← Chapters

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အခန်း ( ၁၂၄၀ ) ကလဲ့စားချေရန် အချိန်ရောက်လာပြီ။

နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည်။

သူတို့က အရှေ့ဘက်မှ နေထွက်လာသည်ဟု နိမိတ်ယူကြ၏။

ရွှေကျီးကန်းမျိုးနွယ်က နေမင်း၏သင်္ကေတဖြစ်ပြီး အရှေ့ဘက်ကို သဘာဝအတိုင်း သိမ်းပိုက်ထားပေသည်။

နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အရှေ့ဘက်ခြမ်းရှိ ပြည်နယ်အများအပြားကို ပိုင်ဆိုင်ထားသည်။

ဤကြီးမားသော ပြည်နယ်အများအပြားကို နေနတ်ဘုရားတောင်က သွေးလွှမ်းသော စစ်ပွဲများဖြင့် အခြားအင်အားစုများထံမှ သိမ်းပိုက်ထားခြင်း ဖြစ်၏။

ထို့အတွက်ကြောင့် နေနတ်ဘုရားတောင်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ကောင်းကင်ဘုံ၏ အမျက်ဒေါသနှင့် လူတို့၏မကျေနပ်မှုကို နှိုးဆွမိနေပြီဖြစ်သည်။

သို့သော်လည်း သူတို့ကတော့ ဂရုမစိုက်ခဲ့ပေ။

နေနတ်ဘုရားတောင်၏ အဓိကနယ်မြေက ယောင်ပြည်နယ်တွင် ရှိသည်။

ဒါက ကျယ်ပြန့်သော ပြည်နယ်တစ်ခုဖြစ်ပြီး ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး၏ အရှေ့ဘက်ပိုင်းမှ အလှပဆုံးနှင့် အကောင်းမွန်ဆုံးသော နယ်မြေတစ်ခုဆိုလျှင်လည်း မှားမည် မဟုတ်ပေ။

ထိုနယ်မြေတွင် နတ်ရင်းမြစ်များနှင့် အဖိုးတန် မိုင်းတွင်းများစွာ ရှိသည်။

မြင့်မြတ်သောဆေးပင်များနှင့် ဝိညာဥ်သစ်ပင်များ စိုက်ပျိုးရန်အတွက် မြေသြဇာကောင်းသော မြေများလည်းရှိသေးသည်။

၎င်းက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် မြေသြဇာအရှိဆုံးမြေဟု ဆိုနိုင်သည်။

ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရှိ ထိပ်တန်း အင်အားစုအနေဖြင့် နေနတ်ဘုရားတောင်က သဘာဝအလျောက် အကောင်းမွန်ဆုံးသော နယ်မြေကို သိမ်းပိုက်ခဲ့ပေသည်။

ယောင်ပြည်နှင့် မနီးမဝေးမှာတော့ ရန်ပြည်နယ် ရှိသည်။

ရန်ပြည်နယ်က နေနတ်ဘုရားတောင်၏ ဘိုးဘွားနယ်မြေမဟုတ်သော်လည်း အလွန်အရေးကြီးသော နေရာတစ်ခုအဖြစ် ရှိနေသေးသည်။

အကြောင်းမှာ၊ နေနတ်ဘုရားတောင်က ရန်ပြည်နယ်တွင် အကျဉ်းထောင်တစ်ခု တည်ဆောက်ထားသောကြောင့်ဖြစ်သည်။

၎င်းက နေနတ်ဘုရားတောင်ကို ဆန့်ကျင်သော ရန်သူများကို အကျဉ်းချရာတွင် အထူးအသုံးပြုပေသည်။

ရီမျိုးနွယ်စု၏ အကြွင်းအကျန်များနှင့် လနတ်ဘုရားနန်းတော် အပါအဝင် ရန်သူများ၊ အပြစ်သားများကို ဖမ်းမိပါက ရန်ပြည်နယ်ရှိ အကျဉ်းထောင်သို့ ပို့ဆောင်ပြီး သေသည်အထိ နှိပ်စက်ခံရမည် ဖြစ်သည်။

ယခုအချိန်၊ ရန်ပြည်နယ်၏ အကျဉ်းထောင်အပြင်ဘက်တွင်...

ရွှေရောင်ကျီးကန်းများက လေထဲမှ လှည့်ပတ်ပျံသန်းနေပြီး လမ်းကြောင်းတိုင်းကို စောင့်ကြည့်နေကြသည်။

မြေပြင်မှာလည်း ရုပ်တုအမျိုးမျိုးတို့ကို ထွင်းထုထား၏။ နေနတ်ဘုရားတောင်မှ သတ္တဝါများက ထိုနေရာတွင် စခန်းချနေခဲ့ကြပေသည်။

ရန်ပြည်နယ် အကျဉ်းထောင်က ယောင်ပြည်နယ်မှ အကျဉ်းထောင်လောက် အစောင့်အကြပ်မများသော်လည်း ၎င်းတို့ကို စောင့်ကြပ်နေသော အကျော်‌အမော်များစွာ ရှိသည်။

ဤနေရာတွင် အသန်မာဆုံးက နေနတ်ဘုရားတောင်၏ အကြီးအကဲလေးပါးအနက် တစ်ဦးဖြစ်သော စတုတ္ထမြောက် အကြီးအကဲပင်။

လူတိုင်းသိကြသည့်အတိုင်း နေနတ်ဘုရားတောင်၏ အကြီးအကဲလေးယောက်က ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ ဖြစ်သည်။

၎င်းတို့အနက် စတုတ္ထအကြီးအကဲက အားအနည်းဆုံးဖြစ်သော်လည်း ကပ်ဘေးနှစ်ခု ဧကရာဇ်တစ်ပိုင်း၏ ခွန်အား ရှိသေးသည်။

ရန်ပြည်နယ် အကျဉ်းထောင်က သူရှိနေလျှင် လုံလောက်သည်။

ရန်ပြည်နယ် အကျဉ်းထောင်ကို ဆယ့်ရှစ်ထပ် ခွဲထားသည်။

၎င်းက ရှေးခေတ်အင်မော်တယ်ခုံရုံး၏ ငရဲကြီး ဆယ့်ရှစ်ငရဲကို အတုယူထားခြင်းပင်။

အောက်ဘက်သို့ ရောက်လာလေလေ၊ အကျဉ်းသားက ပိုအရေးကြီးလေ ဖြစ်သည်။

ယခုအချိန်တွင်၊ အကျဉ်းထောင်၏ အနက်ရှိုင်းဆုံး ဆယ့်ရှစ်ထပ်မြောက်မှာ...

အနီရောင်မျက်ခုံးမွှေးနှင့် ရွှေရောင်အ၀တ်အစား ဝတ်ထားသော အဖိုးအိုတစ်ဦးက လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ငရဲဆယ့်ရှစ်ထပ်၏ အလယ်သို့ ခပ်အေးအေး လျှောက်လာခဲ့သည်။

ယခုအချိန်တွင်၊ ဆယ့်ရှစ်ထပ်မြောက် အလွှာမှာ လူတစ်ဦးကိုသာ အကျဉ်းချထားသည်။

ထိုသူက သူရဲကောင်းဆန်သော အသွင်အပြင်ရှိသူဖြစ်ပြီး အလွန်ကြီးကျယ်သော အရှိန်အဝါများ ရှိသင့်ပေသည်။

သို့သော်လည်း ယခုအချိန်တွင် သူ့ဆံပင်များက ရှုပ်ထွေးပြီး အရိုးပေါ်အရေတင် ဖြစ်နေသည်။

ဧကရာဇ် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသော သံကြိုးများက သူ့ရင်ဘတ်မှတဆင့် ထိုးဖောက်ထား၏။

သူ၏ ခြေလက်များကိုလည်း သံကြိုးများဖြင့် ချည်နှောင်ပြီး သော့ခတ်ထားသည်။

မရေမတွက်နိုင်သော ပိုးမွှားများကလည်း သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသေးသည်။

သူ့ကိုကြည့်ရသည်မှာ အလွန်ကြောက်စရာကောင်းပုံရသည်။

၎င်းက သွေး၊ အသား၊ အနှစ်သာရနှင့် စွမ်းအင် နိယာမအမျိုးမျိုးကို စုပ်ယူနိုင်သော ဝိညာဉ်ဝါးမျို အင်းဆက်များပင်။

သူတို့ထံမှ ထွက်လာသော အဆိပ်များက လူအသားများကို ပုတ်သိုးသွားစေနိုင်သည်။

အဓိပတိတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်လျှင်ပင် လုံးဝ ပျက်စီးသွားလိမ့်မည်။

ဒါက အနာကျင်ဆုံး ပြစ်ဒဏ်ဟု ဆိုနိုင်သည်။

သို့သော်လည်း ထိုကဲ့သို့ ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသည့်တိုင် ဤအမျိုးသားကတော့ မည်သို့မျှ တုံ့ပြန်သံမပြုပေ။

"ရီကျင်းရှန်... ဘယ်လိုလဲ။ ဟုန်ယွိရဲ့လေးက ဘယ်မှာ ရှိနေတယ်ဆိုတာ မင်း ပြောနိုင်ပြီလား"

မျက်ခုံးနီနီဖြင့် ဤအဘိုးကြီးက အမှန်ပင် နေနတ်ဘုရားတောင်၏ စတုတ္ထမြောက် အကြီးအကဲ ဖြစ်သည်။

သူ ရင်ဆိုင်နေသူကတော့ ရီမျိုးနွယ်၏ နောက်ဆုံးသော ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော် ရီကျင်းရှန်ပင်။

သူက ကပ်ဘေးသုံးပါး ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။

သို့သော်လည်း ယခုမူ၊ သူက အကျဉ်းချခံရပြီး ညှဉ်းပန်းနှိပ်စက်ခြင်းများကိုလည်း ခံထားရသောကြောင့် စတုတ္ထအကြီးအကဲနှင့် နှိုင်းယှဉ်ရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်တော့ပေ။

စတုတ္ထအကြီးအကဲ၏ မေးမြန်းမှုကို ကြားရသော်လည်း ရီကျင်းရှန်က နှုတ်ဆိတ်နေခဲ့သည်။

စတုတ္တ အကြီးအကဲ၏ မျက်နှာမှာ အနည်းငယ် တည်သွားသည်။

"ရီကျင်းရှန်၊ ရီမျိုးနွယ်ရဲ့ နောက်ဆုံး ဧကရာဇ်တစ်ပိုင်းဖြစ်တဲ့ မင်းက ရီမျိုးနွယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လို့ ပြောလို့ရတယ်"

"မင်းလိုလူက ဧကရာဇ်လက်နက်တစ်ခုအတွက် တကယ်သေချင်နေတာလား"

စတုတ္ထ အကြီးအကဲက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

အကယ်၍ ထိပ်တန်းအဆင့် ဧကရာဇ်လက်နက်အတွက်သာ မဟုတ်ပါက ရီကျင်းရှန်သည် ရှေးယခင်ကပင် သုတ်သင်ခံလိုက်ရလိမ့်မည်။

ထိုအချိန်တွင်၊ ရီကျင်းရှန်က ရုတ်တရက် ရယ်မောလိုက်သည်။

"မင်းက လူတစ်ယောက်ကို မေ့နေသေးပုံရတယ်"

"ဟမ်"

စတုတ္ထ အကြီးအကဲက မျက်လုံးများကို အနည်းငယ်မှေးစင်းပြီး ကြည့်လိုက်သည်။

"ဒါက ငါ့ရီမျိုးနွယ်စုရဲ့ သခင်လေး ရီယုပဲ"

ရီကျင်းရှန်က ပြောလိုက်၏။

ထိုစကားကိုကြားတော့ စတုတ္ထအကြီးအကဲက ခေါင်းခါပြီး ရယ်မောလိုက်သည်။

"ရယ်စရာကောင်းလိုက်တာ၊ မင်းရဲ့ မျှော်လင့်ချက်တွေကို တကယ်ပဲ ကောင်လေးတစ်ယောက်အပေါ်မှာ ထားခဲ့တာလား"

"သူက ငါ့ရဲ့ နေနတ်ဘုရားတောင်ကို တကယ် ဖျက်ဆီးနိုင်မယ်လို့ မင်းထင်တာလား"

စတုတ္ထ အကြီးအကဲက လှောင်ပြောင်လိုက်သည်။

ဒါက ရယ်စရာကောင်းလွန်းသည် မဟုတ်လော။

"မင်းမှားနေပြီ"

ရီကျင်းရှန်က အားနည်းသော်လည်း အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

"ဘာလဲ"

"ငါရည်ညွှန်းတဲ့ မျှော်လင့်ချက်က သခင်လေး ရီယု မဟုတ်ဘူး။ သူ လိုက်ပါနေတဲ့သူကိုပဲ"

ရီကျင်းရှန်က ပြောလိုက်၏။

သူသည် မကြာသေးမီကမှ ဖိနှိပ်ခံခဲ့ရသောကြောင့် ရီယုနှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို သဘာဝအတိုင်း သိခဲ့သည်။

ရီကျင်းရှန်၏ စကားကြောင့် စတုတ္ထအကြီးအကဲ၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားခဲ့သည်။

"ကျွင်းရှောင်ယောက်လား"

"အမှန်ပဲ၊ သခင်လေးရီယုက နေနတ်ဘုရားတောင်ကို မဖျက်ဆီးနိုင်ပေမဲ့ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကတော့ လုပ်နိုင်တယ်"

ရီကျင်းရှန်၏ ခန္ဓာကိုယ်က အားနည်းနေသော်လည်း သူ့မျက်လုံးများမှာတော့ တောက်ပနေခဲ့ပေသည်။

"ဟမ့်၊ ရယ်စရာကောင်းတဲ့ မျှော်လင့်ချက်ပဲ။ ကျွင်းမိသားစုက ကောင်လေးက လုပ်ဝံ့တာ၊ မလုပ်ဝံ့တာကို မပြောရင်တောင်... နောက်လိုက်တစ်ယောက်အတွက် ငါ့ရဲ့ နေနတ်ဘုရားတောင်နဲ့ အင်မော်တယ်စစ်ပွဲကို စတင်နိုင်ပါ့မလား"

"မင်းသာ ကျွင်းရှောင်ယောက်ဆိုရင် ဒီလောက် အသုံးမကျတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှာလား"

စတုတ္ထအကြီးအကဲ၏ စကားများက ရီကျင်းရှန်ကို တိတ်ဆိတ်သွားစေသည်။

မမှားပေ။

နောက်လိုက်တစ်ဦး၏ ရန်စကြောင့် ရှေးဟောင်းတော်ဝင်မျိုးနွယ်ကို အင်မော်တယ်စစ်ပွဲတစ်ခု စတင်ခြင်းမှာ...

လုံးဝ ပညာမဲ့ရာကျသည်။

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ရီကျင်းရှန်သည် ကျွင်းမိသားစု၏ နတ်ဘုရားသားတော်မှာ ထိုမျှမရိုးရှင်းကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။

"သခင်လေးရဲ့ အမြင်ကို ငါယုံတယ်။ သူ ရွေးချယ်တာက မှားမှာ မဟုတ်ဘူး"

ရီကျင်းရှန်က အခိုင်အမာ ပြောလိုက်သည်။

"ဟမ့်၊ မင်းက ငတုံးပဲ။ ဟုန်ယွိရဲ့လေး တည်နေရာကိုသာ ငါ့ကိုပြောပြရင် ငါ မင်းကို နေမင်းဘုရားရဲ့မီးပြင်းဖိုထဲ ပစ်ချပြီး မြန်မြန်ဆန်ဆန် သေခွင့်ပြုဦးမှာ"

စတုတ္ထ အကြီးအကဲ၏ မျက်လုံးထဲတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။

နေနတ်ဘုရား၏မီးပြင်းဖိုက နေနတ်ဘုရားတောင်၏ ထိပ်တန်းအဆင့် ဧကရာဇ်လက်နက်ဖြစ်ပြီး အလွန်အစွမ်းထက်သည်။

ထိုအချိန်တွင်၊ အပြင်ဘက်မှ လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရသည်။

လှုပ်ရှားမှုက မသိသာသော်လည်း စတုတ္ထအကြီးအကဲက အနည်းငယ် မျက်မှောင်ကြုတ်သွားစေခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ထိုအချိန်တွင်၊ အပြင်ဘက်မှ ကောင်းကင်ယံမှာ အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ရှေးဟောင်း နယ်မြေဖြတ်ကျော် စစ်သင်္ဘောများစွာက ဟင်းလင်းပြင်ကိုဖြတ်ကျော်ပြီး ဤနေရာတွင် ထွက်ပေါ်လာ၏။

"ရန်သူတိုက်ခိုက်မှုရှိတယ်ဟေ့"

စူးစူးဝါးဝါးအော်သံများ ထွက်ပေါ်လာခဲ့သည်။

နယ်မြေဖြတ်ကျော် ရှေးဟောင်းစစ်သင်္ဘောပေါ်မှ နိယာမစွမ်းအင် အလင်းတန်းများက တောက်ပလာသည်။

ထို့နောက် ဖျက်ဆီးခြင်းအလင်းတန်းအဖြစ် ပြောင်းလဲကာ အကျဉ်းထောင်၏ အကာအကွယ်ကို ပြင်းပြင်းထန်ထန် ပစ်လွှတ်တိုက်ခိုက်ကြတော့သည်။

၎င်းက အကျဉ်းထောင်၏ အကာအကွယ် အမျိုးမျိုးတို့ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။

"အတင့်ရဲလိုက်တာ၊ ဘယ်သူက ငါ့ရဲ့ နေနတ်ဘုရားတောင်ကို စော်ကားဝံ့သလဲ"

အေးစက်စက်အော်သံကို ကြားလိုက်ရသည်။ ပတ်ဝန်းကျင်ရှိလူတိုင်း တုန်လှုပ်သွားကြ၏။

တကိုယ်လုံးတွင် အနီရောင်မီးလျှံများက တဟုန်းဟုန်း ထွက်ပေါ်နေသော လူရိပ်တစ်ခုက ငရဲကြီးဆယ့်ရှစ်ထပ်၏ အတွင်းမှ ပျံထွက်လာတော့သည်။

သူ့ထံမှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တစ်ပါး၏ ကြီးမားသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက နေနတ်ဘုရားတောင်၏ စတုတ္ထ အကြီးအကဲပင်။

နယ်စပ်ဖြတ်ကျော် ရှေးဟောင်းစစ်သင်္ဘောကြီးတစ်စင်း၏ ကုန်းပတ်ပေါ်မှာတော့...

ရီယု၊ ရီထင်နှင့် တခြားသူများက ရပ်နေကြသည်။

"မင်းက... ရီမျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေပဲ"

ရီယုကို မြင်လိုက်ရသောအခါ စတုတ္ထအကြီးအကဲက အံ့သြတုန်လှုပ်သွားခဲ့သည်။

ဒါက ရီယုကြောင့်မဟုတ်ဘဲ သူ့နောက်ကွယ်မှ ကိုယ်စားပြုနေသူကြောင့် ဖြစ်၏။

ကျွင်းရှောင်ယောက်...

"မဟုတ်ဘူး...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကောင်လေးက ဒီလောက်တောင် ရဲတင်းနေတာလား"

စတုတ္ထအကြီးအကဲက အနည်းငယ် အံ့ဩသွားမိသည်။

ကျွင်းရှောင်ယောက်က ဒီလောက်တောင် သတ္တိရှိနေပြီလား။

သူက ကျွင်းဧကရာဇ်ခုံရုံးကို တည်ထောင်ခဲ့ပြီးတာနဲ့ နေနတ်ဘုရားတောင်ကို တိုက်ခိုက်ဝံ့ပြီလား။

"နေနတ်ဘုရားတောင်၊ မင်းတို့ရဲ့သေခြင်း ရောက်လာပြီ"

ရီယု၏ မျက်လုံးများတွင် ကလဲ့စားချေခြင်း မီးတောက်များက ပြင်းထန်စွာ တောက်လောင်နေ၏။

"ခွေးကောင်လေး၊ ငါ မင်းကို အရင်သတ်မယ်"

စတုတ္ထ အကြီးအကဲ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။ သူက အားနည်းသူကို အနိုင်ကျင့်မိသည့်အတွက် အနည်းငယ်မျှ မခံစားရဘဲ ရီယုဆီသို့ လက်ဝါးတစ်ဖက်ဖြင့် ဖမ်းဆုပ်ဟန်ပြုလိုက်၏။

သူ့အမြင်အရ၊ ရီယုသာ ကျွင်းရှောင်ယောက်နှင့် မဆုံဖြစ်ခဲ့လျှင်...

ကျွင်းရှောင်ယောက်က နေနတ်ဘုရားတောင်ကို အခက်ကြုံစေခဲ့မည် မဟုတ်ပါ။

ရီယုက မခိုးမခန့် ရယ်မောလိုက်သည်။

ရုတ်တရက်၊ လူရိပ်နှစ်ခုက လေထဲတွင် ပေါ်လာ၏။

လူတစ်ယောက်က စတုတ္ထအကြီးအကဲကို လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

သူတို့ထဲတွင် တစ်ယောက်က ဘုရင်ဖုဖုန်း ဖြစ်သည်။

နောက်ဆုံးအကြိမ်က လုပ်ကြံသတ်ဖြတ်မှုတွင် သူသည် ဒဏ်ရာအပြင်းအထန်ရခဲ့သော်လည်း မသေဆုံးခဲ့ပေ။

ကျွင်းရှောင်ယောက်ကလည်း သူ့အပေါ် သစ္စာရှိသူဖြစ်သည်ဟု သတ်မှတ်ပြီး ကျွင်းမိသားစု၏ အရင်းအမြစ်များဖြင့် ကုသပေးခဲ့သည်။

ဤတိုက်ပွဲမှာတော့ ဘုရင်ဖုဖုန်းက ပြန်လည်ပါဝင်ခဲ့ပေသည်။

ကျန်တစ်ယောက်က ရှေးခေတ်အင်မော်တယ်ခုံရုံး၏ နတ်စစ်သူကြီး လေးပါးထဲမှ တစ်ဦးဖြစ်သည်။

သူ့မျက်နှာမှာတော့ ခံစားချက် အရိပ်အယောင်တို့ မရှိပေ။

သူက ကျားအဆောင်ကိုသာ နာခံပြီး အခြားခံစားချက် မရှိပါ။

ဧကရာဇ်တစ်ပိုင်း နှစ်ယောက်က တပြိုင်နက်တည်း တိုက်ခိုက်လာကြောင်း မြင်လိုက်ရပြီးနောက်...

စတုတ္ထ အကြီးအကဲ၏ နှလုံးသားက ရုတ်တရက် လေးလံသွားခဲ့သည်။

"ဒီကောင်လေးက တကယ်ပဲ..."

စတုတ္ထအကြီးအကဲ၏ မျက်လုံးများက စိတ်ပျက်လက်ပျက်ဖြစ်ခြင်းတို့ ပေါ်လာတော့သည်။

All Chapters