အခန်း ၁၃၄၁
Vol. 90 Ch. 1341
အခန်း ( ၁၃၄၁ ) ဧကရာဇ်၏ အမိန့်တော်။
ယောင်ပြည်နယ်က နေနတ်ဘုရားတောင်၏ ဘိုးဘွားနယ်မြေ ဖြစ်သည်။
ပတ်ပတ်လည်ကို ကြည့်လိုက်မည်ဆိုလျှင် အနီရောင် မီးတောက်မီးလျှံများနှင့် ပူပြင်းသော မြေများကို မြင်ရပေလိမ့်မည်။
ဤနေရာတွင် ရှေးဟောင်း ခေါင်ရမ်းပင်များ ပေါက်ရောက်နေပြီး အရွက်များကလည်း မီးတောက်ပုံသဏ္ဍာန် ရှိသည်။
နေနတ်ဘုရားတောင် တစ်ခုလုံးက မီးနတ်ဘုရား၏နယ်မြေကဲ့သို့ပင်။
ဤနယ်မြေတွင် နေနတ်ဘုရားတောင်၏ သတ္တဝါများ နေထိုင်ရာ လှပသော နန်းတော်များနှင့် အဆောက်အဦအမျိုးမျိုး ရှိသည်။
ဗဟိုအကျဆုံး ဧရိယာကတော့ နေနတ်ဘုရားတောင်၏ ဘိုးဘွားတောင်ပင်။
၎င်းကို နေထွက်တောင်ဟု ခေါ်သည်။
နေထွက်တောင်၏ အရပ်လေးမျက်နှာတွင်၊ လေထဲမှာ မျောလွင့်နေသော ဘုရားကျောင်း လေးခု ရှိသည်။
၎င်းက နေနတ်ဘုရားတောင်၏ အကြီးအကဲလေးပါး နေထိုင်ရာ နေရာဖြစ်သည်။
စတုတ္ထအကြီးအကဲက ရန်ပြည်နယ် အကျဉ်းထောင်တွင် တစ်နှစ်ပတ်လုံး ရှိနေသောကြောင့် ဘုရားကျောင်းများထဲမှ တစ်ခုကတော့ လူမရှိပေ။
ကျန်သော ဘုရားကျောင်းသုံးခုမှာတော့ တင်ပျဉ်ခွေထိုင်နေသော အဘိုးကြီးနှစ်ဦးနှင့် အဘိုးအိုတစ်ယောက် ရှိသည်။
ယခုအချိန်၊ ဘုရားကျောင်းတစ်ခုအတွင်းမှာ...
လေထဲမှာ တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုကို လူငယ်တစ်ယောက်က တိုင်တန်းနေသည်။
"အဘိုး၊ ချူယွင်နန်းတော်ရဲ့ သူတော်စင်သမီးတော်ကို သွားပြီးခေါ်ဆောင်တဲ့ အဖွဲ့က ပျောက်နေတယ်။ ဒါက ချူယွင်နန်းတော်က လျှို့ဝှက်ပြီး လှုပ်ရှားခဲ့တာလားမသိဘူး"
"အဘိုးက ချူယွင်နန်းတော်ကို အရေးယူပြီး ဖျက်ဆီးလိုက်ဖို့ ကျွန်တော် မျှော်လင့်တယ်"
ဤလူငယ်က ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော သခင်လေးဝူမော့မှလွဲတပါး အခြားမဟုတ်ပေ။
လေထဲတွင် တင်ပျဉ်ခွေထိုင်နေသော အဘိုးအိုက သဘာဝအတိုင်း နေနတ်ဘုရားတောင်၏ ပထမ အကြီးအကဲဖြစ်သည်။
"တော်စမ်း"
ပထမအကြီးအကဲက မျက်မှောင်ကြုတ်ပြီး အေးစက်စက် အော်လိုက်သည်။
"အဘိုး၊ ခင်ဗျား..."
သခင်လေးဝူမော့က အနည်းငယ် အံ့ဩသွား၏။
ပထမအကြီးအကဲသည် အများအားဖြင့် သူ့မြေးကို အလွန်ချစ်ပြီး အလိုလိုက်သည်။
ယင်းကြောင့်ပင် ဝူမော့က ဆိုးသွမ်းသော လူတစ်ဦး ဖြစ်လာခဲ့ခြင်းပင်။
ယခုမူ၊ ပထမအကြီးအကဲက သူ့ကို ကြိမ်းမောင်းလိုက်ပြီ ဖြစ်သည်။
"အဘိုး၊ ကျွန်တော်မှားသွားပါတယ်"
ဝူမော့က ပါးနပ်သူ ဖြစ်သည်။ အခြေအနေမကောင်းကြောင်း သူမြင်သောအခါ ချက်ချင်း ဒူးထောက်ပြီး တောင်းပန်လိုက်လေသည်။
အဘိုးအိုက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"ပြောစမ်း၊ ဒီနှစ်တွေမှာ မင်း ဘယ်လောက်ထိ ပြဿနာတွေရှာခဲ့သလဲ"
"နောက်ပြီးတော့၊ ငါတို့ နေနတ်ဘုရားတောင်က အမျိုးမျိုးသော မြင့်မြတ်နယ်မြေတွေကို သိမ်းပိုက်ပြီး ဆန့်ကျင်ဘက် အင်အားစုအများအပြားကို နှိမ်နင်းခဲ့တယ်"
"ဒီအတွက် နာကျည်းမှုတွေက အမြဲရှိနေကြပြီး နောက်ဆုံးမှာ တန်ပြန်လာလိမ့်မယ်လို့ ငါ အလိုလို ခံစားနေခဲ့ရတယ်"
သို့ရာတွင်၊ အဘိုးအို၏ စကားကိုကြားတော့ ဝူမော့၏ မျက်လုံးများက လျစ်လျူရှုမှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
"အဘိုး၊ အဘိုးက စိုးရိမ်လွန်နေပြီထင်တယ်။ ကျွန်တော်တို့ နေနတ်ဘုရားတောင်က ကြွယ်ဝပြီး အင်အားကြီးမားတဲ့ ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုပဲလေ။ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှာ ကျွန်တော်တို့ကို ဘယ်သူကထိဝံ့လဲ"
"ဘယ်သူက ကျွန်တော်တို့ကို နှောင့်ယှက်ဝံ့မှာလဲ"
"မဟုတ်သေးဘူး"
အဘိုးအိုက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။
ဤအခိုက်အတန့်တွင် ပထမ အကြီးအကဲက ရုတ်တရက် တစ်ခုခုကို ခံစားမိသွားပုံရသည်။
သူ့ပုံရိပ်က ရုတ်တရက် လှုပ်ရှားလာပြီး လေဟာနယ်ကိုဖြတ်ကာ ပြေးထွက်သွား၏။
"အဘိုး"
သခင်လေးဝူမော့မှာ ရုတ်တရက် ဘာဖြစ်သွားမှန်း မသိလိုက်ပေ။
ဤအခိုက်အတန့်တွင်၊ နေနတ်ဘုရားတောင်၏ အပြင်ဘက်မှာ ကြီးမားသော စစ်အင်အားတစ်ခုက အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။
တစ်ချက်ကြည့်လိုက်ပါက သန်းနှင့်ချီသော စစ်သည်များရှိပြီး ရေစီးကြောင်းတစ်ခုကဲ့သို့ ဖြစ်၏။
စစ်သင်္ဘောများနှင့် အားကောင်းသော အရှိန်အဝါများကလည်း မိုးထိအောင် ဖြာထွက်နေတော့သည်။
"ဒါက..."
ပထမအကြီးအကဲက အပြင်ကိုရောက်လာသောအခါ အရပ်ရပ်မှ စစ်တပ်များ ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးထဲတွင် ဒေါသများက ပေါ်လာတော့သည်။
"ချူယွင်နန်းတော်၊ ကျစ်ရှောင်းမုခ်ဝ၊ ယွီတင်းအဆောင်၊ နက္ခတ်ဗေဒင်ဂိုဏ်း..."
အင်အားစုများစွာက စုပေါင်းလာခြင်းဖြစ်သည်။ ၎င်းတို့က အမှန်တကယ်ပင်၊ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးမှ ဒေသခံ အင်အားစုများ ဖြစ်၏။
အင်အားစု အားလုံးက နေနတ်ဘုရားတောင်ကို အလွန်မုန်းတီးကြသည်။
ဥပမာအားဖြင့် ချူယွင်နန်းတော်တွင်... ချူယွင်နန်းတော်၏ သူတော်စင်သမီးတော်က မုန်းတီးမှု၊ ကလဲ့စားချေလိုမှုတို့အပြည့်ဖြင့် ရှိနေသည်။
ကျစ်ရှောင်းမုခ်ဝမှာလည်း ထို့အတူပင်။ တစ်ချိန်က သူတို့ဂိုဏ်း၏ အကြီးအကဲတစ်ဦးက ရှားပါး သတ္တုသွေးကြောတစ်ခုကို မတော်တဆ တွေ့ရှိခဲ့သည်။
ရလဒ်အနေဖြင့်၊ နေနတ်ဘုရားတောင်မှ အကျော်အမော်များ၏ သတ်ဖြတ်ခြင်းခံရပြီး သူ၏ သတ္တုသွေးကြောကိုလည်း သိမ်းပိုက်ခံခဲ့ရပေသည်။
ဤတစ်ကြိမ်တွင် ပါဝင်လာသော အင်အားစုအားလုံးက နေနတ်ဘုရားတောင်ကို အလွန်မုန်းတီးခဲ့ကြသည်ဟု ဆိုနိုင်သည်။
"ပုရွက်ဆိတ်တွေက ငါတို့ရဲ့ နေနတ်ဘုရားတောင်ကို ဘယ်လိုတောင် ကျူးကျော်ဝံ့တာလဲ"
လေထဲတွင်၊ ဧကရာဇ်တစ်ပိုင်း နှစ်ဦးက ထပ်မံပေါ်လာသည်။
သူတို့က အဘိုးအိုနှင့် အဘွားအိုတို့ ဖြစ်၏။
ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့ ဖြစ်ကြသည်။
"ဒီအင်အားစုတွေက ရူးနေကြတာလား။ တကယ်ကို အတင့်ရဲနေတာပဲ"
အဘွားအို၏ မျက်လုံးများက ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
"ငါတို့ နေနတ်ဘုရားတောင်က သွေးသံတရဲရဲ စစ်ပွဲတွေကို မဆင်နွှဲတာကြာလို့ ဒီအင်အားစုတွေက ငါတို့ကို အနိုင်ကျင့်နိုင်တယ်လို့ ထင်လာပုံရတယ်"
ဒုတိယအကြီးအကဲက အေးစက်စက် ပြောလိုက်၏။
သူတို့၏ နေနတ်ဘုရားတောင်က ထိုမျှမရိုးရှင်းပါ။
အကယ်၍ သူတို့သာ ဆန္ဒရှိလျှင် ဤအင်အားစုများကို အလွယ်တကူ ချေမှုန်းပစ်နိုင်မည် ဖြစ်သည်။
"ဒါက အဲဒီလောက်မရိုးရှင်းဘူး"
ပထမအကြီးအကဲ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
"ဟမ်"
ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့ နှစ်ယောက်လုံး အနည်းငယ် အံ့ဩသွားကြသည်။
"ဒီအင်အားစုတွေချည်းဆိုရင် အခုထက် သတ္တိဆယ်ဆကောင်းရင်တောင် ငါတို့ရဲ့ နေနတ်ဘုရားတောင်ကို တိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး"
"တစ်ခုတည်းသော ဖြစ်နိုင်ချေက သူတို့ကို စိတ်ချယုံကြည်စေနိုင်လောက်တဲ့ အားကောင်းတဲ့ အင်အားစုတစ်ခု ရှိနေလို့ပဲ"
"ဒီလောက်များတဲ့ အင်အားစုတွေကို လှုပ်ရှားစေနိုင်ပုံထောက်ရင်၊ စိုးရတာက..."
ပထမအကြီးအကဲက ပြောလိုက်သော်လည်း သူ့စကားပင် မဆုံးလိုက်...
လေဟာနယ်က တုန်ခါပြီး တောက်ပသော ရွှေရောင်အလင်းများ ဖြာထွက်လာသည်။
ထို့နောက် လေထဲတွင် ရွှေရောင်တံဆိပ်တော်တစ်ခု ပေါ်လာတာကို လူတိုင်း တွေ့လိုက်ရ၏။
၎င်းက လှည့်ပတ်လာပြီးနောက် တောက်ပသော အလင်းများ ထွက်ပေါ်လာတော့သည်။
တံဆိပ်တော်၏ တစ်ဖက်တွင် 'ကျွင်း'ဟု ရေးထိုးထားပြီး အောက်ဘက်တွင် 'ကမ္ဘာက မင်းကို ကျွင်းလို့ခေါ်တယ်'ဟု စာလုံးသေးသေးလေးများဖြင့် ရေးထားသည်။
အခြားတစ်ဖက်မှာတော့ "ဧကရာဇ်" ဟူသော စာလုံးကို ရေးထိုးထားပြီး အောက်တွင် "စကြဝဠာရဲ့ အကြီးမြတ်ဆုံး ဧကရာဇ်" ဟူသော စာလုံးလေးလုံးကို ရေးထိုးထား၏။
နှစ်ခုပေါင်းလိုက်ပါက 'ကျွင်းဧကရာဇ်၏ အမိန့်တော်' ဖြစ်သည်။
ထို့နောက် အသံတစ်ခုက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
"ဧကရာဇ်ရဲ့ အမိန့်တော် ထုတ်ပြန်တဲ့အခါ အားလုံးတုန်လှုပ်ကြရမယ်"
"ဒီနေ့မှာ ဧကရာဇ်ရဲ့ အမိန့်တော်အရ အင်မော်တယ်စစ်ပွဲစတင်မယ်။ နေနတ်ဘုရားတောင်ကို ဖျက်ဆီးစေ"
ထို့နောက်တွင်၊ လူရိပ်တစ်ခုက လေဟာနယ်ကိုဖြတ်ပြီး ဤနေရာသို့ ဆင်းသက်လာတော့သည်။
သူ့ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လှုပ်ရှားနေသည်။ ထိုသူက ရှေးဟောင်း စစ်နတ်ဘုရားကဲ့သို့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထား၏။
အားကောင်းသော ရွှေရောင် သွေးစွမ်းအင်နှင့် ချီကလည်း ကောင်းကင်ကို ဖြာထွက်နေသေးသည်။
'ဝူဟူ' ဖြစ်သည်။
သူ့အသွင်အပြင်ကြောင့် လူတိုင်း အံ့သြသွားကြပေသည်။
နေနတ်ဘုရားတောင်ရှိ သတ္တဝါအားလုံးလည်း အလွန် အံ့အားသင့်သွားကြသည်။
ပထမအကြီးအကဲနှင့် အခြားသူများ၏ အမူအရာများလည်း ရုတ်တရက် ပြောင်းလဲသွား၏။
လေထဲတွင် အနက်ရောင် ဟင်းလင်းပြင်အက်ကြောင်းများ ထွက်ပေါ်လာသည်။
မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော ရှေးဟောင်းနယ်မြေဖြတ်ကျော် စစ်သင်္ဘောများက ကောင်းကင်တွင် ပေါ်လာကြတော့သည်။
ကျွင်းဧကရာဇ်ခုံရုံး၏ ဌာနခြောက်ခုအနက် စီးပွားရေးနှင့် ကုန်သွယ်ရေး ဌာနနှင့် စက်မှုလက်မှု ဌာနမှလွဲ၍ ကျန်သော ဌာနလေးခုစလုံးက လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
အလံများကလည်း လေထဲမှာ တဖျပ်ဖျပ် လွင့်မျောနေတော့သည်။
"ဘာ၊ ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်ကို တိုက်ခိုက်တော့မှာလား။ ရုတ်တရက်ကြီး ဘယ်လိုဖြစ်တာလဲ"
"ဧကရာဇ်ရဲ့အမိန့်တော်... အဲဒါက ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်စစ်ပွဲကို စတင်တဲ့လက္ခဏာ ဖြစ်မလား"
ဝူဟူ၏ မာန်ပါသော ကြွေးကြော်သံက ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
အင်အားစုအမျိုးမျိုးမှ အကျော်အမော်များကလည်း လေထဲသို့ ပျံတက်လာပြီး ယောင်ပြည်နယ်ဆီသို့ မျှော်ကြည့်လိုက်ကြလေသည်။
ထို့နောက်၊ အားလုံး၏ မျက်နှာမှာတော့ တုန်လှုပ်ချောက်ချားမှုတို့ ပေါ်လာခဲ့သည်။
အင်မော်တယ်စစ်ပွဲကို စတင်ရန် သင်္ကေတတစ်ခု လိုအပ်သည်။
ဥပမာအားဖြင့်၊ ကျွင်းမိသားစုသည် အင်မော်တယ်စစ်ပွဲကို စတင်ပါက ကမ္ဘာဖျက်တံပိုးကို မှုတ်သည်။
ဤသည်မှာ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
သို့ရာတွင်၊ ကျွင်းဧကရာဇ်ခုံရုံးက ပို၍ လွှမ်းမိုးထားသေးသည်။
ဧကရာဇ်၏အမိန့်တော် ထုတ်ပြန်သည့်အခါ အားလုံး တုန်လှုပ်ကြရမည်။
မည်သည့်အင်အားစုမဆို ဖယ်ရှားခံရမည်။ ထိုအင်အားစုက ပျက်စီးကြရမည် ဖြစ်၏။
ဒါက မယိုင်နဲ့သော ယုံကြည်မှုပင်။
ဒါက အကြွင်းမဲ့လွှမ်းမိုးမှုတစ်မျိုးလည်း ဖြစ်သည်။
"ဘုရားရေ၊ ကျွင်းဧကရာဇ်ခုံရုံးက အင်မော်တယ်စစ်ပွဲကို စတင်ပြီး နေနတ်ဘုရားတောင်ကို တိုက်ခိုက်တော့မယ်"
"တစ်ခုက ရှေးခေတ်အင်မော်တယ်ခုံရုံးရဲ့ စစ်အင်အားကို စုပ်ယူခဲ့တဲ့ အင်မော်တယ်အင်အားစုအသစ်"
"နောက်တစ်ခုကတော့ ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးရဲ့ ရှေးဟောင်းတော်ဝင်မျိုးနွယ်တစ်ခုပဲ။ ဒီအင်မော်တယ်စစ်ပွဲက တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေပြီ"
ရွှမ်ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
မရေမတွက်နိုင်သော အကျော်အမော်များက ယောင်ပြည်နယ်သို့ ပျံသန်းသွား၏။
ဤကဲ့သို့သော တိုက်ပွဲကြီးကို မည်သူမျှ လက်လွတ်မခံချင်ပေ။
သို့ရာတွင်၊ လူတိုင်းက သိချင်ကြသည်မှာ...
ကျွင်းဧကရာဇ်ခုံရုံးက နေနတ်ဘုရားတောင်ကို ဝါးမျိုနိုင်လောက်အောင် အင်အားရှိပါ့မလား။