အခန်း ၁၃၃၉
Vol. 90 Ch. 1339
အခန်း ( ၁၃၃၉ ) ရီမျိုးနွယ်၏ နောက်ဆုံးဧကရာဇ်တစ်ပိုင်း။
ရီယု၏စကားကို ကြားလိုက်ရပြီးနောက် ရီထင်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။
ရီယုမှ ရည်ညွှန်းသော သခင်လေးက မည်သူမည်ဝါဖြစ်မှန်း သူတို့ သဘာဝအတိုင်း သိ၏။
ထိုသူက အင်မော်တယ်နယ်မြေကြီးတွင် နာမည်ကျော်ကြားပြီး သြဇာအာဏာကြီးမားသော ကျွင်းမိသားစု၏ နတ်ဘုရားသားတော်မှတပါး အခြားမည်သူဖြစ်နိုင်မည်နည်း။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က နေနတ်ဘုရားတောင်ကို အရေးယူတော့မှာလား'
ရီထင်နှင့် အခြားသူများအားလုံး အိပ်မက်မက်နေသလို ခံစားခဲ့ရသည်။
ဤအံ့အားသင့်မှုက ရုတ်တရက် ရောက်လာခြင်းပင်။
တကယ်တော့ ရီမျိုးနွယ်ဝင် အားလုံးနီးပါးက ထိုအကြောင်းကို သိကြသည်။
သူတို့၏ ရီမျိုးနွယ်မှ သခင်လေးရီယုက ဒဏ္ဍာရီလာ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်နောက်သို့ လိုက်ပါခဲ့ပေသည်။
ထို့ကြောင့် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ၎င်းတို့ ရီမျိုးနွယ်အား လက်စားချေရန် ကူညီနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
သို့သော်... မျှော်လင့်ချက်က မျှော်လင့်ချက်တစ်ခုမျှသာ။
ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ဆန္ဒမရှိလျှင် သူတို့မှာ ရွေးချယ်စရာမရှိပေ။
သူတို့ကို ကူညီခြင်း၊ မကူညီခြင်းက ကျွင်းရှောင်ယောက်၏ စိတ်အလိုကျ ဖြစ်သည်။
နောက်ဆုံးမှာတော့ နေနတ်ဘုရားတောင်က တွေ့ကရာလူ ဖျက်ဆီးနိုင်သော သာမန် အင်အားစုလေးတစ်ခု မဟုတ်ပေ။
အင်အားစုကြီးတစ်ခုပင်လျှင် နေနတ်ဘုရားတောင်ကို ဖျက်ဆီးလိုပါက တန်ကြေးတစ်ခုကို ပေးရမည် ဖြစ်သည်။
ထို့ကြောင့်၊ ရီယုမှ ကျွင်းရှောင်ယောက်ကို အကူအညီတောင်းမည်ဟု တွေးမိသော်လည်း...
အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုတို့သာ တဖြည်းဖြည်း နေရာယူလာခဲ့ပေသည်။
သို့သော်လည်း ယခုတော့ စိတ်ပျက်အားငယ်နေသည့် နှလုံးသားထဲတွင် မျှော်လင့်ချက်အလင်းရောင်ကို မြင်လာရပြီ ဖြစ်သည်။
"အမှန်ပဲ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က သစ္စာရှိပြီး ဖြောင့်မတ်တယ်။ သူက ကျုပ်တို့အတွက် ကလဲ့စားချေရအောင် ကူညီပေးဖို့ ဆန္ဒရှိတယ်"
"ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျုပ်တို့ ရီမျိုးနွယ်အတွက် လက်စားချေဖို့ အခွင့်ကောင်းရောက်လာပြီဆိုတာကို အားလုံးကိုအသိပေးရအောင် အရင်လာခဲ့ရတာပဲ"
ရီယု၏ မျက်လုံးများက ကလဲ့စားချေမှု မီးတောက်တစ်ခု ရှိနေခဲ့သည်။
သူသာမကဘဲ ရီထင်နှင့် အခြားသူများ၏ မျက်လုံးများမှာလည်း အလင်းရောင်များ တောက်ပလာတော့သည်။
"စကားမစပ် အစ်ကိုရီယု၊ ဦးလေး ရီကျင်းရှန်နဲ့ အခြားသူတွေက နေနတ်ဘုရားတောင်မှာ အကျဉ်းချခံထားရတယ်"
"သူက ကျွန်မတို့ ရီမျိုးနွယ်ရဲ့ နောက်ဆုံးဧကရာဇ်တစ်ပိုင်းပဲ"
ရီထင်က ရုတ်တရက် ပြောလိုက်သည်။
"ဦးလေး ရီကျင်းရှန်ကို နေနတ်ဘုရားတောင်က ဖမ်းခေါ်သွားခဲ့တာပဲ။ ဒါပေမဲ့ သူ့ကို နေနတ်ဘုရားတောင်က ဘာမှမလုပ်ဘူးလား"
ရီယုက မျက်မှောင်ကြုတ်လိုက်သည်။
နေနတ်ဘုရားတောင်က လူကောင်းများ မဟုတ်ပေ။
သူတို့က ရီမျိုးနွယ်စု၏ အသေအကြေရန်သူ ဖြစ်သည်။
နေနတ်ဘုရားတောင်သည် ရီကျင်းရှန်ကဲ့သို့ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို ဖမ်းမိပါက နောင်ဖြစ်လာနိုင်မည့် ဒုက္ခများကို တားဆီးရန်အတွက် သေချာပေါက် ကွပ်မျက်ပစ်ရလိမ့်မည်။
"ဒါက နေနတ်ဘုရားတောင်ဟာ ဟုန်ယွိလေး ဘယ်မှာရှိသလဲဆိုတာ သိချင်လို့ပါ"
ရီထင်က ပြောလိုက်သည်။
"ဟုန်ယွိရဲ့လေးအကြောင်း သဲလွန်စရလို့လား"
ရီယု၏ မျက်လုံးများက အရောင်လက်သွားသည်။
ဟုန်ယွိ၏လေးက ရီမျိုးနွယ်၏ အဖိုးတန်ဆုံး ရတနာဖြစ်ပြီး ထိပ်တန်းအဆင့် ဧကရာဇ်လက်နက်တစ်ခုလည်း ဖြစ်သည်။
၎င်းက အင်မော်တယ်တစ်ပိုင်း လက်နက်အဖြစ် ပြောင်းလဲရန်ပင် အလားအလာ ရှိ၏။
ရီမျိုးနွယ်စုက ကျဆင်းလာရခြင်း အကြောင်းရင်းများထဲတွင် ဤရတနာ ပျောက်ဆုံးသွားခြင်းကလည်း အကြောင်ရင်းတစ်ခု ဖြစ်ခဲ့သည်။
"ဟုတ်တယ်၊ ကျွန်မတို့က အဖြေရှာတွေ့ခါနီးနေပြီ။
မူလက ဦးလေးရီကျင်းရှန်ဟာ အဲဒါကို သူ့ဘာသာသူ ရှာချင်တာ... ပြီးတော့ ဟုန်ယီနတ်လေးရဲ့ စွမ်းအားကို အသုံးပြုပြီး နေနတ်ဘုရားတောင်ကို လက်စားချေမယ်ပေါ့"
"ဒါပေမဲ့ ကံမကောင်းချင်တော့ သူ့ကို နေနတ်ဘုရားတောင်ရဲ့ ဧကရာဇ်တစ်ပိုင်း အကြီးအကဲ နှစ်ယောက်က ဝိုင်းရံထားခဲ့ပြီး နောက်ဆုံးမှာတော့ ဖမ်းဆီးခံခဲ့ရတယ်"
ရီထင်က ရှင်းပြလိုက်သည်။
"ကောင်းပြီ၊ ဒီလိုဆိုရင် နောက်ပန်းတိုင်က ဟုန်ယွိရဲ့လေးကိုရှာဖွေပြီး ဦးလေး ရီကျင်းရှန်ကို ကယ်တင်ဖို့ပဲ"
ရီယု၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ရီယု၊ ရီထင်နှင့် တခြားသူများက ဆွေးနွေးနေချိန်တွင်...
အသံတစ်ခုကို ကြားလိုက်ရသည်။
"ချူယွင်နန်းတော်ကလည်း ရှင်တို့နဲ့ လက်တွဲလို့ရမလား"
စကားပြောလာသူက ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်ပင်။
"ခင်ဗျားက..."
ရီယု တုံ့ဆိုင်းသွားသည်။
ဤအစီအစဥ်က ယခုအချိန်တွင် မပေါက်ကြားနိုင်သေးပေ။
သူသည် အပြင်လူတစ်ဦးကို တိုက်ရိုက်ယုံကြည်ရန် မဖြစ်နိုင်ပါ။
ထို့နောက် ရီထင်က သူမ၏ အခြေအနေကို ရှင်းပြလိုက်သည်။
ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်ကလည်း ထပ်မံ ပြောလေသည်။
"နေနတ်ဘုရားတောင်က ကြီးစိုးပြီး ရိုင်းစိုင်းလွန်းတာကြောင့် လူတွေရဲ့ နာကြည်းမှုကို ဖြစ်စေတယ်။ အခုဆိုရင် အင်အားစု ဘယ်လောက်များများက သူတို့ကို ပျက်စီးစေချင်နေမှန်းတောင် မသိနိုင်ပါဘူး"
"ကျွန်မရဲ့ ချူယွင်နန်းတော်ဆိုရင်လည်း သူတို့ကို မယှဉ်နိုင်လို့သာ စော်ကားမှုကို ခံရတယ်။ မဟုတ်ရင် သူတို့ရဲ့ အရှက်ခွဲမှုကိုသည်းခံပြီး ကျွန်မကို ဘယ်လိုလုပ်ပြီး လက်လွှတ်လိုက်မှာလဲ"
"ဒီလိုပဲ"
ရီယုက နောက်ဆုံးတွင် သဘောပေါက်သွားသည်။
"စိတ်ချပါ၊ ရှင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ရဲ့လူပဲ။ ကျွန်မရဲ့ ချူယွင်နန်းတော်က ဘယ်လောက်ပဲ သတ္တိကောင်းနေပါစေ... နတ်ဘုရားသားတော်ရဲ့ အစီအစဥ်ကို မဖျက်ဆီးဝံ့ပါဘူး"
"ကျွန်မရဲ့ ချူယွင်နန်းတော်က နတ်ဘုရားသားတော်နဲ့ ပူးပေါင်းပြီး နေနတ်ဘုရားတောင်ကို ဖျက်ဆီးနိုင်ဖို့ပဲ မျှော်လင့်တယ်"
"ပြီးတော့ နေနတ်ဘုရားတောင်ကို ကိုယ့်လက်နဲ့ ဖျက်ဆီးချင်သူတွေက ကျွန်မတို့ရဲ့ ချူယွင်နန်းတော်တင်မဟုတ်တာ သေချာပါတယ်"
ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်က လေးလေးနက်နက် ပြောလိုက်သည်။
ရီယု၏ မျက်လုံးများတွင် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
ဒါက မမှားပေ။
ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် နေနတ်ဘုရားတောင်ကို မုန်းတီးသော အင်အားစုများ အများအပြား ရှိသည်။
သူတို့အားလုံးကို ပေါင်းစည်းလိုက်ပါက လျစ်လျူရှု၍ မရနိုင်သော အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ထက် အရေးကြီးဆုံးက...
ဒေသခံ အင်အားများကို ပေါင်းစည်းလိုက်မည်ဆိုလျှင် ကျွင်းဧကရာဇ်ခုံရုံး၏ ဆုံးရှုံးမှုက သဘာဝအတိုင်း လျော့ကျသွားနိုင်သည်။
ဒါက ကျောက်တစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ခြင်း အမှန်ပင်။
ကျွင်းရှောင်ယောက်၏နောက်ကို အချိန်အတော်ကြာ လိုက်ခဲ့ပြီးနောက် ရီယု၏ အကြံအစည်က ထိုမျှ လေးနက်သည် မဟုတ်သော်လည်း သာမာန်လူများ မယှဉ်နိုင်သည်မှာ သေချာသည်။
"ကောင်းပြီ၊ ဒါပေမဲ့ နေနတ်ဘုရားတောင်ကို အကြွင်းမဲ့မုန်းတီးပြီး ရိုးသားမှုရှိတဲ့ အင်အားစုတွေပဲ ပါဝင်ခွင့်ရမယ်"
ရီယုက ပြောလိုက်သည်။
"ကောင်းပါပြီ"
ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်က ခေါင်းညိတ်လိုက်လေသည်။
ကျွင်းရှောင်ယောက်၏ လွှမ်းမိုးနိုင်စွမ်းနှင့်ဆိုလျှင် ပူးပေါင်းလိုသော အင်အားစု အများအပြား ရှိလာမည်မှာ သေချာသည်။
ထိုအချိန်တွင်၊ တစ်ဖက်မှာလည်း ယွိချန်ကျွမ့်က လနတ်ဘုရားနန်းတော်၏ ကျန်အဖွဲ့ဝင်များကို ဆက်သွယ်ခဲ့သည်။
သူတို့က အများကြီးမရှိသော်လည်း သန်မာတဲ့သူတချို့ ရှိနေကြသေးသည်။
ထို့ပြင်၊ နေနတ်ဘုရားတောင်ကို မုန်းတီးပြီး ယွိချန်ကျွမ့်ထံမှတစ်ဆင့် ဤအင်မော်တယ်စစ်ပွဲတွင် ပါဝင်လိုသော အင်အားစုအချို့လည်း ရှိသည်။
ရီယုနှင့် ယွိချန်ကျွမ့်တို့၏ အောင်မြင်မှုသတင်းက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ရောက်လာပြီးနောက် ကျွင်းရှောင်ယောက် သိရှိသွားခဲ့သည်။
"ကောင်းတယ်၊ မင်းတို့တွေက ငါ့နောက်ကို လိုက်နေတာကြာပြီဆိုတော့ မဟာမိတ်ဖွဲ့နည်းကို ကောင်းကောင်းသိနေကြပြီပဲ"
ကျွင်းရှောင်ယောက်က ကျေနပ်စွာ ပြုံးလိုက်လေသည်။
သူက တကယ်တမ်းတွင် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
နေနတ်ဘုရားတောင်က မည်မျှပင် အားနည်းပါစေ၊ ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခု ဖြစ်နေဆဲပင်။
သူတို့က ဆုံးရှုံးမှုမရှိဘဲ နေနတ်ဘုရားတောင်ကို ဖျက်ဆီးချင်လျှင် စိတ်ကူးယဉ်ဆန်လွန်းသည်။
အစကတည်းက၊ ကျွင်းရှောင်ယောက်ဟာ တန်ကြေးအနည်းငယ် ပေးဆပ်ရန် ပြင်ဆင်ထားခဲ့ပေသည်။
ယခုမူ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ ဒေသခံ အင်အားစုများ ပါ၀င်လာကြပြီ ဖြစ်သည်။
ဒါက ကျွင်းဧကရာဇ်ခုံရုံး၏ ဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေရန် ဖြည့်ဆည်းနိုင်ခဲ့သည်။
အချိန်တန်သောအခါ၊ ၎င်းတို့ကို အမြောက်စာအဖြစ် အသုံးပြုပြီး ရှေ့တန်းမှ စေလွှတ်နိုင်သည်။
ဤနည်းဖြင့် ကျွင်းဧကရာဇ်ခုံရုံး၏ စစ်အင်အား ဆုံးရှုံးမှုက သဘာဝအတိုင်း နည်းပါးသွားလိမ့်မည်။
ကျွင်းရှောင်ယောက်က မတရားလုပ်ခြင်း မဟုတ်ပါ။
နေနတ်ဘုရားတောင်ကို ဖျက်ဆီးခြင်း ထိုဒေသခံ အင်အားစုများအတွက်လည်း အကျိုးရှိမည် ဖြစ်သည်။
သူတို့က အကျိုးခံစားခွင့်များ ရရှိလိုသောကြောင့် တန်ကြေးအနည်းငယ်ပေးရသည်မှာ ပုံမှန်ပင်။
ထို့ပြင်၊ ကျွင်းရှောင်ယောက်ကိုယ်တိုင်က လူကောင်းတစ်ယောက် မဟုတ်ပါ။
သဘာဝအတိုင်း သုံးစွဲသင့်သော အရင်းအမြစ်များကို အသုံးချရမည် ဖြစ်သည်။
အချိန်အတိုင်းအတာတစ်ခုအတွင်း၊ ရီယုနှင့် ယွိချန်ကျွမ့်တို့က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် အင်အားစုအမျိုးမျိုးကို ဆက်သွယ်ခဲ့ကြပေသည်။
ထိုအချိန်တွင်း၌ ရီယုက ရီမျိုးနွယ်၏ ရတနာ ဟုန်ယွိ၏လေးကို ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော်လည်း၊ သူက ရီမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်း အကျော်အမော် ရီကျင်းရှန်ကို မကယ်တင်ခဲ့ပါ။
အကြောင်းမှာ၊ သူတို့ကို ကယ်တင်ပါက ရန်သူကို သတိပေးမိမည် ဖြစ်သည်။
ရီယုသည် ကျွင်းဧကရာဇ်ခုံရုံးက လှုပ်ရှားလာမည့်အချိန်ထိ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက်တွင်မှ လူတစ်စုကို ဦးဆောင်ကာ ရီကျင်းရှန်ကို ကယ်တင်ရလိမ့်မည်။
ယခုအခါ အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း နောက်ဆုံးတွင် ကျွင်းမိသားစုမှ စတင်ထွက်ခွာလာတော့သည်။
သူ၏ လှုပ်ရှားမှုက မည်သူ့ကိုမျှ မနှောင့်ယှက်မိဘဲ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးမှာလည်း ပုံမှန်အတိုင်း လည်ပတ်ခဲ့ပေသည်။
"ဖေဖေ၊ ဘယ်သွားမလို့လဲ"
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ထားသည်။
"ပြပွဲကောင်းတစ်ခုကို သွားကြည့်မလို့"
ကျွင်းရှောင်ယောက်က ပြုံးလိုက်၏။
"ပြပွဲကောင်းလား"
ရှောင်ချမ်ရွယ်၏ မျက်လုံးဝိုင်းလေးက စိတ်ရှုပ်ထွေးမှုတို့ ပေါ်လာသည်။
ပြပွဲတစ်ခုကိုကြည့်ရန် အဘယ်ကြောင့် အပြင်သို့ထွက်လာရမည်နည်း။
"ချမ်ရွယ်၊ မင်းက ပြပွဲတွေကြည့်ရတာကို မကြိုက်ဘူးလား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ရှောင်ချမ်ရွယ်က ပလုတ်တုတ်ကဲ့သို့ သူ့ခေါင်းကို ချက်ချင်း ခါယမ်းလိုက်လေသည်။
"ဖေဖေ သဘောကျသရွေ့ ရှောင်ချမ်ရွယ်လည်း သဘောကျမှာပါ"
"ကောင်မလေး၊ ဒါက သေချာပေါက် အမြင်ကျယ်စေလိမ့်မယ်"
ကျွင်းရှောင်ယောက်က ရှောင်ချမ်ရွယ်၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
နက်မှောင်ပြီး အေးစက်သော အလင်းတန်းတစ်ခုကတော့ သူ၏ မျက်လုံးများတွင် လျှို့ဝှက်စွာ လင်းလက်လာတော့သည်။
ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်၏ အလောင်းများကို နင်းပြီး နန်းတက်မည်ဖြစ်သည်။
ထိုအချိန်မှစ၍ သူတို့က ကမ္ဘာအနှံ့ ကျော်ကြားလာပေလိမ့်မည်။