်ရုံသာ ဖြစ်သည်။

ထို့နောက် ရီယုက ရီထင်နှင့် အခြားသူများအား အခြေအနေကို မေးမြန်းလိုက်သည်။

ရီမျိုးနွယ်စုမှ ကျန်လူများက အမှန်တကယ် ကောင်းမွန်သောဘဝတွင် မနေထိုင်ခဲ့ရပေ။

"အစ်ကို ရီယု၊ ကျွန်မတို့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက ယာယီဖြေရှင်းချက်တစ်ခုသာဖြစ်ပြီး ရီမျိုးနွယ်အားလုံးကို ရှင်မကယ်နိုင်ဘူး"

ရီထင်က သက်ပြင်းချလိုက်သည်။

"မဟုတ်ဘူး၊ အခုက မတူတော့ဘူး"

ရီယု၏ မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပလာသည်။

"ဘာဖြစ်လို့လဲ"

ရီထင်နှင့် အခြားသူများ၏ မျက်လုံးများက စိတ်ဝင်စားမှုတို့ ပေါ်လာကြ၏။

"သခင်လေး၊ သူ အရေးယူတော့မယ်"

ရီယုက အခိုင်အမာ ပြောလိုက်တော့သည်။

All Chapters